တီဘီေရာဂါ ကာကြယ္ေဆးက Covid-19 ကုိပါ ကာကြယ္ႏုိင္မလား

ကိုလံဘီယာႏိုင္ငံ Cali ၿမိဳ႕ ေဆးရံုးတရံုမွာ အထူးသီးသန္႔ လုပ္ထားတဲ့ ေလအိိတ္ခန္းနဲ႔ သယ္လာတဲ့ COVID-19 လူနာကို အေရးေပၚ ေဆးရံုကားေပၚကားနဲ႔ ခ်ေနတဲ့ က်န္းမာေရးလုပ္သားမ်ား


Zawgyi/ Unicode

(BCG) လို႔ေခၚတဲ့ တီဘီအဆုပ္နာေရာဂါကာကြယ္ေဆးမွာ ကိုယ္ခံစြမ္းအားျပန္ၿပီးျမွင့္တင္ေပးတဲ့ အခ်က္နဲ႔ အသက္ရႈလမ္းေၾကာင္းမွာ ျဖစ္တဲ့ အျခားေရာဂါေတြကို ကာကြယ္ေပးႏိုင္တာေၾကာင့္ ကမာၻ႔ကပ္ေဘးေရာဂါႀကီးျဖစ္တဲ့ COVID-19 ကိုတိုက္ဖို႔ က်န္းမာေရးပညာရွင္ေတြ စတင္စမ္းသပ္ေနၿပီလို႔ အေမရိကန္ျပည္ေထာင္စု နယူးေရာက္က ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္က ဗြီအိုေအကိုေျပာပါတယ္။

တကမာၻလုံးမွာ ၾသစေၾတးလ်နဲ႔ နယ္သာလန္ ႏွစ္ႏိုင္ငံမွာပဲ ေရွ႕တန္းကကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းေတြကို တီဘီေရာဂါကာကြယ္ေဆးနဲ႔ စတင္ စမ္းသပ္ေနတာျဖစ္တယ္လို႔ သူကေျပာပါတယ္။ ဒါဆိုရင္ ႏိုင္ငံေတာ္ က်န္းမာေရးစီမံခ်က္အျဖစ္ ကေလးငယ္ေတြကို တီဘီ ကာကြယ္ေဆး ထိုးေပးခဲ့တဲ့ အိႏၵိယနဲ႔ ျမန္မာလို ႏိုင္ငံေတြမွာ ေရာ ဗိုင္းရပ္စ္ကူးစက္မႈ ကာကြယ္ဖို႔ ေမွ်ာ္လင့္ခ်က္ ဘယ္ေလာက္ထိရွိႏိုင္မလဲ။

မအင္ၾကင္းႏိုင္က ဆက္လက္တင္ျပမွာပါ။

BCG တီဘီအဆုပ္နာေရာဂါကာကြယ္ေဆးကို ကမာၻ႔က်န္းမာေရးစီမံခ်က္ အျဖစ္ ခ်မွတ္က်င့္သုံးခဲ့ျခင္းမရွိတဲ့ အီတလီ၊ နယ္သာလန္နဲ႔ အေမရိကန္ျပည္ေထာင္စု စတဲ့ႏိုင္ငံေတြမွာ COVID-19 ေရာဂါ ျပင္းျပင္းထန္ထန္ ကူးစက္တာ ပို ၿပီးေတြ႕ရတယ္လို႔ အေမရိကန္ျပည္ေထာင္စု NYIT နယူးေရာက္ နည္းပညာ အင္စတီက်ဴ အဖြဲ႕ရဲ႕ သုေတသနစာတမ္းမွာ ေဖၚျပထားပါတယ္။
၁၉၄၈ ခုႏွစ္က အိႏၵိယႏိုင္ငံမွာ အဆုပ္ေရာဂါ အႀကီးအက်ယ္ ကူးစက္ခဲ့ၿပီးေနာက္ အဆုပ္ေရာဂါ ကာကြယ္ေဆးကို ေမြးကင္းစ ကေလးငယ္တိုင္းမွာ ထိုးဖို႔ ႏိုင္ငံေတာ္စီမံခ်က္အျဖစ္ ခ်မွတ္ခဲ့တာပါ။ ကေလးငယ္ သန္းေပါင္းမ်ားစြာ တီဘီေရာဂါကာကြယ္ေဆးထုိးခဲ့တဲ့ အိႏၵိယ မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈဟာ အေမရိကန္ ေလာက္မဆိုး႐ြားဘူးဆိုတာကို ႏႈိင္းယွဥ္ေလ့လာ ခဲ့တာျဖစ္တယ္လို႔ အဲဒီစာတမ္းက ဆိုပါတယ္။ ဒါေပမယ့္ ဒီစာတမ္းျပဳစုမႈနဲ႔ ပတ္သက္လို႔ တစုံတရာမွတ္ခ်က္ ေပးေျပာဆိုဖို႔ အလြန္ေစာေနေသးတယ္လို႔ ေဒါက္တာေဇယ်ာသက္က ေျပာပါတယ္။ လတ္တေလာအေျခအေနမွာေတာ့ ၾသစေၾတးလ်နဲ႔ နယ္သာလန္ ႏွစ္ႏိုင္ငံမွာပဲ တီဘီေရာဂါ ကာကြယ္ေဆးကို COVID-19 ေရာဂါ တိုက္ဖ်က္ေရးအတြက္ စတင္ စမ္းသပ္ေနေၾကာင္း သူက အခုလိုေျပာပါတယ္။

