စက္႐ံုေတြမွာ COVID-19 ကာကြယ္တားဆီးေရး အေရးေပၚလုပ္ေဆာင္ဖို႔ တိုက္တြန္း

လႈိင္သာယာ စက္မႈဇုန္ရွိ အထည္ခ်ဳပ္စက္႐ုံတခုတြင္ အလုပ္လုပ္ေနသည့္ အလုပ္သမားမ်ား။ (မတ္ ၁၀၊ ၂၀၁၀)
(Zawgyi / Unicode)

ျမန္မာႏုိင္ငံက စက္႐ုံ အလုပ္႐ံုေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈ အႏၲရာယ္ တားဆီးကာကြယ္ေရး အေရးေပၚလုပ္ေဆာင္ဖို႔ အခ်ိန္ေရာက္ၿပီလို႔ အလုပ္သမားေရး ေဆာင္ရြက္ေနသူေတြနဲ႔ က်န္းမာေရးပညာရွင္ေတြက သတိေပး ေျပာဆိုၾကပါတယ္။ အျပည့္အစုံကုိ မဆုမြန္က ဆက္သြယ္ေမးျမန္းၿပီး တင္ျပေပးထားပါတယ္။

ရန္ကုန္တိုင္းအစိုးရအဖြဲ႔က စစ္ေဆးအတည္ျပဳၿပီး ဧၿပီလ ၂၄ ရက္ေန႔မွာ ျပန္ဖြင့္ခြင့္ေပးခဲ့တဲ့ လိႈင္သာယာ ခ်န္ရီဖိနပ္စက္႐ံုမွာ တ႐ုတ္ဘာသာစကားျပန္ လုပ္ခဲ့ဖူးသူဟာ ဗိုင္းရပ္စ္ပိုး ကူးစက္ထားတဲ့ လူနာအမွတ္ ၁၄၄ ျဖစ္တယ္ဆိုတာ သိရၿပီးတဲ့ေနာက္ စက္႐ံုကို ဒီကေန႔မွာပဲ ျပန္ပိတ္လိုက္ရၿပီ ျဖစ္ပါတယ္။

ဒါဟာ အလုပ္သမားအေရအတြက္ ေထာင္ခ်ီရွိတဲ့ စက္႐ံုတ႐ံုမွာ လုပ္ကိုင္သူေတြထဲ COVID-19 ကူးစက္မႈ ပထမဆံုး အတည္ျပဳခ်က္ ျဖစ္တာေၾကာင့္လည္း စိုးရိမ္မႈေတြ ပိုတိုးလာပါတယ္။

ဒါေၾကာင့္လည္း ဒီစက္႐ုံအပါအဝင္ စက္မႈဇုန္ေတြမွာ အလုပ္လုပ္ကိုင္ေနၾကရတဲ့ လုပ္သားေတြအတြက္ ႏိုင္ငံေတာ္အစိုးရဘက္က ဒီ့ထက္ပိုစနစ္က်ၿပီး ထိေရာက္တဲ့ ကာကြယ္မႈေတြကို အေရးတႀကီး ေဆာင္ရြက္ဖို႔ အခ်ိန္ေရာက္ၿပီလို႔ အလုပ္သမားေရး ေဆာင္ရြက္ေနသူေတြနဲ႔ က်န္းမာေရးပညာရွင္ေတြက သတိေပး ေျပာဆိုၾကပါတယ္။

အလုပ္သမားအေရး ေဆာင္ရြက္ေနသူ အနာဂတ္အလင္းတန္းဆံုမွတ္က ဒါ႐ုိက္တာ ေဒၚသက္သက္ေအာင္က ကပ္ေရာဂါ အစုလိုက္အၿပံဳလိုက္ မျပန္႔ပြားရေအာင္ သတိႀကီးႀကီးနဲ႔ စနစ္တက် ကုိင္တြယ္ေျဖရွင္းဖို႔ တိုက္တြန္းပါတယ္။

