ကိုဗစ္-၁၉- ေဝဘာဂီေဆး႐ုံႀကီးက စိန္ေခၚမႈမ်ား

က်န္းမာေရးဝန္ထမ္းေတြကို အထူးေထာက္ပံ့မႈေတြေပးမယ္
ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ လြတ္လပ္ေရးေန႔မတိုင္ခင္ ဇန္နဝါရီ လဆန္းပိုင္းကတည္းက ေဝဘာဂီေဆး႐ုံမွာ ႀကိဳတင္ျပင္ဆင္ခဲ့တယ္လို႔ ေဝဘာဂီ ေဆး႐ုံႀကီးက ပါေမာကၡ ေဒါက္တာစပယ္ျဖဴက ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ထံ တင္ျပခဲ့ပါတယ္။

ေဝဘာဂီေဆး႐ုံႀကီးမွာ ႀကဳံေတြ႕ေနရတဲ့ အခက္အခဲဆုံးျပႆနာေတြက ဘာေတြလဲလို႔ ေဒၚေအာင္ဆန္းစုၾကည္က ေမးျမန္းတဲ့အေပၚ ေဒါက္တာ စပယ္ျဖဴက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဧၿပီ ၁၇ ရက္ကျပဳလုပ္တဲ့ အတိုင္ပင္ခံနဲ႔ ေဝဘာဂီေဆး႐ုံမွာ ကိုဗစ္၁၉ တိုက္ဖ်က္ေရး ေရွ႕တန္းက ပါဝင္ေဆာင္႐ြက္ေနသူေတြနဲ႔ အြန္လိုင္းေဆြးေႏြးခန္းမွာ ခုလိုေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဇန္နဝါရီ ၃၁ မွာ ပထမဆုံး သံသယလူနာကို ေဝဘာဂီေဆး႐ုံႀကီးမွာ စတင္လက္ခံရရွိခဲ့ၿပီး လက္ရွိမွာ လူနာစုစုေပါင္း ၂၅၃ ဦးကို လက္ခံကုသေပး ေနတယ္လို႔ ဆိုပါတယ္။

ေဆး႐ုံမွာ ထားရွိကုသေပးေနတဲ့ ပိုးေတြ႕အတည္ျပဳလူနာက ၇၁ ဦး ရွိေနၿပီျဖစ္ၿပီး ေသဆုံးသူ ကေတာ့ ႏွစ္ဦး ရွိတဲ့အနက္ သူတို႔ေတြရဲ႕ လူနာရွင္ေတြကလည္း ေနအိမ္အသြားအလာ ကန႔္သတ္ခံထားရတာေၾကာင့္ မိသားစုေတြဟာ ေသကြဲေရာ ရွင္ကြဲပါ ရင္ဆိုင္ၾကရတယ္လို႔ ေဒါက္တာစပယ္ျဖဴက တင္ျပခဲ့ပါတယ္။

အထူးၾကပ္မတ္ကုသေဆာင္ ICU ကို လူနာတစ္ေယာက္ တက္ေရာက္လာရင္ အနည္းဆုံး ၈ ရက္ ၉ ရက္ေလာက္ၾကာၿပီး ေအာက္ဆီဂ်င္စက္၊ အသက္ရႉစက္ Ventilator ေတြ သုံးစြဲရတယ္လို႔ ဆိုပါတယ္။

