Case-33to 38(အင္းစိန္)လူနာေတြနဲ႔ အတူေနခဲ့ဖူးသူ(ေရာဂါသံသယလကၡဏာရွိေန)က မိုင္းျဖတ္ေဆး႐ုံမွာ လာေရာက္စစ္ေဆးခံ

(Zawgyi)⤵⤵⤵

-ေရာဂါသံသယလကၡဏာေတြ ရွိေနတဲ့အတြက္ ေစာင့္ၾကည့္လူနာအျဖစ္ သတ္မွတ္ထား

ေတာင္ႀကီး၊ ဧၿပီ ၁၂

အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးမွာ တက္ေရာက္ကုသ‌ေနတဲ့ Case-33to 38(COVID-19 POSITIVE) လူနာေတြနဲ႔ အတူေနခဲ့ဖူးသူတစ္ဦးက မိမိကိုယ္ကို စိတ္မခ်လို႔ဆိုၿပီး မိုင္းျဖတ္ျပည္သူ႔ေဆး႐ုံသို႔ ဒီကေန႔ ဧၿပီလ ၁၂ရက္မွာ လာေရာက္စစ္ေဆးမႈ ခံယူခဲ့ၿပီး ေရာဂါသံသယလကၡဏာေတြ ရွိေနေၾကာင္း မိုင္းျဖတ္ေဆး႐ုံအုပ္ႀကီးထံမွ သိရပါတယ္။

အဲဒီအသက္(၂၃)ႏွစ္အ႐ြယ္ အမ်ိဳးသားက အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးမွာ တက္ေရာက္ကုသ‌ေနတဲ့ Case-33to 38လူနာေတြနဲ႔ စကၤာပူႏိုင္ငံမွာ အတူေနခဲ့ဖူးသူျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ကို ေဖေဖာ္ဝါရီလ ၂၆ရက္က ေရာက္ရွိလာတာျဖစ္ေၾကာင္း၊ အင္းစိန္ၿမိဳ႕ရွိ က်မ္းစာသင္ေက်ာင္းမွာ ေနခဲ့သူျဖစ္ေၾကာင္း သိရပါတယ္။

"သူက အင္းစိန္က ပိုးေတြ႕ရွိတဲ့သူေတြနဲ႔ အတူေနခဲ့ဖူးလို႔ သူမွာလည္း စိတ္မခ်ဘူး၊ အခု ဖ်ားလည္းဖ်ားတယ္၊ လည္ေခ်ာင္းနာတဲ့ လကၡဏာလည္း ေတြ႕ရတဲ့အတြက္ စစ္ေဆးခ်င္တယ္ဆိုၿပီး လာအေၾကာင္းၾကားတဲ့အတြက္ ကြၽန္ေတာ္တို႔က စစ္ေပးထားပါတယ္။ အရင္က စကၤာပူမွာ ေနခဲ့ဖူးတယ္။ ေလာေလာဆယ္ေတာ့ ေစာင့္ၾကည့္အေျခအေနမွာ ထားထားတယ္။ ပိုးေတြ႕ရင္ေတာ့ ျပည္နယ္အဆင့္ေဆး႐ုံကို လႊဲေပးရမွာပါ။ ပိုးေတြ႕ရင္ေတာ့ ကြၽန္ေတာ္တို႔ဆီမွာ ထားလို႔မရပါဘူး"လို႔ မိုင္းျဖတ္ျပည့္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ေက်ာ္မ်ိဳးေဇာ္က ေ႐ႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္

ဒီအမ်ိဳးသားက ရန္ကုန္ၿမိဳ႕မွ တဆင့္ က်ိဳင္းတုံၿမိဳ႕သို႔ ေလယာဥ္နဲ႔ ၿပီးခဲ့တဲ့ ဧၿပီလ (၈)ရက္က ေရာက္ရွိလာတာျဖစ္ၿပီး အဲဒီကေန မိုင္းျဖတ္ၿမိဳ႕သို႔ ေမာ္ေတာ္ယာဥ္နဲ႔ ေရာက္ရွိလာတာ ျဖစ္သလို လက္ရွိအခ်ိန္မွာ ‌ေစာင့္ၾကည့္လူနာအျဖစ္သတ္မွတ္ကာ ေဆးကုသမႈေတြ ျပဳလုပ္ေပးလ်က္ရွိေၾကာင္း သိရပါတယ္။

"တို႔ဖတ္နမူနာကို က်ိဳင္းတုံကို႔ ပို႔ဖို႔အတြက္ လုပ္ေနတယ္။ က်ိဳင္းတုံကေန တဆင့္ ရန္ကုန္ကို ဆက္ပို႔မွာပါ။ ေလာေလာဆယ္ေတာ့ မိုင္းျဖတ္ေဆး႐ုံမွာပဲ ထားထားတယ္။ ပိုးေတြ႕တာ မဟုတ္ဘူး။ ေစာင့္ၾကည့္လူနာအဆင့္‌ပဲ ရွိေသးတယ္"လို႔ မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးသက္လြင္က ေ႐ႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္။

