ေကာ္ဖီႏွစ္မ်ိဳး ႏွင့္ Candy တစ္မ်ိဳးအား ေသာက္သုံးရန္မသင့္ေၾကာင္း အစားအေသာက္ ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန ထုတ္ျပန္


(Zawgyi)⤵⤵⤵
    ရန္ကုန္၊ ဧၿပီ ၆ ရက္ (ဆင္ဟြာ)

    ေကာ္ဖီဆိုင္တစ္ခ်ိဳ႕ ႏွင့္ အြန္လိုင္းတြင္ Health Product အျဖစ္ ေရာင္းခ်ေနေသာ Kopi Jantan Ali Macca Coffee၊ ၊  Kopi Panggung Al-Ambiak Natural Herbs Coffee ႏွင့္ Berry Jaga Chewable Candy တို႔ ကို စစ္ေဆးခဲ့ရာတြင္ အေနာက္တိုင္းေဆးဝါးမ်ားေရာေႏွာပါဝင္ေနသျဖင့္ ေသာက္သုံးရန္မသင့္ေၾကာင္း၊ အဆိုပါေကာ္ဖီ ႏွင့္ ကန္ဒီမ်ား ကို အြန္လိုင္းတြင္ ေရာင္းခ်ျခင္းမ်ားရွိပါက ထိေရာက္စြာအေရးယူမည္ျဖစ္ေၾကာင္း အစားအေသာက္ ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန က ဧၿပီ ၆ ရက္တြင္ အသိေပးေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။

Kopi Jantan Ali Macca Coffee တြင္ Sildenafil ပါဝင္ေနျခင္း၊ Kopi Panggung Al-Ambiak Natural Herbs Coffee တြင္ Desmethyl carbodenafil ပါဝင္ေနျခင္း၊ Berry Jaga Chewable Candy တြင္ Tadalafil ပါဝင္ေနသည္ ကို ေတြ႕ရွိရေၾကာင္း ေၾကညာခ်က္ထဲတြင္ပါရွိသည္။

အဆိုပါေကာ္ဖီ ႏွင့္ Candy တို႔တြင္ ထည့္သြင္းေဖာ္ျပထားေသာ ေဆးဝါးမ်ားသည္ ဆရာဝန္ၫႊန္ၾကားခ်က္ျဖင့္ သာ သုံးစြဲရသည့္ ေဆးဝါးမ်ားျဖစ္ၿပီး ေကာ္ဖီ ႏွင့္ Candy ထဲတြင္ ပါဝင္သည့္ ေဆးပမာဏကို မသိရွိႏိုင္ျခင္းေၾကာင့္ ျပင္းထန္ေသာ ေဘးထြက္ဆိုးက်ိဳးမ်ား ျဖစ္ေသာ ေလျဖတ္ျခင္း၊ ႏွလုံးအေမာေဖာက္ျခင္း(Heart Attack) ၊ ေသြးေပါင္က်ျခင္း တို႔ ျဖစ္ႏိုင္ေျခမ်ားေၾကာင္း သိရသည္။

အထူးသျဖင့္ ႏွလုံးေရာဂါအတြက္ ေသာက္ရေသာ (Nitrates) ေဆးဝါး သုံးစြဲေနရသူမ်ား ေသာက္သုံးမိပါက အသက္အႏၲရာယ္စိုးရိမ္ရေသာ ေသြးေပါင္က်ျခင္းေၾကာင့္ ေသဆုံးသည္အထိျဖစ္ႏိုင္ေၾကာင္း အသိေပးေၾကညာခ်က္ထဲတြင္ ေဖာ္ျပထားသည္။အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနအေနျဖင့္ ေဈးကြက္ေထာက္လွမ္းျခင္းကို ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။ 

(Xinhua)
-------------------------------------------------------------------
(Unicode)⤵⤵⤵
ကော်ဖီနှစ်မျိုး နှင့် Candy တစ်မျိုးအား သောက်သုံးရန်မသင့်ကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ထုတ်ပြန်

    ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

    ကော်ဖီဆိုင်တစ်ချို့ နှင့် အွန်လိုင်းတွင် Health Product အဖြစ် ရောင်းချနေသော Kopi Jantan Ali Macca Coffee၊ ၊  Kopi Panggung Al-Ambiak Natural Herbs Coffee နှင့် Berry Jaga Chewable Candy တို့ ကို စစ်ဆေးခဲ့ရာတွင် အနောက်တိုင်းဆေးဝါးများရောနှောပါဝင်နေသဖြင့် သောက်သုံးရန်မသင့်ကြောင်း၊ အဆိုပါကော်ဖီ နှင့် ကန်ဒီများ ကို အွန်လိုင်းတွင် ရောင်းချခြင်းများရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန က ဧပြီ ၆ ရက်တွင် အသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။

Kopi Jantan Ali Macca Coffee တွင် Sildenafil ပါဝင်နေခြင်း၊ Kopi Panggung Al-Ambiak Natural Herbs Coffee တွင် Desmethyl carbodenafil ပါဝင်နေခြင်း၊ Berry Jaga Chewable Candy တွင် Tadalafil ပါဝင်နေသည် ကို တွေ့ရှိရကြောင်း ကြေညာချက်ထဲတွင်ပါရှိသည်။

အဆိုပါကော်ဖီ နှင့် Candy တို့တွင် ထည့်သွင်းဖော်ပြထားသော ဆေးဝါးများသည် ဆရာဝန်ညွှန်ကြားချက်ဖြင့် သာ သုံးစွဲရသည့် ဆေးဝါးများဖြစ်ပြီး ကော်ဖီ နှင့် Candy ထဲတွင် ပါဝင်သည့် ဆေးပမာဏကို မသိရှိနိုင်ခြင်းကြောင့် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ဖြစ်သော လေဖြတ်ခြင်း၊ နှလုံးအမောဖောက်ခြင်း(Heart Attack) ၊ သွေးပေါင်ကျခြင်း တို့ ဖြစ်နိုင်ခြေများကြောင်း သိရသည်။

အထူးသဖြင့် နှလုံးရောဂါအတွက် သောက်ရသော (Nitrates) ဆေးဝါး သုံးစွဲနေရသူများ သောက်သုံးမိပါက အသက်အန္တရာယ်စိုးရိမ်ရသော သွေးပေါင်ကျခြင်းကြောင့် သေဆုံးသည်အထိဖြစ်နိုင်ကြောင်း အသိပေးကြေညာချက်ထဲတွင် ဖော်ပြထားသည်။အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဈေးကွက်ထောက်လှမ်းခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

(Xinhua)
http://www.xinhuamyanmar.com/myanmar/education-health/27014-candy
ေကာ္ဖီႏွစ္မ်ိဳး ႏွင့္ Candy တစ္မ်ိဳးအား ေသာက္သုံးရန္မသင့္ေၾကာင္း အစားအေသာက္ ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန ထုတ္ျပန္ ေကာ္ဖီႏွစ္မ်ိဳး ႏွင့္ Candy တစ္မ်ိဳးအား ေသာက္သုံးရန္မသင့္ေၾကာင္း အစားအေသာက္ ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန ထုတ္ျပန္ Reviewed by THITHTOOLWIN on 02:23 Rating: 5
Powered by Blogger.