"ေမ့ေဆး Team ရွိပါတယ္။ အဲဒီအဖြဲ႕ဟာ အခုခ်ိန္မွာ အိုင္စီယူထဲမွာ ထားရွိကုသေပးရတဲ့ လူနာ ႏွစ္ေယာက္သုံးေယာက္ေလာက္ပဲ ရွိေနတဲ့အတြက္ေၾကာင့္ ေခ်ာေခ်ာေမာေမာ ေဆာင္႐ြက္ႏိုင္ပါတယ္။ ကြၽန္မတို႔ ၁၂ ေယာက္စာ ပစၥည္း အျပည့္အဝရွိပါတယ္။ လူအင္အားအေနနဲ႔ကေတာ့ (လူနာ) ၁၂ ေယာက္ လုံးသာ ျပည့္ခဲ့မယ္ဆိုရင္ လူအင္အား အနည္းငယ္ လိုအပ္မွာျဖစ္ပါတယ္လို႔ ေမ့ေဆးအဖြဲ႕က စကားပါးလာပါတယ္"လို႔ ေဒါက္တာစပယ္ျဖဴက ေျပာပါတယ္။
လူနာေတြထဲမွာ ကိုယ္ဝန္ေဆာင္တခ်ိဳ႕လည္း ရွိေနတယ္လို႔ ေဒါက္တာစပယ္ျဖဴက တင္ျပပါတယ္။
ေဝဘာဂီမွာ အတည္ျပဳလူနာ ၉၀ အထိ လက္ခံႏိုင္ၿပီး အခုအခါ အေဆာင္သုံးေဆာင္လုံးမွာ လူနာ ျပည့္သြားၿပီျဖစ္တယ္လို႔လည္း သူက ဆက္ေျပာပါတယ္။

"မတ္ ၂၂ ရက္မွာ အတည္ျပဳလူနာကို စၿပီးလက္ခံခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ လူနာတက္ႏႈန္းဟာ မ်ားမ်ားလာပါတယ္။ ဒါေၾကာင့္မို႔ ကြၽန္မတို႔ အေဆာင္ ၁ ေရာ၊ ၂ ေရာ၊ ၃ ေရာ သုံးေဆာင္လုံးမွာ ကြၽန္မတို႔ ကုတင္ ၃ ခုေလာက္ပဲက်န္ေတာ့ၿပီးေတာ့ ကုတင္အားလုံး လူနာနဲ႔ေတာ့ျပည့္ေနပါၿပီ။ လူနာသုံးပုံတစ္ပုံကေတာ့ အဆုတ္ေရာင္တဲ့လကၡဏာေတြ ခံစားေနရၿပီးေတာ့ အိုင္စီယူထဲမွာေတာ့ တစ္ေယာက္ပဲ ရွိပါေတာ့တယ္။ ၇ ေယာက္ေလာက္ကေတာ့ နည္းနည္းေလး စိုးရိမ္ေနရတဲ့အေနအထားမွာ ရွိေနပါတယ္။ က်န္တာေတြအားလုံး ေကာင္းမြန္ပါတယ္" လို႔ ေဒါက္တာစပယ္ျဖဴက ေျပာပါတယ္။

လူအင္အားေတြလိုအပ္ေန

ေဝဘာဂီေဆး႐ုံႀကီးမွာ ကုသမႈပိုင္းအတြက္လူအင္အားေတြလိုအပ္ေနတာကိုလည္း ေဒါက္တာစပယ္ျဖဴက တင္ျပခဲ့ပါတယ္။

လက္ရွိမွာ ပါေမာကၡသမားေတာ္ႀကီး ၂ ဦး၊ လက္ေထာက္အထူးကုဆရာဝန္ ၆ ဦး၊ ဆရာဝန္ ၂၀ ဦး ၊ သူနာျပဳဆရာမ ၃၃ ဦး၊ ေဆး႐ုံအလုပ္သမား ၃၀ ကေန ၄၀ ဦးေလာက္နဲ႔ ေဆာင္႐ြက္ေနတယ္လို႔ သူက ဆက္ေျပာပါတယ္။

