COVID-19 အႏၲရာယ္နဲ႔ ကိုယ္ဝန္ေဆာင္မိခင္မ်ား


(Zawgyi/Unicode)

ကမာၻတဝွမ္း လူေပါင္း ၁ သန္းေက်ာ္ကို ကူးစက္ၿပီးျဖစ္တဲ့ COVID-19 ေရာဂါေၾကာင့္ လူေတြ ေသာင္းနဲ႔ခ်ီ ေသဆုံးခဲ့ရၿပီး ျဖစ္သလို၊ ဒီေရာဂါကို ကာကြယ္ဖို႔ေရာ ကုသဖို႔ပါ ေဆးဝါး မရွိေသးခ်ိန္မွာ လူထုေတြၾကား စိုးရိမ္မႈေတြကလည္း တေန႔တျခား ပိုမ်ားလာေနပါတယ္။ လာမယ့္ရက္ပိုင္း သီတင္းပတ္ပိုင္းေတြအတြင္း ေသဆုံးသူေတြ ပိုမ်ားလာဖို႔ရွိေနၿပီး အခက္ခဲဆုံး အခ်ိန္ေတြကို ေက်ာ္ျဖတ္ရဦးမယ္ဆိုတာကိုလည္း ကြၽမ္းက်င္ပညာရွင္ေတြက သတိေပးထားတာပါ။ မျမင္ႏိုင္တဲ့ ဒီေရာဂါဆိုးႀကီး လူေတြကို ဘယ္ေလာက္အထိ ဒုကၡေတြဆက္ေပးေနဦးမလဲ။ ဘယ္အခ်ိန္မွာ ရပ္တန႔္သြားမွာလဲမသိရတဲ့အခါ မိသားစုတိုင္းကို စိုးရိမ္ေၾကာက္႐ြံ႕စိတ္ေတြ ပိုၿပီး ျဖစ္ေစပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ အသက္တေခ်ာင္း ဝမ္းထဲလြယ္ထားရတဲ့ ကိုယ္ဝန္သည္ေတြ၊ ေမြးကင္းစ ကေလးငယ္ေတြ ရွိေနတဲ့ မိခင္ေတြရဲ႕ စိုးရိမ္မႈက တျခားသူေတြထက္ ပို ႀကီးပါတယ္။ ကိုယ္ဝန္သည္ေတြ ႀကဳံေတြ႕ ရတဲ့ အခက္အခဲေတြ၊ စိုးရိမ္မႈေတြ၊ ဒီေအေပၚ ကြၽမ္းက်င္ ပညာရွင္ေတြရဲ႕ အႀကံျပဳခ်က္ေတြကို ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္းတင္ျပထားပါတယ္။

ကမာၻေပၚမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေတြ ဒုတိယအမ်ားဆုံး ရွိေနတဲ့ စပိန္ႏိုင္ငံက Venesa Muro နဲ႔ ခင္ပြန္းျဖစ္သူတို႔ဟာ မတ္လ ၁၂ ရက္ေန႔က COVID-19 ေရာဂါ ကူးစက္ခံထားရတယ္ဆိုတာကို သိခဲ့ရတဲ့အခ်ိန္မွာ Venesa Muro ဟာ ေန႔ေစ့လေစ့ ေမြးဖြားခါနီး ျဖစ္ေနပါၿပီ။ သူတို႔နဲ႔ ေန႔စဥ္ထိေတြ႕ေနတဲ့ အဖြားျဖစ္သူ ဒီေရာဂါ ကူးစက္ခံရေၿပီး ကြယ္လြန္သြားခဲ့သလို၊ သူတို႔လည္း ကူးစက္ခံခဲ့ရတာပါ။ မက္ဒရစ္ၿမိဳ႕က ေဆး႐ုံကိုေရာက္ခ်ိန္မွာေတာ့ ခင္ပြန္းျဖစ္သူ ေဆး႐ုံထဲကို အတူလိုက္ပါခြင့္ မရေတာ့ပါဘူး။ ေမြးမယ့္ရက္ကို မတ္လ ၁၆ ရက္ေန႔ ခန္မွန္း တြက္ထားေပမဲ့၊ ေဆး႐ုံေရာက္ၿပီး ေနာက္တေန႔မွာပဲ သူ႔ကို ရက္ေစာ မီးဖြားေပးဖို႔ ဆရာဝန္ေတြက စီစဥ္ခဲ့ၾကပါတယ္။ ေမြးခန္းထဲမွာလည္း ကိုယ္ဝန္သည္ထံကေန ေရာဂါ ကူးမခံရေအာင္ ဆရာဝန္ေတြ၊ ေဆးဝန္ထမ္းေတြက အကာအကြယ္ အထပ္ထပ္ယူၿပီး ကေလးကို ေမြးေပးခဲ့ရတာပါ။ ေမြးၿပီးတဲ့ေနာက္မွာလည္း မိခင္နဲ႔ ကေလး ထိေတြ႕ခြင့္ မရခဲ့ပါဘူး။ သီျခား ခြဲေနနတဲ့ကာလ ၁၄ ရက္ျပည့္ၿပီးခ်ိန္ထိ ေစာင့္ၿပီးေတာ့မွ သားျဖစ္သူကို Venesa Muro တို႔ ဇနီးေမာင္ႏွံ ေတြ႕ခြင့္ရခဲ့ပါတယ္။