"ၾသစေၾတးလ်ႏိုင္ငံ မဲလ္ဘုန္းက ကေလးေဆး႐ုံတ႐ုံကေန လူဦးေရ ၄၀၀၀ ေထာင္ေက်ာ္ေလာက္ကို စတင္ စမ္းသပ္ေနပါတယ္။ ေနာက္ ၿပီးခဲ့တဲ့ တပတ္ကပဲ နယ္သာလန္ႏိုင္ငံက သုေတသီအဖြဲ႕တဖြဲ႕ကေန လူဦးေရ ၁၅၀၀ ေက်ာ္ေလာက္ကို စမ္းသပ္ေနပါတယ္။ အဲဒီႏွစ္ေနရာလုံးမွာ စမ္းသပ္ခံရတဲ့ လူေတြက က်န္းမာေရးဝန္ထမ္းေတြပဲျဖစ္ပါတယ္။ အျပင္လူ မပါပါဘူး။"

ဘာေၾကာင့္ က်န္းမာေရးဝန္ထမ္းေတြကိုပဲ စမ္းသပ္ရသလဲ ဆိုတဲ့အေၾကာင္းအရင္းကို ေဒါက္တာေဇယ်ာသက္က အခုလိုရွင္းျပပါတယ္။

"ဒီလူေတြက လူနာနဲ႔ ပထမဆုံးေတြ႕ရတဲ့သူေတြ ပါ။ အေရးေပၚအခန္းမွာ ဒီေန႔ဒီခ်ိန္ဆိုရင္ လူနာေပါင္း မ်ားစြာလာေနတယ္ဆိုေတာ့ သူတို႔ေတြဆီ ကူးစက္မယ့္အေျခအေနက အရမ္းမ်ားေနတယ္။ ဒါေၾကာင့္ ဒီက်န္းမာေရးဝန္ထမ္းေတြအေနနဲ႔ ေျခာက္လအတြင္း ဒါမွမဟုတ္ ၁၂ လအတြင္း ေရာဂါကူးစက္သလား၊ ဒါကို သူတို႔က အရင္ၾကည့္ပါတယ္။ သူတို႔ကတဆင့္ အျခားသူေတြ၊ မိသားစုေတြကိုပါ ကူးသြားတာေတြရွိေနေတာ့ ဒါေတြကို အရင္ကာကြယ္ဖို႔ ဦးတည္ခ်က္ထားၿပီး လုပ္တာျဖစ္ပါတယ္။"

