COVID-19 ေၾကာင့္ ကန္ ဒီမိုကရက္ Biden အတြက္ ဒုသမၼတေရြးခ်ယ္မႈ အေျပာင္းအလဲ ျဖစ္မယ့္ပံုရွိ



(Zawgyi / Unicode)

ဒီမိုကရက္တစ္ပါတီ သမၼတေလာင္းျဖစ္ဖို႔ ေသခ်ာသေလာက္ရွိေနသူ Joe Biden အတြက္ သူနဲ႔အတူ ၂၀၂၀ ျပည့္ႏွစ္ အေမရိကန္ သမၼတေရြးေကာက္ပြဲဝင္မယ့္ ဒုတိယသမၼတေလာင္း ေရြးခ်ယ္ရတာဟာ အခုလို ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ဆိုက္ေနခ်ိန္မွာ သာမန္အခ်ိန္ေတြထက္ ပိုၿပီး အေရးႀကီးလာပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သက္လို႔ ဗြီအုိေအသတင္းေထာက္ Brian Paddan သတင္းေပးပို႔ထားတာကို မျမသဇင္ေအာင္က တင္ျပေပးထားပါတယ္။

Joe Biden က သမၼတေလာင္းအျဖစ္ အမ်ိဳးသမီးတေယာက္ကို ေရြးမယ္လို႔ ကတိေပးထားတာမို႔ အမ်ိဳးသမီး အထက္လႊတ္ေတာ္အမတ္ တေယာက္ကို ေရြးလိမ့္မယ္လို႔ အမ်ားက ခန္႔မွန္းေနၾကပါတယ္။ အေမရိကန္ႏုိင္ငံအတြင္း COVID-19 ကပ္ေရာဂါ က်ေရာက္ေနတာေၾကာင့္ က်န္းမာေရးနဲ႔ စီးပြားေရး အက်ပ္အတည္းကို ေျဖရွင္းႏုိင္မယ့္ အေတြ႔အႀကဳံရွိတဲ့ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးလိုမ်ိဳးေတြက ႏိုင္ငံေရးအရ ဆြဲေဆာင္မႈရွိတာထက္ ပိုၿပီး အေရးႀကီးလာေနတာပါ။


သမၼတေဟာင္း အိုဘားမားကေတာ့ ဒုတိယသမၼတအျဖစ္ သူေရြးခ်ယ္ခဲ့ဖူးတဲ့ Joe Biden ရဲ႕ အေတြ႔အႀကဳံနဲ႔ စိတ္ေနစိတ္ထားကို အခုလို ခ်ီးက်ဴးေျပာဆိုပါတယ္။

“Joe Biden ကို ဒုတိယသမၼတအျဖစ္ ေရြးခဲ့တာက က်ေနာ့္ရဲ႕ ဆုံးျဖတ္ခ်က္ေတြထဲ အေကာင္းဆုံး ဆုံးျဖတ္ခ်က္တခု ျဖစ္ပါတယ္။ ေနာက္ေတာ့ သူက က်ေနာ္နဲ႔ အရင္းႏွီးဆုံး မိတ္ေဆြတေယာက္လည္း ျဖစ္လာခဲ့ပါတယ္။”

ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ႏုိင္ငံနဲ႔အဝွမ္း စီးပြားေရးလုပ္ငန္းေတြ က်ဆင္းလာတဲ့ အခ်ိန္မ်ိဳးမွာ Biden အေနနဲ႔ သူနဲ႔ အတူလက္တြဲ လုပ္ေဆာင္ရမယ့္ ဒုသမၼတေနရာမွာ ဒီလို အခက္အခဲေတြကို ကိုင္တြယ္ေျဖရွင္းႏိုင္မယ့္ အေတြ႔အႀကဳံရွိတဲ့သူကို ေရြးခ်ယ္ဖို႔ အလားအလာရွိတယ္လို႔ သုံးသပ္သူေတြက ဆိုပါတယ္။ Elizabethtown ေကာလိပ္က ႏိုင္ငံေရးသိပၸံပါေမာကၡ Kyle Kopko ကေတာ့...

