COVID-19 ေရာဂါလကၡဏာသစ္ ၆ မ်ဳိး အေမရိကန္ထုတ္ျပန္


(Zawgyi//Unicode)

COVID-19 ေရာဂါျဖစ္သူေတြမွာ ေတြ႔ရတတ္တဲ့ ေရာဂါလကၡဏာအသစ္ ၆ မ်ဳိးကို အေမရိကန္ က်န္းမာေရးတာဝန္႐ွိသူေတြ ထုတ္ျပန္လုိက္ပါတယ္။

ခိုက္ခိုက္တုန္ခ်မ္းစိမ့္တာ၊ ကုိယ္ေတြလက္ေတြ တုန္တာ၊ နာက်င္ ကိုက္ခဲတာ၊ ေခါင္းကိုက္တာ၊ လည္ေခ်ာင္းနာတာနဲ႔ အနံ႔ ဒါမွမဟုတ္ အရသာအာ႐ုံ မရေတာ့တာမ်ဳိးေတြဟာ COVID ေရာဂါလကၡဏာေတြ ျဖစ္ႏိုင္တယ္လို႔ က်န္းမာေရးတာဝန္႐ွိသူေတြက ေျပာၾကားခဲ့ပါတယ္။

အေမရိကန္ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးဌာန CDC က အရင္ေျပာၾကားထားတဲ့ ေရာဂါလကၡဏာေတြက အဖ်ားႀကီးတာ၊ အသက္ ဝဝ မ႐ွဴႏိုင္တာနဲ႔ ေခ်ာင္းဆိုတာတို႔ ျဖစ္ပါတယ္။

အေမရိကန္မွာ ေရာဂါကူးစက္သူအေရအတြက္ ျမင့္တက္ေနေပမဲ့ Colorado ျပည္နယ္၊ Mississippi ျပည္နယ္၊ Montana ျပည္နယ္နဲ႔ Tennessee ျပည္နယ္တို႔မွာ စီးပြားေရးလုပ္ငန္းတခ်ဳိ႕ကို ဒီေန႔ တနလၤာေန႔မွာ ျပန္လည္ စတင္ဖြင့္ခြင့္ ျပဳထားပါတယ္။

Georgia, Oklahoma, Alaska နဲ႔ ေတာင္ Carolina ျပည္နယ္တို႔မွာေတာ့ ၿပီးခဲ့တဲ့ သီတင္းပါတ္ထဲက တခ်ဳိ႕လုပ္ငန္းေတြ ျပန္လည္လည္ပါတ္ေနၿပီး COVID-19 ကပ္ေရာဂါ မျဖစ္ခင္ အရင္အေျခ အေနအတိုင္း ျပန္ျဖစ္ေအာင္ ႀကိဳးစားေနပါတယ္။

ကန္႔သတ္မႈေတြကို ခုလို သိပ္ျမန္ျမန္ဆန္ဆန္ ဖယ္႐ွားေပးတဲ့အေပၚ က်န္းမာေရးဆိုင္ရာ ကၽြမ္းက်င္သူေတြက သတိေပးေနၾကသလုိ က်န္တဲ့ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး အမ်ားအျပားကလည္း အမ်ားျပည္သူ လံုၿခံဳေရးအတြက္ ကန္႔သတ္ခ်က္ေတြကို ဆက္လက္ထား႐ွိမယ္လို႔ ေျပာထားပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ေရာဂါျဖစ္ေနသူ ၉၈၀,၀၀၀ ေက်ာ္႐ွိေနၿပီး၊ ေသဆံုးသူ ၅၅,၀၀၀ ေက်ာ္႐ွိပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------
[Unicode Version]

COVID-19 ရောဂါလက္ခဏာသစ် ၆ မျိုး အမေရိကန်ထုတ်ပြန်

COVID-19 ရောဂါဖြစ်သူတွေမှာ တွေ့ရတတ်တဲ့ ရောဂါလက္ခဏာအသစ် ၆ မျိုးကို အမေရိကန် ကျန်းမာရေးတာဝန်ရှိသူတွေ ထုတ်ပြန်လိုက်ပါတယ်။

ခိုက်ခိုက်တုန်ချမ်းစိမ့်တာ၊ ကိုယ်တွေလက်တွေ တုန်တာ၊ နာကျင် ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ လည်ချောင်းနာတာနဲ့ အနံ့ ဒါမှမဟုတ် အရသာအာရုံ မရတော့တာမျိုးတွေဟာ COVID ရောဂါလက္ခဏာတွေ ဖြစ်နိုင်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အမေရိကန် ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC က အရင်ပြောကြားထားတဲ့ ရောဂါလက္ခဏာတွေက အဖျားကြီးတာ၊ အသက် ဝဝ မရှူနိုင်တာနဲ့ ချောင်းဆိုတာတို့ ဖြစ်ပါတယ်။

အမေရိကန်မှာ ရောဂါကူးစက်သူအရေအတွက် မြင့်တက်နေပေမဲ့ Colorado ပြည်နယ်၊ Mississippi ပြည်နယ်၊ Montana ပြည်နယ်နဲ့ Tennessee ပြည်နယ်တို့မှာ စီးပွားရေးလုပ်ငန်းတချို့ကို ဒီနေ့ တနင်္လာနေ့မှာ ပြန်လည် စတင်ဖွင့်ခွင့် ပြုထားပါတယ်။

Georgia, Oklahoma, Alaska နဲ့ တောင် Carolina ပြည်နယ်တို့မှာတော့ ပြီးခဲ့တဲ့ သီတင်းပါတ်ထဲက တချို့လုပ်ငန်းတွေ ပြန်လည်လည်ပါတ်နေပြီး COVID-19 ကပ်ရောဂါ မဖြစ်ခင် အရင်အခြေ အနေအတိုင်း ပြန်ဖြစ်အောင် ကြိုးစားနေပါတယ်။

ကန့်သတ်မှုတွေကို ခုလို သိပ်မြန်မြန်ဆန်ဆန် ဖယ်ရှားပေးတဲ့အပေါ် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးနေကြသလို ကျန်တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး အများအပြားကလည်း အများပြည်သူ လုံခြုံရေးအတွက် ကန့်သတ်ချက်တွေကို ဆက်လက်ထားရှိမယ်လို့ ပြောထားပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ COVID-19 ရောဂါဖြစ်နေသူ ၉၈၀,၀၀၀ ကျော်ရှိနေပြီး၊ သေဆုံးသူ ၅၅,၀၀၀ ကျော်ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-us/5393520.html
COVID-19 ေရာဂါလကၡဏာသစ္ ၆ မ်ဳိး အေမရိကန္ထုတ္ျပန္  COVID-19 ေရာဂါလကၡဏာသစ္ ၆ မ်ဳိး အေမရိကန္ထုတ္ျပန္ Reviewed by THITHTOOLWIN on 22:13 Rating: 5
Powered by Blogger.