ၿမိတ္ၿမိဳ႕တြင္ Covid-19 Case-025 လူနာႏွင့္ ပတ္သက္ခဲ့သူ ၁၀၀ ေက်ာ္ကို Quarantine လုပ္ထားၿပီး မဂၤလာပြဲႏွင့္ ပတ္သက္သူမ်ားကိုလည္း ဆက္လက္စုံစမ္းေန


(Zawgyi)⤵⤵⤵
ၿမိတ္ၿမိဳ႕တြင္ Covid-19 Case-025 လူနာႏွင့္ပတ္သက္ခဲ့သူ ၁၀၀ ေက်ာ္ကို Quarantine လုပ္ထားၿပီး မဂၤလာပြဲႏွင့္ ပတ္သက္သူမ်ားကိုလည္း ဆက္လက္စုံစမ္းေနေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးဦး၀င္သူေအာင္မွေျပာၾကားခဲ့ပါတယ္။

မတ္လ ၂၃ ရက္ေန႔ကၿမိတ္ၿမိဳ႕သို႔ လာေရာက္ခဲ့တဲ့ Covid-19 အတည္ျပဳလူနာ 025 မွာ အိမ္ေတာ္ျဖဴဟိုတယ္တြင္တည္းခိုခဲ့ၿပီး ဟိုတယ္ကိုလည္း Lock Down ခ်ခဲ့သလို ဟိုတယ္၀န္ထမ္းမ်ား ႏွင့္ မိသား၀င္မ်ားကိုလည္း Quarantine ပို႔ထားေၾကာင္းသိရပါတယ္။

"" ၿမိတ္မွာ Facility Quarantine ၃ ခုရွိတယ္၊ ေက်း႐ြာအုပ္စုေတြမွာေတာ့ စာသင္ေက်ာင္းႏွင့္ ဘုန္းႀကီးေက်ာင္း မွာ ေစာင့္ၾကည့္ေရးစင္တာေတြလုပ္ထား တယ္။ ၿမိတ္မွာယခင္ရွိရင္းစြဲ ေစာင့္ၾကည့္ထားတဲ့သူႏွင့္အခုထပ္ၿပီးေစာင့္ၾကည့္ ေနတဲ့သူေပါင္းရင္၂၀၀ ေက်ာ္ ရွိေနပါၿပီ။ အဲဒီလူနာလာသြားတဲ့မဂၤလာပြဲက အက်ဥ္းခ်ဳပ္လုပ္တယ္ဆိုေပမယ့္ တက္ေရာက္တဲ့သူက ၇၀ မွ ၁၀၀ အထိ လာေရာက္ခဲ့တယ္လို႔ ဗြီဒီယိုမွတ္တမ္းအရ ခန္႔မွန္းလို႔ရတယ္။ ဘယ္သူေတြႏွင့္ ထိေတြ႕ထားသလဲ ဘယ္သူေတြႏွင့္သြားလာခဲ့သလဲဆိုတာ ကြၽန္ေတာ္တို႔အခ်က္အလက္ေတြ ရရွိထားၿပီးပါၿပီအဲဒါကိုက်န္းမာ ေရးဌာနက ဆုံးျဖတ္ၿပီးရင္ Quarantine ပို႔ရမယ့္ကိစၥကို အုပ္ခ်ဳပ္ေရးပိုင္းကေဆာင္႐ြက္မယ္ ''လို႔ ၿမိတ္ၿမိဳ႕နယ္ Covid ႀကိဳတင္ကာကြယ္ေရးေကာ္မတီဥကၠဌ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦး၀င္းသူ ေအာင္က ေျပာပါတယ္။

လက္ရွိအေနထားတြင္အတည္ျပဳလူနာ 025 သြားလာခဲ့တဲ့ေနရာေတြကိုရရွိထားၿပီးျဖစ္သလို ညစာစားပြဲတက္ေရာက္ခဲ့တဲ့ ကန္ဖ်ားရပ္၊ေအာင္ခ်မ္းသာလမ္း ေနအိမ္မွ မိသားစုဝင္ေတြကိုလည္း က်န္းမာေရးဌာနက ဧၿပီလ ၁၁ ရက္ေန႔ညပိုင္းတြင္ ၀င္ေရာက္စစ္ေဆးခဲ့ေၾကာင္း သိရပါတယ္။

