သၾကၤန္ၿပီး လုပ္ငန္းခြင္ ျပန္ဝင္ရမယ့္သူေတြ COVID-19 အေရး စိုးရိမ္ေန

ပိုးသတ္ေဆးျဖန္းေနၾကတဲ့ ၀န္ထမ္းမ်ား

(Zawgyi/Unicode)

သၾကၤန္ကာလ ႐ုံးပိတ္ရက္ေတြက မၾကာခင္မွာ ကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါပိုးေတြ႕ရွိရတဲ့ သူေတြမ်ားလာေနတဲ့ အခ်ိန္မွာ သၾကၤန္ကာလ ႐ုံးပိတ္ရက္ေတြၿပီးလို႔ လုပ္ငန္းခြင္ျပန္ဝင္ၾကရမယ့္ ကိစၥနဲ႔ ပတ္သက္ၿပီး အလုပ္သမားေတြက စိုးရိမ္မႈေတြ ရွိေနၾကတဲ့ အေၾကာင္းကို ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပေပးပါမယ္။

သၾကၤန္ကာလ ႐ုံးပိတ္ရက္ေတြအၿပီး လုပ္ငန္းခြင္ျပန္ဝင္ၾကရမယ့္ အလုပ္သမားေတြအေနနဲ႔ အလုပ္ကိုသြားရာ လမ္းတစ္ေလွ်ာက္မွာ ႀကဳံေတြၾကရမယ့္ လူအမ်ားနဲ႔ ထိေတြ႕မႈ၊ လုပ္ငန္းခြင္မွာ ေတြ႕ၾကရမယ့္ ဝန္ထမ္းအခ်င္းခ်င္း ထိေတြ႕မႈေတြကို စိုးရိမ္လာၾကတာေတြ ရွိေနပါတယ္။

ေျမာက္ဒဂုံၿမိဳ႕နယ္မွာ ေနထိုင္ၿပီး ကုမၸဏီဝန္ထမ္း တစ္ဦးျဖစ္တဲ့ မစိုးစိုးစံက ေရာဂါပိုးေတြ႕ရွိရမႈ မ်ားလာတဲ့ အခ်ိန္မွာ သူ႔အေနနဲ႔ ႐ုံးသြားဖို႔ကို စိုးရိမ္တဲ့ အေၾကာင္းကို ခုလို ေျပာျပလာပါတယ္။

“႐ုံးကေတာ့ အခု ferry ကေတာ့ စီစဥ္ေပးပါတယ္။ ကိုယ္ကေတာ့ အခု home stay ၁၀ ရက္အတြင္းမွာ ဘယ္မွ မသြားဘဲ အိမ္ထဲမွာပဲ ေနတယ္။ ဒါေပမဲ့ တျခား႐ုံးက လူေတြကေရာ ကိုယ့္လိုပဲ ေနပါ့မလား အဲ့ဒါကို စိတ္ပူတယ္။ ႐ုံးတက္လို႔ ရွိရင္ ႐ုံးက ကိုယ္အတြက္ save ျဖစ္ပါ့မလား။ ႐ုံးသြားရမွာလည္း အဲ့လိုတစ္ခ်က္ စိုးရိမ္တယ္။ ဘတ္စ္ကားစီးရမွာလဲ စိုးရိမ္တယ္ ေနာက္ ႐ုံးထဲ မဝင္ခ်င္ဘူး။ ႐ုံးထဲကလူေတြက စိတ္ခ်ရပါ့မလား အဲ့လိုေပါ့။ အလုပ္ဘယ္လိုျပန္လုပ္ရမလဲ ပူတာေတြကေတာ့ အမ်ားႀကီးပဲ အဓိကကေတာ့ ႐ုံးျပန္တက္ရမွာ ကို ေတာ္ေတာ္လန႔္ေနတယ္။ အျခားအလုပ္ေတာ့ မသိဘူး၊ အမတို႔အလုပ္က်ေတာ့ Online နဲ႔လည္း အလုပ္ျဖစ္တယ္ေလ online နဲ႔ပဲ လုပ္ေစခ်င္တယ္ေပါ့။ အျပင္ကို ေလာေလာဆယ္ ေပးမထြက္ေသးဘဲနဲ႔ေပါ့။ online ေနပဲ လုပ္ဖို႔လုပ္ဖို႔ ေျပာေစခ်င္တယ္ ႐ုံးမတက္ခိုင္းေသးဘဲနဲ႔ ေပါ့၊ အဲ့လိုျဖစ္ေစခ်င္တယ္။”