"တကယ္တမ္း ကြၽန္မတို႔အတြက္က သမားေတာ္ႀကီးေတြက ေနာက္ထပ္ ၃ ေယာက္လိုပါတယ္။ အထူးကုဆရာဝန္ေတြက ေဆး(၁) နဲ႔ ေဆး(၂) က ကြၽန္မတို႔ကို ပံ့ပိုးထားတာ ၆ ေယာက္ရွိပါတယ္။ ဒီအထူးကုေတြက ၇ ေယာက္ကေန ၉ ေယာက္ေလာက္ဆို အဆင္ေျပႏိုင္ပါတယ္။ ေနာက္ၿပီး ဆရာဝန္က ၂၀ ေက်ာ္ ရထားပါတယ္။ ဒါေပမဲ့ ၃၀ ေက်ာ္ဆို လက္ေထာက္ဆရာဝန္ေလးေတြအေနနဲ႔ မနားတမ္း အဖြဲ႕လိုက္အလွည့္က် ေဆာင္႐ြက္ႏိုင္ပါတယ္။ ဆရာမ အဆင့္လိုက္ ၃၃ ေယာက္ရွိထားေတာ့ အနည္းဆုံး ဆရာမ(သူနာျပဳ) ေတြက ၁၇ ေယာက္ေလာက္ ထပ္လိုပါမယ္။ ဝန္ႀကီးဌာနကေတာ့ ေဗာ္လန္တီယာ ဆရာဝန္ေတြနဲ႔ ျဖည့္ဆည္းေပးထားပါတယ္။ သူတို႔ကို အရမ္းခ်ီးက်ဴးပါတယ္။ ဒါေပမဲ့ သူတို႔ေတြဟာ တကယ့္ သေႏၶအဖြဲ႕ထဲ မပါဖူးတဲ့အတြက္ လူနာေတြ ကို ကုသမႈေပးရာမွာ သူတို႔လုံၿခဳံေရးအတြက္ ျပန္ၿပီး စိတ္ပူပါတယ္။ ဒီေန႔အထိေတာ့ ဘယ္သူမွ ကြာရန္တင္း မထိေသးပါဘူး" လို႔ ေဒါက္တာစပယ္ျဖဴက ေျပာပါတယ္။

ဒီကိစၥေတြကို ျဖည့္ဆည္းေပးႏိုင္ဖို႔နဲ႔ ကုသမႈေပးတဲ့ က်န္းမာေရးဝန္ထမ္းေတြ အလွည့္က်နားႏိုင္ဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ဝန္ႀကီး ေဒါက္တာျမင့္ေထြးနဲ႔ ညႇိႏႈိင္းမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ျပန္လည္ေျဖၾကားခဲ့ပါတယ္။

ေရာဂါကာကြယ္ေရးပစၥည္းေတြအေျခအေန

က်န္းမာေရးဝန္ထမ္းေတြအတြက္ စိတ္ပူပန္မႈကိုေလ်ာ့ပါးေစေရးအတြက္ ေရာဂါကာကြယ္ႏိုင္ဖို႔အတြက္ ပစၥည္းေတြ ျပည့္စုံဖို႔လိုအပ္ေနတယ္လို႔ ေဒါက္တာစပယ္ျဖဴက တင္ျပပါတယ္။
 ေဝဘာဂီမွာ ျပင္သစ္ႏိုင္ငံသား လူနာ ၃ ဦးပါအဝင္ လူနာ ၇၁ ဦးရွိေနပါတယ္။
လက္ရွိမွာ ေရာဂါကာကြယ္ေရးတစ္ကိုယ္ရည္သုံးဝတ္စုံ PPE ေတြဟာ ေနာက္တစ္လစာေလာက္ လုံေလာက္ေနၿပီး က်န္းမာေရးဝန္ႀကီးဌာနကလည္း ထပ္မံ ပံ့ပိုးမယ္လို႔ သိရေၾကာင္း ေဒါက္တာစပယ္ျဖဴကေျပာပါတယ္။