အဆိုပါအမ်ိဳးသားနဲ႔ ေလယာဥ္အတူ စီးနင္းလာသူ၊ ေမာ္ေတာ္ယာဥ္အတူ စီးနင္းလာသူေတြ၊ ထိေတြ႕မိသူေတြကို လိုက္လံစုံစမ္းရွာေဖြမႈေတြ ျပဳလုပ္လ်က္ရွိၿပီး နီးစပ္ရာ Quarantine Centerေတြထံ ပို႔ေဆာင္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵
Case-33to 38(အင်းစိန်)လူနာတွေနဲ့ အတူနေခဲ့ဖူးသူ(ရောဂါသံသယလက္ခဏာရှိနေ)က မိုင်းဖြတ်ဆေးရုံမှာ လာရောက်စစ်ဆေးခံ
-ရောဂါသံသယလက္ခဏာတွေ ရှိနေတဲ့အတွက် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထား

တောင်ကြီး၊ ဧပြီ ၁၂

အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသ‌နေတဲ့ Case-33to 38(COVID-19 POSITIVE) လူနာတွေနဲ့ အတူနေခဲ့ဖူးသူတစ်ဦးက မိမိကိုယ်ကို စိတ်မချလို့ဆိုပြီး မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ ဒီကနေ့ ဧပြီလ ၁၂ရက်မှာ လာရောက်စစ်ဆေးမှု ခံယူခဲ့ပြီး ရောဂါသံသယလက္ခဏာတွေ ရှိနေကြောင်း မိုင်းဖြတ်ဆေးရုံအုပ်ကြီးထံမှ သိရပါတယ်။

အဲဒီအသက်(၂၃)နှစ်အရွယ် အမျိုးသားက အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသ‌နေတဲ့ Case-33to 38လူနာတွေနဲ့ စင်္ကာပူနိုင်ငံမှာ အတူနေခဲ့ဖူးသူဖြစ်ပြီး ရန်ကုန်မြို့ကို ဖေဖော်ဝါရီလ ၂၆ရက်က ရောက်ရှိလာတာဖြစ်ကြောင်း၊ အင်းစိန်မြို့ရှိ ကျမ်းစာသင်ကျောင်းမှာ နေခဲ့သူဖြစ်ကြောင်း သိရပါတယ်။

"သူက အင်းစိန်က ပိုးတွေ့ရှိတဲ့သူတွေနဲ့ အတူနေခဲ့ဖူးလို့ သူမှာလည်း စိတ်မချဘူး၊ အခု ဖျားလည်းဖျားတယ်၊ လည်ချောင်းနာတဲ့ လက္ခဏာလည်း တွေ့ရတဲ့အတွက် စစ်ဆေးချင်တယ်ဆိုပြီး လာအကြောင်းကြားတဲ့အတွက် ကျွန်တော်တို့က စစ်ပေးထားပါတယ်။ အရင်က စင်္ကာပူမှာ နေခဲ့ဖူးတယ်။ လောလောဆယ်တော့ စောင့်ကြည့်အခြေအနေမှာ ထားထားတယ်။ ပိုးတွေ့ရင်တော့ ပြည်နယ်အဆင့်ဆေးရုံကို လွှဲပေးရမှာပါ။ ပိုးတွေ့ရင်တော့ ကျွန်တော်တို့ဆီမှာ ထားလို့မရပါဘူး"လို့ မိုင်းဖြတ်ပြည့်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မျိုးဇော်က ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်

ဒီအမျိုးသားက ရန်ကုန်မြို့မှ တဆင့် ကျိုင်းတုံမြို့သို့ လေယာဉ်နဲ့ ပြီးခဲ့တဲ့ ဧပြီလ (၈)ရက်က ရောက်ရှိလာတာဖြစ်ပြီး အဲဒီကနေ မိုင်းဖြတ်မြို့သို့ မော်တော်ယာဉ်နဲ့ ရောက်ရှိလာတာ ဖြစ်သလို လက်ရှိအချိန်မှာ ‌စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ကာ ဆေးကုသမှုတွေ ပြုလုပ်ပေးလျက်ရှိကြောင်း သိရပါတယ်။

"တို့ဖတ်နမူနာကို ကျိုင်းတုံကို့ ပို့ဖို့အတွက် လုပ်နေတယ်။ ကျိုင်းတုံကနေ တဆင့် ရန်ကုန်ကို ဆက်ပို့မှာပါ။ လောလောဆယ်တော့ မိုင်းဖြတ်ဆေးရုံမှာပဲ ထားထားတယ်။ ပိုးတွေ့တာ မဟုတ်ဘူး။ စောင့်ကြည့်လူနာအဆင့်‌ပဲ ရှိသေးတယ်"လို့ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

အဆိုပါအမျိုးသားနဲ့ လေယာဉ်အတူ စီးနင်းလာသူ၊ မော်တော်ယာဉ်အတူ စီးနင်းလာသူတွေ၊ ထိတွေ့မိသူတွေကို လိုက်လံစုံစမ်းရှာဖွေမှုတွေ ပြုလုပ်လျက်ရှိပြီး နီးစပ်ရာ Quarantine Centerတွေထံ ပို့ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
Case-33to 38(အင္းစိန္)လူနာေတြနဲ႔ အတူေနခဲ့ဖူးသူ(ေရာဂါသံသယလကၡဏာရွိေန)က မိုင္းျဖတ္ေဆး႐ုံမွာ လာေရာက္စစ္ေဆးခံ Case-33to 38(အင္းစိန္)လူနာေတြနဲ႔ အတူေနခဲ့ဖူးသူ(ေရာဂါသံသယလကၡဏာရွိေန)က မိုင္းျဖတ္ေဆး႐ုံမွာ လာေရာက္စစ္ေဆးခံ Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.