COVID-19 ကပ္ေရာဂါသင့္ စပိန္ႏုိင္ငံမွာ လုပ္ငန္းတခ်ဳိ႕ ျပန္လုပ္ခြင့္ျပဳ

စပိန္ႏိုင္ငံ Madrid ျမိဳ႕က ရထားစီးေနၾကတဲ့ လူတခ်ိဳ႕ (ဧၿပီ ၁၃၊ ၂၀၂၀)
(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါ အဆိုးဆံုးျဖစ္ပြားတဲ့ႏုိင္ငံ တခုျဖစ္တဲ့ စပိန္ႏိုင္ငံက တင္းၾကပ္ထားတဲ့ ကန္႔သတ္မႈတခ်ဳိ႕ကို ဒီေန႔စတင္ ေျဖေလွ်ာ့ခဲ့ၿပီး ထုတ္လုပ္ေရးနဲ႔ ေဆာက္လုပ္ေရးက႑က လုပ္သားေတြကို အလုပ္ခြင္ ျပန္ဝင္ခြင့္ျပဳခဲ့ပါတယ္။

ေရာဂါကူးစက္ႏိုင္တဲ့ အႏၱရာယ္႐ွိေနေသးတာမို႔ ကုမၸဏီေတြအေနနဲ႔ အလုပ္သမားေတြအတြက္ အကာအကြယ္ ဝတ္စံုေတြေပးဖုိ႔ လိုအပ္တဲ့အျပင္ တေယာက္နဲ႔ တေယာက္ နည္းဆံုး ၂ မီတာ အကြာအေဝးမွာသာ ႐ွိေနေအာင္ အေသအခ်ာ လုပ္ေပးထားဖုိ႔လိုအပ္ပါတယ္။

ကပ္ေရာဂါႀကီးဟာ က်န္းမာေရးကုိ ၿခိမ္းေျခာက္ေနသလို စီးပြားေရး လူမႈေရးကိုလည္း ၿခိမ္းေျခာက္ေနတယ္လို႔ စပိန္ဝန္ႀကီးခ်ဳပ္ Pedro Sanchez က တနဂၤေႏြေန႔က ေျပာၾကားခဲ့ပါတယ္။

က်န္းမာေရးစနစ္ ျပန္လည္ထူေထာင္ေအာင္လုပ္ရမယ့္ တခ်ိန္ထဲမွာ ႏိုင္ငံရဲ႕ စီးပြားေရး ရပ္ၿပီး ၿပိဳလဲက်မသြားေအာင္ ကာကြယ္ဖုိ႔ လိုအပ္တယ္လို႔ ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

တလေလာက္ အိမ္ျပင္မထြက္ရ ကန္႔သတ္တားျမစ္ခ်က္ကို ေျဖေလွ်ာ့လိုက္တဲ့ ဒီေန႔မွာ အဓိက မီးရထားနဲ႔ ေျမေအာက္ရထားဘူတာ႐ံုေတြ၊ လူအသြားအလာမ်ားတဲ့ေနရာေတြ၊ Bus ကားဂိတ္ေတြမွာ ႏွာေခါင္းစည္း ၁၀ သန္းကို အစိုးရက ေဝငွဖုိ႔ စီစဥ္ထားတဲ့အတြက္ Madrid ၿမိဳ႕ေတာ္မွာ ရဲအရာ႐ွိေတြက လိုက္လံေဝငွေပးခဲ့ၾကပါတယ္။

ကမာၻမွာ Coronavirus ပိုးကူးစက္သူ ဒုတိယအမ်ားဆံုးျဖစ္တဲ့ စပိန္ႏိုင္ငံမွာ ေရာဂါပိုးကူးသူ ဒီေန႔အထိ ၁၆၀,၀၀၀ ေက်ာ္၊ ေသဆံုးသူ ၁၇,၀၀၀ ေက်ာ္႐ွိပါတယ္။ ပထအမ်ားဆံုးျဖစ္တဲ့ အေမရိကန္ျပန္ေထာင္စုမွာေတာ့ ေရာဂါပိုးကူးစက္သူ ၅၅၀,၀၀၀ ေက်ာ္႐ွိၿပီး ေသဆံုးသူ ၂၂,၀၀၀ ေက်ာ္ပါၿပီ႐ွင္။

ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------

[Unicode Version]

COVID-19 ကပ်ရောဂါသင့် စပိန်နိုင်ငံမှာ လုပ်ငန်းတချို့ ပြန်လုပ်ခွင့်ပြု

COVID-19 ကပ်ရောဂါ အဆိုးဆုံးဖြစ်ပွားတဲ့နိုင်ငံ တခုဖြစ်တဲ့ စပိန်နိုင်ငံက တင်းကြပ်ထားတဲ့ ကန့်သတ်မှုတချို့ကို ဒီနေ့စတင် ဖြေလျှော့ခဲ့ပြီး ထုတ်လုပ်ရေးနဲ့ ဆောက်လုပ်ရေးကဏ္ဍက လုပ်သားတွေကို အလုပ်ခွင် ပြန်ဝင်ခွင့်ပြုခဲ့ပါတယ်။

ရောဂါကူးစက်နိုင်တဲ့ အန္တရာယ်ရှိနေသေးတာမို့ ကုမ္ပဏီတွေအနေနဲ့ အလုပ်သမားတွေအတွက် အကာအကွယ် ဝတ်စုံတွေပေးဖို့ လိုအပ်တဲ့အပြင် တယောက်နဲ့ တယောက် နည်းဆုံး ၂ မီတာ အကွာအဝေးမှာသာ ရှိနေအောင် အသေအချာ လုပ်ပေးထားဖို့လိုအပ်ပါတယ်။

ကပ်ရောဂါကြီးဟာ ကျန်းမာရေးကို ခြိမ်းခြောက်နေသလို စီးပွားရေး လူမှုရေးကိုလည်း ခြိမ်းခြောက်နေတယ်လို့ စပိန်ဝန်ကြီးချုပ် Pedro Sanchez က တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

ကျန်းမာရေးစနစ် ပြန်လည်ထူထောင်အောင်လုပ်ရမယ့် တချိန်ထဲမှာ နိုင်ငံရဲ့ စီးပွားရေး ရပ်ပြီး ပြိုလဲကျမသွားအောင် ကာကွယ်ဖို့ လိုအပ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

တလလောက် အိမ်ပြင်မထွက်ရ ကန့်သတ်တားမြစ်ချက်ကို ဖြေလျှော့လိုက်တဲ့ ဒီနေ့မှာ အဓိက မီးရထားနဲ့ မြေအောက်ရထားဘူတာရုံတွေ၊ လူအသွားအလာများတဲ့နေရာတွေ၊ Bus ကားဂိတ်တွေမှာ နှာခေါင်းစည်း ၁၀ သန်းကို အစိုးရက ဝေငှဖို့ စီစဉ်ထားတဲ့အတွက် Madrid မြို့တော်မှာ ရဲအရာရှိတွေက လိုက်လံဝေငှပေးခဲ့ကြပါတယ်။

ကမ္ဘာမှာ Coronavirus ပိုးကူးစက်သူ ဒုတိယအများဆုံးဖြစ်တဲ့ စပိန်နိုင်ငံမှာ ရောဂါပိုးကူးသူ ဒီနေ့အထိ ၁၆၀,၀၀၀ ကျော်၊ သေဆုံးသူ ၁၇,၀၀၀ ကျော်ရှိပါတယ်။ ပထအများဆုံးဖြစ်တဲ့ အမေရိကန်ပြန်ထောင်စုမှာတော့ ရောဂါပိုးကူးစက်သူ ၅၅၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၂,၀၀၀ ကျော်ပါပြီရှင်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-main/5369594.html
COVID-19 ကပ္ေရာဂါသင့္ စပိန္ႏုိင္ငံမွာ လုပ္ငန္းတခ်ဳိ႕ ျပန္လုပ္ခြင့္ျပဳ  COVID-19 ကပ္ေရာဂါသင့္ စပိန္ႏုိင္ငံမွာ လုပ္ငန္းတခ်ဳိ႕ ျပန္လုပ္ခြင့္ျပဳ Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.