Cobas 6800 နဲ႔ ေမလကစစစ္ႏိုင္မယ္၊ နမူနာပို႔ရင္ စစ္ဖို႔ တပ္ကလည္းအဆင့္သင့္ရွိလို႔ဆို

အရည္အေသြးစစ္ေဆးမႈေတြၿပီးတဲ့အခါ Cobas 6800 က တေန႔ ၈နာရီလည္ပတ္ၿပီး နမူနာ၃၈၄ ခုကို စစ္ေဆးႏိုင္မွာျဖစ္ပါတယ္။
(Zawgyi)⤵⤵⤵
Cobas 6800 ကို ဧၿပီလ ၂၄ရက္ေန႔မွာ စတင္တပ္ဆင္ေနတာ ၉၅ ရာခိုင္ႏႈန္းအထိ ၿပီးေနၿပီလို႔ က်န္းမာေရး ဝန္ႀကီးဌာနက ဧၿပီလ ၂၆ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။ဒီေန႔ ၂၇ရက္ေန႔မွာေတာ့ အၿပီးတပ္ဆင္မယ္ လို႔လည္း ပါရွိပါတယ္။

ဒါကလည္း စက္တပ္ဆင္မႈ ၿပီးေျမာက္ တဲ့အပိုင္းကို ဆိုလိုတာျဖစ္ပါတယ္။

အဲဒီလို စက္တပ္ဆင္ၿပီးတာနဲ႔ တၿပိဳင္နက္ အရည္ေသြးစမ္းစစ္မႈ စမ္းသပ္ လည္ပတ္တာကို လုပ္ေဆာင္မွာ ျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရသူ ေဒါက္တာသန္းႏိုင္စိုးက ဘီဘီစီကို ေျပာပါ တယ္။

အရည္အေသြးျပည့္ဝမႈ စမ္းစစ္လည္ပတ္မႈေတြကို ဧၿပီလကုန္ပိုင္းအထိ လုပ္ေဆာင္ရမွာျဖစ္တဲ့အတြက္ အတည္ျပဳ စစ္ေဆးမႈေတြကို ေမလဆန္းပိုင္းကစၿပီး ျပဳလုပ္ႏိုင္မွာျဖစ္ပါတယ္။

အဲဒီလို အရည္အေသြးစစ္ေဆးမႈေတြၿပီးတဲ့အခါ Cobas 6800 က တေန႔ ၈နာရီလည္ပတ္ၿပီး နမူနာ၃၈၄ ခုကို စစ္ေဆးႏိုင္မွာျဖစ္ပါတယ္။

စက္ရဲ႕ စစ္ေဆးႏိုင္စြမ္းက တရက္ ၂၄နာရီ ဆက္တိုက္စစ္ရင္ နမူနာတေထာင္ေက်ာ္အထိ စစ္ေဆးႏိုင္ ေပမယ့္ အဆက္မျပတ္စစ္ေဆးပါက စြမ္းေဆာင္ႏိုင္စြမ္း ပ်က္ဆီးႏိုင္တာေၾကာင့္ ၂၄နာရီလုံးလည္ပတ္ ႏိုင္ဖို႔ကေတာ့ မျဖစ္ႏိုင္သလို၊ ဘယ္လို ႏိုင္ငံမ်ိဳးမွာမဆို အဲဒီလိုစစ္ေဆးတာမ်ိဳးမရွိဘူးလို႔လည္း အမ်ိဳးသား ဓာတ္ခြဲခန္းကသိရပါတယ္။

တပ္မေတာ္အေနနဲ႔လည္း ရန္ကုန္နဲ႔ ေနျပည္ေတာ္တို႔မွာ အလားတူ Cobas 6800 စက္ႏွစ္လုံးကို စစ္ေဆး ႏိုင္ဖို႔ အဆင့္သင့္အေနအထားရွိေနၿပီး လိုအပ္တဲ့ ဓာတ္စမ္းပစၥည္း Reagent လည္း နမူနာ ႏွစ္ေထာင္စာအတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း ကဘီဘီစီကိုေျပာပါတယ္။

ေနာက္ထပ္လည္း ဓာတ္စမ္းပစၥည္း ႏွစ္ေသာင္းကို ထပ္မံမွာယူထားၿပီး မၾကာမီမွာ ထပ္မံေရာက္ရွိလာ ေတာ့မယ္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

"နမူနာေတြပို႔တာနဲ႔ ကြၽန္ေတာ္တို႔ဘက္က စစ္ေပးဖို႔ အဆင္သင့္ပါဘဲ၊ အဲဒီလိုစစ္ေဆးတာေတြ ကုန္က်စား ရိတ္ကိုလည္း တပ္မေတာ္ကက်ခံသုံးစြဲတာပါ" လို႔ သူကေျပာပါတယ္။

