အာဆီယံေဒသတြင္း COVID-19 ကူးစက္မႈ ဆက္တိုးေနဆဲ

စကာၤပူႏိုင္ငံရွိ Geylang Serai ေစ်းမွာ ေစ်း၀ယ္ဖို႔ တန္းစီေနၾကသူတခ်ဳိ႕ (ဧၿပီ ၀၈၊ ၂၀၂၀)
(Zawgyi/Unicode)

စကၤာပူႏုိင္ငံမွာ ကို႐ိုနာဗုိင္းရပ္စ္ကူးခံထားရတဲ့ လူနာသစ္ ၆၉၀ ဒီကေန႔ စစ္ေဆးေတြ႔ရွိခဲ့တာေၾကာင့္ ခုဆိုရင္ ပိုးကူးလူနာ ၁၅,၆၄၁ ဦး ရွိေနပါတယ္။ လူနာအမ်ားစုကေတာ့ အေဆာင္ေန ျပည္ပအလုပ္သမားေတြၾကား ျဖစ္ပါတယ္။

အိမ္နီးခ်င္း အင္ဒိုနီးရွားႏုိင္ငံမွာလည္း ဒီကေန႔ပဲ COVID-19 လူနာသစ္ ၂၆၀ တိုးလာတာေၾကာင့္ ပိုးကူးခံထားရသူ ၉,၇၇၁ ဦးထိ ရွိေၾကာင္း က်န္းမာေရး၀န္ႀကီးဌာနအရာ႐ွိ Achmad Yurianto ကေျပာပါတယ္။

ေသဆုံးသူ ၁၁ တိုးလာတဲ့အတြက္ COVID-19 ေရာဂါနဲ႔ေသဆုံးသူ စုစုေပါင္း ၇၈၄ ဦးရွိသလို ျပန္ၿပီးေနထိုင္ေကာင္းသြားသူက ၁,၃၉၁ ဦး ရွိတယ္လို႔လည္းေျပာပါတယ္။

အင္ဒိုနီးရွားမွာ လူေပါင္း ၆၇,၇၀၀ ေက်ာ္ ကို ပိုးစစ္ေဆးခဲ့တာပါ။ မေလးရွားမွာလည္း ဒီကေန႔ ဗုဒၵဟူးေန႔မွာပဲ လူနာသစ္ ၉၄ ဦး စစ္ေဆးေတြ႔ရွိခဲ့တာေၾကာင့္ ပိုးကူးလူနာစုစုေပါင္း ၅,၉၄၅ ဦးနဲ႔ လက္ရွိခ်ိန္ထိ ဒီေရာဂါနဲ႔ ေသဆုံးသူကေတာ့ ၁၀၀ ရွိပါတယ္။

ဒါ့အျပင္ ဖိလစ္ပိုင္ငံမွာလည္း ဒီကေန႔ထိကို႐ိုနာဗုိင္းရပ္စ္ ကူးစက္ခံထားရသူ ၈,၀၀၀ ေက်ာ္ရွိေၾကာင္း ဖိလစ္ပိုင္ က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။ က်န္းမာေရး၀န္ႀကီးဌာနရဲ ႔ ထုတ္ျပန္ခ်က္အရ ဖိလစ္ပုိင္ႏုိင္ငံမွာ ပိုးကူးသူအသစ္ ၂၅၄ ဦးနဲ႔ ေသဆုံးသူ ၂၈ ဦးတိုးတဲ့အတြက္ COVID-19 ေရာဂါနဲ႔ ေသဆုံးသူ ၈,၂၁၂ ဦးရွိေနတာျဖစ္သလို ျပန္ၿပီးသက္သာသြားသူက ၄၈ ဦးေက်ာ္ရွိပါတယ္။

