COVID-19 ကာကြယ္ေရးအတြက္ သီးသန႔္ေနထိုင္ရန္ သတ္မွတ္ခ်က္အား လိုက္နာမႈမရွိသူမ်ားကို ဒဏ္႐ိုက္မည့္ အမိန႔္ေၾကညာခ်က္ သမၼတ ပူတင္ လက္မွတ္ထိုး

႐ုရွားႏိုင္ငံ သမၼတ ပူတင္သည္ ၎၏အစိုးရအဖြဲ႕ဝင္မ်ားႏွင့္ ဧၿပီ ၁ ရက္က ဗြီဒီယို အြန္လိုင္းမွ တစ္ဆင့္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနသည္ကို ေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ေမာ္စကို၊ ဧၿပီ ၂ ရက္(ဆင္ဟြာ)

    COVID-19 ေရာဂါအေျခအေနေၾကာင့္ သီးသန႔္ေနထိုင္ရန္ သတ္မွတ္ခ်က္ကို မလိုက္နာသည့္ လူပုဂၢိဳလ္တစ္ဦးခ်င္းကိုလည္းေကာင္း၊ သက္ဆိုင္ရာကုမၸဏီလုပ္ငန္းမ်ား၏ တရားဝင္တာဝန္ရွိပုဂၢိဳလ္မ်ားကိုလည္းေကာင္း အေရးယူ ဒဏ္႐ိုက္မည့္ အမိန႔္ေၾကညာခ်က္ကို ဧၿပီ  ၁ ရက္တြင္ ႐ုရွား သမၼတ ပူတင္က လက္မွတ္ထိုးအတည္ျပဳခဲ့ေၾကာင္း သိရသည္။

အဆိုပါအမိန႔္ေၾကညာခ်က္အရ COVID-19 ေရာဂါ ကာကြယ္ေရးအတြက္ သီးသန႔္ေနထိုင္ရန္ သတ္မွတ္ခ်က္ကို ခ်ိဳးေဖာက္ပါက လူပုဂၢိဳလ္တစ္ဦးအေနျဖင့္ ဒဏ္ေငြ အျမင့္ဆုံး ႐ူဘယ္ ၄ ေသာင္း (အေမရိကန္ေဒၚလာ ၅၀၉ ေဒၚလာခန႔္)ကို လည္းေကာင္း ၊ သက္ဆိုင္ရာ ကုမၸဏီလုပ္ငန္းမ်ား၏ တရားဝင္ တာဝန္ရွိပုဂၢိဳလ္ကို ဒဏ္ေငြ အျမင္ဆုံး  ႐ူဘယ္ ၅ သိန္း (အေမရိကန္ေဒၚလာ ၆,၃၅၇ ေဒၚလာခန႔္)ကိုလည္းေကာင္း ေပးေဆာင္ရမည္ျဖစ္ၿပီး အေျခအေနဆိုးဝါးပါက လုပ္ငန္းလိုင္စင္ ရက္ ၉၀ အထိ ပိတ္သိမ္းႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ေရာဂါ ကာကြယ္ေရးအတြက္ သတ္မွတ္ထားသည့္ သီးသန႔္ေနထိုင္ရန္ သတ္မွတ္ခ်က္ကို ခ်ိဳးေဖာက္ျခင္းေၾကာင့္ အျခားသူအား ေရာဂါကူးစက္မႈျဖစ္ပြားခဲ့ပါက အျမင့္ဆုံးေထာင္ဒဏ္ ၂ ႏွစ္အထိ ခ်မွတ္ႏိုင္ၿပီး ထိုသို႔သတ္မွတ္အား ခ်က္ခ်ိဳးေဖာက္ျခင္းေၾကာင့္ အျခားေရာဂါကူးစက္ခံရသူ ေသဆုံးမႈျဖစ္ပြားခဲ့ပါက အျမင့္ဆုံးေထာင္ဒဏ္ ၅ ႏွစ္အထိ ခ်မွတ္ႏိုင္ေၾကာင္း ၊ သတ္မွတ္ခ်က္ ခ်ိဳးေဖာက္မႈေၾကာင့္ ေရာဂါ ကူးစက္ခံရသူ ႏွစ္ဦး သို႔မဟုတ္ ႏွစ္ဦးႏွင့္အထက္ ေသဆုံးမႈျဖစ္ပြားခဲ့ပါက အျမင့္ဆုံး ေထာင္ဒဏ္ ၇ ႏွစ္ အထိ ခ်မွတ္ႏိုင္ေၾကာင္း အမိန႔္ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါ အမိန႔္ေၾကညာခ်က္တြင္ ကပ္ေရာဂါႏွင့္ပတ္သတ္၍ လူမႈအသိုက္အဝန္းအား စိုးရိမ္ထိတ္လန႔္မႈျဖစ္ေစမည့္ သတင္းတု၊ သတင္းမွား ျဖန႔္ေဝသူကို အျမင့္ဆုံး ေထာင္ဒဏ္ ၃ ႏွစ္အထိ ခ်မွတ္ႏိုင္သည္ဟူ၍လည္း ေဖာ္ျပထားသည္။

COVID-19 ကပ္ေရာဂါ လွ်င္ျမန္စြာ ျပန႔္ပြားမႈကို ကာကြယ္တားဆီးရန္ ႐ုရားႏိုင္ငံ ေမာ္စကို ၿမိဳ႕တြင္ မတ္ ၃၀ ရက္မွစတင္ကာ အမ်ားျပည္သူအား က်န္းမာေရးအေျခအေနေၾကာင့္ႏွင့္ အေရးေပၚကယ္ဆယ္ရန္၊ ေဈးဝယ္ေဆးဝယ္ရန္၊ အမႈိက္စြန႔္ပစ္ရန္ စသည့္ မျဖစ္မေနအေျခအေနမ်ားမွလြဲ၍ ေနအိမ္အတြင္း၌သာ သီးသန႔္ေနထိုင္ၾကရန္ အမိန႔္ထုတ္ျပန္ခဲ့သည္။

႐ုရွားကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္မႈ ၫႊန္ၾကားေရးဌာန၏ ဧၿပီ ၁ ရက္တြင္ ထုတ္ျပန္သည့္ ေနာက္ဆုံး ကိန္းဂဏန္းမ်ားအရ  ႐ုရွားႏိုင္ငံအတြင္း COVID-19 ေရာဂါျဖစ္ပြားသူ စုစုေပါင္း ၂,၇၇၇ ဦး ရွိၿပီး ေသဆုံးသူ ၂၄ ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/world-covid19/26966-covid-55
-------------
(Unicode)⤵⤵⤵
COVID-19 ကာကွယ်ရေးအတွက် သီးသန့်နေထိုင်ရန် သတ်မှတ်ချက်အား လိုက်နာမှုမရှိသူများကို ဒဏ်ရိုက်မည့် အမိန့်ကြေညာချက် သမ္မတ ပူတင် လက်မှတ်ထိုး

ရုရှားနိုင်ငံ သမ္မတ ပူတင်သည် ၎င်း၏အစိုးရအဖွဲ့ဝင်များနှင့် ဧပြီ ၁ ရက်က ဗွီဒီယို အွန်လိုင်းမှ တစ်ဆင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

    မော်စကို၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

    COVID-19 ရောဂါအခြေအနေကြောင့် သီးသန့်နေထိုင်ရန် သတ်မှတ်ချက်ကို မလိုက်နာသည့် လူပုဂ္ဂိုလ်တစ်ဦးချင်းကိုလည်းကောင်း၊ သက်ဆိုင်ရာကုမ္ပဏီလုပ်ငန်းများ၏ တရားဝင်တာဝန်ရှိပုဂ္ဂိုလ်များကိုလည်းကောင်း အရေးယူ ဒဏ်ရိုက်မည့် အမိန့်ကြေညာချက်ကို ဧပြီ  ၁ ရက်တွင် ရုရှား သမ္မတ ပူတင်က လက်မှတ်ထိုးအတည်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါအမိန့်ကြေညာချက်အရ COVID-19 ရောဂါ ကာကွယ်ရေးအတွက် သီးသန့်နေထိုင်ရန် သတ်မှတ်ချက်ကို ချိုးဖောက်ပါက လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဒဏ်ငွေ အမြင့်ဆုံး ရူဘယ် ၄ သောင်း (အမေရိကန်ဒေါ်လာ ၅၀၉ ဒေါ်လာခန့်)ကို လည်းကောင်း ၊ သက်ဆိုင်ရာ ကုမ္ပဏီလုပ်ငန်းများ၏ တရားဝင် တာဝန်ရှိပုဂ္ဂိုလ်ကို ဒဏ်ငွေ အမြင်ဆုံး  ရူဘယ် ၅ သိန်း (အမေရိကန်ဒေါ်လာ ၆,၃၅၇ ဒေါ်လာခန့်)ကိုလည်းကောင်း ပေးဆောင်ရမည်ဖြစ်ပြီး အခြေအနေဆိုးဝါးပါက လုပ်ငန်းလိုင်စင် ရက် ၉၀ အထိ ပိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရောဂါ ကာကွယ်ရေးအတွက် သတ်မှတ်ထားသည့် သီးသန့်နေထိုင်ရန် သတ်မှတ်ချက်ကို ချိုးဖောက်ခြင်းကြောင့် အခြားသူအား ရောဂါကူးစက်မှုဖြစ်ပွားခဲ့ပါက အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ပြီး ထိုသို့သတ်မှတ်အား ချက်ချိုးဖောက်ခြင်းကြောင့် အခြားရောဂါကူးစက်ခံရသူ သေဆုံးမှုဖြစ်ပွားခဲ့ပါက အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ကြောင်း ၊ သတ်မှတ်ချက် ချိုးဖောက်မှုကြောင့် ရောဂါ ကူးစက်ခံရသူ နှစ်ဦး သို့မဟုတ် နှစ်ဦးနှင့်အထက် သေဆုံးမှုဖြစ်ပွားခဲ့ပါက အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ် အထိ ချမှတ်နိုင်ကြောင်း အမိန့်ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ အမိန့်ကြေညာချက်တွင် ကပ်ရောဂါနှင့်ပတ်သတ်၍ လူမှုအသိုက်အဝန်းအား စိုးရိမ်ထိတ်လန့်မှုဖြစ်စေမည့် သတင်းတု၊ သတင်းမှား ဖြန့်ဝေသူကို အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည်ဟူ၍လည်း ဖော်ပြထားသည်။

COVID-19 ကပ်ရောဂါ လျှင်မြန်စွာ ပြန့်ပွားမှုကို ကာကွယ်တားဆီးရန် ရုရားနိုင်ငံ မော်စကို မြို့တွင် မတ် ၃၀ ရက်မှစတင်ကာ အများပြည်သူအား ကျန်းမာရေးအခြေအနေကြောင့်နှင့် အရေးပေါ်ကယ်ဆယ်ရန်၊ ဈေးဝယ်ဆေးဝယ်ရန်၊ အမှိုက်စွန့်ပစ်ရန် စသည့် မဖြစ်မနေအခြေအနေများမှလွဲ၍ နေအိမ်အတွင်း၌သာ သီးသန့်နေထိုင်ကြရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ရုရှားကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု ညွှန်ကြားရေးဌာန၏ ဧပြီ ၁ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံး ကိန်းဂဏန်းများအရ  ရုရှားနိုင်ငံအတွင်း COVID-19 ရောဂါဖြစ်ပွားသူ စုစုပေါင်း ၂,၇၇၇ ဦး ရှိပြီး သေဆုံးသူ ၂၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/world-covid19/26966-covid-55
COVID-19 ကာကြယ္ေရးအတြက္ သီးသန႔္ေနထိုင္ရန္ သတ္မွတ္ခ်က္အား လိုက္နာမႈမရွိသူမ်ားကို ဒဏ္႐ိုက္မည့္ အမိန႔္ေၾကညာခ်က္ သမၼတ ပူတင္ လက္မွတ္ထိုး COVID-19 ကာကြယ္ေရးအတြက္ သီးသန႔္ေနထိုင္ရန္ သတ္မွတ္ခ်က္အား လိုက္နာမႈမရွိသူမ်ားကို ဒဏ္႐ိုက္မည့္ အမိန႔္ေၾကညာခ်က္ သမၼတ ပူတင္ လက္မွတ္ထိုး Reviewed by THITHTOOLWIN on 08:38 Rating: 5
Powered by Blogger.