ျမန္မာ COVID-19 ကူးစက္သူ ေနာက္ထပ္တစ္ဦး ေသဆံုး


(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ COVID-19 ေရာဂါကူးစက္ခံထားရသူ လူနာတစ္ဦး ေသဆုံးသြားေၾကာင္း က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ဒီကေန႔ပဲ ေၾကညာလုိက္တဲ့အတြက္ အခုဆုိရင္ ေသဆုံးသူ စုစုေပါင္း ၆ ဦး ရွိသြားပါၿပီ။ ဧၿပီလ ၁၄ ရက္ေန႔က ဗုိင္းရပ္စ္ပုိး ကူးစက္မႈကုိ အတည္ျပဳခဲ့ၿပီး ေနာက္တစ္ရက္ကစလုိ႔ ေတာင္ဥကၠလာပ အထူးကုေဆး႐ုံက အထူးၾကပ္မတ္ေဆာင္မွာ ကုသမႈခံယူေနတဲ့ အသက္ ၆၃ ႏွစ္အရြယ္ အမ်ဳိးသား ဒီေန႔ပဲ ေသဆုံးခဲ့တာ ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။

ျပင္းထန္ အဆုတ္ေရာင္ေရာဂါေၾကာင့္ ႐ုတ္တရက္ အသက္ရႉလမ္းေၾကာင္းပ်က္စီးမႈ၊ အသက္႐ႈလမ္းေၾကာင္းမွာ ဘက္တီးရီးယားပိုးဝင္ေရာက္မႈနဲ႔ ႐ုတ္တရက္ ေက်ာက္ကပ္ပ်က္စီးမႈေတြေၾကာင့္ လူနာေသဆုံးခဲ့ရတာလုိ႔လည္း ေျပာပါတယ္။

မၾကာေသးခင္က ျပည္ပကုိ ခရီးသြားခဲ့ဖူးသူ အသက္ ၁၈ ႏွစ္အရြယ္ အမ်ဳိးသမီးတစ္ဦးမွာ ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္ေနတာ ေတြ႔ရွိခဲ့ရေၾကာင္း ဒီေန႔အေစာပုိင္းမွာပဲ က်န္းမာေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့တဲ့အတြက္ အခုဆုိရင္ ကူးစက္ခံခဲ့ရသူ စုစုေပါင္း ၁၅၀ အထိ ရွိသြားပါၿပီ။

ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာနကေတာ့ ေရာဂါကူးစက္မႈ ရွိမရွိ ေစာင့္ၾကည့္ေနသူေတြနဲ႔ အသြားအလာကန႔္သတ္ထားသူေတြရဲ႕ ဓာတ္ခြဲနမူနာေတြ၊ COVID-19 ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္းေတြကုိ ပုံမွန္စစ္ေဆးေနေၾကာင္းလည္း ေျပာဆုိထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------
[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ နောက်ထပ်တစ်ဦး သေဆုံး

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံထားရသူ လူနာတစ်ဦး သေဆုံးသွားကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ပဲ ကြေညာလိုက်တဲ့အတွက် အခုဆိုရင် သေဆုံးသူ စုစုပေါင်း ၆ ဦး ရှိသွားပါပြီ။ ဧပြီလ ၁၄ ရက်နေ့က ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို အတည်ပြုခဲ့ပြီး နောက်တစ်ရက်ကစလို့ တောင်ဥက္ကလာပ အထူးကုဆေးရုံက အထူးကြပ်မတ်ဆောင်မှာ ကုသမှုခံယူနေတဲ့ အသက် ၆၃ နှစ်အရွယ် အမျိုးသား ဒီနေ့ပဲ သေဆုံးခဲ့တာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ပြင်းထန် အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးမှု၊ အသက်ရှုလမ်းကြောင်းမှာ ဘက်တီးရီးယားပိုးဝင်ရောက်မှုနဲ့ ရုတ်တရက် ကျောက်ကပ်ပျက်စီးမှုတွေကြောင့် လူနာသေဆုံးခဲ့ရတာလို့လည်း ပြောပါတယ်။

မကြာသေးခင်က ပြည်ပကို ခရီးသွားခဲ့ဖူးသူ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတာ တွေ့ရှိခဲ့ရကြောင်း ဒီနေ့အစောပိုင်းမှာပဲ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တဲ့အတွက် အခုဆိုရင် ကူးစက်ခံခဲ့ရသူ စုစုပေါင်း ၁၅၀ အထိ ရှိသွားပါပြီ။

ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနကတော့ ရောဂါကူးစက်မှု ရှိမရှိ စောင့်ကြည့်နေသူတွေနဲ့ အသွားအလာကန့်သတ်ထားသူတွေရဲ့ ဓာတ်ခွဲနမူနာတွေ၊ COVID-19 ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေကို ပုံမှန်စစ်ဆေးနေကြောင်းလည်း ပြောဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid/5397254.html
ျမန္မာ COVID-19 ကူးစက္သူ ေနာက္ထပ္တစ္ဦး ေသဆံုး ျမန္မာ COVID-19 ကူးစက္သူ ေနာက္ထပ္တစ္ဦး ေသဆံုး Reviewed by THITHTOOLWIN on 21:42 Rating: 5
Powered by Blogger.