သူတို႔ရဲ႕ ပထမဆုံး သက္ဦး သားငယ္ေလးကို ေတြ႕ခြင့္ရတဲ့ေန႔က ဇနီးေမာင္ႏွံ အေပ်ာ္ႀကီး ေပ်ာ္ခဲ့ၾကပါတယ္။ ဒါေပမဲ့ သူတို႔မွာ ဒီေရာဂါ ဆက္ရွိေနေသးသလား ဆိုတာ ျပန္ စစ္ေဆးႏိုင္တဲ့အေျခအေန မေရာက္ေသးတာေၾကာင့္ သားငယ္ကို လက္အိတ္နဲ႔ပဲ ေပြ႕ခ်ီရတာ၊ ႏွာေခါင္းစည္းကိုလည္း တခ်ိန္လုံး တပ္ထားရတာေတြ လုပ္ေနရတုန္းပါ။ ဒီလို အေျခအေတြေၾကာင္ပဲ ေရာဂါကူးစက္ခံရမွာ စိုးရိမ္ၾကတဲ့ မိခင္ေတြ၊ မီးဖြားခ်ိန္နဲ႔မီးဖြားၿပီးေနာက္ပိုင္း ႀကဳံေတြရႏိုင္တဲ့ အေျခေနေေတြ အတြက္ စိုးရိမ္ေနၾကသူေတြ အမ်ားအျပား ရွိပါတယ္။ ဒီလို စိုးရိမ္သူေတြအတြက္ကိုေတာ့ George Washington တကၠသိုလ္က ေဒါက္တာ Leana Wen က ခုလို အႀကံျပဳပါတယ္။

"ခုခ်ိန္မွာ ကိုယ္ျပေနတဲ့ သားဖြားဆရာဝန္နဲ႔ ေဆြးေႏြးတာက အေကာင္းဆုံးပါပဲ။ ဘယ္လိုအခ်ိန္မွာ လူကိုယ္တိုင္ေတြ႕ ရမလဲ။ ဘယ္လိုအခ်ိန္မွာေတာ့ အင္တာနက္ အြန္လိုင္းေပၚမွာ ေဆြးေႏြး ေျပာဆိုသင့္သလဲဆိုတာေတြကိုပါ။ ဒီလို အြန္လိုင္းမွာ ဆရာဝန္နဲ႔ ေတြ႕ႏိုင္တဲ့ app ေတြ program ေတြလည္း ရွိပါတယ္။ ေဆးခန္းကို ကိုယ္တိုင္ သြားမယ့္အစား ဘယ္လိုနည္းနဲ႔ က်န္းမာေရး ေစာင့္ေရွာက္မႈ ခံယူရမလဲဆိုတဲ့ နည္းလမ္းေတြ ရွိေနပါတယ္။''

ကိုယ္ဝန္သည္ေတြဟာ ကိုယ့္ရဲ႕သားဖြား မီးယပ္ ဆရာဝန္နဲ႔ ပုံမွန္ ထိေတြ႕ေနရသူေတြပါ။ ဒါေပမဲ့ ခုခ်ိန္မွာ မျမင္ႏိုင္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါ ကူးစက္မႈေတြကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ျဖစ္ႏိုင္ရင္ အျပင္မထြက္ဖို႔နဲ႔ လူတေယာက္နဲ႔ တေယာက္ ခပ္ခြာခြာ ေနရမယ္ဆိုတဲ့ ၫြန္ၾကားခ်က္ေတြ ရွိေနတာေၾကာင့္ ေဆးခန္းသြားျပဖို႔ေတာင္ အခက္ႀကဳံရတဲ့ အေနအထားေတြ ျဖစ္လာတာပါ။ ခုခ်ိန္မွာ ကိုယ္ဝန္သည္ေတြ အသိခ်င္ဆုံး အရာေတြထဲမွာေတာ့ - သူတို႔ဟာ တျခား သူေတြထက္ ဒီေရာဂါ ကူးစက္ဖို႔ ပိုမို လြယ္ကူႏိုင္သလား။ ကိုယ္ဝန္လြယ္ထားခ်ိန္မွာ ကေလးကို ကူးစက္ႏိုင္သလား။ ကေလေရာ မိခင္ေရာ ဘယ္လို ေရာဂါလကၡာဆိုးေတြ ႀကံဳရႏိုင္မလဲ။ စသျဖင့္ သိခ်င္ၾကတာပါ။ ဒီအေပၚခိုင္မာတဲ့အေျဖ ေပးႏိုင္ေလာက္ေအာင္ ေလ့လာမႈေတြ လုံလုံေလာက္ေလာက္ မရွိေသးဘူးလို႔ ဒါနဲ႔ပတ္သက္ၿပီး သုေတသန လုပ္ေနတဲ့ ကယ္လီဖိုးနီးယားတကၠသိုလ္က ေဒါက္တာ Vanessa Jacoby က ေျပာပါတယ္။

'' ဒီဗိုင္းရပ္စ္က အသစ္ ျဖစ္ေနေတာ့ ကိုယ္ဝန္ေဆာင္မိခင္ေတြနဲ႔ ေမြးကင္းစ ကေလးငယ္ေတြကို ဘယ္လိုပုံစံ ကူးစက္ႏိုင္မလဲ။ ဘယ္ေလာက္အထိ ဆိုးဆိုး႐ြား႐ြား ျဖစ္ႏိုင္မလဲ ဆိုတာေတြကို ေလ့လာထားတဲ့အခ်က္အလက္ ဘယ္ ေဆးဘက္ဆိုင္ရာ သုေတသန စာေပေတြမွာ ေဖာ္ျပထားတာ မရွိေသးပါဘူး။ ကိုယ္ဝန္ေဆာင္မိခင္ေတြ သိခ်င္တဲ့ အဓိက အခ်က္ေတြကို မွန္မွန္ကန္ကန္ ေျဖႏိုင္ဖို႔က သုေတသန ေလ့လာခ်က္ေတြ ရွိဖို႔ လိုပါတယ္။ ဒါေၾကာင့္ ဒါကို သုေတသနလုပ္ဖို႔ အင္မတန္ အေရးႀကီးတယ္လို႔ က်မတို႔ ယုံၾကည္ထားပါတယ္။''

