လိုင္ဇာၿမိဳ႕မွ Covid-19 သံသယလူနာ၏ေသြးအေျဖအား တ႐ုတ္ႏိုင္ငံရင္ခ်န္းတြင္ ထပ္မံစစ္ေဆးရာ Negative အျဖစ္အတည္ျပဳခဲ့


(Zawgyi)⤵⤵⤵
ျမန္မာတ႐ုတ္ ႏွစ္ႏိူင္ငံနယ္စပ္ရွိ လိုင္ဇာၿမိဳ႕ မွာ Covid_19သံသယလူနာအပါအဝင္ ထိေတြ႕ပတ္သက္ခဲ့သူ(၈)ဦးရဲ႕ေသြးအေျဖကို တ႐ုတ္ႏိုင္ငံရင္ခ်န္းေဆး႐ုံCDCစက္ျဖင့္ဧၿပီ(၁၃)ရက္ညကပို႔ေဆာင္စစ္ေဆးခဲ့ရာ ဒီကေန႔ဧၿပီ(၁၄)ရက္မွာေတာ့ စုစုေပါင္း လူ(၉)ဦးရဲ႕ ရလာဘ္မွာ Negative ျဖစ္ကာ covid_19ေရာဂါပိုး(မေတြ႕ရွိရ)ေၾကာင္း ကို ဝိုင္းေမာ္ၿမိဳ႕နယ္ေဆး႐ုံအုပ္ႀကီး ေဒါက္တာသိန္းၿမိဳ႕ကေျပာပါတယ္။

မူလက လိုင္ဇာေဆး႐ုံမွာစစ္ေဆးစဥ္က ေရာဂါပိုးေတြ႕ရွိတယ္လို႔ ရလဒ္မွားယြင္းထြက္ေပၚခဲ့တာပါ။
"ဟုတ္ပါတယ္ သူကဖ်ားတာမွန္တယ္၊ ႐ိုး႐ိုးအဖ်ားေပါ့။ပထမလိုင္ဇာေဆး႐ုံကစစ္တဲ့စက္က အမွားေတြ႕တတ္လို႔ႏိုင္ငံတကာကမသုံးရဘူးလို႔တားျမစ္ထားတဲ့ စက္နဲ႔စစ္လိုက္တာ။ သူတို႔ကလည္းသူတို႔ရွိတာေလးနဲ႔အျမန္စစ္ရတာဆိုေတာ့ အျမန္စစ္တဲ့စက္နဲ႔ စစ္လိုက္တာေပါ့ေနာ္။ ျမန္မာျပည္အစိုးရကေကာ၊စင္ကာပူ၊အေမရိကန္၊ၾသဇီစတဲ့ ႏိုင္ငံေတြကမသုံးဘူး။ သူကအမွားေတြထြက္တတ္လို႔ေလ။ ခုပိုေသခ်ာေအာင္တ႐ုတ္ျပည္ကစက္ႀကီးနဲ႔က်ေနာ္တို႔ရန္ကုန္ကစစ္တဲ့ပုံစံမ်ိဳး စစ္လိုက္ေတာ့ရွင္းရွင္းလင္းလင္းအေျဖသိတာေပါ့ေနာ္။ရလဒ္အမွန္ကေတာ့ Negativeပါ"လို႔ ေဒါက္တာသိန္းၿမိဳ႕ဆိုပါတယ္။

Covid _19သံသယရွိသူဟာလိုင္ဇာၿမိဳ႕ကေနဝိုင္းေမာ္ၿမိဳ႕ကို မတ္လ(၂၂)ရက္နဲ႔(၂၃)ရက္အထိ(၂)ရက္ၾကာလာေရာက္လည္ပတ္ေနထိုင္ခဲ့ၿပီးေနာက္ လိုင္ဇာၿမိဳ႕ကို
မတ္လ(၂၄)ရက္မွာ ဧၿပီ(၆)ရက္ မွာ ေတာ့ ေခ်ာင္းဆိုးတာ ၊ ႏွာရည္ယိုတာ ၊ကိုယ္ပူတာ‌ ေတြ ျဖစ္ေပၚခဲ့တာပါ။
သူတာဝန္က်တဲ့ တပ္ေဆးခန္းမွာ ေဆးေသာက္ကုသခဲ့ေပမဲ့ သက္သာမႈမရွိတဲ့အတြက္ လိုင္ဇာၿမိဳ႕ HpAေဆး႐ုံမွာ တက္ေရာက္ ကုသခဲ့ရပါတယ္။