"နည္းေနေသးတာက N95 ပါ။ တကယ့္အရည္အေသြးမီတဲ့ N95 ႏွာေခါင္းစည္းေတြဟာ တကယ့္ကိုကမာၻမွာကို ရွားပါးေနတာပါ။ ဒီ Mask ေတြဟာ တကယ္ ပိုးေတြ႕လူနာကို ကုသဖို႔ေတာ့ မလုံေလာက္ပါဘူးအေမ။ တကယ့္ N95 အစစ္က်မွ လုံေလာက္မွာ ျဖစ္ပါတယ္။ ေရာဂါကေန ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ႏိုင္ဖို႔ N95 ေတြဟာ ေနာက္သုံးပတ္စာဆို ကုန္ႏိုင္ပါတယ္။ PPE ဝတ္စုံက တစ္ရက္ကို အစုံ ၇၀ ေလာက္ကုန္ပါတယ္။ အေဆာင္ ၃ ေဆာင္ျဖစ္လို႔ပါ။ ေမ့ေဆးေပးရတဲ့လူနာရွိလာရင္ အဆိုင္း ၃ ဆိုင္း ဝင္ရတဲ့အတြက္ ေနာက္ထပ္ ဝတ္စုံ ၉ စုံထပ္ကုန္တဲ့အတြက္ တြက္ခ်က္ထားၿပီးေတာ့ မွာယူထားပါတယ္။ ဒီေန႔ဒီရက္အထိကေတာ့ ဒီတစ္လစာအတြက္ PPE ဝတ္စုံေတြရွိပါတယ္။ N95 က ေနာက္ႏွစ္ပတ္သုံးပတ္စာရွိပါတယ္" လို႔ ေဒါက္တာစပယ္ျဖဴကေျပာပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကလည္း PPE ဝတ္စုံ အစုံ ၅၀၀ ၊ N95 ႏွာေခါင္းစည္း ၅၀၀ ေက်ာ္ ပံ့ပိုးေပးမယ္လို႔လည္း သိရေၾကာင္း သူက ဆက္ေျပာပါတယ္။

သန႔္ရွင္းေရးဝန္ထမ္းက ၃၀ ေက်ာ္ရွိၿပီး လူအစား စက္ေတြနဲ႔ ပံ့ပိုးကူညီေပးဖို႔လည္း ေဒါက္တာစပယ္ျဖဴက တင္ျပခဲ့ပါတယ္။

"ေလယာဥ္ကြင္းေတြမွာ သန႔္ရွင္းေရးလုပ္သလို စက္ေတြနဲ ေရေတြ၊ ေပါင္ဒါမႈန႔္ေတြ တစ္ခါေဆးၿပီးရင္ အေျခာက္စက္ေတြနဲ႔လိုက္သုတ္၊ ဒီလိုမ်ိဳးဆိုရင္ ကြၽန္မတို႔လူေတြလည္း လူနာနဲ႔ ထိေတြ႕မႈလည္း နည္းသြားမယ္။ ထိထိေရာက္ေရာက္ေစာင့္ေရွာက္မႈလည္းေပးႏိုင္မယ္လို႔ ထင္ပါတယ္။ စက္ေတြကလုံးဝမရွိပါဘူး" လို႔ သူက ဆက္ေျပာပါတယ္။

ဒါ့အျပင္လူနာေတြကို တစ္ေန႔ ထမင္းသုံးေခါက္ေကြၽးတဲ့အခါမွာ လူအစား စက္႐ုပ္ထေရာ္လီေလးေတြနဲ႔ ေကြၽးေပးႏိုင္ရင္ ဝန္ထမ္းက တစ္ေန႔ သုံးေခါက္သြားေကြၽးရတဲ့အေျခအေနကိုလည္း ေလွ်ာ့ခ်ႏိုင္မယ္လို႔ သူက ေျပာပါတယ္။

လူနာေတြနဲ႔ အင္တာကြန္း၊ စီစီတီဗီေတြကတစ္ဆင့္ ဆက္သြယ္ၿပီး အသိေပးႏိုင္ရင္ ထမင္းလာပို႔တဲ့အခါ အခန္းထဲကေန လူနာထြက္ယူႏိုင္ရင္ အဆင္ေျပႏိုင္မယ္လို႔လည္း ေဒါက္တာစပယ္ျဖဴကေျပာပါတယ္။

လူနာေတြထဲမွာ ကိုယ္ဝန္ေဆာင္တခ်ိဳ႕ရွိ

လူနာေတြမွာ ေက်ာက္ကပ္၊ႏွလုံးလို ပင္ကိုယ္ေရာဂါေတြလည္း ပါလာတဲ့လူနာေတြ ရွိတဲ့အတြက္ ကုသမႈေပးေနရတယ္လို႔ ေဒါက္တာ ကေျပာပါတယ္။