ေနာက္ဆုံး ေလ့လာခ်က္တခ်ိဳမွာ ကိုယ္ဝန္သည္ေတြဟာ ဒီေရာဂါ ကူးစက္ခံရဖို႔လြယ္ကူသူေတြ ျဖစ္ႏိုင္တယ္လို႔ ဆိုေပမဲ့ ဒါကို ခိုင္ခိုင္မာမာ သက္ေသျပႏိုင္တဲ့အထိေတာ့ ေလ့လာမႈေတြက မျပည့္စုံေသးပါဘူး။

ဒီေရာဂါဆိုးႀကီးနဲ႔ပတ္သက္လို႔ ဘယ္အရာကိုမွ ေရေရရာရာ မသိရေသးခ်ိန္မွာ စိုးရိမ္မႈကေတာ့ ပိုမ်ားတယ္လို႔ ၆ ေလေက်ာ္ ကိုယ္ဝန္လြယ္ထားတဲ့၊ ဗားေမာက္ျပည္နယ္မွာ ေနထိုင္သူ မဇာနည္ေမာ္က ေျပာပါတယ္။

'' စိုးရိမ္မႈေတာ့ အမ်ားႀကီး ပိုလာတာေပါ့ေနာ္။ ေမြးဖို႔ကိစၥေတြ စဥ္းစားလာရတယ္။ ကိုယ္ဝန္သည္မိခင္ေတြကလည္း အသက္ႀကီးတဲ့သူေတြလိုပဲ ပိုၿပီးေတာ့ ကူးစက္လို႔လြယ္တယ္လို႔ သတင္းေတြထဲမွာလည္း ေဖာ္ျပၾကတယ္။ အလုပ္ခြင္မွာကိုယ္ႏွိက္ကိုက ကိုယ္ဝန္သည္ မိခင္ေတြကို အေစာႀကီးအိမ္မွာလုပ္ဖို႔ ခြင့္ျပဳလိုက္တာေပါ့ေနာ္။ အဲ့ဒီလိုဆိုေတာ့ အဲ့ဒီကတည္းကေနၿပီးေတာ့ စိုးရိမ္စိတ္ေတြက ပိုၿပီးေတာ့ မ်ားလာတယ္။ ေဆး႐ုံသြားေတာ့လည္း အခင္းအက်င္းေတြက အကုန္ အေျပာင္းအလဲ ရွိေနတာေတြ႕ရတယ္။ ဥပမာ မဂၢဇင္းေတြဆိုရင္ အရင္လို ခုံေတြေပၚမွာ မခ်ထားေတာ့ဘူး။ လူအဝင္အထြက္လည္း နည္းသြားတယ္။ ဆရာဝန္ေတြကလည္း ေျပာတယ္။ လူနာ တေယာက္ပဲ လာခြင့္ရွိေတာ့တာေပါ့ေနာ္။ ဒါေပမဲ့ ရက္ခ်ိန္းေတြကေတာ့ ပုံမွန္သြားေနရတယ္။ ကိုယ္က ေမြးတဲ့အခ်ိန္က်ရင္ COVID-19 က ဘယ္အေနအထားမွာရွိမလဲ ဆိုတာကို ပိုၿပီးေတာ့ စိုးရိမ္ရတာေပါ့။ အဲ့ဒါေတြ ပိုျဖစ္လာတယ္။ အခုဆိုရင္ က်မ ၂ ပတ္ ၃ ပတ္ေလာက္ရွိၿပီ။ လုံးဝကို အိမ္ထဲက အိမ္ျပင္ မထြက္ရဲဘူး။ အဲ့လိုအေနအထားမ်ိဳး ျဖစ္တယ္။ တခုခုျဖစ္လာလို႔ရွိရင္ အေနအထားေတြက မလြယ္ဘူးေလ။ အိမ္မွာ သီးသန႔္ေနဖို႔ဆိုတာလည္း မလြယ္ဘူး။ ကေလးငယ္လည္း ရွိတယ္။

''က်မ အစိုးရိမ္ဆုံးကေတာ့ - အခုေလာေလာဆယ္ ေဆး႐ုံကို သြားေနရတာထက္ ေမြးတဲ့အခ်ိန္က်လို႔ရွိရင္၊ က်မက ဒီဇူလိုင္လ ၃၁ ရက္ေန႔မွာ due date ေပးထားတယ္ဆိုေတာ့။ ၿပီးလို႔ရွိရင္ သတင္းထဲမွာကလည္း ဒီေႏြရာသီ တခုလုံးနီးပါးေတာင္မွ ဒီေရာဂါႀကီးက ျဖစ္ေနဦးမယ့္ အေနအထားမ်ိဳး ရွိေနတယ္ဆိုေတာ့ အဲ့ဒီအေျခအေနကိုေတာ့ ေတာ္ေတာ္ေလး စိုးရိမ္တယ္။ ေဆး႐ုံကို တေယာက္တည္းပဲ သြားရမလား။ ေမြးခန္းထဲမွာ တေယာက္တည္းပဲ သြားရမလား ဆိုတဲ့ အေနအထားေတြကို စိုးရိမ္တာေပါ့ေနာ္။ ၿပီးလို႔ရွိရင္ ေဆး႐ုံမွာေရာ အဲ့ဒီအခ်ိန္က်လို႔ရွိရင္ COVID-19 လူနာေတြနဲ႔ ျပည့္က်ပ္ေနၿပီးေတာ့ ဘယ္လိုအေနအထားမ်ိဳး ရွိမလဲ။ အဲ့ဒီလိုဟာေတြကို ေတာ္ေတာ္ေလး စဥ္းစားၿပီးေတာ့ စိုးရိမ္ပါတယ္။''