က်ိဳင္းတုံကို ပို႔မယ့္ ကိုဗစ္စစ္ေဆးႏိုင္တဲ့ အျခားစက္တလုံးကလည္း အဆင့္သင့္ျဖစ္ေနၿပီး၊ စစ္ေဆးမယ့္ ေနရာေဆာက္လုပ္ေနတာကို ေစာင့္ဆိုင္းေနတယ္လို႔သိရပါတယ္။

အဲဒီစက္ကလည္း ေနရာေဆာက္လုပ္ ၿပီးစီးမယ့္ ေမလအတြင္းမွာ ပို႔ေပးႏိုင္မယ္လို႔ တပ္မေတာ္ဘက္က ရည္႐ြယ္ထားပါတယ္။

အခုလိုစစ္ေဆးေပးဖို႔ အဆင္သင့္ျဖစ္ေနတာကိုလည္း က်န္းမာေရးဝန္ႀကီးဌာနကို အသိေပးထားၿပီး ျဖစ္ကာ၊ သက္ဆိုင္ရာ က်န္းမာေရးက အရာရွိေတြနဲ႔ ေတြ႕ဆုံေျပာဆိုထားၿပီးျဖစ္တယ္လို႔သိရပါတယ္။

လက္ရွိအခ်ိန္အထိ တေန႔ကို လူအေယာက္ ၄၀၀ ကေန ၅၀၀ အထိသာ ရန္ကုန္က အမ်ိဳးသားဓာတ္ခြဲခန္းနဲ႔ ေဆးသုေတသနဦးစီးဌာနတို႔မွာ စစ္ေဆးေနပါတယ္။

အဲဒီႏႈန္းကလည္း လူနာနဲ႔ထိေတြ႕တဲ့အနီးဆုံးလူ၊ သူနဲ႔တဆင့္ထိေတြ႕သူေတြအျပင္ ေစာင့္ၾကည့္ေနရသူအေရ အတြက္ရဲ႕ ၁၀ ရာခိုင္ႏႈန္းအထိကိုသာ စစ္ေဆးေပးေနတဲ့ ႏႈန္းလည္းျဖစ္ပါတယ္။
ကိုဗစ္ဓာတ္ခြဲစစ္ေဆးခဲ့သူေပါင္း ေျခာက္ေထာင့္ငါးရာေက်ာ္ရွိခဲ့ပါတယ္။ အဲဒီထဲကမွ ၂ရာခိုင္ႏႈန္းေက်ာ္ျဖစ္တဲ့ ပိုးေတြ႕သူ ၁၄၆ ဦးရွိခဲ့ပါတယ္။
က်န္းမာေရးဝန္ႀကီးဌာနကေတာ့ ကိုဗစ္ စစ္ေဆးမႈေတြကို မႏၲေလးနဲ႔ ေမာ္လၿမိဳင္တို႔မွာပါ စစ္ေဆးႏိုင္မယ့္ ေနရာေတြကို ထားရွိသြားဖို႔ တလအတြင္းျပင္ဆင္မႈေတြျပဳလုပ္ေနတယ္လို႔ ေဒါက္တာသန္းႏိုင္စိုးက ဘီဘီစီ ကိုေျပာပါတယ္။

ဧၿပီလ ၂၆ရက္ေန႔အထိ ကိုဗစ္ ဓာတ္ခြဲစစ္ေဆးခဲ့သူေပါင္း ေျခာက္ေထာင့္ငါးရာေက်ာ္ရွိခဲ့ပါတယ္။ အဲဒီထဲကမွ ၂ရာခိုင္ႏႈန္းေက်ာ္ျဖစ္တဲ့ ပိုးေတြ႕သူ ၁၄၆ ဦးရွိခဲ့ပါတယ္။

အခုလက္ရွိအထိေတာ့ အသြားအလာကန႔္သတ္ေစာင့္ၾကည့္ထားရသူကလည္း ေလးေသာင္းသုံးေထာင္ ေလာက္ရွိေနပါတယ္။ သူတို႔ကို တိုင္းနဲ႔ျပည္နယ္အႏွံ႔ ေနရာေပါင္း ခုႏွစ္ေထာင္ေက်ာ္မွာ ထားရွိထား ပါတယ္။

စက္တပ္ဆင္တာေတြၿပီးစီးခဲ့တဲ့အခါ စတင္စစ္ေဆးႏိုင္ရင္ေတာ့ ေစာင့္ၾကည့္ခံရသူေတြအားလုံးကို စစ္ေဆးႏိုင္မႈ ရွိမရွိနဲ႔ ကုန္က်စရိတ္ေတြကို စရိတ္မွ်ေပးႏိုင္ေရးအတြက္ကိုေတာ့ ကိုဗစ္အမ်ိဳးသားအဆင့္ ေကာ္မတီနဲ႔ အျခားလုပ္ငန္းေကာ္မတီတို႔ရဲ႕ ဆုံးျဖတ္ခ်က္အေပၚ မူတည္ၿပီးသာ လုပ္ကိုင္မွာ ျဖစ္တယ္လို႔ ေဒါက္တာသန္းႏိုင္စိုးက ဘီဘီစီကိုေျပာပါတယ္။