ဒါ့အျပင္ ကိုယ္ဝန္ေဆာင္မိခင္တခ်ိဳ႕လည္း ရွိေနတယ္လို႔ သူက ဆက္ေျပာပါတယ္။

"သူတို႔မွာ ေက်ာက္ကပ္ေဆးဖို႔ပါလာတယ္ဆို ေက်ာက္ကပ္ေဆးတဲ့စက္ေတြကို ဝန္ႀကီးဌာနကို ေတာင္းရပါတယ္။ ဒီေရာဂါေၾကာင့္ သူတို႔ရဲ႕အခံေရာဂါကို ျပန္ၿပီးေတာ့ စိတ္ပူၾကပါတယ္။ ဒါေၾကာင့္ ေက်ာက္ကပ္ေဆးစက္တစ္စက္လည္း ထားထားၿပီးေတာ့ ကြၽန္မတို႔ဆီမွာ ေက်ာက္ကပ္ေဆးေနတဲ့သူလည္း ရွိပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္ကလည္း ႏွစ္ေယာက္သုံးေယာက္ေလာက္ ရွိတဲ့အခါက်ေတာ့ သူတို႔လည္း သူတို႔ကိုယ္ဝန္ကို သူတို႔ စိတ္ပူပါတယ္။ ကြၽန္မတို႔ကလည္း အိုဂ်ီ(သားဖြားမီးယပ္အထူးကုဆရာဝန္) ေတြနဲ႔ ျပေပးပါတယ္။ ကေလးေလးသုံးေယာက္ကေတာ့ ေရာဂါပိုးေဝဒနာ ခံစားေနရပါတယ္။ ကေလးသုံးေယာက္ကေတာ့ မေအကပူ၊ ကေလးက ျပန္ပူ၊ အဲဒီေတာ့ ကေလးဆရာဝန္ေတြလည္း ကြၽန္မတို႔ ျပေပးပါတယ္" လို႔ ေဒါက္တာစပယ္ျဖဴက ေျပာပါတယ္။

ေနာက္ပိုင္း ေရာက္ရွိလာတဲ့ လူနာေတြအားလုံးကို CT San (ဓာတ္မွန္) ႐ိုက္ဖို႔အတြက္ စက္လည္း ဧၿပီ ၁ ရက္ကေန စတင္ ရရွိထားၿပီးျဖစ္ၿပီး ေနာက္တစ္ပတ္ႏွစ္ပတ္ေနရင္ စတင္႐ိုက္ေပးႏိုင္ၿပီလို႔ ဆိုပါတယ္။

ဒါ့အျပင္ လက္ရွိမွာ ကိုဗစ္-၁၉ လူနာေတြအတြက္ ေ႐ြ႕လ်ားဓာတ္မွန္စက္ ေလးလုံးရွိၿပီး လူနာတိုင္းကို ႐ိုက္ကူးေပးေနသလို အေျဖထြက္တိုင္းလည္း လူနာေတြကို ရွင္းလင္းအသိေပး ေျပာျပတယ္လို႔ ဆိုပါတယ္။

လူနာေတြကိုအတက္ႏိုင္ဆုံး ကုသေစာင့္ေရွာက္ေပးေနေပမယ့္ လူနာေတြမွာလည္း ကိုယ့္အခ်င္းခ်င္း ျပန္စိတ္ပူၿပီး တျခားလူနာေတြရဲ႕ အေျခအေနေတြကို အၿမဲေမးျမန္းေနသလို ကိုယ္တိုင္အတြက္လည္း စိတ္ပူစိုးရိမ္မႈေတြရွိေနတယ္လို႔ ေဒါက္တာစပယ္ျဖဴက ေျပာပါတယ္။ ဒါ့အျပင္ လူနာေတြကိုယ္တိုင္က သူတို႔ကိုကုသေပးေနတဲ့ ဆရာဝန္ေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြ ကူးစက္ခံရမွာကို စိုးရိမ္ပူပန္ေနၾကတယ္လို႔လည္း ဆိုပါတယ္။

