COVID-19 ေၾကာင့္ အသြားအလာကန္႔သတ္မႈေတြ ႏုိင္ငံအမ်ားအျပား သက္တမ္းတုိး


(Zawgyi/Unicode)

ကမာၻတလႊား ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါျဖစ္ပြားေနသူေတြ ၂ သန္းေလာက္ ျဖစ္လာေနခ်ိန္မွာပဲ ဒီေရာဂါ မျပန္႔ပြားေအာင္ရည္ရြယ္ၿပီး အသြားအလာ ကန္႔သတ္မႈ အတြက္ အိႏၵိယ၊ ျပင္သစ္နဲ႔ ႏုိင္ဂ်ီးရီးယား အပါအဝင္ ႏုိင္ငံအမ်ားအျပားက ကန္႔သတ္ရက္ေတြကို ထပ္မံ တိုးျမွင့္ လိုက္ၾကပါတယ္။

အိႏၵိယႏိုင္ငံမွာ အခုဆို ဒီေရာဂါ အကူးစက္ခံရသူေပါင္း တေသာင္း တေထာင္ေလာက္ ရွိလာေနခ်ိန္မွာပဲ ဝန္ႀကီးခ်ဳပ္ Narendra Modi က ေမလ ၃ ရက္ေန႔အထိတိုးၿပီး ႏိုင္ငံတလႊား အသြားအလာ ကန္႔သတ္မႈဆက္လုပ္မွာ ျဖစ္ေၾကာင္း အဂၤါေန႔မွာပဲ ေၾကညာပါတယ္။

ျပင္သစ္သမၼတ Emmanuel Macron ကလည္း ေမလ ၁၁ ရက္ေန႔ အထိ ျပင္သစ္မွာ အသြားအလာ ေတြ ပိတ္ lockdown ဆက္လုပ္မွာ ျဖစ္ေၾကာင္း တနလၤာေန႔ ညပိုင္း ရုပ္သံမိန္႔ခြန္းမွာ ေျပာပါတယ္။

ျပင္သစ္ႏိုင္ငံနဲ႔ ျပင္သစ္ပိုင္ေဒသေတြမွာ ဒီကပ္ေရာဂါ အႏၱရာယ္ကို ေသေသခ်ာခ်ာ မထိန္းခ်ဳပ္ ႏုိင္ေသးတဲ့ အတြက္ အခုလို ဆက္ၿပီး ကန္႔သတ္ရတာ ျဖစ္ေၾကာင္းနဲ႔ ဒီလို ကန္႔သတ္ထားတာကို လိုက္နာမႈ ရွိေလေလ ေသဆံုးမႈ နည္းေလေလ ျဖစ္မယ္လို႔လည္း ေျပာပါတယ္။

ႏိုင္ဂ်ီးရီးယားမွာ ေနာက္ထပ္ သီတင္း ၂ ပတ္ အသြားအလာ ကန္႔သတ္မႈ ထပ္တိုးခဲ့သလို တူရကီသမၼတ Recep Tayyip Erdogan ကလည္း စေန၊ တနဂၤေႏြ သီတင္းပတ္ကုန္မွာ ၄၈ နာရီ အသြားအလာ ပိတ္ပင္မႈကို ဒီသီတင္းပတ္မွာလည္း ထပ္လုပ္မယ္လို႔ ေျပာပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာေတာ့ ဒီေရာဂါ အကူးစက္ခံရသူက ၆ သိန္းေလာက္ ျဖစ္လာေနၿပီး အဆိုးဆံုးက နယူးေရာက္ ျပည္နယ္မွာ ျဖစ္ပါတယ္။ နယူးေရာက္ျပည္နယ္တခုလံုးမွာ ဒီေရာဂါ ျဖစ္ပြားသူ ၂ သိန္းနီးပါး (၁၉၅၀၀၀) ရွိၿပီး နယူးေရာက္ၿမိဳ႕မွာတင္ တသိန္းေက်ာ္ (၁၀၆ ၇၀၀) ရွိေနတာပါ။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------------

