COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာႏွင့္ အနီးကပ္ထိေတြ႕မႈရာဇဝင္ရွိေသာ မိသားစုဝင္တစ္ဦးထံတြင္ ေရာဂါပိုး ေတြ႕ရွိ

ရန္ကုန္ၿမိဳ႕၌ ႏွာေခါင္းစည္း တပ္ဆင္ သြားလာသူ တစ္ဦးအား ေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ရန္ကုန္ ၊ ဧၿပီ ၁၀ ရက္(ဆင္ဟြာ)

    COVID-19 ေရာဂါပိုး ေတြ႕ရွိခဲ့သည့္ ဓာတ္ခြဲအတည္ျပဳလူနာ (Case-008) ႏွင့္ အနီးကပ္ထိေတြ႕မႈရာဇဝင္ရွိေသာ မိသားစုဝင္တစ္ဦးထံတြင္ COVID-19 ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့ရေၾကာင္း က်န္းမာေရး ႏွင့္ အားကစား ဝန္ႀကီးဌာနမွ ယေန႔ ဧၿပီ ၁၀ ရက္ ၊ ည ၁၀ နာရီ ၁၅ မိနစ္ အခ်ိန္တြင္ ထုတ္ျပန္ခဲ့ၿပီးေနာက္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ စုစုေပါင္း အေရအတြက္ ၂၈ ဦးထိ ရွိလာခဲ့ေၾကာင္း သိရသည္။

ယခု COVID-19 ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့ရေသာ လူနာမွာ ရန္ကုန္တိုင္း‌ေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္တြင္ ေနထိုင္ ေသာ အသက္ (၆၃) ႏွစ္အ႐ြယ္ အမ်ိဳးသား (၁) ဦးျဖစ္ၿပီး ၎မွာ ဓာတ္ခြဲအတည္ျပဳလူနာ (Case-008) ႏွင့္ အနီးကပ္ထိေတြ႕မႈရာဇဝင္ရွိေသာ မိသားစုဝင္တစ္ဦးျဖစ္သျဖင့္ မတ္ ၂၈ ရက္မွစ၍ ေနအိမ္တြင္ အသြားအလာ ကန႔္သတ္ထားရွိခဲ့ေၾကာင္း ၊ ဧၿပီ ၇ ရက္မွစ၍ ဖ်ားျခင္း၊ လည္ေခ်ာင္းနာျခင္းႏွင့္ ေခ်ာင္းဆိုးျခင္း လကၡဏာမ်ားခံစားခဲ့ရသျဖင့္ ဧၿပီ ၉ ရက္တြင္ လူနာထံမွ ဓာတ္ခြဲနမူနာရယူ၍ ေပးပို႔စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါလူနာတြင္ ေသြးတိုးေရာဂါ ႏွင့္ ဆီးခ်ိဳေရာဂါအခံရွိေၾကာင္းသိရွိရၿပီး ေဝဘာဂီအထူးကုေဆး႐ုံႀကီးသို႔ ပို႔ေဆာင္၍ အထူးၾကပ္မတ္ ကုသမႈေပးသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္မႈတြင္ ထည့္သြင္း ေဖာ္ျပထားသည္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ေဆး႐ုံမ်ားတြင္ လက္ရွိတြင္ သီးျခား ထားရွိ ကုသမႈခံယူေနေသာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ ၂၂ ဦး၏ က်န္းမာေရးအေျခအေနမွာ တည္ၿငိမ္လ်က္ရွိေၾကာင္း ၊ ေဝဘာဂီအထူးကု ေဆး႐ုံ ႀကီးရွိ လူနာ (၁) ဦးအား အထူးၾကပ္မတ္ခန္း၌ သီးျခားထားရွိ ေဆးကုသမႈေပးလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ ဓာတ္ခြဲအတည္ျပဳလူနာမ်ားႏွင့္ ထိေတြ႕ခဲ့သူမ်ားအားလုံးကို စုံစမ္းေဖာ္ထုတ္၍ အသြားအလာကန႔္သတ္ကာ ေစာင့္ၾကပ္ၾကည့္ရႈသြားမည္ျဖစ္သျဖင့္ အဆိုပါ ဓာတ္ခြဲ အတည္ျပဳလူနာမ်ားႏွင့္ အနီးကပ္ထိေတြ႕ခဲ့သည့္ ျပည္သူလူထုအေနျဖင့္ နီးစပ္ရာက်န္းမာေရး ဌာနသို႔ ဆက္သြယ္အေၾကာင္းၾကားေစလိုေၾကာင္း ဝန္ႀကီးဌာနမွ တိုက္တြန္းထားေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/covid-19-mm/27102-covid-72
-------------
(Unicode)⤵⤵⤵

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့မှုရာဇဝင်ရှိသော မိသားစုဝင်တစ်ဦးထံတွင် ရောဂါပိုး တွေ့ရှိ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင် သွားလာသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

    ရန်ကုန် ၊ ဧပြီ ၁၀ ရက်(ဆင်ဟွာ)

    COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည့် ဓာတ်ခွဲအတည်ပြုလူနာ (Case-008) နှင့် အနီးကပ်ထိတွေ့မှုရာဇဝင်ရှိသော မိသားစုဝင်တစ်ဦးထံတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ဧပြီ ၁၀ ရက် ၊ ည ၁၀ နာရီ ၁၅ မိနစ် အချိန်တွင် ထုတ်ပြန်ခဲ့ပြီးနောက် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း အရေအတွက် ၂၈ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

ယခု COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ရသော လူနာမှာ ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗဟန်းမြို့နယ်တွင် နေထိုင် သော အသက် (၆၃) နှစ်အရွယ် အမျိုးသား (၁) ဦးဖြစ်ပြီး ၎င်းမှာ ဓာတ်ခွဲအတည်ပြုလူနာ (Case-008) နှင့် အနီးကပ်ထိတွေ့မှုရာဇဝင်ရှိသော မိသားစုဝင်တစ်ဦးဖြစ်သဖြင့် မတ် ၂၈ ရက်မှစ၍ နေအိမ်တွင် အသွားအလာ ကန့်သတ်ထားရှိခဲ့ကြောင်း ၊ ဧပြီ ၇ ရက်မှစ၍ ဖျားခြင်း၊ လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် ဧပြီ ၉ ရက်တွင် လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလူနာတွင် သွေးတိုးရောဂါ နှင့် ဆီးချိုရောဂါအခံရှိကြောင်းသိရှိရပြီး ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ပို့ဆောင်၍ အထူးကြပ်မတ် ကုသမှုပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ထည့်သွင်း ဖော်ပြထားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးရုံများတွင် လက်ရှိတွင် သီးခြား ထားရှိ ကုသမှုခံယူနေသော COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၂ ဦး၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း ၊ ဝေဘာဂီအထူးကု ဆေးရုံ ကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်သဖြင့် အဆိုပါ ဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထုအနေဖြင့် နီးစပ်ရာကျန်းမာရေး ဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း ဝန်ကြီးဌာနမှ တိုက်တွန်းထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/covid-19-mm/27102-covid-72
COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာႏွင့္ အနီးကပ္ထိေတြ႕မႈရာဇဝင္ရွိေသာ မိသားစုဝင္တစ္ဦးထံတြင္ ေရာဂါပိုး ေတြ႕ရွိ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာႏွင့္ အနီးကပ္ထိေတြ႕မႈရာဇဝင္ရွိေသာ မိသားစုဝင္တစ္ဦးထံတြင္ ေရာဂါပိုး ေတြ႕ရွိ Reviewed by THITHTOOLWIN on 04:42 Rating: 5
Powered by Blogger.