COVID-19 ကာကြယ္ေရး ကမာၻတဝန္း ပိတ္ပင္ကန္႔သတ္ခ်က္ေတြ တိုးျမွင့္ခ်မွတ္

ဂ်ပန္ႏုိင္ငံ၊ တုိက်ဳိၿမိဳ႕က ခ်ယ္ရီပန္းေတြပြင့္ေနတဲ့ လမ္းတလမ္းကိုပိတ္ၿပီး တာဝန္ယူထားတဲ့ လံုျခံဳေရးဝန္ထမ္းမ်ား။(မတ္ ၂၇၊ ၂၀၂၀)

(Zawgyi/Unicode)

ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြကုိ ဟန္႔တားဖုိ႔ ႀကိဳးပမ္းတဲ့အေနနဲ႔ ကမာၻတ၀ွမ္း ႏုိင္ငံေတြမွာ အသြားအလာေတြကုိ ကန္႔သတ္တားျမစ္မႈေတြ တုိးျမွင့္လာေနပါတယ္။

ဗီယက္နမ္ႏုိင္ငံမွာလည္း ဗုဒၶဟူးေန႔က စလုိ႔ မျဖစ္မေန ကိစၥမ်ဳိးက လဲြလုိ႔ သြားလာလႈပ္ရွားမႈေတြကုိ သီတင္းႏွစ္ပတ္ၾကာ တားျမစ္လုိက္တာပါ။

နယူးဇီလန္ႏုိင္ငံမွာလည္း ၿပီးခဲ့တဲ့ သီတင္းပတ္ကပဲ စားေသာက္ဆုိင္ေတြ၊ ဘားဆုိင္ေတြ၊ ႐ုံးေတြ၊ စာသင္ေက်ာင္းေတြ ပိတ္လုိက္ပါတယ္။

နယူးဇီလန္ ၀န္ႀကီးခ်ဳပ္ Jacinda Ardern

ကန္႔သတ္မႈေတြဟာ ဘယ္ေလာက္အထိ ထိေရာက္မႈရွိတယ္ ဆုိတာကုိ လတ္တေလာေျပာဖုိ႔ အခ်ိန္ေစာေသးေၾကာင္း ၀န္ႀကီးခ်ဳပ္ Jacinda Ardern က ဗုဒၶဟူးေန႔မွာပဲ ေျပာဆုိထားသလုိ၊ ကူးစက္မႈေတြ ရွိ-မရွိ တုိးျမွင့္စမ္းသပ္စစ္ေဆးဖုိ႔နဲ႔ ကူးစက္မႈေတြ ထပ္မျဖစ္ေအာင္ တားဆီးႏုိင္မယ့္ နည္းလမ္းေတြကုိ ရွာေဖြဖုိ႔လည္း တုိက္တြန္းခဲ့တာပါ။

နယူးဇီလန္ႏိုင္ငံမွာ ဗုိင္းရပ္စ္ပုိး ကူးစက္သူ ၆၁ ေယာက္ ထပ္မံေတြ႔ရွိခဲ့တဲ့အတြက္ စုစုေပါင္း ၇၀၈ ေယာက္အထိ ရွိသြားပါၿပီ။

ဗုိင္းရပ္စ္ပုိးရွိ၊ မရွိ အႀကီးအက်ယ္ စမ္းသပ္စစ္ေဆးမႈေတြနဲ႔ ကူးစက္မႈေတြကုိ ေလွ်ာ့ခ်ႏုိင္ခဲ့တဲ့ ေတာင္ကုိရီးယားႏိုင္ငံမွာေတာ့ ကူးစက္ခံရသူ လူနာအသစ္ ၁၀၁ ေယာက္ရွိေၾကာင္း ဗုဒၶဟူးေန႔မွာပဲ သတင္းထုတ္ျပန္ခဲ့တာပါ။ ျပည္ပကေန ၀င္လာသူ ဘယ္သူမဆုိ ၁၄ ရက္ၾကာ သီးသန္႔ခဲြထားၿပီး ေစာင့္ၾကည့္တဲ့ အစီအစဥ္ကုိလည္း ေတာင္ကုိရီးယားမွာ စတင္လုိက္ပါတယ္။

COVID-19 ေရာဂါ လူမႈအသုိင္းအ၀ုိင္းေတြၾကား ကူးစက္မႈေတြကုိ ထိန္းခ်ဳပ္ႏုိင္ေပမဲ့ ျပည္ပက ၀င္လာသူေတြေၾကာင့္ ကူးစက္မႈ အႏၱရာယ္နဲ႔ ႀကံဳေနရတဲ့ တ႐ုတ္ႏုိင္ငံမွာလည္း အလားတူ ကန္႔သတ္မႈေတြကုိ က်င့္သုံးေနရပါတယ္။

ကမာၻတ၀ွမ္း ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြနဲ႔ ေသဆုံးမႈ လတ္တေလာ အမ်ားဆုံးျဖစ္ေနတဲ့ ႏုိင္ငံေတြကေတာ့ အေမရိကန္၊ အီတလီနဲ႔ စပိန္ႏုိင္ငံေတြ ျဖစ္ၾကပါတယ္။

