ယေန ့ည ထပ္တိုး COVID -19 ေရာဂါပိုးရွိသူ ၉ ဦးထပ္မံေတြ႕ရွိ


COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း
(၁၄-၄-၂၀၂၀) ရက္ေန႔၊ နံနက္ (၀၀:၁၅) နာရီ

(Zawgyi)⤵⤵⤵

၁။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ (၁၃-၄-၂၀၂၀) ရက္ေန႔ ည COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးမႈ တတိယအသုတ္ (၁၃-၄-၂၀၂၀ အတြက္ ေနာက္ဆုံး) အျဖစ္ ဓာတ္ခြဲနမူနာ (၁၂၃) ခု အား ထပ္မံစစ္ေဆးခဲ့ပါသည္။

၂။ ၎တို႔အနက္ အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ ေစာင့္ၾကည့္လူနာအျဖစ္ ကုသမႈေပးလ်က္ရွိသူ (၈) ဦးႏွင့္ ေျမာက္ဥကၠလာပ ျပည္သူ႔ေဆး႐ုံႀကီးတြင္ ေစာင့္ၾကည့္လူနာအျဖစ္ ကုသမႈေပးလ်က္ရွိသူ (၁) ဦး၊ စုစုေပါင္း (၉) ဦးတို႔၏ ဓာတ္ခြဲနမူနာမ်ားတြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိရပါသည္။

၃။ က်န္ဓာတ္ခြဲနမူနာ (၁၁၄) ခုတြင္ COVID-19 ေရာဂါပိုးမေတြ႕ရွိပါ။

၄။ သို႔ျဖစ္ပါ၍ (၁၃-၄-၂၀၂၀) ရက္ေန႔တြင္ ဓာတ္ခြဲနမူနာ စုစုေပါင္း (၃၀၉) ခု အား စစ္ေဆးခဲ့ရာ ဇယား (၁) ပါ (၂၁) ဦးတြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိခဲ့ရပါသည္။ လက္ရွိတြင္ ၎တို႔အားလုံး၏ က်န္းမာေရး အေျခအေနမွာ တည္ၿငိမ္ေကာင္းမြန္လ်က္ရွိပါသည္။

၅။ ဓာတ္ခြဲအတည္ျပဳလူနာမ်ားကို သက္ဆိုင္ရာေဆး႐ုံႀကီးမ်ားသို႔ ပို႔ေဆာင္၍ လိုအပ္သလို ကုသမႈေပးသြားမည္ျဖစ္ပါသည္။

Ministry of Health and Sports, Myanmar
https://www.facebook.com/pg/MinistryOfHealthAndSportsMyanmar/posts/?ref=notif
-------------
(Unicode)⤵⤵⤵
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁၄-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၁၅) နာရီ

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၁၃-၄-၂၀၂၀) ရက်နေ့ ည COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှု တတိယအသုတ် (၁၃-၄-၂၀၂၀ အတွက် နောက်ဆုံး) အဖြစ် ဓာတ်ခွဲနမူနာ (၁၂၃) ခု အား ထပ်မံစစ်ဆေးခဲ့ပါသည်။

၂။ ၎င်းတို့အနက် အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးလျက်ရှိသူ (၈) ဦးနှင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးလျက်ရှိသူ (၁) ဦး၊ စုစုပေါင်း (၉) ဦးတို့၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး တွေ့ရှိရပါသည်။

၃။ ကျန်ဓာတ်ခွဲနမူနာ (၁၁၄) ခုတွင် COVID-19 ရောဂါပိုးမတွေ့ရှိပါ။

၄။ သို့ဖြစ်ပါ၍ (၁၃-၄-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း (၃၀၉) ခု အား စစ်ဆေးခဲ့ရာ ဇယား (၁) ပါ (၂၁) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရပါသည်။ လက်ရှိတွင် ၎င်းတို့အားလုံး၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။

၅။ ဓာတ်ခွဲအတည်ပြုလူနာများကို သက်ဆိုင်ရာဆေးရုံကြီးများသို့ ပို့ဆောင်၍ လိုအပ်သလို ကုသမှုပေးသွားမည်ဖြစ်ပါသည်။

Ministry of Health and Sports, Myanmar
https://www.facebook.com/pg/MinistryOfHealthAndSportsMyanmar/posts/?ref=notif
ယေန ့ည ထပ္တိုး COVID -19 ေရာဂါပိုးရွိသူ ၉ ဦးထပ္မံေတြ႕ရွိ ယေန ့ည ထပ္တိုး COVID -19 ေရာဂါပိုးရွိသူ ၉ ဦးထပ္မံေတြ႕ရွိ Reviewed by THITHTOOLWIN on 01:17 Rating: 5
Powered by Blogger.