ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ေနသူမ်ားႏွင့္ Video Conferences စနစ္ျဖင့္ ေတြ႕ဆုံ၍ အျပန္အလွန္ေဆြးေႏြး

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အား ေတြ႕ရစဥ္(ဓာတ္ပုံ - Myanmar State Counsellor Office)

(Zawgyi)⤵⤵⤵
    ရန္ကုန္ ၊ ဧၿပီ ၁ ရက္(ဆင္ဟြာ)

    Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီဥကၠ႒၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ယေန႔ ဧၿပီ ၁ ရက္တြင္ COVID -19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ေနသူမ်ားႏွင့္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္သမၼတအိမ္ေတာ္ အစည္းအေဝးခန္းမ၌ Video Conferences စနစ္ျဖင့္ ခ်ိတ္ဆက္ေတြ႕ဆုံ၍ လက္ေတြ႕အေျခအေနမ်ားအား အျပန္အလွန္ ေဆြးေႏြးခဲ့ေၾကာင္း ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံး ဝန္ႀကီးဌာန၏ ထုတ္ျပန္မႈ အရ သိရသည္။

ထိုသို႔ ေဆြးေႏြးခဲ့ရာတြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ႏႈတ္ခြန္းဆက္ စကား ေျပာၾကားခဲ့ၿပီးေနာက္ ဧရာဝတီတိုင္းေဒသႀကီး ငပုေတာၿမိဳ႕နယ္ ဆင္ကူးႀကီးေက်းလက္ က်န္းမာေရးဌာန သာယာကုန္း ေက်းလက္က်န္းမာေရးဌာန(ခြဲ)မွ ဘက္စုံသားဖြား ဆရာမ ေဒၚႏွင္းထက္ထက္ႏိုင္၊ လႈိင္သာယာၿမိဳ႕နယ္ ျပည္သူ႔ က်န္းမာေရးဦးစီးဌာန ၿမိဳ႕နယ္ဆရာဝန္ ေဒါက္တာခင္႐ူပါစိုး၊ “ေအာင္” ပရဟိတအဖြဲ႕တြင္ လူမႈအက်ိဳးျပဳလုပ္ငန္းမ်ားကို တက္ႂကြစြာေဆာင္႐ြက္ေနေသာ ဦးေအာင္ျမတ္သူႏွင့္ We Love Yangon မွ ဦးဆန္းေမာင္ေမာင္ တို႔က ၎တို႔ေဒသအတြင္း Home Quarantine ျပဳလုပ္ထားသူမ်ား၏ အေျခအေန၊ COVID-19 ထိန္းခ်ဳပ္၊ ကာကြယ္ကုသေရးလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ေနသည့္ အေျခအေနမ်ား၊ ေတြ႕ႀကဳံရသည့္ အခက္အခဲမ်ားကို ေဆြးေႏြးတင္ျပခဲ့ၾကရာ ႏိုင္ငံေတာ္အစိုးရမွ ျဖည့္ဆည္းေဆာင္႐ြက္ေပးမည့္ အစီအစဥ္မ်ားကို ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္က ရွင္းလင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္သမၼတအိမ္ေတာ္ အစည္းအေဝးခန္းမ၌ Video Conferences စနစ္ျဖင့္ ခ်ိတ္ဆက္ေဆြးေႏြးစဥ္ (ဓာတ္ပုံ - Myanmar State Counsellor Office) 

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က Quarantine (၁၄) ရက္ကာလကို ၾကည္ၾကည္ျဖဴျဖဴ လိုက္နာေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း၊ Quarantine (၁၄) ရက္ကာလသည္ မ်ားစြာၾကန္႔ၾကာသည့္ကာလမဟုတ္ေၾကာင္း၊ Quarantine (၁၄) ရက္ကာလကို အခက္အခဲဟု ရႈျမင္ၿပီး ၫႊန္ၾကားခ်က္မ်ားကို မလိုက္နာပါက ယခု COVID-19 ကပ္ေရာဂါကို မည္သို႔မွ ေက်ာ္လႊားႏိုင္မည္မဟုတ္ေၾကာင္း၊ ယခုကဲ့သို႔ အခ်ိန္အခါမ်ိဳးတြင္ စိတ္ဓာတ္ခိုင္မာရမည္ ျဖစ္ေၾကာင္း၊ ထိန္းမႏိုင္သိမ္းမရ အေျခအေနထိ မျပန္႔ပြားေအာင္ ထိန္းခ်ဳပ္ထားႏိုင္မည္ဆိုလွ်င္ စိန္ေခၚမႈကို ေက်ာ္လႊားႏိုင္မည္ ျဖစ္ေၾကာင္း၊ အတူတကြ လက္တြဲရင္ဆိုင္႐ုန္းကန္ရင္း ညီအစ္ကိုေမာင္ႏွမစိတ္ဓာတ္မ်ား ပိုမို ခိုင္မာလာမည္ ျဖစ္ေၾကာင္း နိဂုံးခ်ဳပ္စကားတြင္ ထည့္သြင္း ေျပာၾကားခဲ့သည္။