ဒီလို ေရာဂါပိုးေတြ႕ရွိမႈ မ်ားလာေနတဲ့ အခ်ိန္မွာ ႐ုံးေတြ ျပန္ဖြင့္ၿပီး လုပ္ငန္းခြင္ ျပန္ဝင္ရမယ့္ ကိစၥနဲ႔ ပတ္သက္လို႔ ကုမၸဏီ ဝန္ထမ္းတစ္ေယာက္ျဖစ္တဲ့ မေဂေထာက သူ႔ရဲ႕ အျမင္ကို ခုလို ေျပာျပလာပါတယ္။

“ဒီ ၁၉ ရက္ထိၿပီးရင္ ေနာက္ထပ္ ဒီလကုန္အထိကိုလည္း အဲ့လိုမ်ိဳး ျပန္တိုးၿပီးေတာ့ lock down ခ်ေစခ်င္တယ္ ရန္ကုန္ၿမိဳ႕တြင္းမွာေပါ့။ ခုလက္ရွိက ဒီရန္ကုန္တိုင္းအစိုးရ အေနနဲ႔ ဘာသံမွ မၾကားရေသးဘူးဆိုေတာ့လည္း သူတို႔ကိုေစာင့္ၾကည့္ ရမွာေပါ့။”

ဒီလို ေရာဂါပိုးေတြရွိရမႈေတြ မ်ားလာေနတဲ့အခ်ိန္မွာ အစိုးရအေနနဲ႔ စီမံခန႔္ခြဲမႈေတြ လုပ္ေဆာင္ၿပီး ျပည္သူကို အသိေပးတာမ်ိဳးေတြ လုပ္ေပးေစခ်င္တယ္ဆိုတဲ့ အေၾကာင္းကို သတင္းဌာနတစ္ခုမွာ အလုပ္လုပ္တဲ့ ကိုေက်ာ္ဝဏၰက ေျပာပါတယ္။

“ဒီဟာေတြအားလုံးကို စနစ္တက်နဲ႔ အစိုးရက စီမံခန႔္ခြဲတာမ်ိဳးေတြ လုပ္ေစခ်င္တယ္။ လုပ္ေစခ်င္တယ္ဆိုတာက တစ္ခုခုေပါ့ကြာ တစ္ခုခု ခ်ျပေစခ်င္တယ္ အရင္ဦးဆုံးေပါ့ေႏွာ္။ ဒါကေတာ့ ဒီလို ဒီလိုျဖစ္လာႏိုင္ေခ်ရွိတယ္။ အစိုးရအေနနဲ႔ ဘယ္လို ဘယ္လို စီမံေဆာင္႐ြက္ပါမယ္ဆိုတဲ့ ဟာမ်ိဳးေလးေတာ့ ကနဦးေပါ့ေနာ္။ အလုပ္ရွင္နဲ႔ အလုပ္သမားေတြကိုေတာ့ လုပ္ေပးေစခ်င္တယ္။ ဒါက အကို႔အျမင္နဲ႔ ေျပာတာေပါ့ေနာ္။”

အခု ဧၿပီလ ၁၉ ရက္ ေနာက္ပိုင္း သၾကၤန္ကာလအၿပီးမွာေတာ့ ေရာဂါကာကြယ္ေရးအတြက္ ဘာေတြ တိုးျမင့္လုပ္ေဆာင္သြားမလဲဆိုတာကေတာ့ ရန္ကုန္တိုင္း အစိုးရဘက္က တိတိက်က် ထြက္မလာေသးပါဘူး။ ရန္ကုန္မွာေတာ့ ေရာဂါပိုးေတြ႕ရွိသူေတြနဲ႔ ဆက္စပ္ၿပီး ရပ္ကြက္ေတြ လမ္းေတြႏွင့္ တိုက္အခ်ိဳ႕ကို အသြားအလာ ပိတ္ပင္တာေတြ ပိုမ်ားလာပါတယ္။

ဒီကေန႔ ဧၿပီလ ၁၆ ရက္ မနက္ ၁၀ နာရီဝန္းက်င္မွာ ထုတ္ျပန္တဲ့ က်န္းမာေရး ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြအရ ျမန္မာမွာ COVID-19 ေစာင့္ၾကည့္လူနာ စုစုေပါင္း ၁,၃၉၄ ဦးရွိေနၿပီး ဓာတ္ခြဲ စမ္းသပ္ စစ္ေဆးခ်က္ေတြအရ ေရာဂါပိုး ေတြ႕ရွိရသူ စုစုေပါင္းက ၈၅ ဦး ရွိေနၿပီး ေသဆုံးသူ ၄ ဦး ရွိပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ COVID-19 ေရာဂါပိုးက ကမာၻႏိုင္ငံနဲ႔ နယ္ေျမစုစုေပါင္း ၂၁၀ ကိုကူးစက္ပ်ံ႕ႏွံ႔ခဲ့တာျဖစ္ ပါတယ္။ တစ္ကမာၻလုံးမွာ ကူးစက္ခံထားရသူ စုစုေပါင္းက ၂,၀၀၀,၀၀၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူ စုစုေပါင္းက ၁၃၀,၀၀၀ ေက်ာ္ ႏွင့္ ျပန္လည္သက္သာလာသူ စုစုေပါင္းကေတာ့ ၅၂၀,၀၀၀ ေက်ာ္ ရွိေနပါတယ္။