ေမး။ ။ အခုအခ်ိန္မွာ ေဆးခန္းေတြ၊ ဆရာဝန္ေတြကေရာ ကိုယ္ဝန္ေဆာင္မိခင္ေတြအတြက္ အထူးၫႊန္ၾကားခ်က္ ေျပာတာမ်ိဳး သတိေပးတာမ်ိဳးေရာ ရွိပါလား။

ေျဖ။ ။ '' သီးသန႔္ၫႊန္ၾကားခ်က္ေတာ့ မရွိဘူး။ လူတိုင္းကို ၫႊန္ၾကားသလိုပဲေပါ့ေနာ္။ လက္ကိုပုံမွန္ေဆးဖို႔၊ ၿပီးရင္ လူေတြနဲ႔ ၆ ေပအကြာမွာေနဖို႔၊ ျဖစ္ႏိုင္ရင္ အိမ္ျပင္မထြက္ဖို႔။ အဲ့ဒီလို လူတိုင္းကိုေျပာေနတဲ့ Guideline အတိုင္းပဲ ေျပာပါတယ္။ တျခား ေထြေထြထူးထူးေတာ့ မေျပာဘူး။ က်မသြားတဲ့ ေဆးခန္းကေပါ့။ ''

ေမး။ ။ အခု အလုပ္ကေရာ အိမ္ကေန လုပ္ေနတာေပါ့။

ေျဖ။ ။ '' ဟုတ္တယ္။ အခုဆိုလို႔ရွိရင္ သုံးပတ္ေလာက္ရွိၿပီ။ အလုပ္ရွင္က အိမ္ကေနလုပ္ဖို႔ ဦးစားေပးစာရင္းထဲမွာ ထည့္လိုက္တယ္။ ကိုယ္ဝန္ရွိေနတဲ့အတြက္။ ခုကေတာ့ အိမ္ကေန အလုပ္လုပ္တယ္။''
ေမး။ ။ အခု အလုပ္ကလည္း အိမ္ကေန လုပ္ေနတယ္။ ကေလးငယ္ေလးကလည္း ရွိေနတယ္။ ကိုယ္ဝန္ကလည္း ေဆာင္ထားရတယ္ဆိုေတာ့ အခက္အခဲေတြေရာ ဘာေတြရွိေနလဲ။

ေျဖ။ ။ '' ကေလးကေတာ့ သူက တႏွစ္နဲ႔ ကိုးလဆိုေတာ့ လူႀကီးဘာပဲလုပ္လုပ္ သူက အၿမဲ ေရာခ်င္တယ္ဆိုေတာ့ ေတာ္ေတာ္ေလးခက္ခဲပါတယ္။ အရင္တုန္းကေတာ့ အိမ္မွာလုပ္ရမယ္ဆိုရင္ ပိုၿပီးေတာ့လြယ္မယ္ထင္တာ။ အခုကေတာ့ မဟုတ္ဘူး။ တခါတေလ ကိုယ္ လုပ္လက္စတခု တန္းလန္းနဲ႔ ကေလးကို သိပ္လိုက္ရတာမ်ိဳးေတြေပါ့။ ''

ေမး။ ။ အခုအခ်ိန္မွာ ေဆး႐ုံေတြမွာ ကေလးေမြးလို႔ရွိရင္ အႏၲရာယ္ျဖစ္မွာစိုးလို႔၊ ဒီေရာဂါ ကူးစက္ခံရမွာ စိုးရိမ္ၿပီးေတာ့ အခုခ်ိန္မွာ တခ်ိဳ႕ကိုယ္ဝန္ေဆာင္ မိခင္ေတြက အိမ္မွာပဲေမြးဖို႔ လုပ္ၾကသူေတြလည္း ရွိတယ္။ အဲ့ဒီလိုေရာ စဥ္းစားျဖစ္ပါလား။

ေျဖ။ ။ '' အဲ့ဒါမ်ိဳး က်မ မစဥ္းစားျဖစ္ဘူး။ က်န္းမာေရး အာမခံကလည္း အိမ္မွာေတြးတဲ့သူေတြကို မေပးဘူးလို႔ေတာ့ ၾကားရတယ္။ က်မ ကိုယ္တိုင္ေတာ့ က်န္းမာေရးအာမခံ ကုမၸဏီကိုေတာ့ ဆက္ မေမးျဖစ္ေသးဘူး။ ဒါေပမဲ့ တဆင့္စကားေပါ့ေနာ္။ အိမ္မွာေမြးတဲ့သူေတြကို က်န္းမာေရး အာမခံ မေပးတာက တခု။ ၿပီးလို႔ရွိရင္ ေမြးတဲ့အေတာအတြင္း အိမ္မွာ တခုခု အဆင္မေျပလို႔ရွိရင္ ေဆး႐ုံမွာလို တစုံလုံး မရွိဘူးေလ။ အဲ့ဒီလိုဟာေတြ စိတ္ပူတယ္။ အိမ္မွာ ေမြးဖို႔က်ေတာ့။ ''

ဒါကေတာ့ လက္ရွိ ၆ လေက်ာ္ ကိုယ္ဝန္လြယ္ထားရၿပီး လက္ရွိမွာလည္း သမီးငယ္တေယာက္နဲ႔ အိမ္ကေန အလုပ္လုပ္ေနတဲ့ မဇာနည္ေမာ္ ေျပာျပသြားတာပါ။