ထို႔အတူ COVID -19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး လုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ေနသူမ်ားအေနျဖင့္ ျပည္သူလူထုကို သည္းခံၿပီး ထုတ္ျပန္ထားသည့္ လမ္းၫႊန္ခ်က္မ်ားကို ၎တို႔ ရွင္းလင္းစြာနားလည္သည္အထိ ထပ္တလဲလဲ ရွင္းျပရမည္ ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံအေနျဖင့္ အျခားႏိုင္ငံမ်ားႏွင့္ႏႈိင္းယွဥ္လွ်င္ လူထုပါဝင္မႈ ျမင့္မားပါ ေၾကာင္း၊ တက္ႏိုင္သမွ် ကူညီၾကျခင္းသည္ လြန္စြာတန္ဖိုးရွိသည့္ အေလ့အထျဖစ္ေၾကာင္း၊ အားလုံးကို ေက်းဇူးတင္ရွိပါေၾကာင္း၊ တတ္ႏိုင္သမွ် လုပ္ေဆာင္ေပးၾကရန္ႏွင့္ ျပည္သူမ်ား နားလည္ေအာင္ ႀကိဳးစားေပးၾကရန္ တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/covid-19-mm/26941-covid-19-video-conferences
-------------
(Unicode)⤵⤵⤵
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများနှင့် Video Conferences စနစ်ဖြင့် တွေ့ဆုံ၍ အပြန်အလှန်ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar State Counsellor Office)

    ရန်ကုန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

    Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဧပြီ ၁ ရက်တွင် COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများနှင့် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferences စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများအား အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထိုသို့ ဆွေးနွေးခဲ့ရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဆင်ကူးကြီးကျေးလက် ကျန်းမာရေးဌာန သာယာကုန်း ကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ ဘက်စုံသားဖွား ဆရာမ ဒေါ်နှင်းထက်ထက်နိုင်၊ လှိုင်သာယာမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန် ဒေါက်တာခင်ရူပါစိုး၊ “အောင်” ပရဟိတအဖွဲ့တွင် လူမှုအကျိုးပြုလုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်နေသော ဦးအောင်မြတ်သူနှင့် We Love Yangon မှ ဦးဆန်းမောင်မောင် တို့က ၎င်းတို့ဒေသအတွင်း Home Quarantine ပြုလုပ်ထားသူများ၏ အခြေအနေ၊ COVID-19 ထိန်းချုပ်၊ ကာကွယ်ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ကြရာ နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ Video Conferences စနစ်ဖြင့် ချိတ်ဆက်ဆွေးနွေးစဉ် (ဓာတ်ပုံ - Myanmar State Counsellor Office)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က Quarantine (၁၄) ရက်ကာလကို ကြည်ကြည်ဖြူဖြူ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ Quarantine (၁၄) ရက်ကာလသည် များစွာကြန့်ကြာသည့်ကာလမဟုတ်ကြောင်း၊ Quarantine (၁၄) ရက်ကာလကို အခက်အခဲဟု ရှုမြင်ပြီး ညွှန်ကြားချက်များကို မလိုက်နာပါက ယခု COVID-19 ကပ်ရောဂါကို မည်သို့မှ ကျော်လွှားနိုင်မည်မဟုတ်ကြောင်း၊ ယခုကဲ့သို့ အချိန်အခါမျိုးတွင် စိတ်ဓာတ်ခိုင်မာရမည် ဖြစ်ကြောင်း၊ ထိန်းမနိုင်သိမ်းမရ အခြေအနေထိ မပြန့်ပွားအောင် ထိန်းချုပ်ထားနိုင်မည်ဆိုလျှင် စိန်ခေါ်မှုကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်း၊ အတူတကွ လက်တွဲရင်ဆိုင်ရုန်းကန်ရင်း ညီအစ်ကိုမောင်နှမစိတ်ဓာတ်များ ပိုမို ခိုင်မာလာမည် ဖြစ်ကြောင်း နိဂုံးချုပ်စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများအနေဖြင့် ပြည်သူလူထုကို သည်းခံပြီး ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို ၎င်းတို့ ရှင်းလင်းစွာနားလည်သည်အထိ ထပ်တလဲလဲ ရှင်းပြရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် လူထုပါဝင်မှု မြင့်မားပါ ကြောင်း၊ တက်နိုင်သမျှ ကူညီကြခြင်းသည် လွန်စွာတန်ဖိုးရှိသည့် အလေ့အထဖြစ်ကြောင်း၊ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ တတ်နိုင်သမျှ လုပ်ဆောင်ပေးကြရန်နှင့် ပြည်သူများ နားလည်အောင် ကြိုးစားပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/covid-19-mm/26941-covid-19-video-conferences
ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ေနသူမ်ားႏွင့္ Video Conferences စနစ္ျဖင့္ ေတြ႕ဆုံ၍ အျပန္အလွန္ေဆြးေႏြး ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းမ်ားတြင္ ပါဝင္ေဆာင္႐ြက္ေနသူမ်ားႏွင့္ Video Conferences စနစ္ျဖင့္ ေတြ႕ဆုံ၍ အျပန္အလွန္ေဆြးေႏြး Reviewed by THITHTOOLWIN on 19:59 Rating: 5
Powered by Blogger.