လိုင္ဇာေဆး႐ုံမွာ ဧၿပီ(၁၂)ရက္ကစစ္ေဆးခဲ့ရာ positive ေတြ႕ရွိရတာ‌ေၾကာင့္ ပိုၿပီးစိတ္ခ်ဖို႔အတြက္ တ႐ုတ္ႏိုင္ငံ ရင္ခ်န္းၿမိဳ႕ေဆး႐ုံကိုဆက္သြယ္ကာ သူနဲ႔ထိေတြ႕ပတ္သက္ခဲ့သူ (၈)ဦးရဲ႕ ေသြးအေျဖနမူနာကိုပါ ထပ္မံေပးပို႔စစ္ေဆးခဲ့ရပါတယ္။ အဲ့ဒီလိုစစ္ေဆးရာမွာ သူအပါအဝင္ စစ္ေဆးသူ(၉)ဦးစလုံးမွာCOVID-19 ေရာဂါပိုး(မေတြ႕ရွိ)Negative အေျဖ
ထြက္လာတာပါ။

အဲ့ဒီအေျဖကို လိုင္ဇာCOVID-19ကပ္ေရာဂါ ကာကြယ္ေရးေကာ္မတီကလည္း အတည္ျပဳေၾကာင္း ထုတ္ျပန္ထားပါတယ္။

လိုင္ဇာေဆး႐ုံမွ ေဆး႐ုံတက္ေရာက္ကုသသူ ၏ပထမစစ္ေဆးထုတ္ျပန္ခ်က္အရ ကခ်င္ျပည္နယ္ဝိုင္းေမာ္ၿမိဳ႕ရွိ အဆိုပါ လူသြားလာခဲ့ရာေနရာမ်ားတြင္ ဝိုင္းေမာ္ၿမိဳ႕နယ္ရွိသက္ဆိုင္ရာတာဝန္ရွိသူမ်ားက ပိုးသတ္ေဆးဖ်န္းျခင္း၊ႏွာေခါင္းစည္းမ်ားတပ္ဆင္ေပးျခင္း၊သြားလာကန႔္သတ္မူ႔ေတြျပဳလုပ္ေပးခဲ့တယ္လို႔သိရပါတယ္။

သတင္း/ဓာတ္ပုံ-မိုးျမင့္
One News Myanmar
---------------------------------------------------
(Unicode)⤵⤵⤵
လိုင်ဇာမြို့မှ Covid-19 သံသယလူနာ၏သွေးအဖြေအား တရုတ်နိုင်ငံရင်ချန်းတွင် ထပ်မံစစ်ဆေးရာ Negative အဖြစ်အတည်ပြုခဲ့

မြန်မာတရုတ် နှစ်နိူင်ငံနယ်စပ်ရှိ လိုင်ဇာမြို့ မှာ Covid_19သံသယလူနာအပါအဝင် ထိတွေ့ပတ်သက်ခဲ့သူ(၈)ဦးရဲ့သွေးအဖြေကို တရုတ်နိုင်ငံရင်ချန်းဆေးရုံCDCစက်ဖြင့်ဧပြီ(၁၃)ရက်ညကပို့ဆောင်စစ်ဆေးခဲ့ရာ ဒီကနေ့ဧပြီ(၁၄)ရက်မှာတော့ စုစုပေါင်း လူ(၉)ဦးရဲ့ ရလာဘ်မှာ Negative ဖြစ်ကာ covid_19ရောဂါပိုး(မတွေ့ရှိရ)ကြောင်း ကို ဝိုင်းမော်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသိန်းမြို့ကပြောပါတယ်။

မူလက လိုင်ဇာဆေးရုံမှာစစ်ဆေးစဉ်က ရောဂါပိုးတွေ့ရှိတယ်လို့ ရလဒ်မှားယွင်းထွက်ပေါ်ခဲ့တာပါ။
"ဟုတ်ပါတယ် သူကဖျားတာမှန်တယ်၊ ရိုးရိုးအဖျားပေါ့။ပထမလိုင်ဇာဆေးရုံကစစ်တဲ့စက်က အမှားတွေ့တတ်လို့နိုင်ငံတကာကမသုံးရဘူးလို့တားမြစ်ထားတဲ့ စက်နဲ့စစ်လိုက်တာ။ သူတို့ကလည်းသူတို့ရှိတာလေးနဲ့အမြန်စစ်ရတာဆိုတော့ အမြန်စစ်တဲ့စက်နဲ့ စစ်လိုက်တာပေါ့နော်။ မြန်မာပြည်အစိုးရကကော၊စင်ကာပူ၊အမေရိကန်၊သြဇီစတဲ့ နိုင်ငံတွေကမသုံးဘူး။ သူကအမှားတွေထွက်တတ်လို့လေ။ ခုပိုသေချာအောင်တရုတ်ပြည်ကစက်ကြီးနဲ့ကျနော်တို့ရန်ကုန်ကစစ်တဲ့ပုံစံမျိုး စစ်လိုက်တော့ရှင်းရှင်းလင်းလင်းအဖြေသိတာပေါ့နော်။ရလဒ်အမှန်ကတော့ Negativeပါ"လို့ ဒေါက်တာသိန်းမြို့ဆိုပါတယ်။

