ဂ်ပန္မွာ COVID-19 ကူးစက္သူ ၁၀,၀၀၀ ရွိၿပီ


(Zawgyi / Unicode)

ဂ်ပန္ႏုိင္ငံမွာေတာ့ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရသူ အေရအတြက္ဟာ ၁၀,၀၀၀ ေက်ာ္သြားခဲ့ၿပီ ျဖစ္တယ္လို႔ ဂ်ပန္ႏုိင္ငံရဲ႕ NHK သတင္းဌာနက ဒီကေန႔မွာ ေျပာၾကားလိုက္ပါတယ္။

ဂ်ပန္ႏုိင္ငံတ၀ွမ္း ေရာဂါကူးစက္မႈေတြ မျပန္႔ေအာင္ ထိန္းခ်ဳပ္ႏုိင္ဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႔ တႏုိင္ငံလုံးကို အေရးေပၚအေျခအေန ေၾကညာၿပီး ရက္ပိုင္းအၾကာမွာပဲ ေရာဂါကူးစက္သူ အေရအတြက္ဟာ ၁၀,၀၀၀ ေက်ာ္လာခဲ့တာ ျဖစ္ပါတယ္။

တိုက်ိဳၿမိဳ႕ေတာ္မွာ ေရာဂါကူးစက္ခံရသူ အေရအတြက္ စံခ်ိန္တင္ေလာက္ေအာင္ ျဖစ္လာခဲ့တာေၾကာင့္ လူေတြအေနနဲ႔ အိမ္ထဲမွာပဲေနၾကဖို႔ ဂ်ပန္၀န္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးက ေသာၾကာေန႔က ပန္ၾကားလိုက္ၿပီး အသက္အရြယ္ ႀကီးရင့္တဲ့သူ အမ်ားစုေနထုိင္ၾကတဲ့ ေက်းလက္ေဒသေတြမွာ က်န္းမာေရးေစာင့္ေရွာက္မႈေတြ အလုံအေလာက္ မရရွိမွာကို စိုးရိမ္မႈေတြ ရွိလာေနပါတယ္။

ဒါေၾကာင့္ မူလက အေရးေပၚအေျခအေန ေၾကညာထားတဲ့ေနရာ ၇ ခုကေန တႏုိင္ငံလုံး အတုိင္းအတာနဲ႔ အေရးေပၚအေျခအေန ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ဂ်ပန္ႏုိင္ငံမွာ ကို႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူဦးေရဟာ ၂၀၀ ေက်ာ္ ရွိပါတယ္။

ဒါေပမယ့္ တိုက်ိဳၿမိဳ႕ကေတာ့ ေရာဂါကူးစက္ခံရမႈ အဆုိးရြားဆုံးေနရာျဖစ္ၿပီး မေန႔ ေသာၾကာေန႔က ဗုိင္းရပ္စ္ကူးစက္ခံရသူဟာ ၂၀၁ ေယာက္အထိ ရွိခဲ့တာေၾကာင့္ တရက္တည္းမွာ အမ်ားဆုံးကူးစက္တာ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ တုိက်ိဳမွာ ေရာဂါကူးစက္ခံရသူ ၁၈၁ ေယာက္ရွိတယ္လို႔ NHK သတင္းက ဆုိပါတယ္္။

တဆက္တည္းမွာပဲ ထုိင္၀မ္ေရတပ္က ေရတပ္သေဘၤာသား ၃ ေယာက္မွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံထားရတာေၾကာင့္ တပ္ဖြဲ႔၀င္ ၇၀၀ ကို သီးသန္႔ခဲြၿပီး ေစာင့္ၾကည့္သြားမွာျဖစ္တယ္လုိ႔ ထုိင္၀မ္အစိုးရက ေျပာလိုက္ပါတယ္။

အဲဒီ ထုိင္၀မ္ေရတပ္ဖဲြ႔၀င္ေတြဟာ ပစိဖိတ္သမုဒၵရာအတြင္း Palau ကၽြန္းကို ခ်စ္ၾကည္ေရးခရီးစဥ္အျဖစ္ မတ္လလယ္က သြားေရာက္ခဲ့တဲ့ ထုိင္၀မ္ေရတပ္သေဘၤာ ၃ စင္းက ျဖစ္ပါတယ္။ သူတုိ႔ ၃ ေယာက္ဟာ သေဘၤာ ၁ စင္းတည္းက ျဖစ္ေပမယ့္ ၃ စင္းစလုံးမွာရွိတဲ့ သေဘၤာသားေတြကို ျပန္ေခၚလိုက္တယ္လို႔ ထိုင္၀မ္ က်န္းမာေရး၀န္ႀကီးက ေျပာပါတယ္။