ႀကိဳတင္ကာကြယ္ႏိုင္တဲ့ ေဆးမရွိသလို၊ ကုသဖို႔ေဆးလည္း မရွိေသးတဲ့ ကို႐ိုနာေရာဂါဆိုးႀကီးေၾကာင့္ ခုခ်ိန္မွာ လူႀကီး လူငယ္၊ ကိုယ္ဝန္သည္၊ ခေလးမိခင္ လူသားအားလုံးရဲ႕ အသက္အႏၲရာယ္ေတြ ၿခိမ္းေျခာက္ ခံလာေနရတာပါ။ ဒီလိုအခ်ိန္မ်ိဳးမွာမွ အသက္ႏွစ္ေခ်ာင္းစာအတြင္ တၿပိဳင္တည္း စိုးရိမ္ေနၾကရတဲ့ ကိုယ္ဝန္သည္ေတြအေနနဲ႔ ကိုယ္တိုင္ ေရာဂါကူးစက္မခံရေအာင္ ဂ႐ုစိုက္ရတဲ့ တခ်ိန္တည္းမွာ ကိုယ့္ရဲ႕ ကိုယ္ဝန္နဲ႔ပတ္သက္တဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ မျပတ္ခံယူႏိုင္ဖို႔၊ ကေလးငယ္ကို မကူးစက္ေစဖို႔ ဆိုတာေတြကလည္း သိပ္ကို အေရးႀကီးေနတာပါ။ ဒါေၾကာင့္ ကိုယ့္ရဲ႕ သားဖြားမီးယပ္ဆရာဝန္နဲ႔ ေသခ်ာ တိုင္ပင္ ေဆြးေႏြးၿပီး တတ္ႏိုင္သမ ွ် ႀကိဳတင္ကာကြယ္မႈေတြ လုပ္ေဆာင္ႏိုင္ၾကဖို႔ ဆုေတာင္းရင္းပဲ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါ။
--------------------------

[Unicode Version]
COVID-19 အန္တရာယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်များ

ကမ္ဘာတဝှမ်း လူပေါင်း ၁ သန်းကျော်ကို ကူးစက်ပြီးဖြစ်တဲ့ COVID-19 ရောဂါကြောင့် လူတွေ သောင်းနဲ့ချီ သေဆုံးခဲ့ရပြီး ဖြစ်သလို၊ ဒီရောဂါကို ကာကွယ်ဖို့ရော ကုသဖို့ပါ ဆေးဝါး မရှိသေးချိန်မှာ လူထုတွေကြား စိုးရိမ်မှုတွေကလည်း တနေ့တခြား ပိုများလာနေပါတယ်။ လာမယ့်ရက်ပိုင်း သီတင်းပတ်ပိုင်းတွေအတွင်း သေဆုံးသူတွေ ပိုများလာဖို့ရှိနေပြီး အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်ရဦးမယ်ဆိုတာကိုလည်း ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားတာပါ။ မမြင်နိုင်တဲ့ ဒီရောဂါဆိုးကြီး လူတွေကို ဘယ်လောက်အထိ ဒုက္ခတွေဆက်ပေးနေဦးမလဲ။ ဘယ်အချိန်မှာ ရပ်တန့်သွားမှာလဲမသိရတဲ့အခါ မိသားစုတိုင်းကို စိုးရိမ်ကြောက်ရွံ့စိတ်တွေ ပိုပြီး ဖြစ်စေပါတယ်။ ဒီလိုအချိန်မျိုးမှာ အသက်တချောင်း ဝမ်းထဲလွယ်ထားရတဲ့ ကိုယ်ဝန်သည်တွေ၊ မွေးကင်းစ ကလေးငယ်တွေ ရှိနေတဲ့ မိခင်တွေရဲ့ စိုးရိမ်မှုက တခြားသူတွေထက် ပို ကြီးပါတယ်။ ကိုယ်ဝန်သည်တွေ ကြုံတွေ့ ရတဲ့ အခက်အခဲတွေ၊ စိုးရိမ်မှုတွေ၊ ဒီအေပေါ် ကျွမ်းကျင် ပညာရှင်တွေရဲ့ အကြံပြုချက်တွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ ဒုတိယအများဆုံး ရှိနေတဲ့ စပိန်နိုင်ငံက Venesa Muro နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ မတ်လ ၁၂ ရက်နေ့က COVID-19 ရောဂါ ကူးစက်ခံထားရတယ်ဆိုတာကို သိခဲ့ရတဲ့အချိန်မှာ Venesa Muro ဟာ နေ့စေ့လစေ့ မွေးဖွားခါနီး ဖြစ်နေပါပြီ။ သူတို့နဲ့ နေ့စဉ်ထိတွေ့နေတဲ့ အဖွားဖြစ်သူ ဒီရောဂါ ကူးစက်ခံရပြေီး ကွယ်လွန်သွားခဲ့သလို၊ သူတို့လည်း ကူးစက်ခံခဲ့ရတာပါ။ မက်ဒရစ်မြို့က ဆေးရုံကိုရောက်ချိန်မှာတော့ ခင်ပွန်းဖြစ်သူ ဆေးရုံထဲကို အတူလိုက်ပါခွင့် မရတော့ပါဘူး။ မွေးမယ့်ရက်ကို မတ်လ ၁၆ ရက်နေ့ ခန်မှန်း တွက်ထားပေမဲ့၊ ဆေးရုံရောက်ပြီး နောက်တနေ့မှာပဲ သူ့ကို ရက်စော မီးဖွားပေးဖို့ ဆရာဝန်တွေက စီစဉ်ခဲ့ကြပါတယ်။ မွေးခန်းထဲမှာလည်း ကိုယ်ဝန်သည်ထံကနေ ရောဂါ ကူးမခံရအောင် ဆရာဝန်တွေ၊ ဆေးဝန်ထမ်းတွေက အကာအကွယ် အထပ်ထပ်ယူပြီး ကလေးကို မွေးပေးခဲ့ရတာပါ။ မွေးပြီးတဲ့နောက်မှာလည်း မိခင်နဲ့ ကလေး ထိတွေ့ခွင့် မရခဲ့ပါဘူး။ သီခြား ခွဲနေနတဲ့ကာလ ၁၄ ရက်ပြည့်ပြီးချိန်ထိ စောင့်ပြီးတော့မှ သားဖြစ်သူကို Venesa Muro တို့ ဇနီးမောင်နှံ တွေ့ခွင့်ရခဲ့ပါတယ်။