ကိုဗစ္နမူနာစစ္ေဆးမႈတစ္ခုအတြက္ ကုန္က်စရိတ္က ျမန္မာက်ပ္ေငြ တစ္သိန္းခြဲခန႔္ရွိတယ္လို႔ သိရပါ တယ္။

BBC Burmese
------------------------------------------
(Unicode)⤵⤵⤵
Cobas 6800 နဲ့ မေလကစစစ်နိုင်မယ်၊ နမူနာပို့ရင် စစ်ဖို့ တပ်ကလည်းအဆင့်သင့်ရှိလို့ဆို

Cobas 6800 ကို ဧပြီလ ၂၄ရက်နေ့မှာ စတင်တပ်ဆင်နေတာ ၉၅ ရာခိုင်နှုန်းအထိ ပြီးနေပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ဧပြီလ ၂၆ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ဒီနေ့ ၂၇ရက်နေ့မှာတော့ အပြီးတပ်ဆင်မယ် လို့လည်း ပါရှိပါတယ်။

ဒါကလည်း စက်တပ်ဆင်မှု ပြီးမြောက် တဲ့အပိုင်းကို ဆိုလိုတာဖြစ်ပါတယ်။

အဲဒီလို စက်တပ်ဆင်ပြီးတာနဲ့ တပြိုင်နက် အရည်သွေးစမ်းစစ်မှု စမ်းသပ် လည်ပတ်တာကို လုပ်ဆောင်မှာ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးက ဘီဘီစီကို ပြောပါ တယ်။

အရည်အသွေးပြည့်ဝမှု စမ်းစစ်လည်ပတ်မှုတွေကို ဧပြီလကုန်ပိုင်းအထိ လုပ်ဆောင်ရမှာဖြစ်တဲ့အတွက် အတည်ပြု စစ်ဆေးမှုတွေကို မေလဆန်းပိုင်းကစပြီး ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အဲဒီလို အရည်အသွေးစစ်ဆေးမှုတွေပြီးတဲ့အခါ Cobas 6800 က တနေ့ ၈နာရီလည်ပတ်ပြီး နမူနာ၃၈၄ ခုကို စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

စက်ရဲ့ စစ်ဆေးနိုင်စွမ်းက တရက် ၂၄နာရီ ဆက်တိုက်စစ်ရင် နမူနာတထောင်ကျော်အထိ စစ်ဆေးနိုင် ပေမယ့် အဆက်မပြတ်စစ်ဆေးပါက စွမ်းဆောင်နိုင်စွမ်း ပျက်ဆီးနိုင်တာကြောင့် ၂၄နာရီလုံးလည်ပတ် နိုင်ဖို့ကတော့ မဖြစ်နိုင်သလို၊ ဘယ်လို နိုင်ငံမျိုးမှာမဆို အဲဒီလိုစစ်ဆေးတာမျိုးမရှိဘူးလို့လည်း အမျိုးသား ဓာတ်ခွဲခန်းကသိရပါတယ်။

တပ်မတော်အနေနဲ့လည်း ရန်ကုန်နဲ့ နေပြည်တော်တို့မှာ အလားတူ Cobas 6800 စက်နှစ်လုံးကို စစ်ဆေး နိုင်ဖို့ အဆင့်သင့်အနေအထားရှိနေပြီး လိုအပ်တဲ့ ဓာတ်စမ်းပစ္စည်း Reagent လည်း နမူနာ နှစ်ထောင်စာအတွက် အဆင်သင့်ဖြစ်နေပြီလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကဘီဘီစီကိုပြောပါတယ်။

နောက်ထပ်လည်း ဓာတ်စမ်းပစ္စည်း နှစ်သောင်းကို ထပ်မံမှာယူထားပြီး မကြာမီမှာ ထပ်မံရောက်ရှိလာ တော့မယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"နမူနာတွေပို့တာနဲ့ ကျွန်တော်တို့ဘက်က စစ်ပေးဖို့ အဆင်သင့်ပါဘဲ၊ အဲဒီလိုစစ်ဆေးတာတွေ ကုန်ကျစား ရိတ်ကိုလည်း တပ်မတော်ကကျခံသုံးစွဲတာပါ" လို့ သူကပြောပါတယ်။

