႐ုရွားႏိုင္ငံ သမၼတပူတင္ႏွင့္ ေတြ႕ဆုံခဲ့ေသာ ႐ုရွား ေဆး႐ုံအုပ္တြင္ COVID-19 ေရာဂါ စမ္းသပ္ေတြ႕ရွိ ၊ ပူတင္ က်န္းမာေရးေကာင္းမြန္ဟုဆို

႐ုရွားႏိုင္ငံ သမၼတ ဗလာဒီမာပူတင္ႏွင့္ ေဒါက္တာ ဒင္းနစ္ပ႐ိုဆန္ကိုတို႔အား ကို႐ိုနာဗိုင္းရပ္စ္ကုသေရးေဆး႐ုံတြင္ မတ္ ၂၄ ရက္က ေတြ႕ရစဥ္ (ဓာတ္ပုံ-ကရင္မလင္နန္းေတာ္)
(Zawgyi)⤵⤵⤵

    ေမာ္စကို၊ ဧၿပီ ၁ ရက္ (ဆင္ဟြာ)

    ႐ုရွားႏိုင္ငံ သမၼတ ဗလာဒီမာပူတင္ႏွင့္ မၾကာေသးမီက ေတြ႕ဆုံခဲ့ေသာ ႐ုရွားႏိုင္ငံ ကို႐ိုနာဗိုင္းရပ္စ္ အဓိက ကုသေရးေဆး႐ုံ၏ ေဆး႐ုံအုပ္ျဖစ္သူထံတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္း သိရသည္။

‘ဟုတ္ပါတယ္၊ ကြၽန္ေတာ့္မွာ ကို႐ိုနာဗိုင္းရပ္စ္ေတြ႕ရွိထားပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ က်န္းမာေရးအေတာ္ေလးေကာင္းေနပါတယ္” ဟု ေဒါက္တာ ဒင္းနစ္ပ႐ိုဆန္ကို (Denis Protsenko) က ၎၏ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာ၌ မတ္ ၃၁ ရက္တြင္ ေရးသားခဲ့သည္။ ၎သည္ ကိုယ္တိုင္သီးျခားခြဲေနထိုင္လ်က္ရွိၿပီး အေဝးကေနသာ အလုပ္လုပ္ကိုင္ေနသည္ဟု ျဖည့္စြက္ေျပာၾကားခဲ့ပါသည္။

ကရင္မလင္နန္းေတာ္၏ ေျပာခြင့္ရပုဂၢိဳလ္ ဒီမီထရီ ပက္စ္ေကာ့ဗ္ (Dmitry Pestkov) က ‘သမၼတပူတင္ဟာ ကို႐ိုနာဗိုင္းရပ္စ္အတြက္ ပုံမွန္က်န္းမာေရးစစ္ေဆးမႈေတြ ခံယူေနၿပီး အားလုံးေကာင္းမြန္ပါတယ္’ ဟု သတင္းေထာက္မ်ားကို ေျပာၾကားခဲ့ပါသည္။ ေဒါက္တာ ပ႐ိုဆန္ကိုသည္ မတ္ ၂၄ ရက္က ပူတင္ႏွင့္ အျခားအဆင့္ျမင့္အရာရွိမ်ားအား ေဆး႐ုံအတြင္း  လိုက္လံျပသခဲ့ၿပီး ၎ႏွင့္သမၼတပူတင္တို႔ လက္ဆြဲႏႈတ္ဆက္ေနသည့္ ဓာတ္ပုံမ်ား ေပၚထြက္လာခဲ့ေၾကာင္းသိရသည္။ 

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/world-covid19/26943-covid-47
---------------
(Unicode)⤵⤵⤵
ရုရှားနိုင်ငံ သမ္မတပူတင်နှင့် တွေ့ဆုံခဲ့သော ရုရှား ဆေးရုံအုပ်တွင် COVID-19 ရောဂါ စမ်းသပ်တွေ့ရှိ ၊ ပူတင် ကျန်းမာရေးကောင်းမွန်ဟုဆို

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့် ဒေါက်တာ ဒင်းနစ်ပရိုဆန်ကိုတို့အား ကိုရိုနာဗိုင်းရပ်စ်ကုသရေးဆေးရုံတွင် မတ် ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကရင်မလင်နန်းတော်)

    မော်စကို၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

    ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့် မကြာသေးမီက တွေ့ဆုံခဲ့သော ရုရှားနိုင်ငံ ကိုရိုနာဗိုင်းရပ်စ် အဓိက ကုသရေးဆေးရုံ၏ ဆေးရုံအုပ်ဖြစ်သူထံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရသည်။

‘ဟုတ်ပါတယ်၊ ကျွန်တော့်မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိထားပါတယ်။ ဒါပေမဲ့ ကျွန်တော် ကျန်းမာရေးအတော်လေးကောင်းနေပါတယ်” ဟု ဒေါက်တာ ဒင်းနစ်ပရိုဆန်ကို (Denis Protsenko) က ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ မတ် ၃၁ ရက်တွင် ရေးသားခဲ့သည်။ ၎င်းသည် ကိုယ်တိုင်သီးခြားခွဲနေထိုင်လျက်ရှိပြီး အဝေးကနေသာ အလုပ်လုပ်ကိုင်နေသည်ဟု ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ကရင်မလင်နန်းတော်၏ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Pestkov) က ‘သမ္မတပူတင်ဟာ ကိုရိုနာဗိုင်းရပ်စ်အတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေ ခံယူနေပြီး အားလုံးကောင်းမွန်ပါတယ်’ ဟု သတင်းထောက်များကို ပြောကြားခဲ့ပါသည်။ ဒေါက်တာ ပရိုဆန်ကိုသည် မတ် ၂၄ ရက်က ပူတင်နှင့် အခြားအဆင့်မြင့်အရာရှိများအား ဆေးရုံအတွင်း  လိုက်လံပြသခဲ့ပြီး ၎င်းနှင့်သမ္မတပူတင်တို့ လက်ဆွဲနှုတ်ဆက်နေသည့် ဓာတ်ပုံများ ပေါ်ထွက်လာခဲ့ကြောင်းသိရသည်။ 

(Xinhua)
http://www.xinhuamyanmar.com
႐ုရွားႏိုင္ငံ သမၼတပူတင္ႏွင့္ ေတြ႕ဆုံခဲ့ေသာ ႐ုရွား ေဆး႐ုံအုပ္တြင္ COVID-19 ေရာဂါ စမ္းသပ္ေတြ႕ရွိ ၊ ပူတင္ က်န္းမာေရးေကာင္းမြန္ဟုဆို ႐ုရွားႏိုင္ငံ သမၼတပူတင္ႏွင့္ ေတြ႕ဆုံခဲ့ေသာ ႐ုရွား ေဆး႐ုံအုပ္တြင္ COVID-19 ေရာဂါ စမ္းသပ္ေတြ႕ရွိ ၊ ပူတင္ က်န္းမာေရးေကာင္းမြန္ဟုဆို Reviewed by THITHTOOLWIN on 19:40 Rating: 5
Powered by Blogger.