သူတို့ရဲ့ ပထမဆုံး သက်ဦး သားငယ်လေးကို တွေ့ခွင့်ရတဲ့နေ့က ဇနီးမောင်နှံ အပျော်ကြီး ပျော်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့မှာ ဒီရောဂါ ဆက်ရှိနေသေးသလား ဆိုတာ ပြန် စစ်ဆေးနိုင်တဲ့အခြေအနေ မရောက်သေးတာကြောင့် သားငယ်ကို လက်အိတ်နဲ့ပဲ ပွေ့ချီရတာ၊ နှာခေါင်းစည်းကိုလည်း တချိန်လုံး တပ်ထားရတာတွေ လုပ်နေရတုန်းပါ။ ဒီလို အခြေအတွေကြောင်ပဲ ရောဂါကူးစက်ခံရမှာ စိုးရိမ်ကြတဲ့ မိခင်တွေ၊ မီးဖွားချိန်နဲ့မီးဖွားပြီးနောက်ပိုင်း ကြုံတွေရနိုင်တဲ့ အခြေနေေတွေ အတွက် စိုးရိမ်နေကြသူတွေ အများအပြား ရှိပါတယ်။ ဒီလို စိုးရိမ်သူတွေအတွက်ကိုတော့ George Washington တက္ကသိုလ်က ဒေါက်တာ Leana Wen က ခုလို အကြံပြုပါတယ်။

"ခုချိန်မှာ ကိုယ်ပြနေတဲ့ သားဖွားဆရာဝန်နဲ့ ဆွေးနွေးတာက အကောင်းဆုံးပါပဲ။ ဘယ်လိုအချိန်မှာ လူကိုယ်တိုင်တွေ့ ရမလဲ။ ဘယ်လိုအချိန်မှာတော့ အင်တာနက် အွန်လိုင်းပေါ်မှာ ဆွေးနွေး ပြောဆိုသင့်သလဲဆိုတာတွေကိုပါ။ ဒီလို အွန်လိုင်းမှာ ဆရာဝန်နဲ့ တွေ့နိုင်တဲ့ app တွေ program တွေလည်း ရှိပါတယ်။ ဆေးခန်းကို ကိုယ်တိုင် သွားမယ့်အစား ဘယ်လိုနည်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ခံယူရမလဲဆိုတဲ့ နည်းလမ်းတွေ ရှိနေပါတယ်။''

ကိုယ်ဝန်သည်တွေဟာ ကိုယ့်ရဲ့သားဖွား မီးယပ် ဆရာဝန်နဲ့ ပုံမှန် ထိတွေ့နေရသူတွေပါ။ ဒါပေမဲ့ ခုချိန်မှာ မမြင်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဖြစ်နိုင်ရင် အပြင်မထွက်ဖို့နဲ့ လူတယောက်နဲ့ တယောက် ခပ်ခွာခွာ နေရမယ်ဆိုတဲ့ ညွန်ကြားချက်တွေ ရှိနေတာကြောင့် ဆေးခန်းသွားပြဖို့တောင် အခက်ကြုံရတဲ့ အနေအထားတွေ ဖြစ်လာတာပါ။ ခုချိန်မှာ ကိုယ်ဝန်သည်တွေ အသိချင်ဆုံး အရာတွေထဲမှာတော့ - သူတို့ဟာ တခြား သူတွေထက် ဒီရောဂါ ကူးစက်ဖို့ ပိုမို လွယ်ကူနိုင်သလား။ ကိုယ်ဝန်လွယ်ထားချိန်မှာ ကလေးကို ကူးစက်နိုင်သလား။ ကလေရော မိခင်ရော ဘယ်လို ရောဂါလက္ခာဆိုးတွေ ကြုံရနိုင်မလဲ။ စသဖြင့် သိချင်ကြတာပါ။ ဒီအပေါ်ခိုင်မာတဲ့အဖြေ ပေးနိုင်လောက်အောင် လေ့လာမှုတွေ လုံလုံလောက်လောက် မရှိသေးဘူးလို့ ဒါနဲ့ပတ်သက်ပြီး သုတေသန လုပ်နေတဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်က ဒေါက်တာ Vanessa Jacoby က ပြောပါတယ်။

'' ဒီဗိုင်းရပ်စ်က အသစ် ဖြစ်နေတော့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးကင်းစ ကလေးငယ်တွေကို ဘယ်လိုပုံစံ ကူးစက်နိုင်မလဲ။ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ဖြစ်နိုင်မလဲ ဆိုတာတွေကို လေ့လာထားတဲ့အချက်အလက် ဘယ် ဆေးဘက်ဆိုင်ရာ သုတေသန စာပေတွေမှာ ဖော်ပြထားတာ မရှိသေးပါဘူး။ ကိုယ်ဝန်ဆောင်မိခင်တွေ သိချင်တဲ့ အဓိက အချက်တွေကို မှန်မှန်ကန်ကန် ဖြေနိုင်ဖို့က သုတေသန လေ့လာချက်တွေ ရှိဖို့ လိုပါတယ်။ ဒါကြောင့် ဒါကို သုတေသနလုပ်ဖို့ အင်မတန် အရေးကြီးတယ်လို့ ကျမတို့ ယုံကြည်ထားပါတယ်။''

နောက်ဆုံး လေ့လာချက်တချိုမှာ ကိုယ်ဝန်သည်တွေဟာ ဒီရောဂါ ကူးစက်ခံရဖို့လွယ်ကူသူတွေ ဖြစ်နိုင်တယ်လို့ ဆိုပေမဲ့ ဒါကို ခိုင်ခိုင်မာမာ သက်သေပြနိုင်တဲ့အထိတော့ လေ့လာမှုတွေက မပြည့်စုံသေးပါဘူး။