“သူ႔အေနနဲ႔ ေရွ႕ဆက္မယ့္ မူဝါဒေတြကို ထည့္စဥ္းစားဖို႔ လိုကိုလိုပါတယ္။ ဒါက စည္း႐ုံးေရးမွာ တကယ္ကို အေရးပါတဲ့အခ်က္ပါ။ အခု ရင္ဆိုင္ေနရတဲ့ ျပႆနာေတြကို ျပည္နယ္အဆင့္ ဒါမွမဟုတ္ ႏိုင္ငံေတာ္အဆင့္ေလာက္ထိ ေျဖရွင္းႏိုင္တဲ့ အေတြ႔အႀကဳံရွိတဲ့ သူတေယာက္ေယာက္ပဲ ျဖစ္သင့္ပါတယ္။” လို႔ ေျပာပါတယ္။

ဒုသမၼတေနရာမွာ အမ်ိဳးသမီးတဦးကို ေရြးခ်ယ္သြားမယ္လို႔ ကတိျပဳထားတဲ့ Biden က အသက္ ၇၇ ႏွစ္ရွိေနၿပီျဖစ္တဲ့အတြက္ ဒုသမၼတအျဖစ္ တာဝန္ယူမယ့္သူက လုပ္ငန္းေဆာင္တာေတြကို ခ်က္ခ်င္း လႊဲေျပာင္းယူႏုိင္တဲ့ အရည္အခ်င္းရွိသူတေယာက္ ျဖစ္ဖို႔လည္း လိုပါတယ္။

“အမ်ိဳးသမီးတဦးဦးနဲ႔ အတူလက္တြဲလုပ္ရင္ ၂၁ ရာစုမွာ စီးပြားေရးအရ မေအာင္ျမင္တဲ့ႏိုင္ငံ မရွိပါဘူး။ အသိဉာဏ္နဲ႔ စြမ္းရည္ ၂ ခုေပါင္းတာပါ။” လို႔ သူက ေျပာထားတာပါ။

ဒုသမၼတေလာင္းေနရာမွာ ထိပ္ကေျပးေနသူ အမ်ိဳးသမီးေတြထဲ ကယ္လီဖိုးနီးယားျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Kamala Harris၊ မင္နီဆိုတာ အထက္လႊတ္ေတာ္အမတ္ Amy Klobuchar နဲ႔ မက္ဆာခ်ဴးဆက္ျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Elizabeth Warren တို႔ ပါဝင္ပါတယ္။

ဒါေပမယ့္ အလယ္အလတ္ဝါဒီ Biden နဲ႔ အခမဲ့ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ အခမဲ့ ေကာလိပ္ေက်ာင္းစရိတ္ေပးဖို႔ အားေပးေထာက္ခံသူ မက္ဆာခ်ဴးဆက္ျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Elizabeth Warren ၾကား သေဘာထား ကြဲလြဲမႈေတြ ရွိႏိုင္ပါတယ္။

ကယ္လီဖိုးနီးယားျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Kamala Harris ကို ေရြးခ်ယ္မယ္ဆိုရင္ေတာ့ အဓိကမဲဆႏၵရွင္ေတြျဖစ္တဲ့ အာဖရိကန္ႏြယ္ဖြား အေမရိကန္ေတြရဲ႕ ေထာက္ခံမႈကို ရမွာပါ။

တခ်ဳိ႕ အာဖရိကန္ အေမရိကန္ အသိုင္းအဝန္းေတြကေတာ့ ေဂ်ာ္ဂ်ီယာျပည္နယ္ လႊတ္ေတာ္အမတ္ေဟာင္း Stacy Abrams ကို ေရြးဖို႔ လႈံ႔ေဆာ္ တိုက္တြန္းေနပါတယ္။ ၂၀၁၈ ခုႏွစ္ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ေရြးေကာက္ပြဲမွာ ႐ႈံးနိမ့္ခဲ့တဲ့ Abrams ဟာ အေတြ႔အႀကဳံႏုေပမယ့္ သူ႔ကိုေရြးခ်ယ္ရင္ေတာ့ မဲအေရအတြက္ ပိုတိုးလာႏိုင္ပါတယ္။ Democracy in Color Podcast က အစီအစဥ္တင္ဆက္သူ Steve Phillips က...