လက္ရွိ ကမာၻတဝန္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္သူ ၁,၄ဝဝ,ဝဝဝ ေက်ာ္နဲ႔ ေသဆုံးသူ ၈၁,ဝဝဝ ေက်ာ္ရွိၿပီး ျပန္လည္က်န္းမာလာသူကေတာ့ ၃ သိန္း နီးပါး ရွိေနပါတယ္။ အေမရိကန္ျပည္ေထာင္စုမွာေတာ့ ကူးစက္ခံရသူ ၃၈၆,ဝဝဝ ေက်ာ္နဲ႔ ေသဆုံးသူ ၁၂,ဝဝဝ ေက်ာ္ခဲ့ၿပီ ျဖစ္ပါတယ္။ အခုလို ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ေရး တီဘီေရာဂါ ကာကြယ္ေဆး အသံုးျပဳလို႕ရမရ ေဆးသိပၸံပညာရွင္ေတြ ဘာေၾကာင့္ စဥ္းစားလာရသလဲဆိုတဲ့ အေၾကာင္းအရင္းကို ေဒါက္တာေဇယ်ာသက္က အခုလိုေျပာပါတယ္။

" တီဘီေရာဂါကာကြယ္ေဆးဟာ တီဘီကို အျပတ္တိုက္ထုတ္ဖို႔ တီထြင္ခဲ့တာျဖစ္ေပမယ့္ တကယ္တမ္း တီဘီေရာဂါကို ေပ်ာက္ကင္းေအာင္ လုပ္ႏိုင္ခဲ့ျခင္းမရွိပါဘူး။ သေဘာကေတာ့ BCG ထိုးလို႔ တီဘီကို မကာကြယ္ႏိုင္ဘူး။ ဒါေပမဲ့ အသက္ရွဴလမ္းေၾကာင္းကို ထိခိုက္ေစတဲ့ အျခားဗိုင္းရပ္စ္ေတြကို သူက သြားၿပီး တိုက္ထုတ္ႏိုင္တယ္ဆိုတာ ေတြ႕ရတယ္။ ေနာက္ပိုင္းမွာ ဒီကာကြယ္ေဆးကို က်ေနာ္တို႔ ဘယ္ေနရာမွာ သံုးလဲဆိုရင္ immune modulators ကိုယ္ခံအားျပန္ၿပီးျမွင့္တင္ဖို႔အတြက္ ဆီးအိမ္ကင္ဆာျဖစ္ေနသူေတြကို BCG ထိုးေပးတာမ်ဳိး ရွိလာတယ္။ ဒီအခ်က္ႏွစ္ခ်က္ကို အေျခခံၿပီး ကိုရိုနာဗိုင္းရပ္စ္ကို တိုက္ႏိုင္မလားဆိုတဲ့ ယူဆခ်က္မ်ဳိးနဲ႔ ပညာရွင္ေတြက စမ္းသပ္ေနတာျဖစ္ပါတယ္။"

ေမး။ ။ ဒါဆိုရင္ တီဘီေရာဂါ ကာကြယ္ေဆးကို အရင္ကတည္းက ထိုးထားသူေတြမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ နည္းႏိုင္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေရာရွိႏိုင္မလား။

ေျဖ။ ။ အဲဒါက ေျပာရခက္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္ကိုယ္တိုင္လည္း ငါးႏွစ္၊ ေျခာက္ႏွစ္အရြယ္မွာ ေက်ာင္းမွာ ဒီကာကြယ္ေဆး ထိုးခဲ့ရတာပါ။ ဒါေပမဲ့ အဲဒီခ်ိန္က ကာကြယ္ေဆးကို ေရခဲေသတၱာလိုမ်ဳိး အေအးခန္းေနရာေတြမွာ သိမ္းဆည္းခဲ့သလား။ က်ေနာ္လည္း မသိဘူး။ တကယ္တမ္း ဒီလိုကာကြယ္ေဆးမ်ဳိးေတြကို သယ္ယူတဲ့အခါမွာ liquid nitrogen ထဲကို ထည့္ၿပီးသယ္ရတာပါ။ စံခ်ိန္စံႏႈန္း သတ္မွတ္ခ်က္ေတြရွိပါတယ္။ အဲေတာ့ လြန္ခဲ့တဲ့ ႏွစ္ ၄၀ ေက်ာ္က က်ေနာ္တို႔ ထိုးခဲ့တဲ့ ကာကြယ္ေဆးက တကယ္ပဲ သတ္မွတ္ထားတဲ့အခ်က္ေတြနဲ႔ ကိုက္ညီသလား ဆိုတာ ေမးခြန္းထုတ္စရာရွိပါတယ္။ အဲေတာ့ ကံေကာင္းလို႔ က်ေနာ္တို႔ ကာကြယ္ေဆးထိုးတာက ထိေရာက္မႈ ရွိခ်င္လည္းရွိခဲ့မယ္။ ဒါဆိုရင္ေတာ့ က်ေနာ္တို႔ ပိုက္ဆံမကုန္ပဲ ရတဲ့ ကာကြယ္နည္းတနည္းျဖစ္မွာပါ။"

