COVID-19 ဒဏ္သင့္ EU အဖြဲ႔ဝင္ႏုိင္ငံေတြကို ကူညီဖို႔ ယူ႐ို ဘီလီယံ ၅၀၀ သံုးမယ္

ယူ႐ိုေငြသံုးႏုိင္ငံမ်ား ဥကၠ႒ Mario Centeno
(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါေၾကာင့္ ထိခိုက္ေနတဲ့ EU ဥေရာပမဂၢအဖဲြ႔ဝင္ႏိုင္ငံေတြကို ကူညီဖို႔ ယူ႐ိုေငြ ဘီလီယံ ၅၀၀ ရန္ပံုေငြ သံုးသြားမယ္လုိ႔ ယူ႐ိုေငြေၾကးသံုးစြဲတဲ့ EU ႏိုင္ငံ ၁၉ ခုရဲ႕ ဘ႑ာေရးဝန္ႀကီးေတြ သေဘာတူခဲ့ၾကပါတယ္။ ခုေလာက္ ပမာဏမ်ားျပားတဲ့ ေထာက္ပံ့ကူညီေရးရန္ပံုေငြ အရင္ ဘယ္တုန္းကမွ မ႐ွိခဲ့ဖူးဘူးလို႔ ယူ႐ိုေငြသံုးႏုိင္ငံမ်ား ဥကၠ႒ Mario Centeno ကေျပာၾကားခဲ့ပါတယ္။

ဒီကေန႔အတည္ျပဳလိုက္တဲ့ ဘ႑ာေရးကူညီေငြဟာ ဥေရာပသမဂၢတခုလံုး အသားတင္ထုတ္လုပ္မႈ GDB တန္ဖိုးရဲ႕ ၄ ရာခိုင္ႏႈန္း နီးပါးေလာက္႐ွိပါတယ္။ ျပႆနာရင္ဆိုင္ေနရခ်ိန္မွာ EU စီးပြားေရးကို ခ်က္ခ်င္းထိန္းမတ္ေပးၿပီး အကာအကြယ္ေပးမယ့္ အစြမ္းထက္တဲ့ ေထာက္ပံ့မႈျဖစ္တယ္လို႔ ယူ႐ိုေငြသံုးႏုိင္ငံမ်ား ဥကၠ႒က Video link က တဆင့္လုပ္တဲ့ သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ကပ္ေရာဂါေၾကာင့္ ကုမၸဏီေတြ၊ အလုပ္သမားေတြ၊ က်န္းမာေရးေစာင့္ေ႐ွာက္မႈစနစ္ေတြထိခိုက္ေနတာ ေလ်ာ့ပါးေစေရးအတြက္ အခုအတည္ျပဳလိုက္တဲ့ ေငြေတြကို သံုးစြဲမွာျဖစ္ပါတယ္။ COVID-19 ကပ္ေရာဂါေၾကာင့္ အေတာ္ေလးထိခိုက္ေနတဲ့ အီတလီႏိုင္ငံနဲ႔ စပိန္ႏိုင္ငံေတြအေနနဲ႔ လိုအပ္ေနတဲ့ က်န္းမာေရးေစာင့္ေ႐ွာက္မႈစနစ္အတြက္ သံုးစြဲသေ႐ၸ႕ က်ားကန္ ေထာက္ပံေငြ ယူ႐ို ၂၄၀ ဘီလီယံ အထိကို ျမန္ျမန္ဆန္ဆန္ ရ႐ွိႏိုင္မွာျဖစ္ပါတယ္။

ေထာက္ပံ့ေရးရန္ပံုေငြကို ရ႐ွိႏိုင္ဖုိ႔ ႏိုင္ငံေတြအေနနဲ႔ ကုန္က်ေနတဲ့ က်န္းမာေရးအသံုးစရိတ္ေတြကို ျပၾကရမယ္လို႔ ဥကၠ႒ Mario Centeno ကေျပာၾကားခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------

[Unicode Version]

COVID-19 ဒဏ်သင့် EU အဖွဲ့ဝင်နိုင်ငံတွေကိုကူညီဖို့ ယူရို ဘီလီယံ ၅၀၀ သုံးမယ်

COVID-19 ကပ်ရောဂါကြောင့် ထိခိုက်နေတဲ့ EU ဥရောပမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ကူညီဖို့ ယူရိုငွေ ဘီလီယံ ၅၀၀ ရန်ပုံငွေ သုံးသွားမယ်လို့ ယူရိုငွေကြေးသုံးစွဲတဲ့ EU နိုင်ငံ ၁၉ ခုရဲ့ ဘဏ္ဍာရေးဝန်ကြီးတွေ သဘောတူခဲ့ကြပါတယ်။ ခုလောက် ပမာဏများပြားတဲ့ ထောက်ပံ့ကူညီရေးရန်ပုံငွေ အရင် ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးလို့ ယူရိုငွေသုံးနိုင်ငံများ ဥက္ကဋ္ဌ Mario Centeno ကပြောကြားခဲ့ပါတယ်။

ဒီကနေ့အတည်ပြုလိုက်တဲ့ ဘဏ္ဍာရေးကူညီငွေဟာ ဥရောပသမဂ္ဂတခုလုံး အသားတင်ထုတ်လုပ်မှု GDB တန်ဖိုးရဲ့ ၄ ရာခိုင်နှုန်း နီးပါးလောက်ရှိပါတယ်။ ပြဿနာရင်ဆိုင်နေရချိန်မှာ EU စီးပွားရေးကို ချက်ချင်းထိန်းမတ်ပေးပြီး အကာအကွယ်ပေးမယ့် အစွမ်းထက်တဲ့ ထောက်ပံ့မှုဖြစ်တယ်လို့ ယူရိုငွေသုံးနိုင်ငံများ ဥက္ကဋ္ဌက Video link ကတဆင့်လုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကပ်ရောဂါကြောင့် ကုမ္ပဏီတွေ၊ အလုပ်သမားတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေထိခိုက်နေတာ လျော့ပါးစေရေးအတွက် အခုအတည်ပြုလိုက်တဲ့ ငွေတွေကို သုံးစွဲမှာဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါကြောင့် အတော်လေးထိခိုက်နေတဲ့ အီတလီနိုင်ငံနဲ့ စပိန်နိုင်ငံတွေအနေနဲ့ လိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် သုံးစွဲသရ္ပေ့ ကျားကန် ထောက်ပံငွေ ယူရို ၂၄၀ ဘီလီယံ အထိကို မြန်မြန်ဆန်ဆန် ရရှိနိုင်မှာဖြစ်ပါတယ်။

ထောက်ပံ့ရေးရန်ပုံငွေကို ရရှိနိုင်ဖို့ နိုင်ငံတွေအနေနဲ့ ကုန်ကျနေတဲ့ ကျန်းမာရေးအသုံးစရိတ်တွေကို ပြကြရမယ်လို့ ဥက္ကဋ္ဌ Mario Centeno ကပြောကြားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/eu-covid-finance-package-fund/5367096.html
COVID-19 ဒဏ္သင့္ EU အဖြဲ႔ဝင္ႏုိင္ငံေတြကို ကူညီဖို႔ ယူ႐ို ဘီလီယံ ၅၀၀ သံုးမယ္ COVID-19 ဒဏ္သင့္ EU အဖြဲ႔ဝင္ႏုိင္ငံေတြကို ကူညီဖို႔ ယူ႐ို ဘီလီယံ ၅၀၀ သံုးမယ္ Reviewed by THITHTOOLWIN on 22:44 Rating: 5
Powered by Blogger.