“Stacey မွာ အားသာခ်က္ေတြရွိတယ္။ ဒါေတြက Biden ရဲ႕ အားနည္းခ်က္ေတြကို ညႇိေပးသြားႏိုင္တယ္။ Stacy က လူေတြကို စိတ္ဓာတ္ တက္ႂကြလာေအာင္ လုပ္ႏိုင္သလို အာဖရိကန္ အေမရိကန္ေတြ မဲထြက္ေပးခ်င္ေအာင္ လုပ္ႏိုင္တဲ့ အရည္အခ်င္းလည္း သူ႔မွာ မွတ္တမ္းမွတ္ရာနဲ႔ ရွိေနတာပါ။” လို႔ေျပာပါတယ္။

ျပည္နယ္အဆင့္မွာေတာ့ ဒီမိုကရက္ေတြ အႏိုင္ရဖို႔ လိုအပ္တဲ့ အေနာက္အလယ္ပိုင္း မီခ်ီဂန္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Gretchen Whitmer ကလည္း လတ္တေလာမွာ သူ႔ရဲ႕ ကပ္ေရာဂါအေရး ကိုင္တြယ္မႈေတြေၾကာင့္ လူႀကိဳက္မ်ားလာပါတယ္။ ေနာက္ ျဖစ္ႏိုင္ေခ်ရွိတဲ့သူကေတာ့ New Mexico ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Michelle Lujan Grisham ျဖစ္ၿပီး စပိန္စကားေျပာ အေမရိကန္ေတြကို ဆြဲေဆာင္ႏိုင္သူပါ။

Joe Biden အေနနဲ႔ သူ႔ရဲ႕ ဒုတိယသမၼတေလာင္းဟာ တိုင္းျပည္ကို အုပ္ခ်ဳပ္ဖို႔ အရည္အေသြးရွိသူ ျဖစ္သလို ဒီမိုကရက္ပါတီဝင္ေတြကို ဆြဲေဆာင္စည္း႐ုံးႏိုင္သူ တေယာက္ ျဖစ္တယ္ဆိုတဲ့ အခ်က္အေပၚ မူတည္ၿပီး ေရြးခ်ယ္သြားဖြယ္ ရွိပါတယ္။

--------------------------------

(Unicode)

COVID-19 ကြောင့် ကန် ဒီမိုကရက် Biden အတွက် ဒုသမ္မတရွေးချယ်မှု အပြောင်းအလဲ ဖြစ်မယ့်ပုံရှိ

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်ဖို့ သေချာသလောက်ရှိနေသူ Joe Biden အတွက် သူနဲ့အတူ ၂၀၂၀ ပြည့်နှစ် အမေရိကန် သမ္မတရွေးကောက်ပွဲဝင်မယ့် ဒုတိယသမ္မတလောင်း ရွေးချယ်ရတာဟာ အခုလို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဆိုက်နေချိန်မှာ သာမန်အချိန်တွေထက် ပိုပြီး အရေးကြီးလာပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် Brian Paddan သတင်းပေးပို့ထားတာကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

Joe Biden က သမ္မတလောင်းအဖြစ် အမျိုးသမီးတယောက်ကို ရွေးမယ်လို့ ကတိပေးထားတာမို့ အမျိုးသမီး အထက်လွှတ်တော်အမတ် တယောက်ကို ရွေးလိမ့်မယ်လို့ အများက ခန့်မှန်းနေကြပါတယ်။ အမေရိကန်နိုင်ငံအတွင်း COVID-19 ကပ်ရောဂါ ကျရောက်နေတာကြောင့် ကျန်းမာရေးနဲ့ စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် အတွေ့အကြုံရှိတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးလိုမျိုးတွေက နိုင်ငံရေးအရ ဆွဲဆောင်မှုရှိတာထက် ပိုပြီး အရေးကြီးလာနေတာပါ။