လက္ရွိ အေမရိကန္ျပည္ေထာင္စုမွာေတာ့ တီဘီေရာဂါကာကြယ္ေဆးကို ကိုရိုနာဗိုင္းရပ္စ္အတြက္ စမ္းသပ္တာမ်ဳိး မလုပ္ေသးဘူးလို႔ ေဒါက္တာေဇယ်ာသက္က ေျပာပါတယ္။ ၾသစေၾတးလ်နဲ႔ နယ္သာလန္ႏိုင္ငံေတြက စမ္းသပ္မႈရလာဒ္ေတြကိုေတာ့ ဒီႏွစ္အကုန္မွာ သိရမွာျဖစ္တယ္လို႔ သူကဆိုပါတယ္။

-----------------------

(BCG) လို့ခေါ်တဲ့ တီဘီအဆုပ်နာရောဂါကာကွယ်ဆေးမှာ ကိုယ်ခံစွမ်းအားပြန်ပြီးမြှင့်တင်ပေးတဲ့ အချက်နဲ့ အသက်ရှုလမ်းကြောင်းမှာ ဖြစ်တဲ့ အခြားရောဂါတွေကို ကာကွယ်ပေးနိုင်တာကြောင့် ကမ္ဘာ့ကပ်ဘေးရောဂါကြီးဖြစ်တဲ့
COVID-19 ကိုတိုက်ဖို့ ကျန်းမာရေးပညာရှင်တွေ စတင်စမ်းသပ်နေပြီလို့ အမေရိကန်ပြည်ထောင်စု နယူးရောက်က ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်က ဗွီအိုအေကိုပြောပါတယ်။

တကမ္ဘာလုံးမှာ သြစတြေးလျနဲ့ နယ်သာလန် နှစ်နိုင်ငံမှာပဲ ရှေ့တန်းကကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တီဘီရောဂါကာကွယ်ဆေးနဲ့ စတင် စမ်းသပ်နေတာဖြစ်တယ်လို့ သူကပြောပါတယ်။ ဒါဆိုရင် နိုင်ငံတော် ကျန်းမာရေးစီမံချက်အဖြစ် ကလေးငယ်တွေကို တီဘီ ကာကွယ်ဆေး ထိုးပေးခဲ့တဲ့ အိန္ဒိယနဲ့ မြန်မာလို နိုင်ငံတွေမှာ ရော ဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ဖို့ မျှော်လင့်ချက် ဘယ်လောက်ထိရှိနိုင်မလဲ။

မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

BCG တီဘီအဆုပ်နာရောဂါကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးစီမံချက် အဖြစ် ချမှတ်ကျင့်သုံးခဲ့ခြင်းမရှိတဲ့ အီတလီ၊ နယ်သာလန်နဲ့ အမေရိကန်ပြည်ထောင်စု စတဲ့နိုင်ငံတွေမှာ COVID-19 ရောဂါ ပြင်းပြင်းထန်ထန် ကူးစက်တာ ပို ပြီးတွေ့ရတယ်လို့ အမေရိကန်ပြည်ထောင်စု NYIT နယူးရောက် နည်းပညာ အင်စတီကျူ အဖွဲ့ရဲ့ သုတေသနစာတမ်းမှာ ဖေါ်ပြထားပါတယ်။
၁၉၄၈ ခုနှစ်က အိန္ဒိယနိုင်ငံမှာ အဆုပ်ရောဂါ အကြီးအကျယ် ကူးစက်ခဲ့ပြီးနောက် အဆုပ်ရောဂါ ကာကွယ်ဆေးကို မွေးကင်းစ ကလေးငယ်တိုင်းမှာ ထိုးဖို့ နိုင်ငံတော်စီမံချက်အဖြစ် ချမှတ်ခဲ့တာပါ။ ကလေးငယ် သန်းပေါင်းများစွာ တီဘီရောဂါကာကွယ်ဆေးထိုးခဲ့တဲ့ အိန္ဒိယ မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ အမေရိကန် လောက်မဆိုးရွားဘူးဆိုတာကို နှိုင်းယှဉ်လေ့လာ ခဲ့တာဖြစ်တယ်လို့ အဲဒီစာတမ်းက ဆိုပါတယ်။ ဒါပေမယ့် ဒီစာတမ်းပြုစုမှုနဲ့ ပတ်သက်လို့ တစုံတရာမှတ်ချက် ပေးပြောဆိုဖို့ အလွန်စောနေသေးတယ်လို့ ဒေါက်တာဇေယျာသက်က ပြောပါတယ်။ လတ်တလောအခြေအနေမှာတော့ သြစတြေးလျနဲ့ နယ်သာလန် နှစ်နိုင်ငံမှာပဲ တီဘီရောဂါ ကာကွယ်ဆေးကို COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် စတင် စမ်းသပ်နေကြောင်း သူက အခုလိုပြောပါတယ်။