Covid _19သံသယရှိသူဟာလိုင်ဇာမြို့ကနေဝိုင်းမော်မြို့ကို မတ်လ(၂၂)ရက်နဲ့(၂၃)ရက်အထိ(၂)ရက်ကြာလာရောက်လည်ပတ်နေထိုင်ခဲ့ပြီးနောက် လိုင်ဇာမြို့ကို
မတ်လ(၂၄)ရက်မှာ ဧပြီ(၆)ရက် မှာ တော့ ချောင်းဆိုးတာ ၊ နှာရည်ယိုတာ ၊ကိုယ်ပူတာ‌ တွေ ဖြစ်ပေါ်ခဲ့တာပါ။
သူတာဝန်ကျတဲ့ တပ်ဆေးခန်းမှာ ဆေးသောက်ကုသခဲ့ပေမဲ့ သက်သာမှုမရှိတဲ့အတွက် လိုင်ဇာမြို့ HpAဆေးရုံမှာ တက်ရောက် ကုသခဲ့ရပါတယ်။

လိုင်ဇာဆေးရုံမှာ ဧပြီ(၁၂)ရက်ကစစ်ဆေးခဲ့ရာ positive တွေ့ရှိရတာ‌ကြောင့် ပိုပြီးစိတ်ချဖို့အတွက် တရုတ်နိုင်ငံ ရင်ချန်းမြို့ဆေးရုံကိုဆက်သွယ်ကာ သူနဲ့ထိတွေ့ပတ်သက်ခဲ့သူ (၈)ဦးရဲ့ သွေးအဖြေနမူနာကိုပါ ထပ်မံပေးပို့စစ်ဆေးခဲ့ရပါတယ်။ အဲ့ဒီလိုစစ်ဆေးရာမှာ သူအပါအဝင် စစ်ဆေးသူ(၉)ဦးစလုံးမှာCOVID-19 ရောဂါပိုး(မတွေ့ရှိ)Negative အဖြေ
ထွက်လာတာပါ။

အဲ့ဒီအဖြေကို လိုင်ဇာCOVID-19ကပ်ရောဂါ ကာကွယ်ရေးကော်မတီကလည်း အတည်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။

လိုင်ဇာဆေးရုံမှ ဆေးရုံတက်ရောက်ကုသသူ ၏ပထမစစ်ဆေးထုတ်ပြန်ချက်အရ ကချင်ပြည်နယ်ဝိုင်းမော်မြို့ရှိ အဆိုပါ လူသွားလာခဲ့ရာနေရာများတွင် ဝိုင်းမော်မြို့နယ်ရှိသက်ဆိုင်ရာတာဝန်ရှိသူများက ပိုးသတ်ဆေးဖျန်းခြင်း၊နှာခေါင်းစည်းများတပ်ဆင်ပေးခြင်း၊သွားလာကန့်သတ်မူ့တွေပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။

သတင်း/ဓာတ်ပုံ-မိုးမြင့်
One News Myanmar
https://www.facebook.com/onenewsmyan/
လိုင္ဇာၿမိဳ႕မွ Covid-19 သံသယလူနာ၏ေသြးအေျဖအား တ႐ုတ္ႏိုင္ငံရင္ခ်န္းတြင္ ထပ္မံစစ္ေဆးရာ Negative အျဖစ္အတည္ျပဳခဲ့ လိုင္ဇာၿမိဳ႕မွ Covid-19 သံသယလူနာ၏ေသြးအေျဖအား တ႐ုတ္ႏိုင္ငံရင္ခ်န္းတြင္ ထပ္မံစစ္ေဆးရာ Negative အျဖစ္အတည္ျပဳခဲ့ Reviewed by THITHTOOLWIN on 07:48 Rating: 5
Powered by Blogger.