သမ္မတဟောင်း အိုဘားမားကတော့ ဒုတိယသမ္မတအဖြစ် သူရွေးချယ်ခဲ့ဖူးတဲ့ Joe Biden ရဲ့ အတွေ့အကြုံနဲ့ စိတ်နေစိတ်ထားကို အခုလို ချီးကျူးပြောဆိုပါတယ်။

“Joe Biden ကို ဒုတိယသမ္မတအဖြစ် ရွေးခဲ့တာက ကျနော့်ရဲ့ ဆုံးဖြတ်ချက်တွေထဲ အကောင်းဆုံး ဆုံးဖြတ်ချက်တခု ဖြစ်ပါတယ်။ နောက်တော့ သူက ကျနော်နဲ့ အရင်းနှီးဆုံး မိတ်ဆွေတယောက်လည်း ဖြစ်လာခဲ့ပါတယ်။”

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် နိုင်ငံနဲ့အဝှမ်း စီးပွားရေးလုပ်ငန်းတွေ ကျဆင်းလာတဲ့ အချိန်မျိုးမှာ Biden အနေနဲ့ သူနဲ့ အတူလက်တွဲ လုပ်ဆောင်ရမယ့် ဒုသမ္မတနေရာမှာ ဒီလို အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အတွေ့အကြုံရှိတဲ့သူကို ရွေးချယ်ဖို့ အလားအလာရှိတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ Elizabethtown ကောလိပ်က နိုင်ငံရေးသိပ္ပံပါမောက္ခ Kyle Kopko ကတော့...

“သူ့အနေနဲ့ ရှေ့ဆက်မယ့် မူဝါဒတွေကို ထည့်စဉ်းစားဖို့ လိုကိုလိုပါတယ်။ ဒါက စည်းရုံးရေးမှာ တကယ်ကို အရေးပါတဲ့အချက်ပါ။ အခု ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ပြည်နယ်အဆင့် ဒါမှမဟုတ် နိုင်ငံတော်အဆင့်လောက်ထိ ဖြေရှင်းနိုင်တဲ့ အတွေ့အကြုံရှိတဲ့ သူတယောက်ယောက်ပဲ ဖြစ်သင့်ပါတယ်။” လို့ ပြောပါတယ်။

ဒုသမ္မတနေရာမှာ အမျိုးသမီးတဦးကို ရွေးချယ်သွားမယ်လို့ ကတိပြုထားတဲ့ Biden က အသက် ၇၇ နှစ်ရှိနေပြီဖြစ်တဲ့အတွက် ဒုသမ္မတအဖြစ် တာဝန်ယူမယ့်သူက လုပ်ငန်းဆောင်တာတွေကို ချက်ချင်း လွှဲပြောင်းယူနိုင်တဲ့ အရည်အချင်းရှိသူတယောက် ဖြစ်ဖို့လည်း လိုပါတယ်။

“အမျိုးသမီးတဦးဦးနဲ့ အတူလက်တွဲလုပ်ရင် ၂၁ ရာစုမှာ စီးပွားရေးအရ မအောင်မြင်တဲ့နိုင်ငံ မရှိပါဘူး။ အသိဉာဏ်နဲ့ စွမ်းရည် ၂ ခုပေါင်းတာပါ။” လို့ သူက ပြောထားတာပါ။

ဒုသမ္မတလောင်းနေရာမှာ ထိပ်ကပြေးနေသူ အမျိုးသမီးတွေထဲ ကယ်လီဖိုးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် Kamala Harris၊ မင်နီဆိုတာ အထက်လွှတ်တော်အမတ် Amy Klobuchar နဲ့ မက်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် Elizabeth Warren တို့ ပါဝင်ပါတယ်။