“ဧၿပီလကတည္းကစၿပီးေတာ့ အဓိကမဟုတ္ေသာ လုပ္ငန္းေတြေပါ့ေနာ္၊ စက္႐ုံ အလုပ္႐ုံေတြကို ယာယီပိတ္သိမ္းေပးဖို႔၊ ပိတ္သိမ္းတဲ့အခါမွာလည္း အနည္းဆံုး လုပ္ခလစာနဲ႔ ပိတ္သိမ္းေပးဖို႔ က်မတို႔ ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႔တဲ့အခါမွာလည္း ဒါဟာ ကမာၻ႔ကပ္ေရာဂါျဖစ္တယ္၊ အရမ္း အႏၱရာယ္ႀကီးတယ္ေပါ့ေနာ္။ ၿပီးေတာ့ က်မတို႔ စက္႐ုံအလုပ္႐ုံမွာ လုပ္ေနၾကရတဲ့ အလုပ္သမားေတြက လူစုလူေဝးႀကီးနဲ႔ အလုပ္လုပ္ေနၾကရတာ။ အဲဒီအတြက္ တကယ္လို႔ ျဖစ္လာခဲ့မယ္ဆိုရင္ အရမ္းကို အႏၱရာယ္ႀကီးတယ္ဆိုတဲ့ အေၾကာင္းကို က်မတို႔ ေျပာခဲ့တယ္။

“အခု က်မတို႔ေျပာသလိုပဲ အခုဆိုရင္ စက္႐ုံတ႐ုံက စျဖစ္လာၿပီေပါ့ေနာ္။ ျဖစ္တဲ့စက္႐ုံကလည္းပဲ တကယ့္ကို လူဦးေရ ၉၀၀၀ ေက်ာ္ေလာက္ကို လုပ္ေနတဲ့ စက္႐ုံႀကီးတ႐ုံ ျဖစ္ေနတယ္။ ၿပီးေတာ့ ဒီစက္႐ုံဟာ ၿပီးခဲ့တဲ့ ဧၿပီလ ၉ ရက္ေန႔အထိ ဖြင့္ခဲ့တဲ့စက္႐ုံျဖစ္သလို ၂၀ ရက္ေန႔မွာလည္း ျပန္လည္ဖြင့္လွစ္ခဲ့တဲ့စက္႐ုံ ျဖစ္တယ္။ က်န္းမာေရးဌာနရဲ႕ အတည္ျပဳခ်က္ရၿပီး ျပန္လည္ဖြင့္လွစ္ခဲ့တဲ့ စက္႐ုံလည္း ျဖစ္ေနတယ္ေပါ့ေနာ္။ အခုက လႈိင္သာယာတင္မကဘူး တျခားေသာ စက္႐ုံေတြမွာ ပ်ံ႕ႏွံ႔သြားခဲ့မယ္ဆိုရင္ က်မတို႔သည္ ဒီ ကမာၻ႔ကပ္ေရာဂါႀကီးကို တြန္းလွန္ႏုိင္ဖို႔ အင္မတန္ ခက္ခဲသြားၿပီလို႔ က်မအေနနဲ႔ ျမင္ပါတယ္။ အဲ့ဒါေၾကာင့္ အခုလက္ရွိျဖစ္သြားတဲ့ ခ်န္ရီစက္႐ုံလို ေနာက္ထပ္ ေနာက္ထပ္ စိုးရိမ္မႈေတြ မျဖစ္ေအာင္လို႔ ဒီအခ်ိန္သည္ အစိုးရအေနနဲ႔ တင္းက်ပ္ေသာ စည္းမ်ဥ္းေတြ တိက်တဲ့ ဥပေဒေတြနဲ႔ ေသေသခ်ာခ်ာ ျပ႒ာန္းဖို႔ လိုအပ္တယ္။ အစိုးရအေနနဲ႔ ဒီအခ်ိန္မွာ ျပတ္သားေသာမူဝါဒတခုကို အျမန္ဆံုး ခ်မွတ္ေပးဖို႔လိုတယ္လို႔ ျမင္ပါတယ္။”