"အဲဒီလို သူတို႔ စိတ္ပူေပးတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္။ ဘာမွမဟုတ္တဲ့ ပိုးေလးတစ္ခုကေန လူေတြအမ်ားႀကီးကို ပ်က္စီးသြားႏိုင္တဲ့ အေျခအေနျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ကြၽန္မတို႔ Team(အဖြဲ႕)ကေန motivation (စိတ္အားတက္ႂကြမႈ)အျပည့္နဲ႔ အလုပ္လုပ္ေနေပမယ့္လို႔ လူနာေတြကလည္း ကြၽန္မတို႔ကို အားကိုးမႈအျပည့္ရွိပါတယ္။ တခ်ိဳ႕လူနာေတြက်ေတာ့လည္း ဂ်ီက်တာေတြ ရွိပါတယ္။ ခုခ်ိန္မွာေတာ့ လူနာနဲ႔ အထိအေတြ႕ အနည္းဆုံး ျဖစ္ေအာင္ လုပ္ေနပါတယ္" လို႔ ေဒါက္တာစပယ္ျဖဴက တင္ျပခဲ့ပါတယ္။

ေရရွည္အတြက္ဆိုရင္ေတာ့ ႏိုင္ငံမွာ ကူးစက္ေရာဂါကုသမႈဌာနႀကီးတစ္ခု ေကာင္းေကာင္းမြန္မြန္နဲ႔ ေပၚေပါက္လာဖို႔ လိုအပ္ေနတယ္လို႔ ေဒါက္တာစပယ္ျဖဴက အတိုင္ပင္ခံပုဂၢိဳလ္ကို အႀကံျပဳခဲ့ပါတယ္။

ေရာဂါပိုးမႊားကို ဓာတ္ခြဲစမ္းသပ္စစ္ေဆးတာကစလို႔ သမားေတာ္ႀကီးေတြက ကုသေပးဖို႔ အဆင္သင့္ျဖစ္တဲ့အထိ ဒီဌာနတစ္ခုျဖစ္ေျမာက္လာဖို႔ လိုအပ္ေနတဲ့အတြက္ ဝန္ႀကီးဌာနကိုလည္း ဖြဲ႕စည္းပုံေရးဆြဲၿပီးတင္ထားတယ္လို႔ ဆိုပါတယ္။

ေဝဘာဂီေဆး႐ုံက ကိုဗစ္-၁၉ လူနာ သုံးပုံတစ္ပုံမွာ ဆီးခ်ိဳေရာဂါရွိေနၿပီး လူနာ တစ္ဝက္မွာ ေသြးတိုးေရာဂါရွိေနတယ္လို႔ ဆိုပါတယ္။ အသက္ ၇၀ ေက်ာ္ ၃ ဦး၊ အသက္ ၆၀ ေက်ာ္က ၁၂ ဦးနဲ႔ အသက္ ၅၀ ေက်ာ္က ၃၀ ဦး နဲ႔ လူလတ္ပိုင္းက သုံးဆယ္ေက်ာ္ ေလးဆယ္ေလာက္ ရွိေၾကာင္း ေဒါက္တာစပယ္ျဖဴက တင္ျပခဲ့ပါတယ္။

က်န္းမာေရးဝန္ထမ္းေတြကို အထူးေထာက္ပံ့မႈေတြေပးမယ္

ကိုဗစ္-၁၉ ေရာဂါ တိုက္ဖ်က္ေရးမွာ ေရွ႕တန္းကေဆာင္႐ြက္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြကို အထူး allowance (ေထာက္ပံ့စရိတ္) ေတြေပးဖို႔ စီစဥ္ေနတယ္လို႔ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားပါတယ္။