ျမတ္ထြဋ္ (ၿမိတ္) Myat Htut - Myeik / Facebook
-------------------------------------------------
(Unicode)⤵⤵⤵
မြိတ်မြို့တွင် Covid-19 Case-025 လူနာနှင့် ပတ်သက်ခဲ့သူ ၁၀၀ ကျော်ကို Quarantine လုပ်ထားပြီး မင်္ဂလာပွဲနှင့် ပတ်သက်သူများကိုလည်း ဆက်လက်စုံစမ်းနေ

မြိတ်မြို့တွင် Covid-19 Case-025 လူနာနှင့်ပတ်သက်ခဲ့သူ ၁၀၀ ကျော်ကို Quarantine လုပ်ထားပြီး မင်္ဂလာပွဲနှင့် ပတ်သက်သူများကိုလည်း ဆက်လက်စုံစမ်းနေကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်သူအောင်မှပြောကြားခဲ့ပါတယ်။

မတ်လ ၂၃ ရက်နေ့ကမြိတ်မြို့သို့ လာရောက်ခဲ့တဲ့ Covid-19 အတည်ပြုလူနာ 025 မှာ အိမ်တော်ဖြူဟိုတယ်တွင်တည်းခိုခဲ့ပြီး ဟိုတယ်ကိုလည်း Lock Down ချခဲ့သလို ဟိုတယ်ဝန်ထမ်းများ နှင့် မိသားဝင်များကိုလည်း Quarantine ပို့ထားကြောင်းသိရပါတယ်။

"" မြိတ်မှာ Facility Quarantine ၃ ခုရှိတယ်၊ ကျေးရွာအုပ်စုတွေမှာတော့ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း မှာ စောင့်ကြည့်ရေးစင်တာတွေလုပ်ထား တယ်။ မြိတ်မှာယခင်ရှိရင်းစွဲ စောင့်ကြည့်ထားတဲ့သူနှင့်အခုထပ်ပြီးစောင့်ကြည့် နေတဲ့သူပေါင်းရင်၂၀၀ ကျော် ရှိနေပါပြီ။ အဲဒီလူနာလာသွားတဲ့မင်္ဂလာပွဲက အကျဉ်းချုပ်လုပ်တယ်ဆိုပေမယ့် တက်ရောက်တဲ့သူက ၇၀ မှ ၁၀၀ အထိ လာရောက်ခဲ့တယ်လို့ ဗွီဒီယိုမှတ်တမ်းအရ ခန့်မှန်းလို့ရတယ်။ ဘယ်သူတွေနှင့် ထိတွေ့ထားသလဲ ဘယ်သူတွေနှင့်သွားလာခဲ့သလဲဆိုတာ ကျွန်တော်တို့အချက်အလက်တွေ ရရှိထားပြီးပါပြီအဲဒါကိုကျန်းမာ ရေးဌာနက ဆုံးဖြတ်ပြီးရင် Quarantine ပို့ရမယ့်ကိစ္စကို အုပ်ချုပ်ရေးပိုင်းကဆောင်ရွက်မယ် ''လို့ မြိတ်မြို့နယ် Covid ကြိုတင်ကာကွယ်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူ အောင်က ပြောပါတယ်။

လက်ရှိအနေထားတွင်အတည်ပြုလူနာ 025 သွားလာခဲ့တဲ့နေရာတွေကိုရရှိထားပြီးဖြစ်သလို ညစာစားပွဲတက်ရောက်ခဲ့တဲ့ ကန်ဖျားရပ်၊အောင်ချမ်းသာလမ်း နေအိမ်မှ မိသားစုဝင်တွေကိုလည်း ကျန်းမာရေးဌာနက ဧပြီလ ၁၁ ရက်နေ့ညပိုင်းတွင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

မြတ်ထွဋ် (မြိတ်) Myat Htut - Myeik / Facebook
ၿမိတ္ၿမိဳ႕တြင္ Covid-19 Case-025 လူနာႏွင့္ ပတ္သက္ခဲ့သူ ၁၀၀ ေက်ာ္ကို Quarantine လုပ္ထားၿပီး မဂၤလာပြဲႏွင့္ ပတ္သက္သူမ်ားကိုလည္း ဆက္လက္စုံစမ္းေန ၿမိတ္ၿမိဳ႕တြင္ Covid-19 Case-025 လူနာႏွင့္ ပတ္သက္ခဲ့သူ ၁၀၀ ေက်ာ္ကို Quarantine လုပ္ထားၿပီး မဂၤလာပြဲႏွင့္ ပတ္သက္သူမ်ားကိုလည္း ဆက္လက္စုံစမ္းေန Reviewed by THITHTOOLWIN on 21:59 Rating: 5
Powered by Blogger.