COVID-19 အခက္အခဲေၾကာင့္ ျပည္သူေတြကုိ ေငြေၾကးေထာက္ပံ့ဖုိ႔ ဂ်ပန္အစုိးရစီစဥ္

ဂ်ပန္ ဝန္ႀကီးခ်ဳပ္ Abe
(Zawgyi/Unicode)

ဂ်ပန္နိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ တိုးလာေနတာေၾကာင့္ ဝန္ႀကီးခ်ဳပ္ Shinzo Abe က ၾကာသပေတးေန႔က တနိုင္ငံလုံး အတိုင္းအတာနဲ႔အေရးေပၚ အေျခအေန တိုးခ်ဲ႕ခ်မွတ္လိုက္ပါတယ္။ ကပ္ေရာဂါေၾကာင့္က်ဆင္းေနတဲ့ စီးပြားေရးကို က်ားကန္ေပးဖို႔ အစိုးရအေနနဲ႔ အားလုံးကို ေငြေၾကးေထာက္ပံ့ေပးသြားမယ္လို႔ဝန္ႀကီးခ်ဳပ္Abe က ေျပာပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ အဆိုးဆုံးၾကဳံေနရတဲ့ တိုက်ိဳ နဲ႔တျခားခရိုင္ ၆ ခု မွာ ဧၿပီ ၇ ရက္ေန႔ကစလို႔ အေရးေပၚအေျခအေန ေၾကညာထားခဲ့တာပါ။ ဒီေဒသ ေတြမွာ မျဖစ္မေန စီးပြားေရး လုပ္ငန္းေတြကလြဲလို႔ က်န္တဲ့သြားလာ လႈပ္ရွားမႈေတြ အားလုံးကို ပိတ္ထားခဲ့ပါတယ္။

အခု ထုတ္ျပန္တဲ့ အေရးေပၚ အေျခအေနအရ မလိုအပ္ဘဲ အိမ္ျပင္မထြက္ရ အမိန္႔ဟာ ေမလ ၆ ရက္ေန႔အထိ တည္ရွိမွာျဖစ္ၿပီး စီးပြားေရးလုပ္ငန္းေတြကိုလည္း ပိတ္ဖို႔ တိုက္တြန္းထားပါတယ္။ ဂ်ပန္နိုင္ငံမွာေမလအေစာပိုင္းကာလဟာ "Golden Week'' လို႔ေခၚတဲ့ ႏွစ္စဥ္ အားလပ္ရက္ရာသီ အစျဖစ္ၿပီး ဂ်ပန္ျပည္သူေတြ အမ်ားအျပား ေနရပ္ျပန္တာ ဒါမွမဟုတ္ ျပည္ပကို အားလပ္ရက္ ခရီးထြက္တာေတြ လုပ္ေလ့ရွိပါတယ္။ ဒီကာလအတြင္း အသြားအလာေတြကို ေလၽွာ့ခ်လိုတဲ့အတြက္ ဝန္ႀကီးခ်ဳပ္က အခုလို အိမ္ျပင္မထြက္ရ အမိန္႔ကို တိုးျမႇင့္လိုက္သလို တနိုင္ငံလုံးအေရးေပၚ အေျခအေန သတ္မွတ္လိုက္ တာပါ။

ဝန္ႀကီးခ်ဳပ္ Shinzo Abe ဟာ ကိုရိုနာဗိုင္းရပ္စ္ အေရးတုံ႔ျပန္ကိုင္တြယ္ပုံေတြမွာ မလုံေလာက္တာနဲ႔ ေနာက္က် လြန္းတာေတြေၾကာင့္ ျပင္းျပင္းထန္ထန္ ေဝဖန္ခံေနရပါတယ္။ John Hopkins တကၠသိုလ္ သုေတသနဌာနရဲ႕ စာရင္းအရ ဂ်ပန္နိုင္ငံမွာ ၾကာသပေတးေန႔အထိကိုရိုနာဗိုင္းရပ္စ္ ကူးစက္သူ ၉၀၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူ ၂၀၀ နီးပါးအထိရွိပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------------------

