

(Zawgyi)⤵⤵⤵




BBC Burmese
----------------------------------------------
(Unicode)⤵⤵⤵
ပါကစ္စတန် ထိပ်တန်း ဘာသာရေး ခေါင်းဆောင် တစ်ယောက် ကို အစိုးရက အရေးယူဖို့ ပြင်ဆင်

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေကို စိုးရိမ်လို့ လူစုလူဝေး မလုပ်ရ ဆိုတဲ့ စည်းကမ်း ကို ချိုးဖောက်ခဲ့တဲ့ ပါကစ္စတန် ထိပ်တန်း ဘာသာရေး ခေါင်းဆောင် တစ်ယောက် ကို အစိုးရက အရေးယူဖို့ ပြင်ဆင် နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာ နေ့တုန်း က တရားဟောဆရာ အဗ္ဗ်ဒူ အဇစ် က အစ္စလာမ် မားဘတ် မြို့က ဗလီနီမှာ လူစု လူဝေး နဲ့ ဝတ်ပြု ဆုတောင်းခဲ့တာပါ။ ဒါဟာ အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ် ကို ပြန့်ပွား အောင် လုပ်ဆောင် ခဲ့တာ လို့ အစိုးရ ဘက် က ပြောပါတယ်။

အဆိုပါ တရားဟော ဆရာ ဟာ ဗိုင်းရပ်စ် နဲ့ ပတ်သက်လို့ အစိုးရ ရဲ့ ကန့်သတ် ချက် တွေကို လူသိရှင်ကြား ဝေဖန်လေ့ ရှိသူလည်း ဖြစ်ပါတယ်။

ပါကစ္စတန် အစိုးရ ဘက်ကတော့ ကန့်သတ်ချက်တွေကို ဖြေလျော့ ပေးမှု အနေနဲ့ အစ္စလာမ် ဘာသာဝင် တို့ရဲ့ ရာမာဒန် ဥပုသ်လမှာ ဗလီ တွေမှာ ဝတ်ပြု ဆုတောင်း ခွင့် ပေးမယ်။ ဒါပေမယ့် ခွဲခြား နေရမယ် ဆိုတဲ့ စဉ်းမျဉ်း တွေကိုတော့ လိုက်နာ ရမယ်လို့ ဆိုထားပါတယ်။  
BBC Burmese
https://www.bbc.com/burmese/world-52346585
ပါကစ္စတန် ထိပ်တန်း ဘာသာရေး ခေါင်းဆောင် တစ်ယောက် ကို အစိုးရက အရေးယူဖို့ ပြင်ဆင် ပါကစ္စတန် ထိပ်တန်း ဘာသာရေး ခေါင်းဆောင် တစ်ယောက် ကို အစိုးရက အရေးယူဖို့ ပြင်ဆင် Reviewed by THITHTOOLWIN on 21:32 Rating: 5
Powered by Blogger.