COVID-19 ေရာဂါပိုး ရွိသူ ၄ ဦး ထပ္တိုး၊ အတည္ျပဳလူနာ ၂၀ ဦးထိ ရွိလာ


COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

(Zawgyi)⤵⤵⤵
၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ ကမာၻ႔ႏိုင္ငံမ်ားတြင္ ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိသည့္ COVID-19 လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါျဖစ္ပြားမႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားအား အျပည္ျပည္ဆိုင္ရာ ဝင္ေပါက္၊ ထြက္ေပါက္ဂိတ္ မ်ားတြင္လည္းေကာင္း၊ ေဆး႐ုံအေျချပဳအျဖစ္လည္းေကာင္း၊ ျပည္သူလူထု အေျချပဳ ေစာင့္ၾကပ္ ၾကည့္ရႈျခင္းလုပ္ငန္းမ်ားျဖင့္လည္းေကာင္း၊ ပုဂၢလိကေဆး႐ုံမ်ားႏွင့္ ပူးေပါင္း၍လည္းေကာင္း ေဆာင္႐ြက္လ်က္ရွိပါသည္။

၂။ (၁-၄-၂၀၂၀) ရက္ေန႔၊ ညေန (၆) နာရီမွ (၂-၄-၂၀၂၀) ရက္ေန႔၊ ညေန (၆) နာရီအထိ ေစာင့္ၾကည့္လူနာအသစ္ (၄၃) ဦး ရွိပါသည္။

၃။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ (၂-၄-၂၀၂၀) ရက္ေန႔ ဓာတ္ခြဲစစ္ေဆးမႈအေျဖမ်ားအရ ေစာင့္ၾကည့္လူနာႏွင့္ ေဆး႐ုံ (သို႔မဟုတ္) အိမ္တြင္ အသြား အလာကန္႔သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈမႈခံယူေနသူ (၆၂)ဦး၏ ဓာတ္ခြဲနမူနာမ်ားအား စစ္ေဆးခဲ့ရာ (ဇယား-၁) တြင္ေဖာ္ျပထားရွိေသာသူ (၄) ဦး၏ ဓာတ္ခြဲအေျဖတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိ (ေတြ႕ရွိ) ရၿပီး က်န္ (၅၈) ဦး၏ ဓာတ္ခြဲအေျဖမ်ားတြင္ COVID-19 ေရာဂါပိုးမရွိေၾကာင္း (မရွိေၾကာင္း) ေတြ႕ရွိရပါသည္။

၄။ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (Case- 015) ၏ အနီးကပ္ထိေတြ႕ဆက္စပ္သူ မိသားစုဝင္ (၄)ဦးအား ပဲခူးတိုင္းေဒသႀကီး၊ ေပါက္ေခါင္းၿမိဳ႕ရွိ ၎တို႔၏ေနအိမ္တြင္ အသြား အလာကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈၿပီး ဓာတ္ခြဲနမူနာရယူ၍ စစ္ေဆးခဲ့ရာ ၎၏ ခင္ပြန္းျဖစ္သူ အသက္ (၄၇)ႏွစ္၊ သားျဖစ္သူ အသက္ (၁၀)ႏွစ္၊ သမီးျဖစ္သူ အသက္ (၈)ႏွစ္ႏွင့္ တူမျဖစ္သူ အသက္ (၁၈)ႏွစ္၊ စုစုေပါင္း (၄)ဦးတို႔၏ ဓာတ္ခြဲအေျဖမ်ားတြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိ (ေတြ႕ရွိ) ရပါသည္။ ၎တို႔အား သတ္မွတ္ေဆး႐ုံသို႔ စနစ္တက်လႊဲေျပာင္း၍ သီးျခားထားရွိ ကုသမႈေပးသြား မည္ ျဖစ္ပါသည္။