ကိုဗစ္ကပ္ေရာဂါ မျပန္႔ပြားရေအာင္ ပိတ္လိုက္တဲ့ စက္႐ုံေတြေရာ စစ္ေဆးေနခ်ိန္ ယာယီပိတ္သိမ္းထားတဲ့ စက္႐ုံေတြမွာပါ အလုပ္လုပ္ကိုင္ေနၾကရတဲ့ အလုပ္သမားေတြအတြက္ ေန႔စဥ္ ပုံမွန္ဝင္ေငြ မထိခိုက္ရေအာင္ လုပ္အားခ လစာေတြကို အလုပ္ရွင္ေတြနဲ႔ အလုပ္သမားဝန္ႀကီးဌာန သက္ဆုိင္ရာ တာဝန္ရွိသူေတြဘက္က ညႇိႏိႈင္းေဆာင္ရြက္ စီစဥ္ေပးဖို႔ကိုလည္း ေဒၚသက္သက္ေအာင္က တိုက္တြန္းပါတယ္။

“အဓိကကေတာ့ စက္႐ုံအလုပ္႐ုံေတြ ယာယီပိတ္သိမ္းၾကတဲ့အခါ အနည္းဆံုး လုပ္အားခလစာနဲ႔ ပိတ္သိမ္းေပးဖို႔ အလုပ္ရွင္နဲ႔ အစိုးရနဲ႔ ေနာက္ ႏုိင္ငံေတာ္ဘက္က အလုပ္သမားေတြအတြက္ ဒီ ကိုဗစ္ျဖစ္ေနတဲ့ကာလမွာ ေနေရးနဲ႔ စားေရး အသက္ရွင္ရပ္တည္ႏိုင္ဖို႔အတြက္ အလုပ္သမားေတြအတြက္ စီစဥ္ေပးဖို႔ အေဆာင္ေတြ၊ လူမႈဖူလံုေရးကစ လုပ္အားခအဆင့္ဆင့့္္ အစိုးရနဲ႔ အလုပ္ရွင္ေတြ ပူးေပါင္းၿပီး ေဆာင္ရြက္ေပးသင့္ပါတယ္။”

ဒီလို လူေထာင္ခ်ီ အလုပ္လုပ္ကိုင္ေနတဲ့ အထည္ခ်ဳပ္စက္႐ုံလို ဖိနပ္စက္႐ုံလို စက္႐ုံေတြမွာ က်န္းမာေရးေစာင့္ေရွာက္မႈေတြကို အထူးသတိထား ေဆာင္ရြက္ေပးဖို႔ လိုတယ္လို႔လည္း လူထုအတြက္ က်န္းမာေရးဝန္ေဆာင္မႈေတြကို အခမဲ့ ေစတနာ့ဝန္ထမ္း ကုသေပးေနတဲ့ ေဒါက္တာေက်ာ္စြာဦးက အႀကံေပးပါတယ္။

“အခုက အလုပ္႐ုံ စက္႐ုံေတြမွာ က်န္းမာေရးဝန္ႀကီးဌာနက ဝင္ေရာက္ၿပီးေတာ့ စစ္ေဆးေနတဲ့ အပိုင္းေတြလည္း ရွိပါတယ္။ ေနာက္လကုန္မွာပဲ ျပန္ဖြင့္ဖို႔ဆိုၿပီး ႏုိင္ငံေတာ္အစိုးရကလည္း ထုတ္ျပန္ထားတာေတြ ရွိပါတယ္။ က်ေနာ္တို႔က အဓိက စိတ္ပူတာကေတာ့ Social Distancing ကို အေတာ္စိတ္ပူတယ္။ အလုပ္ရွင္ေတြဘက္က လုပ္ေပးႏုိင္တာက အလုပ္ခြင္ထဲ ေနရာေတြ ျခားေပးဖို႔၊ လက္ေဆးဖို႔ေနရာေတြ ဖန္တီးေပးဖို႔၊ ကိုယ္ပူခ်ိန္တိုင္းတာ၊ တဦးနဲ႔တဦးၾကား ခပ္ခြာခြာေနဖို႔ အစီအမံေတြလုပ္တာ၊ လက္ေဆးဖို႔အပါအဝင္ လူေနအေဆာင္ေတြမွာပါ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစီအမံေတြ ေဆာင္ရြက္ေစခ်င္တာ။