ျမန္မာႏုိင္ငံမွာေတာ့ ဧၿပီလ ၂၉ ရက္ေန႔လည္ ၁ နာရီထိ ဓာတ္ခြဲအတည္ျပဳလူနာ ၁၅၀ ရွိေနၿပီး ေသဆုံးသူ ၆ ဦးနဲ႔ ျပန္လည္သက္သာတဲ့လူနာ ၁၆ ဦးရွိေၾကာင္း ျမန္မာအားကစားနဲ႔ က်န္းမာေရး၀န္ႀကီးဌာနက ေၾကျငာခ်က္ထုတ္ျပန္ထားပါတယ္။ ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါအတြက္ လူေပါင္း ၇,၆၀၈ ဦးကို ဓာတ္္ခြဲစစ္ေဆးထားတာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------
[Unicode Version]

အာဆီယံဒေသတွင်း COVID-19 ကူးစက်မှု ဆက်တိုးနေဆဲ

စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးခံထားရတဲ့ လူနာသစ် ၆၉၀ ဒီကနေ့ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ခုဆိုရင် ပိုးကူးလူနာ ၁၅,၆၄၁ ဦး ရှိနေပါတယ်။ လူနာအများစုကတော့ အဆောင်နေ ပြည်ပအလုပ်သမားတွေကြား ဖြစ်ပါတယ်။

အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံမှာလည်း ဒီကနေ့ပဲ COVID-19 လူနာသစ် ၂၆၀ တိုးလာတာကြောင့် ပိုးကူးခံထားရသူ ၉,၇၇၁ ဦးထိ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနအရာရှိ Achmad Yurianto ကပြောပါတယ်။

သေဆုံးသူ ၁၁ တိုးလာတဲ့အတွက် COVID-19 ရောဂါနဲ့သေဆုံးသူ စုစုပေါင်း ၇၈၄ ဦးရှိသလို ပြန်ပြီးနေထိုင်ကောင်းသွားသူက ၁,၃၉၁ ဦး ရှိတယ်လို့လည်းပြောပါတယ်။

အင်ဒိုနီးရှားမှာ လူပေါင်း ၆၇,၇၀၀ ကျော် ကို ပိုးစစ်ဆေးခဲ့တာပါ။ မလေးရှားမှာလည်း ဒီကနေ့ ဗုဒ္ဒဟူးနေ့မှာပဲ လူနာသစ် ၉၄ ဦး စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ပိုးကူးလူနာစုစုပေါင်း ၅,၉၄၅ ဦးနဲ့ လက်ရှိချိန်ထိ ဒီရောဂါနဲ့ သေဆုံးသူကတော့ ၁၀၀ ရှိပါတယ်။

ဒါ့အပြင် ဖိလစ်ပိုင်ငံမှာလည်း ဒီကနေ့ထိကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၈,၀၀၀ ကျော်ရှိကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဖိလစ်ပိုင်နိုင်ငံမှာ ပိုးကူးသူအသစ် ၂၅၄ ဦးနဲ့ သေဆုံးသူ ၂၈ ဦးတိုးတဲ့အတွက် COVID-19 ရောဂါနဲ့ သေဆုံးသူ ၈,၂၁၂ ဦးရှိနေတာဖြစ်သလို ပြန်ပြီးသက်သာသွားသူက ၄၈ ဦးကျော်ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ ဧပြီလ ၂၉ ရက်နေ့လည် ၁ နာရီထိ ဓာတ်ခွဲအတည်ပြုလူနာ ၁၅၀ ရှိနေပြီး သေဆုံးသူ ၆ ဦးနဲ့ ပြန်လည်သက်သာတဲ့လူနာ ၁၆ ဦးရှိကြောင်း မြန်မာအားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေငြာချက်ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ရောဂါအတွက် လူပေါင်း ၇,၆၀၈ ဦးကို ဓာတ်ခွဲစစ်ဆေးထားတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/asean-covid/5397022.html
အာဆီယံေဒသတြင္း COVID-19 ကူးစက္မႈ ဆက္တိုးေနဆဲ အာဆီယံေဒသတြင္း COVID-19 ကူးစက္မႈ ဆက္တိုးေနဆဲ Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.