[Unicode Version]

သင်္ကြန်ပြီး လုပ်ငန်းခွင် ပြန်ဝင်ရမယ့်သူတွေ COVID-19 အရေး စိုးရိမ်နေ

သင်္ကြန်ကာလ ရုံးပိတ်ရက်တွေက မကြာခင်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ COVID 19 ရောဂါပိုးတွေ့ရှိရတဲ့ သူတွေများလာနေတဲ့ အချိန်မှာ သင်္ကြန်ကာလ ရုံးပိတ်ရက်တွေပြီးလို့ လုပ်ငန်းခွင်ပြန်ဝင်ကြရမယ့် ကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမားတွေက စိုးရိမ်မှုတွေ ရှိနေကြတဲ့ အကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

သင်္ကြန်ကာလ ရုံးပိတ်ရက်တွေအပြီး လုပ်ငန်းခွင်ပြန်ဝင်ကြရမယ့် အလုပ်သမားတွေအနေနဲ့ အလုပ်ကိုသွားရာ လမ်းတစ်လျှောက်မှာ ကြုံတွေကြရမယ့် လူအများနဲ့ ထိတွေ့မှု၊ လုပ်ငန်းခွင်မှာ တွေ့ကြရမယ့် ဝန်ထမ်းအချင်းချင်းထိတွေ့မှုတွေကို စိုးရိမ်လာကြတာတွေ ရှိနေပါတယ်။

မြောက်ဒဂုံမြို့နယ်မှာ နေထိုင်ပြီး ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်တဲ့ မစိုးစိုးစံက ရောဂါပိုးတွေ့ရှိရမှု များလာတဲ့ အချိန်မှာ သူ့အနေနဲ့ ရုံးသွားဖို့ကို စိုးရိမ်တဲ့ အကြောင်းကို ခုလို ပြောပြလာပါတယ်။

“ရုံးကတော့ အခု ferry ကတော့ စီစဉ်ပေးပါတယ်။ ကိုယ်ကတော့ အခု home stay ၁၀ ရက်အတွင်းမှာ ဘယ်မှ မသွားဘဲ အိမ်ထဲမှာပဲ နေတယ်။ ဒါပေမဲ့ တခြားရုံးက လူတွေကရော ကိုယ့်လိုပဲ နေပါ့မလား အဲ့ဒါကို စိတ်ပူတယ်။ ရုံးတက်လို့ ရှိရင် ရုံးက ကိုယ်အတွက် save ဖြစ်ပါ့မလား။ ရုံးသွားရမှာလည်း အဲ့လိုတစ်ချက် စိုးရိမ်တယ်။ ဘတ်စ်ကားစီးရမှာလဲ စိုးရိမ်တယ် နောက် ရုံးထဲ မဝင်ချင်ဘူး။ ရုံးထဲကလူတွေက စိတ်ချရပါ့မလား အဲ့လိုပေါ့။ အလုပ်ဘယ်လိုပြန်လုပ်ရမလဲ ပူတာတွေကတော့ အများကြီးပဲ အဓိကကတော့ ရုံးပြန်တက်ရမှာ ကို တော်တော်လန့်နေတယ်။ အခြားအလုပ်တော့ မသိဘူး၊ အမတို့အလုပ်ကျတော့ Online နဲ့လည်း အလုပ်ဖြစ်တယ်လေ online နဲ့ပဲ လုပ်စေချင်တယ်ပေါ့။ အပြင်ကို လောလောဆယ် ပေးမထွက်သေးဘဲနဲ့ပေါ့။ online နေပဲ လုပ်ဖို့လုပ်ဖို့ ပြောစေချင်တယ် ရုံးမတက်ခိုင်းသေးဘဲနဲ့ ပေါ့၊ အဲ့လိုဖြစ်စေချင်တယ်။”

ဒီလို ရောဂါပိုးတွေ့ရှိမှု များလာနေတဲ့ အချိန်မှာ ရုံးတွေ ပြန်ဖွင့်ပြီး လုပ်ငန်းခွင် ပြန်ဝင်ရမယ့် ကိစ္စနဲ့ ပတ်သက်လို့ ကုမ္ပဏီ ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ မဂေထောက သူ့ရဲ့ အမြင်ကို ခုလို ပြောပြလာပါတယ်။