“ေနာက္ မ်က္ႏွာဖံုး ႏွာေခါင္းစည္းေတြ Mask ေတြတပ္ဖို႔ လုပ္ေပးရမယ္၊ အလုပ္သမားေတြဘက္က က်န္းမာေရး ပညာေပး သတိေပးေဆာင္ရြက္ခ်က္ သတိေပးခ်က္ေတြကို လိုက္နာဖို႔လိုတယ္။ ေနာက္တခုက က်ေနာ္တို႔ စက္႐ုံေတြတင္မကဘူး၊ စက္႐ုံလုပ္သားေတြ ေနထိုင္တဲ့ အေဆာင္ေတြမွာလည္း အထူးသတိထားဖို႔လိုတယ္။ စင္ကာပူမွာဆို အလုပ္သမားေတြထားတဲ့ အေဆာင္ေတြကေနတဆင့္ ကူးစက္ျမန္ကုန္တာမ်ိဳး ဆိုေတာ့ အေဆာင္မွာေနသူေတြ အတြက္လည္း အေဆာင္တြင္း က်န္းမာေရးနဲ႔အညီ ေနထိုင္ၾကဖို႔ကိုလည္း အထူးသတိထားၾကဖို႔ လိုပါတယ္ခင္ဗ်။”

လူနာအမွတ္ ၁၄၄ လုပ္ကိုင္ခဲ့တဲ့ ဒီ ဖိနပ္စက္႐ုံက အလုပ္သမားေတြအေနနဲ႔ ကိုယ္ေနထိုင္တဲ့ ေနရာေတြကို မျပန္ဘဲ ကိုယ့္အသိစိတ္ဓာတ္နဲ႔ကိုယ္ Quarantine လုပ္ဖုိ႔ ျမန္မာႏုိင္ငံလံုးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႔ခ်ဳပ္ကလည္း ဒီကေန႔မွာပဲ တိုက္တြန္းထားၿပီး အလုပ္သမားေတြအတြက္ လိုအပ္တဲ့ ေနရာထိုင္ခင္း အစားအေသာက္ စတာေတြကို အစိုးရက စီစဥ္ေပးဖို႔လည္း ပန္ၾကားထားပါတယ္။

ကိုဗစ္ကူးစက္မႈမရွိေအာင္ ဒါမွမဟုတ္ ထပ္ဆင့္ျပန္႔႔႔ပြားမႈမရွိေအာင္ လူတဦးခ်င္းကေန လူမ်ားစု Quarantine ေနၾကရတဲ့ အေျခအေနမွာ စံသတ္မွတ္ခ်က္ေတြ စည္းကမ္းခ်က္ေတြကို အစိုးရ တာဝန္ရွိသူေတြဘက္က မူသတ္မွတ္ခ်က္ ခုိင္ခိုင္မာမာနဲ႔ စနစ္တက် ေဆာင္ရြက္ဖို႔ လိုတယ္လို႔လည္း ကိုယ္တိုင္လည္း Quarantine ဝင္ေနရသူျဖစ္တဲ့ ေဒါက္တာေက်ာ္စြာဦးက အႀကံျပဳပါတယ္။