Palau ဟာ ထုိင္၀မ္နဲ႔ တရား၀င္ သံတမန္ဆက္ဆံေရးရွိတဲ့ ၁၅ ႏုိင္ငံထဲက တခုျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------

(Unicode)

ဂျပန်မှာ COVID-19 ကူးစက်သူ ၁၀,၀၀၀ ရှိပြီ

ဂျပန်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ ၁၀,၀၀၀ ကျော်သွားခဲ့ပြီ ဖြစ်တယ်လို့ ဂျပန်နိုင်ငံရဲ့ NHK သတင်းဌာနက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

ဂျပန်နိုင်ငံတဝှမ်း ရောဂါကူးစက်မှုတွေ မပြန့်အောင် ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ တနိုင်ငံလုံးကို အရေးပေါ်အခြေအနေ ကြေညာပြီး ရက်ပိုင်းအကြာမှာပဲ ရောဂါကူးစက်သူ အရေအတွက်ဟာ ၁၀,၀၀၀ ကျော်လာခဲ့တာ ဖြစ်ပါတယ်။

တိုကျိုမြို့တော်မှာ ရောဂါကူးစက်ခံရသူ အရေအတွက် စံချိန်တင်လောက်အောင် ဖြစ်လာခဲ့တာကြောင့် လူတွေအနေနဲ့ အိမ်ထဲမှာပဲနေကြဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သောကြာနေ့က ပန်ကြားလိုက်ပြီး အသက်အရွယ် ကြီးရင့်တဲ့သူ အများစုနေထိုင်ကြတဲ့ ကျေးလက်ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ အလုံအလောက် မရရှိမှာကို စိုးရိမ်မှုတွေ ရှိလာနေပါတယ်။

ဒါကြောင့် မူလက အရေးပေါ်အခြေအနေ ကြေညာထားတဲ့နေရာ ၇ ခုကနေ တနိုင်ငံလုံး အတိုင်းအတာနဲ့ အရေးပေါ်အခြေအနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ ၂၀၀ ကျော် ရှိပါတယ်။

ဒါပေမယ့် တိုကျိုမြို့ကတော့ ရောဂါကူးစက်ခံရမှု အဆိုးရွားဆုံးနေရာဖြစ်ပြီး မနေ့ သောကြာနေ့က ဗိုင်းရပ်စ်ကူးစက်ခံရသူဟာ ၂၀၁ ယောက်အထိ ရှိခဲ့တာကြောင့် တရက်တည်းမှာ အများဆုံးကူးစက်တာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ တိုကျိုမှာ ရောဂါကူးစက်ခံရသူ ၁၈၁ ယောက်ရှိတယ်လို့ NHK သတင်းက ဆိုပါတယ်။

တဆက်တည်းမှာပဲ ထိုင်ဝမ်ရေတပ်က ရေတပ်သင်္ဘောသား ၃ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကြောင့် တပ်ဖွဲ့ဝင် ၇၀၀ ကို သီးသန့်ခွဲပြီး စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ထိုင်ဝမ်အစိုးရက ပြောလိုက်ပါတယ်။

အဲဒီ ထိုင်ဝမ်ရေတပ်ဖွဲ့ဝင်တွေဟာ ပစိဖိတ်သမုဒ္ဒရာအတွင်း Palau ကျွန်းကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် မတ်လလယ်က သွားရောက်ခဲ့တဲ့ ထိုင်ဝမ်ရေတပ်သင်္ဘော ၃ စင်းက ဖြစ်ပါတယ်။ သူတို့ ၃ ယောက်ဟာ သင်္ဘော ၁ စင်းတည်းက ဖြစ်ပေမယ့် ၃ စင်းစလုံးမှာရှိတဲ့ သင်္ဘောသားတွေကို ပြန်ခေါ်လိုက်တယ်လို့ ထိုင်ဝမ် ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

Palau ဟာ ထိုင်ဝမ်နဲ့ တရားဝင် သံတမန်ဆက်ဆံရေးရှိတဲ့ ၁၅ နိုင်ငံထဲက တခုဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-japan/5377849.html
ဂ်ပန္မွာ COVID-19 ကူးစက္သူ ၁၀,၀၀၀ ရွိၿပီ ဂ်ပန္မွာ COVID-19 ကူးစက္သူ ၁၀,၀၀၀ ရွိၿပီ Reviewed by THITHTOOLWIN on 23:18 Rating: 5
Powered by Blogger.