COVID-19 ရင္ဆိုင္ေနရခ်ိန္ အပစ္ရပ္ဖို႔ ကာဒီနယ္လ္ ခ်ားလ္စ္ ေမာင္ဘုိ ေတာင္းဆို


(Zawgyi/Unicode)

ကို႐ိုနာဗုိင္းရပ္စ္ ကပ္ေဘးဒဏ္ကို ကမၻာ့ေနရာစုံကလူေတြ အလူးအလဲ ရင္ဆုိင္ေနရတ့ဲ့အတြက္ တကမၻာလုံး အပစ္အခတ္ရပ္စဲၾကဖို႔ ရန္ကုန္ ကက္သလစ္ခရစ္ယာန္ ဂိုဏ္းအုပ္ဆရာေတာ္ ကာဒီနယ္လ္ ခ်ားလ္စ္ ေမာင္ဘိုက လက္နက္ကိုင္တပ္ဖြဲ႔အားလုံးကိုဒီကေန႔ ေတာင္းဆိုလိုက္ပါတယ္။

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ António Guterres၊ ပုပ္ရဟန္းမင္းႀကီး ဖရန္႔စစ္တို႔ကလည္း ဒီကပ္ေရာဂါဆိုးကို ဦးစားေပး တုိ္က္ဖ်က္ႏုိင္ေရးအတြက္ သက္ဆုိင္ရာ လက္နက္ကိုင္တပ္ဖြြဲ႔ အားလုံးအပစ္အခတ္ရပ္စဲၾကဖို႔ အသိးသီးေတာင္းဆိုထားၾကတာပါ။

COVID-19 ကပ္ေရာဂါကို တကမၻာလုံး ေရွ ႔ေလွ်ာက္ အခ်ိန္အေတာ္ၾကာေအာင္ ရင္ဆိုင္ခံစားရဦးမွာျဖစ္ၿပိ္ီး ျပန္လည္နာလံထူဖို႔ အခ်ိန္အေတာ္ၾကာဦးမွာျဖစ္တဲ့အတြက္ အပစ္အခတ္ရပ္စဲဖို႔လိုပါတယ္လို႔ရဟန္းအမတ္ ကာဒီနယ္ခ်ားလ္ေမာင္ဘိုက ဧၿပီလ ၂၂ ရက္ေန႔မွာ ေၾကျငာခ်က္ထုတ္ျပန္ေတာင္းဆိုိုလိုက္တာျဖစ္ပါတယ္။

COVID-19 ကပ္ေရာဂါဟာ လူ႔က်န္းမာေရးနဲ႔ လူမႈဘ၀ေတြအေပၚမွာပါ ႀကီးမားတဲ့အက်ိဳးသက္ေရာက္မႈေတြရွိေနတဲ့အတြက္ ညီညႊတ္ၿပီး ၿငိမ္းခ်မ္းသာယာ၀ေျပာတဲ့ ျမန္မာႏုိင္ငံထြက္ေပၚလာဖို႔အတြက္ဆိုရင္ ခုခိ်န္ဟာ အျမန္ဆုံး အပစ္အခတ္ရပ္စဲရမယ့္ကာလျဖစ္တယ္လို႔လည္း ေၾကျငာခ်က္မွာ ေျပာထားပါတယ္။

ခုခ်ိန္ဟာ တုိက္ပြဲေတြဆင္ႏႊဲေနရမယ့္ ကာလမဟုတ္ဘဲ အနာဂတ္အတြက္ ဆုံးျဖတ္ခ်က္ခ်ရမယ့္ အခါသမယျဖစ္ပါတယ္လို႔လည္း ေျပာပါတယ္။

တကမၻာလုံး ရင္ဆုိင္ေနရတဲ့ ကပ္ေရာဂါ ကို ဦးစားေပး တုိက္ဖ်က္ဖို႔အတြက္ ကမၻာ့ေနရာတုိင္းမွာ တုိက္ပြဲေတြရပ္ပစ္ရေအာင္ပါလို႔လည္း ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္က မတ္လေႏွာင္းပိုင္းမွာ ေမတၱာရပ္ခံထားတာပါ။

ျမန္မာႏုိင္ငံကိုိ ၂၀၁၇ ခုႏွစ္မွာ လာေရာက္ခဲ့တဲ့ ပုပ္ရဟန္းမင္းႀကီး ဖရန္႔စစ္ကလည္း လူသားထု တရပ္လုံးအတြက္ ေမာင္လိုႏွမလို စည္းလုံးညီညႊတ္မႈနဲ႔ ကပ္ေရာဂါေဘးကို စုေပါင္းတုိက္ဖ်က္ၾကရေအာင္လို႔ တုိက္တြန္းထားတာပါ။ ရန္လိုမုန္းတီးမႈေတြ၊ စစ္ပြဲေတြဟာအၾကပ္အတည္းကို ေျဖရွင္းႏုိင္မွာ မဟုတ္ဘဲ ေတြ႔ဆုံေဆြးေႏြးၿပီး ၿငိမ္းခ်မ္းေရးအတြက္ အေျဖရွာၾကပါလို႔လည္း ပုပ္ရဟန္းမင္းႀကီးက တုိက္တြန္းထားတာျဖစ္ပါတယ္။

 ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------------
[Unicode Version]

COVID-19 ရင်ဆိုင်နေရချိန် အပစ်ရပ်ဖို့ ကာဒီနယ်လ် ချားလ်စ် မောင်ဘို တောင်းဆို

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးဒဏ်ကို ကမ္ဘာ့နေရာစုံကလူတွေ အလူးအလဲ ရင်ဆိုင်နေရတဲ့အတွက် တကမ္ဘာလုံး အပစ်အခတ်ရပ်စဲကြဖို့ ရန်ကုန် ကက်သလစ်ခရစ်ယာန် ဂိုဏ်းအုပ်ဆရာတော် ကာဒီနယ်လ် ချားလ်စ် မောင်ဘိုက လက်နက်ကိုင်တပ်ဖွဲ့အားလုံးကိုဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres၊ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်တို့ကလည်း ဒီကပ်ရောဂါဆိုးကို ဦးစားပေး တိုက်ဖျက်နိုင်ရေးအတွက် သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးအပစ်အခတ်ရပ်စဲကြဖို့ အသိးသီးတောင်းဆိုထားကြတာပါ။

COVID-19 ကပ်ရောဂါကို တကမ္ဘာလုံး ရှေ့လျှောက် အချိန်အတော်ကြာအောင် ရင်ဆိုင်ခံစားရဦးမှာဖြစ်ပြီး ပြန်လည်နာလံထူဖို့ အချိန်အတော်ကြာဦးမှာဖြစ်တဲ့အတွက် အပစ်အခတ်ရပ်စဲဖို့လိုပါတယ်လို့ရဟန်းအမတ် ကာဒီနယ်ချားလ်မောင်ဘိုက ဧပြီလ ၂၂ ရက်နေ့မှာ ကြေငြာချက်ထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။

COVID-19 ကပ်ရောဂါဟာ လူ့ကျန်းမာရေးနဲ့ လူမှုဘဝတွေအပေါ်မှာပါ ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေရှိနေတဲ့အတွက် ညီညွှတ်ပြီး ငြိမ်းချမ်းသာယာဝပြောတဲ့ မြန်မာနိုင်ငံထွက်ပေါ်လာဖို့အတွက်ဆိုရင် ခုချိန်ဟာ အမြန်ဆုံး အပစ်အခတ်ရပ်စဲရမယ့်ကာလဖြစ်တယ်လို့လည်း ကြေငြာချက်မှာ ပြောထားပါတယ်။

ခုချိန်ဟာ တိုက်ပွဲတွေဆင်နွှဲနေရမယ့် ကာလမဟုတ်ဘဲ အနာဂတ်အတွက် ဆုံးဖြတ်ချက်ချရမယ့် အခါသမယဖြစ်ပါတယ်လို့လည်း ပြောပါတယ်။

တကမ္ဘာလုံး ရင်ဆိုင်နေရတဲ့ ကပ်ရောဂါ ကို ဦးစားပေး တိုက်ဖျက်ဖို့အတွက် ကမ္ဘာ့နေရာတိုင်းမှာ တိုက်ပွဲတွေရပ်ပစ်ရအောင်ပါလို့လည်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က မတ်လနှောင်းပိုင်းမှာ မေတ္တာရပ်ခံထားတာပါ။

မြန်မာနိုင်ငံကို ၂၀၁၇ ခုနှစ်မှာ လာရောက်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကလည်း လူသားထု တရပ်လုံးအတွက် မောင်လိုနှမလို စည်းလုံးညီညွှတ်မှုနဲ့ ကပ်ရောဂါဘေးကို စုပေါင်းတိုက်ဖျက်ကြရအောင်လို့ တိုက်တွန်းထားတာပါ။ ရန်လိုမုန်းတီးမှုတွေ၊ စစ်ပွဲတွေဟာအကြပ်အတည်းကို ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးအတွက် အဖြေရှာကြပါလို့လည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းထားတာဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-myanmar-cardinal/5385170.html
COVID-19 ရင္ဆိုင္ေနရခ်ိန္ အပစ္ရပ္ဖို႔ ကာဒီနယ္လ္ ခ်ားလ္စ္ ေမာင္ဘုိ ေတာင္းဆို COVID-19 ရင္ဆိုင္ေနရခ်ိန္ အပစ္ရပ္ဖို႔ ကာဒီနယ္လ္ ခ်ားလ္စ္ ေမာင္ဘုိ ေတာင္းဆို Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.