လုံၿခံဳေရးၿခိမ္းေျခာက္မႈေၾကာင့္ တရုတ္ဆက္သြယ္ေရး ကုမၸဏီ ၄ ခုကုိ လုိင္စင္ရုပ္သိမ္းဖုိ႔ ကန္ ျပင္ဆင္

ျပည္ေထာင္စု ဆက္သြယ္ေရး ေကာ္မရွင္ ဥကၠဌ Ajit Pai
(Zawgyi/Unicode)

အေမရိကန္နိုင္ငံရဲ့ အမ်ိဳးသား လုံၿခံေရးအေပၚ ၿခိမ္းေျခာက္မႈရွိေနတာေၾကာင့္ တ႐ုတ္ ဆက္သြယ္ေရး ကုမၸဏီ ၄ ခုကို ေပးအပ္ ထားတဲ့ လုပ္ငန္းလည္ပတ္ခြင့္ကို ျပန္လည္ ႐ုပ္သိမ္းေကာင္း ႐ုပ္သိမ္းမယ္လို႔ အေမရိကန္ ျပည္ေထာင္စု ဆက္သြယ္ေရး ေကာ္မရွင္က ေျပာပါတယ္။

တ႐ုတ္အစိုးရက အေထာက္အပံ့ေပးထားတဲ့ အဲဒီ တ႐ုတ္ကုမၸဏီ ၄ ခုဟာ တ႐ုတ္ ကြန္ျမဴနစ္ပါတီရဲ႕ ထိန္းခ်ဳပ္ ဩဇာ လႊမ္းမိုးမႈနဲ႔ အျမတ္ထုတ္ အသုံးခ်တာကို ခံရဖို႔ အႏၲရာယ္ ရွိေနတာေၾကာင့္ အေမရိကန္အစိုးရဌာနေတြအၾကား အလြန္အမင္း စိုးရိမ္ပူပန္မႈ ေတြျဖစ္ေပၚေနတယ္လို႔ ျပည္ေထာင္စု ဆက္သြယ္ေရး ေကာ္မရွင္ ဥကၠဌ Ajit Pai က ေျပာပါတယ္။

China Telecom Americas၊ China Unicom Americas၊ Pacific Networks နဲ႔ Comnet ဆက္သြယ္ေရး ကုမၸဏီ ေတြ အေနနဲ႔ လြတ္လပ္တဲ့ အဖြဲ႕အစည္းေတြ ျဖစ္ေၾကာင္းနဲ႔ သူတို႔ရဲ့ လုပ္ငန္း လုပ္ကိုင္ခြင့္ ဘာေၾကာင့္ မ႐ုပ္သိမ္းသင့္ဘူးလဲဆိုတဲ့ ရွင္းလင္းခ်က္ကို ရက္ ၃၀ အတြင္း တင္သြင္းရမယ္လို႔လည္း ေကာ္မရွင္က ေျပာပါတယ္။

အေမရိကန္နဲ႔ တ႐ုတ္နိုင္ငံအၾကား ကုန္သြယ္ေရး၊ ဆက္သြယ္ေရး ကုမၸဏီေတြရဲ့ လုံျခဳံမႈဆိုင္ရာကိစၥနဲ႔ ကိုရိုနာဗိုင္းရပ္စ္ကိစၥ အပါအဝင္ ကိစၥေတာ္ေတာ္မ်ားမ်ားမွာ သေဘာထား ကြဲလြဲေနၾကရာမွာ အမ်ိဳးသား လုံျခဳံေရးအရ ဆိုၿပီး တ႐ုတ္ ကုမၸဏီ HUAWEI ထုတ္ ပစၥည္း ေတြ အသုံးျပဳခြင့္ကို အေမရိကန္အစိုးရက ပိတ္ပင္ထားခဲ့ၿပီး ျဖစ္သလို ၿပီးခဲ့တဲ့ႏွစ္ကလည္း China Mobile ကုမၸဏီကို အေမရိကန္ ေဈးကြက္ ထဲ ပိတ္ပင္ခဲ့တယ္လို႔ Bloomberg သတင္းဌာနက ေျပာပါတယ္။

  ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------------

လုံခြုံရေးခြိမ်းခြောက်မှုကြောင့် တရုတ်ဆက်သွယ်ရေး ကုမ္ပဏီ ၄ ခုကို လိုင်စင်ရုပ်သိမ်းဖို့ ကန် ပြင်ဆင်

(Unicode)

အမေရိကန်နိုင်ငံရဲ့ အမျိုးသား လုံခြံရေးအပေါ် ခြိမ်းခြောက်မှုရှိနေတာကြောင့် တရုတ် ဆက်သွယ်ရေး ကုမ္ပဏီ ၄ ခုကို ပေးအပ် ထားတဲ့ လုပ်ငန်းလည်ပတ်ခွင့်ကို ပြန်လည် ရုပ်သိမ်းကောင်း ရုပ်သိမ်းမယ်လို့ အမေရိကန် ပြည်ထောင်စု ဆက်သွယ်ရေး ကော်မရှင်က ပြောပါတယ်။ တရုတ်အစိုးရက အထောက်အပံ့ပေးထားတဲ့ အဲဒီ တရုတ်ကုမ္ပဏီ ၄ ခုဟာ တရုတ် ကွန်မြူနစ်ပါတီရဲ့ ထိန်းချုပ် ဩဇာ လွှမ်းမိုးမှုနဲ့ အမြတ်ထုတ် အသုံးချတာကို ခံရဖို့ အန္တရာယ် ရှိနေတာကြောင့် အမေရိကန်အစိုးရဌာနတွေအကြား အလွန်အမင်း စိုးရိမ်ပူပန်မှု တွေဖြစ်ပေါ်နေတယ်လို့ ပြည်ထောင်စု ဆက်သွယ်ရေး ကော်မရှင် ဥက္ကဌ Ajit Pai က ပြောပါတယ်။

China Telecom Americas၊ China Unicom Americas၊ Pacific Networks နဲ့ Comnet ဆက်သွယ်ရေး ကုမ္ပဏီ တွေ အနေနဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြောင်းနဲ့ သူတို့ရဲ့ လုပ်ငန်း လုပ်ကိုင်ခွင့် ဘာကြောင့် မရုပ်သိမ်းသင့်ဘူးလဲဆိုတဲ့ ရှင်းလင်းချက်ကို ရက် ၃၀ အတွင်း တင်သွင်းရမယ်လို့လည်း ကော်မရှင်က ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ဆက်သွယ်ရေး ကုမ္ပဏီတွေရဲ့ လုံခြုံမှုဆိုင်ရာကိစ္စနဲ့ ကိုရိုနာဗိုင်းရပ်စ်ကိစ္စ အပါအဝင် ကိစ္စတော်တော်များများမှာ သဘောထား ကွဲလွဲနေကြရာမှာ အမျိုးသား လုံခြုံရေးအရ ဆိုပြီး တရုတ် ကုမ္ပဏီ HUAWEI ထုတ် ပစ္စည်း တွေ အသုံးပြုခွင့်ကို အမေရိကန်အစိုးရက ပိတ်ပင်ထားခဲ့ပြီး ဖြစ်သလို ပြီးခဲ့တဲ့နှစ်ကလည်း China Mobile ကုမ္ပဏီကို အမေရိကန် ဈေးကွက် ထဲ ပိတ်ပင်ခဲ့တယ်လို့ Bloomberg သတင်းဌာနက ပြောပါတယ်။

  ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/fcc-may-revoke-ability-of-four-chinese-controlled-/5391223.html
လုံၿခံဳေရးၿခိမ္းေျခာက္မႈေၾကာင့္ တရုတ္ဆက္သြယ္ေရး ကုမၸဏီ ၄ ခုကုိ လုိင္စင္ရုပ္သိမ္းဖုိ႔ ကန္ ျပင္ဆင္ လုံၿခံဳေရးၿခိမ္းေျခာက္မႈေၾကာင့္ တရုတ္ဆက္သြယ္ေရး ကုမၸဏီ ၄ ခုကုိ လုိင္စင္ရုပ္သိမ္းဖုိ႔ ကန္ ျပင္ဆင္ Reviewed by THITHTOOLWIN on 06:18 Rating: 5
Powered by Blogger.