ကျိုင်းတုံကို ပို့မယ့် ကိုဗစ်စစ်ဆေးနိုင်တဲ့ အခြားစက်တလုံးကလည်း အဆင့်သင့်ဖြစ်နေပြီး၊ စစ်ဆေးမယ့် နေရာဆောက်လုပ်နေတာကို စောင့်ဆိုင်းနေတယ်လို့သိရပါတယ်။

အဲဒီစက်ကလည်း နေရာဆောက်လုပ် ပြီးစီးမယ့် မေလအတွင်းမှာ ပို့ပေးနိုင်မယ်လို့ တပ်မတော်ဘက်က ရည်ရွယ်ထားပါတယ်။

အခုလိုစစ်ဆေးပေးဖို့ အဆင်သင့်ဖြစ်နေတာကိုလည်း ကျန်းမာရေးဝန်ကြီးဌာနကို အသိပေးထားပြီး ဖြစ်ကာ၊ သက်ဆိုင်ရာ ကျန်းမာရေးက အရာရှိတွေနဲ့ တွေ့ဆုံပြောဆိုထားပြီးဖြစ်တယ်လို့သိရပါတယ်။

လက်ရှိအချိန်အထိ တနေ့ကို လူအယောက် ၄၀၀ ကနေ ၅၀၀ အထိသာ ရန်ကုန်က အမျိုးသားဓာတ်ခွဲခန်းနဲ့ ဆေးသုတေသနဦးစီးဌာနတို့မှာ စစ်ဆေးနေပါတယ်။

အဲဒီနှုန်းကလည်း လူနာနဲ့ထိတွေ့တဲ့အနီးဆုံးလူ၊ သူနဲ့တဆင့်ထိတွေ့သူတွေအပြင် စောင့်ကြည့်နေရသူအရေ အတွက်ရဲ့ ၁၀ ရာခိုင်နှုန်းအထိကိုသာ စစ်ဆေးပေးနေတဲ့ နှုန်းလည်းဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ် စစ်ဆေးမှုတွေကို မန္တလေးနဲ့ မော်လမြိုင်တို့မှာပါ စစ်ဆေးနိုင်မယ့် နေရာတွေကို ထားရှိသွားဖို့ တလအတွင်းပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ ဒေါက်တာသန်းနိုင်စိုးက ဘီဘီစီ ကိုပြောပါတယ်။

ဧပြီလ ၂၆ရက်နေ့အထိ ကိုဗစ် ဓာတ်ခွဲစစ်ဆေးခဲ့သူပေါင်း ခြောက်ထောင့်ငါးရာကျော်ရှိခဲ့ပါတယ်။ အဲဒီထဲကမှ ၂ရာခိုင်နှုန်းကျော်ဖြစ်တဲ့ ပိုးတွေ့သူ ၁၄၆ ဦးရှိခဲ့ပါတယ်။

အခုလက်ရှိအထိတော့ အသွားအလာကန့်သတ်စောင့်ကြည့်ထားရသူကလည်း လေးသောင်းသုံးထောင် လောက်ရှိနေပါတယ်။ သူတို့ကို တိုင်းနဲ့ပြည်နယ်အနှံ့ နေရာပေါင်း ခုနှစ်ထောင်ကျော်မှာ ထားရှိထား ပါတယ်။

စက်တပ်ဆင်တာတွေပြီးစီးခဲ့တဲ့အခါ စတင်စစ်ဆေးနိုင်ရင်တော့ စောင့်ကြည့်ခံရသူတွေအားလုံးကို စစ်ဆေးနိုင်မှု ရှိမရှိနဲ့ ကုန်ကျစရိတ်တွေကို စရိတ်မျှပေးနိုင်ရေးအတွက်ကိုတော့ ကိုဗစ်အမျိုးသားအဆင့် ကော်မတီနဲ့ အခြားလုပ်ငန်းကော်မတီတို့ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီးသာ လုပ်ကိုင်မှာ ဖြစ်တယ်လို့ ဒေါက်တာသန်းနိုင်စိုးက ဘီဘီစီကိုပြောပါတယ်။

ကိုဗစ်နမူနာစစ်ဆေးမှုတစ်ခုအတွက် ကုန်ကျစရိတ်က မြန်မာကျပ်ငွေ တစ်သိန်းခွဲခန့်ရှိတယ်လို့ သိရပါ တယ်။

BBC Burmese
https://www.bbc.com/burmese/burma-52438753
Cobas 6800 နဲ႔ ေမလကစစစ္ႏိုင္မယ္၊ နမူနာပို႔ရင္ စစ္ဖို႔ တပ္ကလည္းအဆင့္သင့္ရွိလို႔ဆို Cobas 6800 နဲ႔ ေမလကစစစ္ႏိုင္မယ္၊ နမူနာပို႔ရင္ စစ္ဖို႔ တပ္ကလည္းအဆင့္သင့္ရွိလို႔ဆို Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.