ဒီရောဂါဆိုးကြီးနဲ့ပတ်သက်လို့ ဘယ်အရာကိုမှ ရေရေရာရာ မသိရသေးချိန်မှာ စိုးရိမ်မှုကတော့ ပိုများတယ်လို့ ၆ လေကျော် ကိုယ်ဝန်လွယ်ထားတဲ့၊ ဗားမောက်ပြည်နယ်မှာ နေထိုင်သူ မဇာနည်မော်က ပြောပါတယ်။
'' စိုးရိမ်မှုတော့ အများကြီး ပိုလာတာပေါ့နော်။ မွေးဖို့ကိစ္စတွေ စဉ်းစားလာရတယ်။ ကိုယ်ဝန်သည်မိခင်တွေကလည်း အသက်ကြီးတဲ့သူတွေလိုပဲ ပိုပြီးတော့ ကူးစက်လို့လွယ်တယ်လို့ သတင်းတွေထဲမှာလည်း ဖော်ပြကြတယ်။ အလုပ်ခွင်မှာကိုယ်နှိက်ကိုက ကိုယ်ဝန်သည် မိခင်တွေကို အစောကြီးအိမ်မှာလုပ်ဖို့ ခွင့်ပြုလိုက်တာပေါ့နော်။ အဲ့ဒီလိုဆိုတော့ အဲ့ဒီကတည်းကနေပြီးတော့ စိုးရိမ်စိတ်တွေက ပိုပြီးတော့ များလာတယ်။ ဆေးရုံသွားတော့လည်း အခင်းအကျင်းတွေက အကုန် အပြောင်းအလဲ ရှိနေတာတွေ့ရတယ်။ ဥပမာ မဂ္ဂဇင်းတွေဆိုရင် အရင်လို ခုံတွေပေါ်မှာ မချထားတော့ဘူး။ လူအဝင်အထွက်လည်း နည်းသွားတယ်။ ဆရာဝန်တွေကလည်း ပြောတယ်။ လူနာ တယောက်ပဲ လာခွင့်ရှိတော့တာပေါ့နော်။ ဒါပေမဲ့ ရက်ချိန်းတွေကတော့ ပုံမှန်သွားနေရတယ်။ ကိုယ်က မွေးတဲ့အချိန်ကျရင် COVID-19 က ဘယ်အနေအထားမှာရှိမလဲ ဆိုတာကို ပိုပြီးတော့ စိုးရိမ်ရတာပေါ့။ အဲ့ဒါတွေ ပိုဖြစ်လာတယ်။ အခုဆိုရင် ကျမ ၂ ပတ် ၃ ပတ်လောက်ရှိပြီ။ လုံးဝကို အိမ်ထဲက အိမ်ပြင် မထွက်ရဲဘူး။ အဲ့လိုအနေအထားမျိုး ဖြစ်တယ်။ တခုခုဖြစ်လာလို့ရှိရင် အနေအထားတွေက မလွယ်ဘူးလေ။ အိမ်မှာ သီးသန့်နေဖို့ဆိုတာလည်း မလွယ်ဘူး။ ကလေးငယ်လည်း ရှိတယ်။
''ကျမ အစိုးရိမ်ဆုံးကတော့ - အခုလောလောဆယ် ဆေးရုံကို သွားနေရတာထက် မွေးတဲ့အချိန်ကျလို့ရှိရင်၊ ကျမက ဒီဇူလိုင်လ ၃၁ ရက်နေ့မှာ due date ပေးထားတယ်ဆိုတော့။ ပြီးလို့ရှိရင် သတင်းထဲမှာကလည်း ဒီနွေရာသီ တခုလုံးနီးပါးတောင်မှ ဒီရောဂါကြီးက ဖြစ်နေဦးမယ့် အနေအထားမျိုး ရှိနေတယ်ဆိုတော့ အဲ့ဒီအခြေအနေကိုတော့ တော်တော်လေး စိုးရိမ်တယ်။ ဆေးရုံကို တယောက်တည်းပဲ သွားရမလား။ မွေးခန်းထဲမှာ တယောက်တည်းပဲ သွားရမလား ဆိုတဲ့ အနေအထားတွေကို စိုးရိမ်တာပေါ့နော်။ ပြီးလို့ရှိရင် ဆေးရုံမှာရော အဲ့ဒီအချိန်ကျလို့ရှိရင် COVID-19 လူနာတွေနဲ့ ပြည့်ကျပ်နေပြီးတော့ ဘယ်လိုအနေအထားမျိုး ရှိမလဲ။ အဲ့ဒီလိုဟာတွေကို တော်တော်လေး စဉ်းစားပြီးတော့ စိုးရိမ်ပါတယ်။''

မေး။ ။ အခုအချိန်မှာ ဆေးခန်းတွေ၊ ဆရာဝန်တွေကရော ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အထူးညွှန်ကြားချက် ပြောတာမျိုး သတိပေးတာမျိုးရော ရှိပါလား။

ဖြေ။ ။ '' သီးသန့်ညွှန်ကြားချက်တော့ မရှိဘူး။ လူတိုင်းကို ညွှန်ကြားသလိုပဲပေါ့နော်။ လက်ကိုပုံမှန်ဆေးဖို့၊ ပြီးရင် လူတွေနဲ့ ၆ ပေအကွာမှာနေဖို့၊ ဖြစ်နိုင်ရင် အိမ်ပြင်မထွက်ဖို့။ အဲ့ဒီလို လူတိုင်းကိုပြောနေတဲ့ Guideline အတိုင်းပဲ ပြောပါတယ်။ တခြား ထွေထွေထူးထူးတော့ မပြောဘူး။ ကျမသွားတဲ့ ဆေးခန်းကပေါ့။ ''