COVID-19 ကြောင့် အသွားအလာကန့်သတ်မှုတွေ နိုင်ငံအများအပြား သက်တမ်းတိုး

(Unicode)

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေသူတွေ ၂ သန်းလောက် ဖြစ်လာနေချိန်မှာပဲ ဒီရောဂါ မပြန့်ပွားအောင်ရည်ရွယ်ပြီး အသွားအလာ ကန့်သတ်မှု အတွက် အိန္ဒိယ၊ ပြင်သစ်နဲ့ နိုင်ဂျီးရီးယား အပါအဝင် နိုင်ငံအများအပြားက ကန့်သတ်ရက်တွေကို ထပ်မံ တိုးမြှင့် လိုက်ကြပါတယ်။

အိန္ဒိယနိုင်ငံမှာ အခုဆို ဒီရောဂါ အကူးစက်ခံရသူပေါင်း တသောင်း တထောင်လောက် ရှိလာနေချိန်မှာပဲ ဝန်ကြီးချုပ် Narendra Modi က မေလ ၃ ရက်နေ့အထိတိုးပြီး နိုင်ငံတလွှား အသွားအလာ ကန့်သတ်မှုဆက်လုပ်မှာ ဖြစ်ကြောင်း အင်္ဂါနေ့မှာပဲ ကြေညာပါတယ်။

ပြင်သစ်သမ္မတ Emmanuel Macron ကလည်း မေလ ၁၁ ရက်နေ့ အထိ ပြင်သစ်မှာ အသွားအလာ တွေ ပိတ် lockdown ဆက်လုပ်မှာ ဖြစ်ကြောင်း တနင်္လာနေ့ ညပိုင်း ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။

ပြင်သစ်နိုင်ငံနဲ့ ပြင်သစ်ပိုင်ဒေသတွေမှာ ဒီကပ်ရောဂါ အန္တရာယ်ကို သေသေချာချာ မထိန်းချုပ် နိုင်သေးတဲ့ အတွက် အခုလို ဆက်ပြီး ကန့်သတ်ရတာ ဖြစ်ကြောင်းနဲ့ ဒီလို ကန့်သတ်ထားတာကို လိုက်နာမှု ရှိလေလေ သေဆုံးမှု နည်းလေလေ ဖြစ်မယ်လို့လည်း ပြောပါတယ်။

နိုင်ဂျီးရီးယားမှာ နောက်ထပ် သီတင်း ၂ ပတ် အသွားအလာ ကန့်သတ်မှု ထပ်တိုးခဲ့သလို တူရကီသမ္မတ Recep Tayyip Erdogan ကလည်း စနေ၊ တနင်္ဂနွေ သီတင်းပတ်ကုန်မှာ ၄၈ နာရီ အသွားအလာ ပိတ်ပင်မှုကို ဒီသီတင်းပတ်မှာလည်း ထပ်လုပ်မယ်လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ဒီရောဂါ အကူးစက်ခံရသူက ၆ သိန်းလောက် ဖြစ်လာနေပြီး အဆိုးဆုံးက နယူးရောက် ပြည်နယ်မှာ ဖြစ်ပါတယ်။ နယူးရောက်ပြည်နယ်တခုလုံးမှာ ဒီရောဂါ ဖြစ်ပွားသူ ၂ သိန်းနီးပါး (၁၉၅၀၀၀) ရှိပြီး နယူးရောက်မြို့မှာတင် တသိန်းကျော် (၁၀၆ ၇၀၀) ရှိနေတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-19-lock-down-/5372037.html
COVID-19 ေၾကာင့္ အသြားအလာကန္႔သတ္မႈေတြ ႏုိင္ငံအမ်ားအျပား သက္တမ္းတုိး COVID-19 ေၾကာင့္ အသြားအလာကန္႔သတ္မႈေတြ ႏုိင္ငံအမ်ားအျပား သက္တမ္းတုိး Reviewed by THITHTOOLWIN on 07:48 Rating: 5
Powered by Blogger.