ကမၻာတ၀ွမ္း COVID-19 ကူးစက္သူ တသန္းေက်ာ္သြားၿပီ


(Zawgyi/Unicode)

ကမာၻတလႊားမွာ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါ ျဖစ္ပြားသူ တသန္းေက်ာ္ ရွိေနၿပီး ေသဆံုးသူက ၅ ေသာင္းေက်ာ္ ရွိေနပါၿပီ။ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ ညႊန္ၾကားေရးမႈးခ်ဳပ္ Tedros Adhanom Ghebreyesus ကေတာ့ ဒီေရာဂါဟာ အရွိန္ျမန္ျမန္နဲ႔ ျပန္႔ႏွံ႕ ေနတာကို အထူးစိုးရိမ္ ေနရတယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ ဆင္းရဲသားေတြ၊ အသြားအလာ မလုပ္ဖုိ႔ အမိန္႔ေတြထုတ္ထားတဲ့ ေဒသေတြက ထိခိုက္ လြယ္တဲ့ သူေတြ အတြက္ ပိုစိုးရိမ္ရေၾကာင္းနဲ႔ သူတို႔အတြက္ လူမႈဖူလံုေရး အစီအစဥ္ ေတြ တိုးလုပ္ေပးဖို႔ မတတ္ႏိုင္တဲ့ ဖြံ႔ၿဖိဳးဆဲ ႏိုင္ငံေတြ အတြက္ အကူအညီေတြ ေပးၾကဖို႔ပါ ပန္ၾကားလိုက္ပါတယ္။

အေမရိကန္ ျပည္ေထာင္စု မွာေတာ့ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါေၾကာင့္ ေသဆံုးရသူက ၅ ေထာင္ ေက်ာ္သြားပါၿပီ။ အေမရိကန္ရဲ႕ ဒုတိယ အႀကီးဆံုး ၿမိဳ႕ႀကီးျဖစ္တဲ့ Los Angeles က ၿမိဳ႕ေတာ္ဝန္ကေတာ့ သူ႔ၿမိဳ႕သားေတြ အျပင္ထြက္ရင္ ႏွာေခါင္းစည္းေတြ တပ္ဖုိ႔ တိုက္တြန္း ေနပါတယ္။

အေမရိကန္ ဗဟိုအစိုးရ က်န္းမာေရး အရာရွိေတြကေတာ့ လူေတြကို ႏွာေခါင္းစည္း တပ္ဖုိ႔ အခုထိ အႀကံမျပဳေသးပါဘူး။

ဒီေရာဂါပိုး ရွိေနသူတိုင္း ေရာဂါ လကၡဏာ ျပေလ့ မရွိတဲ့ အတြက္ ဘယ္သူမဆို ဒီေရာဂါပိုး ကူးစက္ေအာင္ သယ္ေဆာင္သူ ျဖစ္ေနႏိုင္တယ္လို႔ အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရး ဗဟိုဌာန CDC က ဗုဒၶဟူး ေန႔ကပဲ သတိေပးထားတာပါ။ စကၤာပူမွာ ေလ့လာခ်က္အရ ေရာဂါ ေနာက္ထပ္ အကူးစက္ ခံရသူ အားလံုးရဲ့ ၁၀ % ဟာ ဒီလို ေရာဂါ လကၡဏာ တစံုတရာ မျပတဲ့ လူဆီက ကူးစက္တာ ျဖစ္ေၾကာင္း သိရသလို္ တဦးနဲ႔တဦး ခပ္ခြာခြာ ေနတဲ့ စနစ္ကို က်င့္သံုးတာဟာ အေကာင္းဆံုးနည္းလမ္း ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။


................

ကမ္ဘာတဝှမ်း COVID-19 ကူးစက်သူ တသန်းကျော်သွားပြီ

(Unicode)

ကမ္ဘာတလွှားမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားသူ တသန်းကျော် ရှိနေပြီး သေဆုံးသူက ၅ သောင်းကျော် ရှိနေပါပြီ။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှုးချုပ် Tedros Adhanom Ghebreyesus ကတော့ ဒီရောဂါဟာ အရှိန်မြန်မြန်နဲ့ ပြန့်နှံ့ နေတာကို အထူးစိုးရိမ် နေရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဆင်းရဲသားတွေ၊ အသွားအလာ မလုပ်ဖို့ အမိန့်တွေထုတ်ထားတဲ့ ဒေသတွေက ထိခိုက် လွယ်တဲ့ သူတွေ အတွက် ပိုစိုးရိမ်ရကြောင်းနဲ့ သူတို့အတွက် လူမှုဖူလုံရေး အစီအစဉ် တွေ တိုးလုပ်ပေးဖို့ မတတ်နိုင်တဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အတွက် အကူအညီတွေ ပေးကြဖို့ပါ ပန်ကြားလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု မှာတော့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် သေဆုံးရသူက ၅ ထောင် ကျော်သွားပါပြီ။ အမေရိကန်ရဲ့ ဒုတိယ အကြီးဆုံး မြို့ကြီးဖြစ်တဲ့ Los Angeles က မြို့တော်ဝန်ကတော့ သူ့မြို့သားတွေ အပြင်ထွက်ရင် နှာခေါင်းစည်းတွေ တပ်ဖို့ တိုက်တွန်း နေပါတယ်။

အမေရိကန် ဗဟိုအစိုးရ ကျန်းမာရေး အရာရှိတွေကတော့ လူတွေကို နှာခေါင်းစည်း တပ်ဖို့ အခုထိ အကြံမပြုသေးပါဘူး။

ဒီရောဂါပိုး ရှိနေသူတိုင်း ရောဂါ လက္ခဏာ ပြလေ့ မရှိတဲ့ အတွက် ဘယ်သူမဆို ဒီရောဂါပိုး ကူးစက်အောင် သယ်ဆောင်သူ ဖြစ်နေနိုင်တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေး ဗဟိုဌာန CDC က ဗုဒ္ဓဟူး နေ့ကပဲ သတိပေးထားတာပါ။ စင်္ကာပူမှာ လေ့လာချက်အရ ရောဂါ နောက်ထပ် အကူးစက် ခံရသူ အားလုံးရဲ့ ၁၀ % ဟာ ဒီလို ရောဂါ လက္ခဏာ တစုံတရာ မပြတဲ့ လူဆီက ကူးစက်တာ ဖြစ်ကြောင်း သိရသလို တဦးနဲ့တဦး ခပ်ခွာခွာ နေတဲ့ စနစ်ကို ကျင့်သုံးတာဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်းလည်း ပြောပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကမၻာတ၀ွမ္း COVID-19 ကူးစက္သူ တသန္းေက်ာ္သြားၿပီ ကမၻာတ၀ွမ္း COVID-19 ကူးစက္သူ တသန္းေက်ာ္သြားၿပီ Reviewed by THITHTOOLWIN on 08:48 Rating: 5
Powered by Blogger.