လတ္တေလာမွာေတာ့ ႏိုင္ငံေတာ္လိုအပ္ခ်က္အရ လည္ပတ္ေနတဲ့ လုပ္ငန္းခြင္ေတြမွအပ စက္႐ုံ အလုပ္႐ုံ လုပ္ငန္းခြင္ေတြကို ဧၿပီလ ၃၀ ရက္ေန႔အထိ ပိတ္ထားဖို႔ ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ အႀကံျပဳခ်က္၊ သတ္မွတ္ခ်က္ေတြအတိုင္း လိုက္နာေဆာင္ရြက္ၿပီးမွ ျမန္မာတႏုိင္ငံလုံးက စက္႐ုံအလုပ္႐ုံေတြကို ဖြင့္ခြင့္ျပဳမယ္လို႔ အလုပ္သမား၊ လူဝင္မႈနဲ႔ ျပည္သူ႔အင္အား ဝန္ႀကီးဌာနက ဧၿပီလ ၁၉ ရက္ ညေနပိုင္းက ထုတ္ျပန္ခဲ့ၿပီး အခုလက္ရွိမွာေတာ့ က်န္းမာေရးဝန္ႀကီးဌာနက လုိက္လံစစ္ေဆးေနခ်ိန္ ျဖစ္ပါတယ္။

မဆုမြန္  / ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------

(Unicode)

စက်ရုံတွေမှာ COVID-19 ကာကွယ်တားဆီးရေး အရေးပေါ်လုပ်ဆောင်ဖို့ တိုက်တွန်း

မြန်မာနိုင်ငံက စက်ရုံ အလုပ်ရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အန္တရာယ် တားဆီးကာကွယ်ရေး အရေးပေါ်လုပ်ဆောင်ဖို့ အချိန်ရောက်ပြီလို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေနဲ့ ကျန်းမာရေးပညာရှင်တွေက သတိပေး ပြောဆိုကြပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က စစ်ဆေးအတည်ပြုပြီး ဧပြီလ ၂၄ ရက်နေ့မှာ ပြန်ဖွင့်ခွင့်ပေးခဲ့တဲ့ လှိုင်သာယာ ချန်ရီဖိနပ်စက်ရုံမှာ တရုတ်ဘာသာစကားပြန် လုပ်ခဲ့ဖူးသူဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ထားတဲ့ လူနာအမှတ် ၁၄၄ ဖြစ်တယ်ဆိုတာ သိရပြီးတဲ့နောက် စက်ရုံကို ဒီကနေ့မှာပဲ ပြန်ပိတ်လိုက်ရပြီ ဖြစ်ပါတယ်။

ဒါဟာ အလုပ်သမားအရေအတွက် ထောင်ချီရှိတဲ့ စက်ရုံတရုံမှာ လုပ်ကိုင်သူတွေထဲ COVID-19 ကူးစက်မှု ပထမဆုံး အတည်ပြုချက် ဖြစ်တာကြောင့်လည်း စိုးရိမ်မှုတွေ ပိုတိုးလာပါတယ်။

ဒါကြောင့်လည်း ဒီစက်ရုံအပါအဝင် စက်မှုဇုန်တွေမှာ အလုပ်လုပ်ကိုင်နေကြရတဲ့ လုပ်သားတွေအတွက် နိုင်ငံတော်အစိုးရဘက်က ဒီ့ထက်ပိုစနစ်ကျပြီး ထိရောက်တဲ့ ကာကွယ်မှုတွေကို အရေးတကြီး ဆောင်ရွက်ဖို့ အချိန်ရောက်ပြီလို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေနဲ့ ကျန်းမာရေးပညာရှင်တွေက သတိပေး ပြောဆိုကြပါတယ်။

အလုပ်သမားအရေး ဆောင်ရွက်နေသူ အနာဂတ်အလင်းတန်းဆုံမှတ်က ဒါရိုက်တာ ဒေါ်သက်သက်အောင်က ကပ်ရောဂါ အစုလိုက်အပြုံလိုက် မပြန့်ပွားရအောင် သတိကြီးကြီးနဲ့ စနစ်တကျ ကိုင်တွယ်ဖြေရှင်းဖို့ တိုက်တွန်းပါတယ်။