"သြစတြေးလျနိုင်ငံ မဲလ်ဘုန်းက ကလေးဆေးရုံတရုံကနေ လူဦးရေ ၄၀၀၀ ထောင်ကျော်လောက်ကို စတင် စမ်းသပ်နေပါတယ်။ နောက် ပြီးခဲ့တဲ့ တပတ်ကပဲ နယ်သာလန်နိုင်ငံက သုတေသီအဖွဲ့တဖွဲ့ကနေ လူဦးရေ ၁၅၀၀ ကျော်လောက်ကို စမ်းသပ်နေပါတယ်။ အဲဒီနှစ်နေရာလုံးမှာ စမ်းသပ်ခံရတဲ့ လူတွေက ကျန်းမာရေးဝန်ထမ်းတွေပဲဖြစ်ပါတယ်။ အပြင်လူ မပါပါဘူး။"

ဘာကြောင့် ကျန်းမာရေးဝန်ထမ်းတွေကိုပဲ စမ်းသပ်ရသလဲ ဆိုတဲ့အကြောင်းအရင်းကို ဒေါက်တာဇေယျာသက်က အခုလိုရှင်းပြပါတယ်။

"ဒီလူတွေက လူနာနဲ့ ပထမဆုံးတွေ့ရတဲ့သူတွေ ပါ။ အရေးပေါ်အခန်းမှာ ဒီနေ့ဒီချိန်ဆိုရင် လူနာပေါင်း များစွာလာနေတယ်ဆိုတဲ့ သူတို့တွေဆီ ကူးစက်မယ့်အခြေအနေက အရမ်းများနေတယ်။ ဒါကြောင့် ဒီကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ခြောက်လအတွင်း ဒါမှမဟုတ် ၁၂ လအတွင်း ရောဂါကူးစက်သလား၊ ဒါကို သူတို့က အရင်ကြည့်ပါတယ်။ သူတို့ကတဆင့် အခြားသူတွေ၊ မိသားစုတွေကိုပါ ကူးသွားတာတွေရှိနေတော့ ဒါတွေကို အရင်ကာကွယ်ဖို့ ဦးတည်ချက်ထားပြီး လုပ်တာဖြစ်ပါတယ်။"

လက်ရှိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁,၄ဝဝ,ဝဝဝ ကျော်နဲ့ သေဆုံးသူ ၈၁,ဝဝဝ ကျော်ရှိပြီး ပြန်လည်ကျန်းမာလာသူကတော့ ၃ သိန်း နီးပါး ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ကူးစက်ခံရသူ ၃၈၆,ဝဝဝ ကျော်နဲ့ သေဆုံးသူ ၁၂,ဝဝဝ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ အခုလို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်ရေး တီဘီရောဂါ ကာကွယ်ဆေး အသုံးပြုလို့ရမရ ဆေးသိပ္ပံပညာရှင်တွေ ဘာကြောင့် စဉ်းစားလာရသလဲဆိုတဲ့ အကြောင်းအရင်းကို ဒေါက်တာဇေယျာသက်က အခုလိုပြောပါတယ်။