ဂ်ာမနီႏုိင္ငံကေတာ့ ကူးစက္သူ လူနာအသစ္ ၅,၅၀၀ ကုိ ဗုဒၶဟူးေန႔ကပဲ အတည္ျပဳလုိက္တဲ့အတြက္ တ႐ုတ္ႏုိင္ငံထက္ေတာင္ ပုိမ်ားမယ့္ အလားအလာရွိေနပါတယ္။

[Unicode Version]

COVID-19 ကာကွယ်ရေး ကမ္ဘာတဝန်း ပိတ်ပင်ကန့်သတ်ချက်တွေ တိုးမြှင့်ချမှတ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ဟန့်တားဖို့ ကြိုးပမ်းတဲ့အနေနဲ့ ကမ္ဘာတဝှမ်း နိုင်ငံတွေမှာ အသွားအလာတွေကို ကန့်သတ်တားမြစ်မှုတွေ တိုးမြှင့်လာနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာလည်း ဗုဒ္ဓဟူးနေ့က စလို့ မဖြစ်မနေ ကိစ္စမျိုးက လွဲလို့ သွားလာလှုပ်ရှားမှုတွေကို သီတင်းနှစ်ပတ်ကြာ တားမြစ်လိုက်တာပါ။

နယူးဇီလန်နိုင်ငံမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ စားသောက်ဆိုင်တွေ၊ ဘားဆိုင်တွေ၊ ရုံးတွေ၊ စာသင်ကျောင်းတွေ ပိတ်လိုက်ပါတယ်။ ကန့်သတ်မှုတွေဟာ ဘယ်လောက်အထိ ထိရောက်မှုရှိတယ် ဆိုတာကို လတ်တလောပြောဖို့ အချိန်စောသေးကြောင်း ဝန်ကြီးချုပ် Jacinda Ardern က ဗုဒ္ဓဟူးနေ့မှာပဲ ပြောဆိုထားသလို၊ ကူးစက်မှုတွေ ရှိ-မရှိ တိုးမြှင့်စမ်းသပ်စစ်ဆေးဖို့နဲ့ ကူးစက်မှုတွေ ထပ်မဖြစ်အောင် တားဆီးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့လည်း တိုက်တွန်းခဲ့တာပါ။

နယူးဇီလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်သူ ၆၁ ယောက် ထပ်မံတွေ့ရှိခဲ့တဲ့အတွက် စုစုပေါင်း ၇၀၈ ယောက်အထိ ရှိသွားပါပြီ။

ဗိုင်းရပ်စ်ပိုးရှိ၊ မရှိ အကြီးအကျယ် စမ်းသပ်စစ်ဆေးမှုတွေနဲ့ ကူးစက်မှုတွေကို လျှော့ချနိုင်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံမှာတော့ ကူးစက်ခံရသူ လူနာအသစ် ၁၀၁ ယောက်ရှိကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ သတင်းထုတ်ပြန်ခဲ့တာပါ။ ပြည်ပကနေ ဝင်လာသူ ဘယ်သူမဆို ၁၄ ရက်ကြာ သီးသန့်ခွဲထားပြီး စောင့်ကြည့်တဲ့ အစီအစဉ်ကိုလည်း တောင်ကိုရီးယားမှာ စတင်လိုက်ပါတယ်။

COVID-19 ရောဂါ လူမှုအသိုင်းအဝိုင်းတွေကြား ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ပေမဲ့ ပြည်ပက ဝင်လာသူတွေကြောင့် ကူးစက်မှု အန္တရာယ်နဲ့ ကြုံနေရတဲ့ တရုတ်နိုင်ငံမှာလည်း အလားတူ ကန့်သတ်မှုတွေကို ကျင့်သုံးနေရပါတယ်။

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ သေဆုံးမှု လတ်တလော အများဆုံးဖြစ်နေတဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ အီတလီနဲ့ စပိန်နိုင်ငံတွေ ဖြစ်ကြပါတယ်။

ဂျာမနီနိုင်ငံကတော့ ကူးစက်သူ လူနာအသစ် ၅,၅၀၀ ကို ဗုဒ္ဓဟူးနေ့ကပဲ အတည်ပြုလိုက်တဲ့အတွက် တရုတ်နိုင်ငံထက်တောင် ပိုများမယ့် အလားအလာရှိနေပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/covid-main/5354986.html
COVID-19 ကာကြယ္ေရး ကမာၻတဝန္း ပိတ္ပင္ကန္႔သတ္ခ်က္ေတြ တိုးျမွင့္ခ်မွတ္ COVID-19 ကာကြယ္ေရး ကမာၻတဝန္း ပိတ္ပင္ကန္႔သတ္ခ်က္ေတြ တိုးျမွင့္ခ်မွတ္ Reviewed by THITHTOOLWIN on 20:29 Rating: 5
Powered by Blogger.