"ဒါကေက်းဇူးကို တကယ္ပဲအသိအမွတ္ျပဳတာလည္းျဖစ္တယ္။ တကယ္လည္း အခ်ိဳ႕ေနရာေတြမွာ လိုအပ္ပါတယ္။ အသြားအလာအတြက္ေပါ့ေနာ္။ အေနအထိုင္အတြက္။ ကြၽန္မတို႔ဝန္ထမ္းေတြကို တခ်ိဳ႕က၊ ကိုယ့္မိသားစုေတြကေတာင္မွ အိမ္ကိုျပန္မလာေစခ်င္တာေတြရွိတယ္ဆိုေတာ့ အဲဒီဟာေတြ အတြက္လည္း အဆင္ေျပေအာင္လို႔ အစီအစဥ္ေတြလုပ္ေပးပါမယ္။ အဲဒီမွာ ႏွစ္သစ္ကူးမွာ အထူးအေလးထားၿပီးေတာ့ ပံ့ပိုးရမွာကေတာ့ ကြၽန္မတို႔က်န္းမာေရးဝန္ထမ္းေတြနဲ႔ Volunteer ေတြေပါ့။ ေစတနာ့ဝန္ထမ္းေတြရယ္။ တကယ္ေရွ႕တန္းကေန လုပ္ေနတဲ့အခါမွာ မညည္းမညဴဘဲ လုပ္ေနတာေတြ ေတြ႕ရတယ္။ ကြၽန္မ သတိထားမိတယ္။ တကယ္လုပ္ေနရသူေတြက ဘယ္ေတာ့မွ မၿငီးဘူး။ တကယ္လုပ္ေနရတဲ့သူေတြက ညည္းညဴတာလည္းမရွိဘူး။ ေဒါသထြက္တာလည္းမရွိဘူး။ ေဘးကၾကည့္တဲ့သူေတြကသာ ညည္းညဴတာတို႔ ေဒါသထြက္တာတို႔ ရွိေနတာဆိုတာကို သတိျပဳမိတယ္" လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားပါတယ္။

ဧၿပီ ၁၇ ရက္မနက္ပိုင္းက ေဝဘာဂီေဆး႐ုံႀကီးမွာ ကိုဗစ္-၁၉ တိုက္ဖ်က္ေရးေဆာင္႐ြက္ေနသူေတြနဲ႔ အြန္လိုင္းကေန တိုက္႐ိုက္ေဆြးေႏြးရာမွာ ခုလိုေျပာၾကားသြားတာ ျဖစ္ပါတယ္။

BBC Burmese
--------------------------------------
ကိုဗစ်-၁၉- ဝေဘာဂီဆေးရုံကြီးက စိန်ခေါ်မှုများ

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် လွတ်လပ်ရေးနေ့မတိုင်ခင် ဇန်နဝါရီ လဆန်းပိုင်းကတည်းက ဝေဘာဂီဆေးရုံမှာ ကြိုတင်ပြင်ဆင်ခဲ့တယ်လို့ ဝေဘာဂီ ဆေးရုံကြီးက ပါမောက္ခ ဒေါက်တာစပယ်ဖြူက နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့ပါတယ်။

ဝေဘာဂီဆေးရုံကြီးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲဆုံးပြဿနာတွေက ဘာတွေလဲလို့ ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းတဲ့အပေါ် ဒေါက်တာ စပယ်ဖြူက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဧပြီ ၁၇ ရက်ကပြုလုပ်တဲ့ အတိုင်ပင်ခံနဲ့ ဝေဘာဂီဆေးရုံမှာ ကိုဗစ်၁၉ တိုက်ဖျက်ရေး ရှေ့တန်းက ပါဝင်ဆောင်ရွက်နေသူတွေနဲ့ အွန်လိုင်းဆွေးနွေးခန်းမှာ ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ ၃၁ မှာ ပထမဆုံး သံသယလူနာကို ဝေဘာဂီဆေးရုံကြီးမှာ စတင်လက်ခံရရှိခဲ့ပြီး လက်ရှိမှာ လူနာစုစုပေါင်း ၂၅၃ ဦးကို လက်ခံကုသပေး နေတယ်လို့ ဆိုပါတယ်။

ဆေးရုံမှာ ထားရှိကုသပေးနေတဲ့ ပိုးတွေ့အတည်ပြုလူနာက ၇၁ ဦး ရှိနေပြီဖြစ်ပြီး သေဆုံးသူ ကတော့ နှစ်ဦး ရှိတဲ့အနက် သူတို့တွေရဲ့ လူနာရှင်တွေကလည်း နေအိမ်အသွားအလာ ကန့်သတ်ခံထားရတာကြောင့် မိသားစုတွေဟာ သေကွဲရော ရှင်ကွဲပါ ရင်ဆိုင်ကြရတယ်လို့ ဒေါက်တာစပယ်ဖြူက တင်ပြခဲ့ပါတယ်။

