COVID-19 ကူးစက္ခံခဲ့ရသူ ၿဗိတိန္၀န္ႀကီးခ်ဳပ္ ႐ုံးျပန္တက္


(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါေၾကာင့္ ေဆး႐ံုတက္ကုသခဲ့ရတဲ့ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson ဒီကေန႔ ပထမဆံုး ႐ံုးျပန္တက္ၿပီး ႏုိင္ငံထဲမွာ ထုတ္ျပန္ထားတဲ့ ကန္႔သတ္ခ်က္ေတြကို ျမန္ျမန္ ေလွ်ာ့ေပါ့ေပးလိုက္ရင္ ေနာက္တေက်ာ့ ကူးစက္ပ်ံ႕ႏွံ႔မႈေတြျဖစ္လိမ့္မယ္လို႔သတိေပးခဲ့ပါတယ္။

ၿဗိတိန္ျပည္သူေတြ အားထုတ္ အနစ္နာခံထားတာေတြကို ပစ္စလက္ခတ္လုပ္ၿပီး ဒုတိယအေက်ာ့ ကူးစက္မႈႀကီးျဖစ္မယ့္ အႏၱရာယ္မ်ဳိး သူလက္မခံႏိုင္ဘူးလို႔ ဝန္ႀကီးခ်ဳပ္ Boris Johnson က Downing လမ္း ေနအိမ္ေ႐ွ႕မွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အခုအေျခအေနက ကူးစက္မႈျဖစ္ႏုိင္ေသးတဲ့အႏၱရာယ္ အထြဋ္အထိပ္မွာ ႐ွိေနေသးတယ္ဆိုတာကိုလည္း ဝန္ႀကီးခ်ဳပ္က သတိေပးခဲ့ပါတယ္။ လူေတြ၊ အလုပ္ေတြ ျပန္လုပ္ခ်င္ေနၾကတယ္၊ စီးပြားေရးလုပ္ငန္းေတြ ျပန္ဖြင့္ခ်င္ေနၾကတယ္ဆိုတာကို သူနားလည္ေပမဲ့ ပထမကူးစက္မႈႀကီး အဆံုးသတ္ေတာ့မယ္လို႔ သူယံုၾကည္ထားတဲ့အတြက္ ျပည္သူေတြအေနနဲ႔ ဆက္လက္စိတ္႐ွည္ေပးၾကဖုိ႔လည္း တိုက္တြန္းသြားပါတယ္။

မတ္လ ၂၃ ရက္ေန႔ထဲက တားျမစ္ကန္႔သတ္မႈေတြ စတင္တဲ့ ၿဗိတိန္မွာ ဒီကန္႔သတ္မႈေတြကို ေျဖေလ်ွာ့မယ့္ အစီအစဥ္ေတြ ေရးဆြဲဖုိ႔ ဝန္ႀကီးခ်ဳပ္ရဲ႕ Conservative အစိုးရအေပၚ အတိုက္အခံေတြက ဖိအားေပးေနပါတယ္။

တားျမစ္ကန္႔သတ္ခ်က္ေတြကို ေမလ ၇ ရက္ေန႔အထိ ၿဗိတိန္မွာ ထုတ္ျပန္ထားပါတယ္။ ဒီကိစၥကို အတိုက္အခံပါတီေတြနဲ႔လည္း ေဆြးေႏြးသြားမယ္လို႔ ဝန္ႀကီးခ်ဳပ္ Boris Johnson ကေျပာၾကားခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------
[Unicode Version]

COVID-19 ကူးစက်ခံခဲ့ရသူ ဗြိတိန်ဝန်ကြီးချုပ် ရုံးပြန်တက်

COVID-19 ကပ်ရောဂါကြောင့် ဆေးရုံတက်ကုသခဲ့ရတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ဒီကနေ့ ပထမဆုံး ရုံးပြန်တက်ပြီး နိုင်ငံထဲမှာ ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို မြန်မြန် လျှော့ပေါ့ပေးလိုက်ရင် နောက်တကျော့ ကူးစက်ပျံ့နှံ့မှုတွေဖြစ်လိမ့်မယ်လို့သတိပေးခဲ့ပါတယ်။

ဗြိတိန်ပြည်သူတွေ အားထုတ် အနစ်နာခံထားတာတွေကို ပစ်စလက်ခတ်လုပ်ပြီး ဒုတိယအကျော့ ကူးစက်မှုကြီးဖြစ်မယ့် အန္တရာယ်မျိုး သူလက်မခံနိုင်ဘူးလို့ ဝန်ကြီးချုပ် Boris Johnson က Downing လမ်း နေအိမ်ရှေ့မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အခုအခြေအနေက ကူးစက်မှုဖြစ်နိုင်သေးတဲ့အန္တရာယ် အထွဋ်အထိပ်မှာ ရှိနေသေးတယ်ဆိုတာကိုလည်း ဝန်ကြီးချုပ်က သတိပေးခဲ့ပါတယ်။ လူတွေ၊ အလုပ်တွေ ပြန်လုပ်ချင်နေကြတယ်၊ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ချင်နေကြတယ်ဆိုတာကို သူနားလည်ပေမဲ့ ပထမကူးစက်မှုကြီး အဆုံးသတ်တော့မယ်လို့ သူယုံကြည်ထားတဲ့အတွက် ပြည်သူတွေအနေနဲ့ ဆက်လက်စိတ်ရှည်ပေးကြဖို့လည်း တိုက်တွန်းသွားပါတယ်။

မတ်လ ၂၃ ရက်နေ့ထဲက တားမြစ်ကန့်သတ်မှုတွေ စတင်တဲ့ ဗြိတိန်မှာ ဒီကန့်သတ်မှုတွေကို ဖြေလျှော့မယ့် အစီအစဉ်တွေ ရေးဆွဲဖို့ ဝန်ကြီးချုပ်ရဲ့ Conservative အစိုးရအပေါ် အတိုက်အခံတွေက ဖိအားပေးနေပါတယ်။

တားမြစ်ကန့်သတ်ချက်တွေကို မေလ ၇ ရက်နေ့အထိ ဗြိတိန်မှာ ထုတ်ပြန်ထားပါတယ်။ ဒီကိစ္စကို အတိုက်အခံပါတီတွေနဲ့လည်း ဆွေးနွေးသွားမယ်လို့ ဝန်ကြီးချုပ် Boris Johnson ကပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/uk-covid-boris-johnson/5393569.html
COVID-19 ကူးစက္ခံခဲ့ရသူ ၿဗိတိန္၀န္ႀကီးခ်ဳပ္ ႐ုံးျပန္တက္ COVID-19 ကူးစက္ခံခဲ့ရသူ ၿဗိတိန္၀န္ႀကီးခ်ဳပ္ ႐ုံးျပန္တက္ Reviewed by THITHTOOLWIN on 22:15 Rating: 5
Powered by Blogger.