မေး။ ။ အခု အလုပ်ကရော အိမ်ကနေ လုပ်နေတာပေါ့။

ဖြေ။ ။ '' ဟုတ်တယ်။ အခုဆိုလို့ရှိရင် သုံးပတ်လောက်ရှိပြီ။ အလုပ်ရှင်က အိမ်ကနေလုပ်ဖို့ ဦးစားပေးစာရင်းထဲမှာ ထည့်လိုက်တယ်။ ကိုယ်ဝန်ရှိနေတဲ့အတွက်။ ခုကတော့ အိမ်ကနေ အလုပ်လုပ်တယ်။''
မေး။ ။ အခု အလုပ်ကလည်း အိမ်ကနေ လုပ်နေတယ်။ ကလေးငယ်လေးကလည်း ရှိနေတယ်။ ကိုယ်ဝန်ကလည်း ဆောင်ထားရတယ်ဆိုတော့ အခက်အခဲတွေရော ဘာတွေရှိနေလဲ။

ဖြေ။ ။ '' ကလေးကတော့ သူက တနှစ်နဲ့ ကိုးလဆိုတော့ လူကြီးဘာပဲလုပ်လုပ် သူက အမြဲ ရောချင်တယ်ဆိုတော့ တော်တော်လေးခက်ခဲပါတယ်။ အရင်တုန်းကတော့ အိမ်မှာလုပ်ရမယ်ဆိုရင် ပိုပြီးတော့လွယ်မယ်ထင်တာ။ အခုကတော့ မဟုတ်ဘူး။ တခါတလေ ကိုယ် လုပ်လက်စတခု တန်းလန်းနဲ့ ကလေးကို သိပ်လိုက်ရတာမျိုးတွေပေါ့။ ''

မေး။ ။ အခုအချိန်မှာ ဆေးရုံတွေမှာ ကလေးမွေးလို့ရှိရင် အန္တရာယ်ဖြစ်မှာစိုးလို့၊ ဒီရောဂါ ကူးစက်ခံရမှာ စိုးရိမ်ပြီးတော့ အခုချိန်မှာ တချို့ကိုယ်ဝန်ဆောင် မိခင်တွေက အိမ်မှာပဲမွေးဖို့ လုပ်ကြသူတွေလည်း ရှိတယ်။ အဲ့ဒီလိုရော စဉ်းစားဖြစ်ပါလား။

ဖြေ။ ။ '' အဲ့ဒါမျိုး ကျမ မစဉ်းစားဖြစ်ဘူး။ ကျန်းမာရေး အာမခံကလည်း အိမ်မှာတွေးတဲ့သူတွေကို မပေးဘူးလို့တော့ ကြားရတယ်။ ကျမ ကိုယ်တိုင်တော့ ကျန်းမာရေးအာမခံ ကုမ္ပဏီကိုတော့ ဆက် မမေးဖြစ်သေးဘူး။ ဒါပေမဲ့ တဆင့်စကားပေါ့နော်။ အိမ်မှာမွေးတဲ့သူတွေကို ကျန်းမာရေး အာမခံ မပေးတာက တခု။ ပြီးလို့ရှိရင် မွေးတဲ့အတောအတွင်း အိမ်မှာ တခုခု အဆင်မပြေလို့ရှိရင် ဆေးရုံမှာလို တစုံလုံး မရှိဘူးလေ။ အဲ့ဒီလိုဟာတွေ စိတ်ပူတယ်။ အိမ်မှာ မွေးဖို့ကျတော့။ ''

ဒါကတော့ လက်ရှိ ၆ လကျော် ကိုယ်ဝန်လွယ်ထားရပြီး လက်ရှိမှာလည်း သမီးငယ်တယောက်နဲ့ အိမ်ကနေ အလုပ်လုပ်နေတဲ့ မဇာနည်မော် ပြောပြသွားတာပါ။

ကြိုတင်ကာကွယ်နိုင်တဲ့ ဆေးမရှိသလို၊ ကုသဖို့ဆေးလည်း မရှိသေးတဲ့ ကိုရိုနာရောဂါဆိုးကြီးကြောင့် ခုချိန်မှာ လူကြီး လူငယ်၊ ကိုယ်ဝန်သည်၊ ခလေးမိခင် လူသားအားလုံးရဲ့ အသက်အန္တရာယ်တွေ ခြိမ်းခြောက် ခံလာနေရတာပါ။ ဒီလိုအချိန်မျိုးမှာမှ အသက်နှစ်ချောင်းစာအတွင် တပြိုင်တည်း စိုးရိမ်နေကြရတဲ့ ကိုယ်ဝန်သည်တွေအနေနဲ့ ကိုယ်တိုင် ရောဂါကူးစက်မခံရအောင် ဂရုစိုက်ရတဲ့ တချိန်တည်းမှာ ကိုယ့်ရဲ့ ကိုယ်ဝန်နဲ့ပတ်သက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မပြတ်ခံယူနိုင်ဖို့၊ ကလေးငယ်ကို မကူးစက်စေဖို့ ဆိုတာတွေကလည်း သိပ်ကို အရေးကြီးနေတာပါ။ ဒါကြောင့် ကိုယ့်ရဲ့ သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာ တိုင်ပင် ဆွေးနွေးပြီး တတ်နိုင်သမ ျှ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နိုင်ကြဖို့ ဆုတောင်းရင်းပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။

VOA Burmese News
https://www.facebook.com/VoA.Burmese.News/posts/10157973318880170?__tn__=K-R
COVID-19 အႏၲရာယ္နဲ႔ ကိုယ္ဝန္ေဆာင္မိခင္မ်ား COVID-19 အႏၲရာယ္နဲ႔ ကိုယ္ဝန္ေဆာင္မိခင္မ်ား Reviewed by THITHTOOLWIN on 04:57 Rating: 5
Powered by Blogger.