၅။ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၁၉) ဦးအနက္ ခ်င္းျပည္နယ္၊ တီးတိန္ျပည္သူ႔ ေဆး႐ုံတြင္ လူနာ (၁) ဦး၊ ရန္ကုန္ၿမိဳ႕၊ ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ လူနာ (၉) ဦး ႏွင့္ မႏၲေလး ၿမိဳ႕၊ ကန္ေတာ္နဒီေဆး႐ုံတြင္ လူနာ (၁) ဦး၊ ေနျပည္ေတာ္ျပည္သူ႔ေဆး႐ုံႀကီးတြင္ လူနာ (၁) ဦး၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ျပည္သူ႔ေဆး႐ုံႀကီး၊ လားရႈိးၿမိဳ႕တြင္ ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆး႐ုံမွ ေျပာင္းေ႐ႊ႕လူနာ (၁) ဦး၊ သတ္မွတ္ေဆး႐ုံသို႔ ပို႔ေဆာင္၍ ေဆးကုသမႈခံယူႏိုင္ေရး စီစဥ္လ်က္ရွိသည့္ လူနာသစ္ (၄)ဦး၊ စုစုေပါင္း (၁၇) ဦးတို႔၏ က်န္းမာေရးအေျခအေနမွာ တည္ၿငိမ္လ်က္ရွိပါသည္။ ေဝဘာဂီအထူးကုေဆး႐ုံႀကီးရွိ လူနာ (၂) ဦးအား အထူးၾကပ္မတ္ခန္း၌ သီးျခားထားရွိေဆးကုသမႈ ေပးလ်က္ရွိပါသည္။ ယေန႔အတြက္ ဓာတ္ခြဲစမ္းသပ္အေျဖ ထပ္မံထုတ္ျပန္ရန္ မရွိပါ။

၆။ ယခုအခါ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာမ်ား ေတြ႕ရွိလာသျဖင့္ အဆိုပါလူနာမ်ားႏွင့္ အနီးကပ္ထိေတြ႕ဆက္စပ္မႈရွိသူမ်ားအား ရွာေဖြေဖာ္ထုတ္ၿပီး အသြားအလာ တားျမစ္ပိတ္ပင္၍ ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိပါသည္။ ျပည္သူ လူထုအေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ေရာဂါကာကြယ္ေရး ဆိုင္ရာ က်န္းမာေရးပညာေပးအခ်က္အလက္မ်ားအား တိက်စြာလိုက္နာေဆာင္႐ြက္ရန္ ႏႈိးေဆာ္ အပ္ပါသည္။
-----------------------------------------------------------
(Unicode)⤵⤵⤵
COVID-19 ရောဂါပိုး ရှိသူ (၄)ဦး ထပ်တိုး၊ အတည်ပြုလူနာ ၂၀ ဦးထိ ရှိလာ

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ (၁-၄-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၂-၄-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၃) ဦး ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၂-၄-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံ (သို့မဟုတ်) အိမ်တွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံယူနေသူ (၆၂)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသောသူ (၄) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုးတွေ့ရှိ (တွေ့ရှိ) ရပြီး ကျန် (၅၈) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၄။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case- 015) ၏ အနီးကပ်ထိတွေ့ဆက်စပ်သူ မိသားစုဝင် (၄)ဦးအား ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ရှိ ၎င်းတို့၏နေအိမ်တွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုပြီး ဓာတ်ခွဲနမူနာရယူ၍ စစ်ဆေးခဲ့ရာ ၎င်း၏ ခင်ပွန်းဖြစ်သူ အသက် (၄၇)နှစ်၊ သားဖြစ်သူ အသက် (၁၀)နှစ်၊ သမီးဖြစ်သူ အသက် (၈)နှစ်နှင့် တူမဖြစ်သူ အသက် (၁၈)နှစ်၊ စုစုပေါင်း (၄)ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။ ၎င်းတို့အား သတ်မှတ်ဆေးရုံသို့ စနစ်တကျလွှဲပြောင်း၍ သီးခြားထားရှိ ကုသမှုပေးသွား မည် ဖြစ်ပါသည်။

၅။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၉) ဦးအနက် ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၉) ဦး နှင့် မန္တလေး မြို့၊ ကန်တော်နဒီဆေးရုံတွင် လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦး၊ သတ်မှတ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနိုင်ရေး စီစဉ်လျက်ရှိသည့် လူနာသစ် (၄)ဦး၊ စုစုပေါင်း (၁၇) ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၂) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိဆေးကုသမှု ပေးလျက်ရှိပါသည်။ ယနေ့အတွက် ဓာတ်ခွဲစမ်းသပ်အဖြေ ထပ်မံထုတ်ပြန်ရန် မရှိပါ။

၆။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာသဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူ လူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော် အပ်ပါသည်။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar/
COVID-19 ေရာဂါပိုး ရွိသူ ၄ ဦး ထပ္တိုး၊ အတည္ျပဳလူနာ ၂၀ ဦးထိ ရွိလာ COVID-19 ေရာဂါပိုး ရွိသူ ၄ ဦး ထပ္တိုး၊ အတည္ျပဳလူနာ ၂၀ ဦးထိ ရွိလာ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.