“ဒီ ၁၉ ရက်ထိပြီးရင် နောက်ထပ် ဒီလကုန်အထိကိုလည်း အဲ့လိုမျိုး ပြန်တိုးပြီးတော့ lock down ချစေချင်တယ် ရန်ကုန်မြို့တွင်းမှာပေါ့။ ခုလက်ရှိက ဒီရန်ကုန်တိုင်းအစိုးရ အနေနဲ့ ဘာသံမှ မကြားရသေးဘူးဆိုတော့လည်း သူတို့ကိုစောင့်ကြည့် ရမှာပေါ့။”

ဒီလို ရောဂါပိုးတွေရှိရမှုတွေ များလာနေတဲ့အချိန်မှာ အစိုးရအနေနဲ့ စီမံခန့်ခွဲမှုတွေ လုပ်ဆောင်ပြီး ပြည်သူကို အသိပေးတာမျိုးတွေ လုပ်ပေးစေချင်တယ်ဆိုတဲ့ အကြောင်းကို သတင်းဌာနတစ်ခုမှာ အလုပ်လုပ်တဲ့ ကိုကျော်ဝဏ္ဏက ပြောပါတယ်။

“ဒီဟာတွေအားလုံးကို စနစ်တကျနဲ့ အစိုးရက စီမံခန့်ခွဲတာမျိုးတွေ လုပ်စေချင်တယ်။ လုပ်စေချင်တယ်ဆိုတာက တစ်ခုခုပေါ့ကွာ တစ်ခုခု ချပြစေချင်တယ် အရင်ဦးဆုံးပေါ့နှော်။ ဒါကတော့ ဒီလို ဒီလိုဖြစ်လာနိုင်ချေရှိတယ်။ အစိုးရအနေနဲ့ ဘယ်လို ဘယ်လို စီမံဆောင်ရွက်ပါမယ်ဆိုတဲ့ ဟာမျိုးလေးတော့ ကနဦးပေါ့နော်။ အလုပ်ရှင်နဲ့ အလုပ်သမားတွေကိုတော့ လုပ်ပေးစေချင်တယ်။ ဒါက အကို့အမြင်နဲ့ ပြောတာပေါ့နော်။”

အခု ဧပြီလ ၁၉ ရက် နောက်ပိုင်း သင်္ကြန်ကာလအပြီးမှာတော့ ရောဂါကာကွယ်ရေးအတွက် ဘာတွေ တိုးမြင့်လုပ်ဆောင်သွားမလဲဆိုတာကတော့ ရန်ကုန်တိုင်း အစိုးရဘက်က တိတိကျကျ ထွက်မလာသေးပါဘူး။ ရန်ကုန်မှာတော့ ရောဂါပိုးတွေ့ရှိသူတွေနဲ့ ဆက်စပ်ပြီး ရပ်ကွက်တွေ လမ်းတွေနှင့် တိုက်အချို့ကို အသွားအလာ ပိတ်ပင်တာတွေ ပိုများလာပါတယ်။

ဒီကနေ့ ဧပြီလ ၁၆ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ထုတ်ပြန်တဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာမှာ COVID-19 စောင့်ကြည့်လူနာ စုစုပေါင်း ၁,၃၉၄ ဦးရှိနေပြီး ဓာတ်ခွဲ စမ်းသပ် စစ်ဆေးချက်တွေအရ ရောဂါပိုး တွေ့ရှိရသူ စုစုပေါင်းက ၈၅ ဦး ရှိနေပြီး သေဆုံးသူ ၄ ဦး ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုးက ကမ္ဘာနိုင်ငံနဲ့ နယ်မြေစုစုပေါင်း ၂၁၀ ကိုကူးစက်ပျံ့နှံ့ခဲ့တာဖြစ် ပါတယ်။ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံထားရသူ စုစုပေါင်းက ၂,၀၀၀,၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ စုစုပေါင်းက ၁၃၀,၀၀၀ ကျော် နှင့် ပြန်လည်သက်သာလာသူ စုစုပေါင်းကတော့ ၅၂၀,၀၀၀ ကျော် ရှိနေပါတယ်။

 အိမ့္သႏၲာထြန္း/VOA (Burmese)
https://burmese.voanews.com/a/thingyan-myanmar-covid/5374614.html
သၾကၤန္ၿပီး လုပ္ငန္းခြင္ ျပန္ဝင္ရမယ့္သူေတြ COVID-19 အေရး စိုးရိမ္ေန သၾကၤန္ၿပီး လုပ္ငန္းခြင္ ျပန္ဝင္ရမယ့္သူေတြ COVID-19 အေရး စိုးရိမ္ေန Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.