ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္သူ ၆၂ ေယာက္ထိရွိလာ


(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ တနလာၤေန႔ ညပိုင္းနဲ႔ အဂၤါေန႔ မနက္အေစာပိုင္း ထုတ္ျပန္ခ်က္အရCOVID- 19 ကူးစက္ခံ အတည္ျပဳ လူနာ အသစ္ ၂၁ ဦးထဲမွာ ႏုိင္ငံေက်ာ္ ေတးသံရွင္ မ်ိဳးႀကီးလည္း ပါ၀င္ပါတယ္။

ရန္ကုန္တိုင္း ဗဟန္းၿမိဳ႕နယ္ ပုလဲ ကြန္ဒိုမွာ ေနထိုင္တဲ႔ ဂီတပညာရွင္ မ်ိဳးႀကီး မွာ COVID- 19 ကူးစက္ခံထားရေၾကာင္း ဗဟန္းၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ အမတ္ ဦးထြန္းျမင့္က အတည္ျပဳထားပါတယ္။ ဂီတပညာရွင္ မ်ိဳးႀကီး ေနထိုင္တဲ႔ ဗဟန္းၿမိဳ႕နယ္က ပုလဲကြန္ဒို B ကိုလည္း အဂၤါေန႔ မနက္ အေစာပိုင္းမွာ အဝင္ အထြက္ ပိတ္ပင္ ကန႔္သတ္ထားပါတယ္။ အဂၤါေန႔ မနက္ခင္း အေစာပိုင္း ထုတ္ျပန္ခ်က္ အရ ျမန္မာႏုိင္ငံမွာ COVID- 19 ကူးစက္ခံ အတည္ျပဳ လူနာ အသစ္ ၂၁ ေယာက္ ေတြ႔ရွိခဲ႔ရၿပီး စုစုေပါင္း ၆၂ ဦးထိ ေရာက္ရွိသြားၿပီ ျဖစ္ပါတယ္။

COVID- 19 ကူးစက္ခံ လူနာ ၆၂ ဦးထဲမွာ အခုအခ်ိန္ထိ ေသဆံုးသူ ၄ ဦးရွိၿပီး ျပန္လည္ က်န္းမာလာသူက ၂ ဦးဘဲ ရွိေနတာပါ။ COVID- 19 ေသဆံုးမႈႏႈန္းက မ်ားေနတယ္လို႔ ႏုိင္ငံေတာ္ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း တနလာၤေန႔မွာ အသိအမွတ္ျပဳ ေျပာပါတယ္။

“အစကတည္းက ခန္႔မွန္းခဲ႔သလိုဘဲ ဒီအပတ္ အတြင္းနဲ႔ ေနာက္ အပတ္ အတြင္းမွာ ေရာဂါ ျပန္႔ပြားမႈ ဘယ္ေလာက္ ရွိလဲ ဆိုတာ ေပၚလာမွာေပါ့။ ဒီေန႔ မနက္ဆိုရင္ ၄၁ ေယာက္ထိ ေရာက္သြားၿပီေပါ့။ ၄၁ ေယာက္ထဲမွာ ဆိုလို႔ ရွိရင္ ၄ ေယာက္က ကြယ္လြန္ အနိစၥ ေရာက္သြားတယ္ ဆိုေတာ့ ေျပာရမယ္ဆိုရင္ ရာခိုင္ႏႈန္း နည္းနည္း ျမင့္တယ္လို႔ ေျပာရမွာဘဲ။ ဒါေတာ့ အျဖစ္ကို အျဖစ္ အတိုင္း ရင္ဆုိင္ရလိမ့္မယ္။”

ေဒၚေအာင္ဆန္းစုၾကည္ ေဆြးေႏြးခဲ႔တဲ႔ တနလာၤေန႔က အတည္ျပဳလူနာ ၄၁ ေယာက္ဘဲ ရွိေသးတာပါ။ ဒါေပမယ့္ တနလာၤေန႔ ညပိုင္းနဲ႔ သန္းေခါင္ေက်ာ္ခ်ိန္မွာ ေနာက္ထပ္ အတည္ျပဳ လူနာ ၂၁ ေယာက္ ထပ္တိုးတာ ျဖစ္ပါတယ္။

ေနာက္ပိုင္း ကူးစက္ခံ လူနာ အသစ္ေတြထဲမွာ အသက္ ၂၃ ႏွစ္ကေန ၅၄ ႏွစ္ၾကား လူလတ္ပိုင္းေတြ ျဖစ္ၿပီး အသက္ ၇ ႏွစ္ အရြယ္ မိန္းကေလးငယ္ တဦးလည္း ကူးစက္ခံရထားရပါတယ္။ အသစ္ ထပ္ေတြ႔သူေတြကေတာ့ ၿပီးခဲ႔တဲ႔ သီးတင္း ၂ ပတ္ အတြင္း ႏုိင္ငံရပ္ျခား သြားလာခဲ႔တဲ႔ ရာဇ၀င္ မရွိေၾကာင္းလည္း အစိုးရ ထုတ္ျပန္ခ်က္က ေဖာ္ျပပါတယ္။ အသစ္ေတြ႔ရွိသူ ၂၁ ဦးထဲက ၂၀ က ရန္ကုန္က ျဖစ္ၿပီး တဦးကေတာ့ မေကြးက ျဖစ္ၿပီး မေကြးတိုင္း အတြက္ပထမဆံုး ဗိုင္းရပ္စ္ ကူးစက္ခံ အတည္ျပဳ လူနာ ျဖစ္ပါတယ္။ လက္ရွိ အေနအထားအရေတာ့ ရန္ကုန္တိုင္းက ဗိုင္းရပ္စ္ ကူးစက္ ပ်ံ႔ႏွံ႔မႈ အဆိုးဆံုး ေဒသ တခု ျဖစ္ေနပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------------

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ ၆၂ ယောက်ထိရှိလာ

(Unicode)

မြန်မာနိုင်ငံမှာ တနလာၤနေ့ ညပိုင်းနဲ့ အင်္ဂါနေ့ မနက်အစောပိုင်း ထုတ်ပြန်ချက်အရCOVID- 19 ကူးစက်ခံ အတည်ပြု လူနာ အသစ် ၂၁ ဦးထဲမှာ နိုင်ငံကျော် တေးသံရှင် မျိုးကြီးလည်း ပါဝင်ပါတယ်။ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ပုလဲ ကွန်ဒိုမှာ နေထိုင်တဲ့ ဂီတပညာရှင် မျိုးကြီး မှာ COVID- 19 ကူးစက်ခံထားရကြောင်း ဗဟန်းမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးထွန်းမြင့်က အတည်ပြုထားပါတယ်။ ဂီတပညာရှင် မျိုးကြီး နေထိုင်တဲ့ ဗဟန်းမြို့နယ်က ပုလဲကွန်ဒို B ကိုလည်း အင်္ဂါနေ့ မနက် အစောပိုင်းမှာ အဝင် အထွက် ပိတ်ပင် ကန့်သတ်ထားပါတယ်။ အင်္ဂါနေ့ မနက်ခင်း အစောပိုင်း ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံမှာ COVID- 19 ကူးစက်ခံ အတည်ပြု လူနာ အသစ် ၂၁ ယောက် တွေ့ရှိခဲ့ရပြီး စုစုပေါင်း ၆၂ ဦးထိ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

COVID- 19 ကူးစက်ခံ လူနာ ၆၂ ဦးထဲမှာ အခုအချိန်ထိ သေဆုံးသူ ၄ ဦးရှိပြီး ပြန်လည် ကျန်းမာလာသူက ၂ ဦးဘဲ ရှိနေတာပါ။ COVID- 19 သေဆုံးမှုနှုန်းက များနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း တနလာၤနေ့မှာ အသိအမှတ်ပြု ပြောပါတယ်။

“အစကတည်းက ခန့်မှန်းခဲ့သလိုဘဲ ဒီအပတ် အတွင်းနဲ့ နောက် အပတ် အတွင်းမှာ ရောဂါ ပြန့်ပွားမှု ဘယ်လောက် ရှိလဲ ဆိုတာ ပေါ်လာမှာပေါ့။ ဒီနေ့ မနက်ဆိုရင် ၄၁ ယောက်ထိ ရောက်သွားပြီပေါ့။ ၄၁ ယောက်ထဲမှာ ဆိုလို့ ရှိရင် ၄ ယောက်က ကွယ်လွန် အနိစ္စ ရောက်သွားတယ် ဆိုတော့ ပြောရမယ်ဆိုရင် ရာခိုင်နှုန်း နည်းနည်း မြင့်တယ်လို့ ပြောရမှာဘဲ။ ဒါတော့ အဖြစ်ကို အဖြစ် အတိုင်း ရင်ဆိုင်ရလိမ့်မယ်။”

ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့တဲ့ တနလာၤနေ့က အတည်ပြုလူနာ ၄၁ ယောက်ဘဲ ရှိသေးတာပါ။ ဒါပေမယ့် တနလာၤနေ့ ညပိုင်းနဲ့ သန်းခေါင်ကျော်ချိန်မှာ နောက်ထပ် အတည်ပြု လူနာ ၂၁ ယောက် ထပ်တိုးတာ ဖြစ်ပါတယ်။

နောက်ပိုင်း ကူးစက်ခံ လူနာ အသစ်တွေထဲမှာ အသက် ၂၃ နှစ်ကနေ ၅၄ နှစ်ကြား လူလတ်ပိုင်းတွေ ဖြစ်ပြီး အသက် ၇ နှစ် အရွယ် မိန်းကလေးငယ် တဦးလည်း ကူးစက်ခံရထားရပါတယ်။ အသစ် ထပ်တွေ့သူတွေကတော့ ပြီးခဲ့တဲ့ သီးတင်း ၂ ပတ် အတွင်း နိုင်ငံရပ်ခြား သွားလာခဲ့တဲ့ ရာဇဝင် မရှိကြောင်းလည်း အစိုးရ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ အသစ်တွေ့ရှိသူ ၂၁ ဦးထဲက ၂၀ က ရန်ကုန်က ဖြစ်ပြီး တဦးကတော့ မကွေးက ဖြစ်ပြီး မကွေးတိုင်း အတွက်ပထမဆုံး ဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြု လူနာ ဖြစ်ပါတယ်။ လက်ရှိ အနေအထားအရတော့ ရန်ကုန်တိုင်းက ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှု အဆိုးဆုံး ဒေသ တခု ဖြစ်နေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-19-myanmar-62-people-/5370578.html

ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္သူ ၆၂ ေယာက္ထိရွိလာ ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္သူ ၆၂ ေယာက္ထိရွိလာ Reviewed by THITHTOOLWIN on 03:59 Rating: 5
Powered by Blogger.