COVID-19 အခက်အခဲကြောင့် ပြည်သူတွေကို ငွေကြေးထောက်ပံ့ဖို့ ဂျပန်အစိုးရစီစဉ်

(Unicode)

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတာကြောင့် ဝန်ကြီးချုပ် Shinzo Abe က ကြာသပတေးနေ့က တနိုင်ငံလုံး အတိုင်းအတာနဲ့အရေးပေါ် အခြေအနေ တိုးချဲ့ချမှတ်လိုက်ပါတယ်။ ကပ်ရောဂါကြောင့်ကျဆင်းနေတဲ့ စီးပွားရေးကို ကျားကန်ပေးဖို့ အစိုးရအနေနဲ့ အားလုံးကို ငွေကြေးထောက်ပံ့ပေးသွားမယ်လို့ဝန်ကြီးချုပ်Abe က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ အဆိုးဆုံးကြုံနေရတဲ့ တိုကျို နဲ့တခြားခရိုင် ၆ ခု မှာ ဧပြီ ၇ ရက်နေ့ကစလို့ အရေးပေါ်အခြေအနေ ကြေညာထားခဲ့တာပါ။ ဒီဒေသ တွေမှာ မဖြစ်မနေ စီးပွားရေး လုပ်ငန်းတွေကလွဲလို့ ကျန်တဲ့သွားလာ လှုပ်ရှားမှုတွေ အားလုံးကို ပိတ်ထားခဲ့ပါတယ်။

အခု ထုတ်ပြန်တဲ့ အရေးပေါ် အခြေအနေအရ မလိုအပ်ဘဲ အိမ်ပြင်မထွက်ရ အမိန့်ဟာ မေလ ၆ ရက်နေ့အထိ တည်ရှိမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း ပိတ်ဖို့ တိုက်တွန်းထားပါတယ်။ ဂျပန်နိုင်ငံမှာမေလအစောပိုင်းကာလဟာ "Golden Week'' လို့ခေါ်တဲ့ နှစ်စဉ် အားလပ်ရက်ရာသီ အစဖြစ်ပြီး ဂျပန်ပြည်သူတွေ အများအပြား နေရပ်ပြန်တာ ဒါမှမဟုတ် ပြည်ပကို အားလပ်ရက် ခရီးထွက်တာတွေ လုပ်လေ့ရှိပါတယ်။ ဒီကာလအတွင်း အသွားအလာတွေကို လျှော့ချလိုတဲ့အတွက် ဝန်ကြီးချုပ်က အခုလို အိမ်ပြင်မထွက်ရ အမိန့်ကို တိုးမြှင့်လိုက်သလို တနိုင်ငံလုံးအရေးပေါ် အခြေအနေ သတ်မှတ်လိုက် တာပါ။

ဝန်ကြီးချုပ် Shinzo Abe ဟာ ကိုရိုနာဗိုင်းရပ်စ် အရေးတုံ့ပြန်ကိုင်တွယ်ပုံတွေမှာ မလုံလောက်တာနဲ့ နောက်ကျ လွန်းတာတွေကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။ John Hopkins တက္ကသိုလ် သုတေသနဌာနရဲ့ စာရင်းအရ ဂျပန်နိုင်ငံမှာ ကြာသပတေးနေ့အထိကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၉၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၀၀ နီးပါးအထိရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-19-japan-will-support-their-citizen/5375485.html
COVID-19 အခက္အခဲေၾကာင့္ ျပည္သူေတြကုိ ေငြေၾကးေထာက္ပံ့ဖုိ႔ ဂ်ပန္အစုိးရစီစဥ္ COVID-19 အခက္အခဲေၾကာင့္ ျပည္သူေတြကုိ ေငြေၾကးေထာက္ပံ့ဖုိ႔ ဂ်ပန္အစုိးရစီစဥ္ Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.