“ဧပြီလကတည်းကစပြီးတော့ အဓိကမဟုတ်သော လုပ်ငန်းတွေပေါ့နော်၊ စက်ရုံ အလုပ်ရုံတွေကို ယာယီပိတ်သိမ်းပေးဖို့၊ ပိတ်သိမ်းတဲ့အခါမှာလည်း အနည်းဆုံး လုပ်ခလစာနဲ့ ပိတ်သိမ်းပေးဖို့ ကျမတို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ တွေ့တဲ့အခါမှာလည်း ဒါဟာ ကမ္ဘာ့ကပ်ရောဂါဖြစ်တယ်၊ အရမ်း အန္တရာယ်ကြီးတယ်ပေါ့နော်။ ပြီးတော့ ကျမတို့ စက်ရုံအလုပ်ရုံမှာ လုပ်နေကြရတဲ့ အလုပ်သမားတွေက လူစုလူဝေးကြီးနဲ့ အလုပ်လုပ်နေကြရတာ။ အဲဒီအတွက် တကယ်လို့ ဖြစ်လာခဲ့မယ်ဆိုရင် အရမ်းကို အန္တရာယ်ကြီးတယ်ဆိုတဲ့ အကြောင်းကို ကျမတို့ ပြောခဲ့တယ်။

“အခု ကျမတို့ပြောသလိုပဲ အခုဆိုရင် စက်ရုံတရုံက စဖြစ်လာပြီပေါ့နော်။ ဖြစ်တဲ့စက်ရုံကလည်းပဲ တကယ့်ကို လူဦးရေ ၉၀၀၀ ကျော်လောက်ကို လုပ်နေတဲ့ စက်ရုံကြီးတရုံ ဖြစ်နေတယ်။ ပြီးတော့ ဒီစက်ရုံဟာ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့အထိ ဖွင့်ခဲ့တဲ့စက်ရုံဖြစ်သလို ၂၀ ရက်နေ့မှာလည်း ပြန်လည်ဖွင့်လှစ်ခဲ့တဲ့စက်ရုံ ဖြစ်တယ်။ ကျန်းမာရေးဌာနရဲ့ အတည်ပြုချက်ရပြီး ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ စက်ရုံလည်း ဖြစ်နေတယ်ပေါ့နော်။ အခုက လှိုင်သာယာတင်မကဘူး တခြားသော စက်ရုံတွေမှာ ပျံ့နှံ့သွားခဲ့မယ်ဆိုရင် ကျမတို့သည် ဒီ ကမ္ဘာ့ကပ်ရောဂါကြီးကို တွန်းလှန်နိုင်ဖို့ အင်မတန် ခက်ခဲသွားပြီလို့ ကျမအနေနဲ့ မြင်ပါတယ်။ အဲ့ဒါကြောင့် အခုလက်ရှိဖြစ်သွားတဲ့ ချန်ရီစက်ရုံလို နောက်ထပ် နောက်ထပ် စိုးရိမ်မှုတွေ မဖြစ်အောင်လို့ ဒီအချိန်သည် အစိုးရအနေနဲ့ တင်းကျပ်သော စည်းမျဉ်းတွေ တိကျတဲ့ ဥပဒေတွေနဲ့ သေသေချာချာ ပြဋ္ဌာန်းဖို့ လိုအပ်တယ်။ အစိုးရအနေနဲ့ ဒီအချိန်မှာ ပြတ်သားသောမူဝါဒတခုကို အမြန်ဆုံး ချမှတ်ပေးဖို့လိုတယ်လို့ မြင်ပါတယ်။”

ကိုဗစ်ကပ်ရောဂါ မပြန့်ပွားရအောင် ပိတ်လိုက်တဲ့ စက်ရုံတွေရော စစ်ဆေးနေချိန် ယာယီပိတ်သိမ်းထားတဲ့ စက်ရုံတွေမှာပါ အလုပ်လုပ်ကိုင်နေကြရတဲ့ အလုပ်သမားတွေအတွက် နေ့စဉ် ပုံမှန်ဝင်ငွေ မထိခိုက်ရအောင် လုပ်အားခ လစာတွေကို အလုပ်ရှင်တွေနဲ့ အလုပ်သမားဝန်ကြီးဌာန သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ညှိနှိုင်းဆောင်ရွက် စီစဉ်ပေးဖို့ကိုလည်း ဒေါ်သက်သက်အောင်က တိုက်တွန်းပါတယ်။

“အဓိကကတော့ စက်ရုံအလုပ်ရုံတွေ ယာယီပိတ်သိမ်းကြတဲ့အခါ အနည်းဆုံး လုပ်အားခလစာနဲ့ ပိတ်သိမ်းပေးဖို့ အလုပ်ရှင်နဲ့ အစိုးရနဲ့ နောက် နိုင်ငံတော်ဘက်က အလုပ်သမားတွေအတွက် ဒီ ကိုဗစ်ဖြစ်နေတဲ့ကာလမှာ နေရေးနဲ့ စားရေး အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် အလုပ်သမားတွေအတွက် စီစဉ်ပေးဖို့ အဆောင်တွေ၊ လူမှုဖူလုံရေးကစ လုပ်အားခအဆင့်ဆင့့်် အစိုးရနဲ့ အလုပ်ရှင်တွေ ပူးပေါင်းပြီး ဆောင်ရွက်ပေးသင့်ပါတယ်။”

ဒီလို လူထောင်ချီ အလုပ်လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံလို ဖိနပ်စက်ရုံလို စက်ရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အထူးသတိထား ဆောင်ရွက်ပေးဖို့ လိုတယ်လို့လည်း လူထုအတွက် ကျန်းမာရေးဝန်ဆောင်မှုတွေကို အခမဲ့ စေတနာ့ဝန်ထမ်း ကုသပေးနေတဲ့ ဒေါက်တာကျော်စွာဦးက အကြံပေးပါတယ်။

“အခုက အလုပ်ရုံ စက်ရုံတွေမှာ ကျန်းမာရေးဝန်ကြီးဌာနက ဝင်ရောက်ပြီးတော့ စစ်ဆေးနေတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ နောက်လကုန်မှာပဲ ပြန်ဖွင့်ဖို့ဆိုပြီး နိုင်ငံတော်အစိုးရကလည်း ထုတ်ပြန်ထားတာတွေ ရှိပါတယ်။ ကျနော်တို့က အဓိက စိတ်ပူတာကတော့ Social Distancing ကို အတော်စိတ်ပူတယ်။ အလုပ်ရှင်တွေဘက်က လုပ်ပေးနိုင်တာက အလုပ်ခွင်ထဲ နေရာတွေ ခြားပေးဖို့၊ လက်ဆေးဖို့နေရာတွေ ဖန်တီးပေးဖို့၊ ကိုယ်ပူချိန်တိုင်းတာ၊ တဦးနဲ့တဦးကြား ခပ်ခွာခွာနေဖို့ အစီအမံတွေလုပ်တာ၊ လက်ဆေးဖို့အပါအဝင် လူနေအဆောင်တွေမှာပါ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစီအမံတွေ ဆောင်ရွက်စေချင်တာ။

“နောက် မျက်နှာဖုံး နှာခေါင်းစည်းတွေ Mask တွေတပ်ဖို့ လုပ်ပေးရမယ်၊ အလုပ်သမားတွေဘက်က ကျန်းမာရေး ပညာပေး သတိပေးဆောင်ရွက်ချက် သတိပေးချက်တွေကို လိုက်နာဖို့လိုတယ်။ နောက်တခုက ကျနော်တို့ စက်ရုံတွေတင်မကဘူး၊ စက်ရုံလုပ်သားတွေ နေထိုင်တဲ့ အဆောင်တွေမှာလည်း အထူးသတိထားဖို့လိုတယ်။ စင်ကာပူမှာဆို အလုပ်သမားတွေထားတဲ့ အဆောင်တွေကနေတဆင့် ကူးစက်မြန်ကုန်တာမျိုး ဆိုတော့ အဆောင်မှာနေသူတွေ အတွက်လည်း အဆောင်တွင်း ကျန်းမာရေးနဲ့အညီ နေထိုင်ကြဖို့ကိုလည်း အထူးသတိထားကြဖို့ လိုပါတယ်ခင်ဗျ။”

လူနာအမှတ် ၁၄၄ လုပ်ကိုင်ခဲ့တဲ့ ဒီ ဖိနပ်စက်ရုံက အလုပ်သမားတွေအနေနဲ့ ကိုယ်နေထိုင်တဲ့ နေရာတွေကို မပြန်ဘဲ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် Quarantine လုပ်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း ဒီကနေ့မှာပဲ တိုက်တွန်းထားပြီး အလုပ်သမားတွေအတွက် လိုအပ်တဲ့ နေရာထိုင်ခင်း အစားအသောက် စတာတွေကို အစိုးရက စီစဉ်ပေးဖို့လည်း ပန်ကြားထားပါတယ်။

ကိုဗစ်ကူးစက်မှုမရှိအောင် ဒါမှမဟုတ် ထပ်ဆင့်ပြန့့်ပွားမှုမရှိအောင် လူတဦးချင်းကနေ လူများစု Quarantine နေကြရတဲ့ အခြေအနေမှာ စံသတ်မှတ်ချက်တွေ စည်းကမ်းချက်တွေကို အစိုးရ တာဝန်ရှိသူတွေဘက်က မူသတ်မှတ်ချက် ခိုင်ခိုင်မာမာနဲ့ စနစ်တကျ ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ကိုယ်တိုင်လည်း Quarantine ဝင်နေရသူဖြစ်တဲ့ ဒေါက်တာကျော်စွာဦးက အကြံပြုပါတယ်။

လတ်တလောမှာတော့ နိုင်ငံတော်လိုအပ်ချက်အရ လည်ပတ်နေတဲ့ လုပ်ငန်းခွင်တွေမှအပ စက်ရုံ အလုပ်ရုံ လုပ်ငန်းခွင်တွေကို ဧပြီလ ၃၀ ရက်နေ့အထိ ပိတ်ထားဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြံပြုချက်၊ သတ်မှတ်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပြီးမှ မြန်မာတနိုင်ငံလုံးက စက်ရုံအလုပ်ရုံတွေကို ဖွင့်ခွင့်ပြုမယ်လို့ အလုပ်သမား၊ လူဝင်မှုနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ဧပြီလ ၁၉ ရက် ညနေပိုင်းက ထုတ်ပြန်ခဲ့ပြီး အခုလက်ရှိမှာတော့ ကျန်းမာရေးဝန်ကြီးဌာနက လိုက်လံစစ်ဆေးနေချိန် ဖြစ်ပါတယ်။

မဆုမွန်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-hlaing-tharyar-industrial-zone-factory-workers/5391783.html
စက္႐ံုေတြမွာ COVID-19 ကာကြယ္တားဆီးေရး အေရးေပၚလုပ္ေဆာင္ဖို႔ တိုက္တြန္း စက္႐ံုေတြမွာ COVID-19 ကာကြယ္တားဆီးေရး အေရးေပၚလုပ္ေဆာင္ဖို႔ တိုက္တြန္း Reviewed by THITHTOOLWIN on 22:04 Rating: 5
Powered by Blogger.