ဒါပေမယ့် အလယ်အလတ်ဝါဒီ Biden နဲ့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့အခမဲ့ ကောလိပ်ကျောင်းစရိတ်ပေးဖို့ အားပေးထောက်ခံသူ မက်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ် Elizabeth Warren ကြား သဘောထား ကွဲလွဲမှုတွေ ရှိနိုင်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် အထက်လွှတ်တော်အမတ် Kamala Harris ကို ရွေးချယ်မယ်ဆိုရင်တော့ အဓိကမဲဆန္ဒရှင်တွေဖြစ်တဲ့ အာဖရိကန်နွယ်ဖွား အမေရိကန်တွေရဲ့ ထောက်ခံမှုကို ရမှာပါ။

တချို့ အာဖရိကန် အမေရိကန် အသိုင်းအဝန်းတွေကတော့ ဂျော်ဂျီယာပြည်နယ် လွှတ်တော်အမတ်ဟောင်း Stacy Abrams ကို ရွေးဖို့ လှုံ့ဆော် တိုက်တွန်းနေပါတယ်။ ၂၀၁၈ ခုနှစ် ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ Abrams ဟာ အတွေ့အကြုံနုပေမယ့် သူ့ကိုရွေးချယ်ရင်တော့ မဲအရေအတွက် ပိုတိုးလာနိုင်ပါတယ်။ Democracy in Color Podcast က အစီအစဉ်တင်ဆက်သူ Steve Phillips က...

“Stacey မှာ အားသာချက်တွေရှိတယ်။ ဒါတွေက Biden ရဲ့ အားနည်းချက်တွေကို ညှိပေးသွားနိုင်တယ်။ Stacy က လူတွေကို စိတ်ဓာတ် တက်ကြွလာအောင် လုပ်နိုင်သလို အာဖရိကန် အမေရိကန်တွေ မဲထွက်ပေးချင်အောင် လုပ်နိုင်တဲ့ အရည်အချင်းလည်း သူ့မှာ မှတ်တမ်းမှတ်ရာနဲ့ ရှိနေတာပါ။” လို့ပြောပါတယ်။

ပြည်နယ်အဆင့်မှာတော့ ဒီမိုကရက်တွေ အနိုင်ရဖို့ လိုအပ်တဲ့ အနောက်အလယ်ပိုင်း မီချီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး Gretchen Whitmer ကလည်း လတ်တလောမှာ သူ့ရဲ့ ကပ်ရောဂါအရေး ကိုင်တွယ်မှုတွေကြောင့် လူကြိုက်များလာပါတယ်။ နောက် ဖြစ်နိုင်ချေရှိတဲ့သူကတော့ New Mexico ပြည်နယ် အုပ်ချုပ်ရေးမှူး Michelle Lujan Grisham ဖြစ်ပြီး စပိန်စကားပြော အမေရိကန်တွေကို ဆွဲဆောင်နိုင်သူပါ။

Joe Biden အနေနဲ့ သူ့ရဲ့ ဒုတိယသမ္မတလောင်းဟာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ အရည်အသွေးရှိသူ ဖြစ်သလို ဒီမိုကရက်ပါတီဝင်တွေကို ဆွဲဆောင်စည်းရုံးနိုင်သူ တယောက် ဖြစ်တယ်ဆိုတဲ့ အချက်အပေါ် မူတည်ပြီး ရွေးချယ်သွားဖွယ် ရှိပါတယ်။

ျမသဇင္ေအာင္/VOA (Burmese)
https://burmese.voanews.com/a/joe-biden-choices-vice-president/5379345.html
COVID-19 ေၾကာင့္ ကန္ ဒီမိုကရက္ Biden အတြက္ ဒုသမၼတေရြးခ်ယ္မႈ အေျပာင္းအလဲ ျဖစ္မယ့္ပံုရွိ COVID-19 ေၾကာင့္ ကန္ ဒီမိုကရက္ Biden အတြက္ ဒုသမၼတေရြးခ်ယ္မႈ အေျပာင္းအလဲ ျဖစ္မယ့္ပံုရွိ Reviewed by THITHTOOLWIN on 09:12 Rating: 5
Powered by Blogger.