" တီဘီရောဂါကာကွယ်ဆေးဟာ တီဘီကို အပြတ်တိုက်ထုတ်ဖို့ တီထွင်ခဲ့တာဖြစ်ပေမယ့် တကယ်တမ်း တီဘီရောဂါကို ပျောက်ကင်းအောင် လုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ သဘောကတော့ BCG ထိုးလို့ တီဘီကို မကာကွယ်နိုင်ဘူး။ ဒါပေမဲ့ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေတဲ့ အခြားဗိုင်းရပ်စ်တွေကို သူက သွားပြီး တိုက်ထုတ်နိုင်တယ်ဆိုတာ တွေ့ရတယ်။ နောက်ပိုင်းမှာ ဒီကာကွယ်ဆေးကို ကျနော်တို့ ဘယ်နေရာမှာ သုံးလဲဆိုရင် immune modulators ကိုယ်ခံအားပြန်ပြီးမြှင့်တင်ဖို့အတွက် ဆီးအိမ်ကင်ဆာဖြစ်နေသူတွေကို BCG ထိုးပေးတာမျိုး ရှိလာတယ်။ ဒီအချက်နှစ်ချက်ကို အခြေခံပြီး ကိုရိုနာဗိုင်းရပ်စ်ကို တိုက်နိုင်မလားဆိုတဲ့ ယူဆချက်မျိုးနဲ့ ပညာရှင်တွေက စမ်းသပ်နေတာဖြစ်ပါတယ်။"

မေး။ ။ ဒါဆိုရင် တီဘီရောဂါ ကာကွယ်ဆေးကို အရင်ကတည်းက ထိုးထားသူတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု နည်းနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ရောရှိနိုင်မလား။

ဖြေ။ ။ အဲဒါက ပြောရခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်ကိုယ်တိုင်လည်း ငါးနှစ်၊ ခြောက်နှစ်အရွယ်မှာ ကျောင်းမှာ ဒီကာကွယ်ဆေး ထိုးခဲ့ရတာပါ။ ဒါပေမဲ့ အဲဒီချိန်က ကာကွယ်ဆေးကို ရေခဲသေတ္တာလိုမျိုး အအေးခန်းနေရာတွေမှာ သိမ်းဆည်းခဲ့သလား။ ကျနော်လည်း မသိဘူး။ တကယ်တမ်း ဒီလိုကာကွယ်ဆေးမျိုးတွေကို သယ်ယူတဲ့အခါမှာ liquid nitrogen ထဲကို ထည့်ပြီးသယ်ရတာပါ။ စံချိန်စံနှုန်း သတ်မှတ်ချက်တွေရှိပါတယ်။ အဲတော့ လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်က ကျနော်တို့ ထိုးခဲ့တဲ့ ကာကွယ်ဆေးက တကယ်ပဲ သတ်မှတ်ထားတဲ့အချက်တွေနဲ့ ကိုက်ညီသလား ဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။ အဲတော့ ကံကောင်းလို့ ကျနော်တို့ ကာကွယ်ဆေးထိုးတာက ထိရောက်မှု ရှိချင်လည်းရှိခဲ့မယ်။ ဒါဆိုရင်တော့ ကျနော်တို့ ပိုက်ဆံမကုန်ပဲ ရတဲ့ ကာကွယ်နည်းတနည်းဖြစ်မှာပါ။"

လက်ရှိ အမေရိကန်ပြည်ထောင်စုမှာတော့ တီဘီရောဂါကာကွယ်ဆေးကို ကိုရိုနာဗိုင်းရပ်စ်အတွက် စမ်းသပ်တာမျိုး မလုပ်သေးဘူးလို့ ဒေါက်တာဇေယျာသက်က ပြောပါတယ်။ သြစတြေးလျနဲ့ နယ်သာလန်နိုင်ငံတွေက စမ်းသပ်မှုရလာဒ်တွေကိုတော့ ဒီနှစ်အကုန်မှာ သိရမှာဖြစ်တယ်လို့ သူကဆိုပါတယ်။

 အင္ၾကင္းႏုုိင္/VOA (Burmese)
https://burmese.voanews.com/a/bcg-vaccine-and-covid-19/5364152.html

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား