သွ်မ္းျပည္ COVID-19 ျပင္းထန္လာလွ်င္ အေျခခံ လူတန္းစားအတြက္ ေထာက္ပံ့ရန္ စီစဥ္ထား

(Zawgyi)⤵⤵⤵
ဧၿပီ ၃ ရက္ ၂၀၂၀

သွ်မ္းျပည္ အတြင္း COVID-19 ကူးစက္ပ်ံ႕ပြါးမွဳ ျပင္းထန္ လာလွ်င္ အေျခခံ လူတန္းစားမ်ားအတြက္ စားဝတ္ေနေရး အဆင္သင့္ ေထာက္ပံ့ရန္ စီစဥ္ထားေၾကာင္း သတင္းရရွိသည္။

အဆိုပါ အေျခခံ လူတန္းစားမ်ားကို ေထာက္ပံ့ရန္ အတြက္ သွ်မ္းျပည္နယ္အစိုးရ အဖြဲ႔ ႏွင့္ သွ်မ္းျပည္ ျပည္သူလူထု စားနပ္ရိကၡာ ေထာက္ပံ့ေရး ေကာ္မတီ တုိ႔ က ပူးေပါင္းၿပီး လုပ္ေဆာင္သြားမည္ ဟု သိရသည္။

“COVID-19 ျပင္းထန္လာရင္ ျပည္သူေတြ စားဝတ္ေနေရး က်ပ္တည္းသြားမယ္။ က်ပ္တည္းသြားလို႔ရွိရင္ အခမဲ့ ေပးေဝႏိုင္ေအာင္လို႔ အလွဴရွင္ေတြ ေပးလွဴတဲ့ေငြေတြနဲ႔ ရိကၡာစုေဆာင္းဝယ္ယူၿပီးအဆင္သင့္ ျပင္ထားတာ။ အခုေတာ့ မလွဴေသးဘူး။ ျပင္ဆင္ထားတုန္း” ဟု သွ်မ္းျပည္ ျပည္သူလူထု စားနပ္ရိကၡာ ေထာက္ပံ့ေရးေကာ္မတီ ဒုဥကၠဌ ဦးသူရေစာသိန္း (ခ) ကိုတူးငယ္ က သွ်မ္းသံေတာ္ဆင့္ ကို ေျပာသည္။

ထို ေကာ္မတီကို ကေမၻာဇဘဏ္ နာယကႀကီး ဦးေအာင္ကိုဝင္း မွ မတည္လွဴဒါန္းေငြ သိန္း (၂၀၀၀) ႏွင့္ သွ်မ္းျပည္ အစိုးရအဖြဲ႔ ႏွင့္ အလွဴရွင္မ်ား စုေပါင္းၿပီး ဆန္အိတ္ (၇၀၀၀) ေက်ာ္ ၊ ၁၈ က်ပ္သားရွိ ဆီဗူးေပါင္း (၇၅,၀၀၀) ႏွင့္ ကုလားပဲ စသည္တို႔ လွဴဒါန္းရန္ ျပင္ဆင္ထားေၾကာင္း ဦးသူရေစာသိန္း က ေျပာသည္။

“ဘယ္ခ်ိန္ ဘယ္ေနရာမွာ ဘယ္ေလာက္လွဴမလဲဆိုတာ သွ်မ္းျပည္နယ္ အစိုးရအဖြဲ႕ကပဲ ဆံုးျဖတ္ပါမယ္၊ က်ေနာ္တို႔ ကေတာ့ ေကာ္မတီဖြဲ႕ၿပီးေတာ့ စုေဆာင္းထားေပးတာေပါ့၊ လက္တြဲလုပ္တာပါ” ဦးသူရေစာသိန္း က ဆုိသည္။

COVID-19 ေၾကာင့္ သွ်မ္းျပည္ အေျခခံလူတန္းစားမ်ား စားဝတ္ေနေရး အတြက္ မေျပမလည္ ျဖစ္လာမည္ကို ႀကိဳတြက္ထားကာ အဆင္သင့္ အခမဲ့ ေပးေဝႏုိင္ေအာင္ စဥ္းစားမိသျဖင့္ ၎ ေကာ္မတီကို ဖြဲ႔ရျခင္းျဖစ္သည္ ဟု သိရသည္။

ဧၿပီ ၂ ရက္ ထိ ျမန္မာႏိုင္ငံတြင္ COVID-19 ပိုးေတြ႔လူနာ ၂၀ ဦးေတြ႔ရွိ ထားၿပီး တဦးေသဆံုး
ေၾကာင္း က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာန က ေၾကညာခ်က္ထုတ္ထားသည္။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese
-------------
(Unicode)⤵⤵⤵
သျှမ်းပြည် COVID-19 ပြင်းထန်လာလျှင် အခြေခံ လူတန်းစားအတွက် ထောက်ပံ့ရန် စီစဉ်ထား

သျှမ်းသံတော်ဆင့်/ဆိုင်ဖူး

ဧပြီ ၃ ရက် ၂၀၂၀

သျှမ်းပြည် အတွင်း COVID-19 ကူးစက်ပျံ့ပွါးမှု ပြင်းထန် လာလျှင် အခြေခံ လူတန်းစားများအတွက် စားဝတ်နေရေး အဆင်သင့် ထောက်ပံ့ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

အဆိုပါ အခြေခံ လူတန်းစားများကို ထောက်ပံ့ရန် အတွက် သျှမ်းပြည်နယ်အစိုးရ အဖွဲ့ နှင့် သျှမ်းပြည် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီ တို့ က ပူးပေါင်းပြီး လုပ်ဆောင်သွားမည် ဟု သိရသည်။

“COVID-19 ပြင်းထန်လာရင် ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းသွားမယ်။ ကျပ်တည်းသွားလို့ရှိရင် အခမဲ့ ပေးဝေနိုင်အောင်လို့ အလှူရှင်တွေ ပေးလှူတဲ့ငွေတွေနဲ့ ရိက္ခာစုဆောင်းဝယ်ယူပြီးအဆင်သင့် ပြင်ထားတာ။ အခုတော့ မလှူသေးဘူး။ ပြင်ဆင်ထားတုန်း” ဟု သျှမ်းပြည် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ ဒုဥက္ကဌ ဦးသူရစောသိန်း (ခ) ကိုတူးငယ် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထို ကော်မတီကို ကမ္ဘောဇဘဏ် နာယကကြီး ဦးအောင်ကိုဝင်း မှ မတည်လှူဒါန်းငွေ သိန်း (၂၀၀၀) နှင့် သျှမ်းပြည် အစိုးရအဖွဲ့ နှင့် အလှူရှင်များ စုပေါင်းပြီး ဆန်အိတ် (၇၀၀၀) ကျော် ၊ ၁၈ ကျပ်သားရှိ ဆီဗူးပေါင်း (၇၅,၀၀၀) နှင့် ကုလားပဲ စသည်တို့ လှူဒါန်းရန် ပြင်ဆင်ထားကြောင်း ဦးသူရစောသိန်း က ပြောသည်။

“ဘယ်ချိန် ဘယ်နေရာမှာ ဘယ်လောက်လှူမလဲဆိုတာ သျှမ်းပြည်နယ် အစိုးရအဖွဲ့ကပဲ ဆုံးဖြတ်ပါမယ်၊ ကျနော်တို့ ကတော့ ကော်မတီဖွဲ့ပြီးတော့ စုဆောင်းထားပေးတာပေါ့၊ လက်တွဲလုပ်တာပါ” ဦးသူရစောသိန်း က ဆိုသည်။

COVID-19 ကြောင့် သျှမ်းပြည် အခြေခံလူတန်းစားများ စားဝတ်နေရေး အတွက် မပြေမလည် ဖြစ်လာမည်ကို ကြိုတွက်ထားကာ အဆင်သင့် အခမဲ့ ပေးဝေနိုင်အောင် စဉ်းစားမိသဖြင့် ၎င်း ကော်မတီကို ဖွဲ့ရခြင်းဖြစ်သည် ဟု သိရသည်။

ဧပြီ ၂ ရက် ထိ မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့လူနာ ၂၀ ဦးတွေ့ရှိ ထားပြီး တဦးသေဆုံး
ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က ကြေညာချက်ထုတ်ထားသည်။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese
သွ်မ္းျပည္ COVID-19 ျပင္းထန္လာလွ်င္ အေျခခံ လူတန္းစားအတြက္ ေထာက္ပံ့ရန္ စီစဥ္ထား သွ်မ္းျပည္ COVID-19 ျပင္းထန္လာလွ်င္ အေျခခံ လူတန္းစားအတြက္ ေထာက္ပံ့ရန္ စီစဥ္ထား Reviewed by THITHTOOLWIN on 03:13 Rating: 5
Powered by Blogger.