အထူးကြပ်မတ်ကုသဆောင် ICU ကို လူနာတစ်ယောက် တက်ရောက်လာရင် အနည်းဆုံး ၈ ရက် ၉ ရက်လောက်ကြာပြီး အောက်ဆီဂျင်စက်၊ အသက်ရှူစက် Ventilator တွေ သုံးစွဲရတယ်လို့ ဆိုပါတယ်။

"မေ့ဆေး Team ရှိပါတယ်။ အဲဒီအဖွဲ့ဟာ အခုချိန်မှာ အိုင်စီယူထဲမှာ ထားရှိကုသပေးရတဲ့ လူနာ နှစ်ယောက်သုံးယောက်လောက်ပဲ ရှိနေတဲ့အတွက်ကြောင့် ချောချောမောမော ဆောင်ရွက်နိုင်ပါတယ်။ ကျွန်မတို့ ၁၂ ယောက်စာ ပစ္စည်း အပြည့်အဝရှိပါတယ်။ လူအင်အားအနေနဲ့ကတော့ (လူနာ) ၁၂ ယောက် လုံးသာ ပြည့်ခဲ့မယ်ဆိုရင် လူအင်အား အနည်းငယ် လိုအပ်မှာဖြစ်ပါတယ်လို့ မေ့ဆေးအဖွဲ့က စကားပါးလာပါတယ်"လို့ ဒေါက်တာစပယ်ဖြူက ပြောပါတယ်။

ဝေဘာဂီမှာ အတည်ပြုလူနာ ၉၀ အထိ လက်ခံနိုင်ပြီး အခုအခါ အဆောင်သုံးဆောင်လုံးမှာ လူနာ ပြည့်သွားပြီဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

"မတ် ၂၂ ရက်မှာ အတည်ပြုလူနာကို စပြီးလက်ခံခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လူနာတက်နှုန်းဟာ များများလာပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ အဆောင် ၁ ရော၊ ၂ ရော၊ ၃ ရော သုံးဆောင်လုံးမှာ ကျွန်မတို့ ကုတင် ၃ ခုလောက်ပဲကျန်တော့ပြီးတော့ ကုတင်အားလုံး လူနာနဲ့တော့ပြည့်နေပါပြီ။ လူနာသုံးပုံတစ်ပုံကတော့ အဆုတ်ရောင်တဲ့လက္ခဏာတွေ ခံစားနေရပြီးတော့ အိုင်စီယူထဲမှာတော့ တစ်ယောက်ပဲ ရှိပါတော့တယ်။ ၇ ယောက်လောက်ကတော့ နည်းနည်းလေး စိုးရိမ်နေရတဲ့အနေအထားမှာ ရှိနေပါတယ်။ ကျန်တာတွေအားလုံး ကောင်းမွန်ပါတယ်" လို့ ဒေါက်တာစပယ်ဖြူက ပြောပါတယ်။

လူအင်အားတွေလိုအပ်နေ

ဝေဘာဂီဆေးရုံကြီးမှာ ကုသမှုပိုင်းအတွက်လူအင်အားတွေလိုအပ်နေတာကိုလည်း ဒေါက်တာစပယ်ဖြူက တင်ပြခဲ့ပါတယ်။

လက်ရှိမှာ ပါမောက္ခသမားတော်ကြီး ၂ ဦး၊ လက်ထောက်အထူးကုဆရာဝန် ၆ ဦး၊ ဆရာဝန် ၂၀ ဦး ၊ သူနာပြုဆရာမ ၃၃ ဦး၊ ဆေးရုံအလုပ်သမား ၃၀ ကနေ ၄၀ ဦးလောက်နဲ့ ဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

"တကယ်တမ်း ကျွန်မတို့အတွက်က သမားတော်ကြီးတွေက နောက်ထပ် ၃ ယောက်လိုပါတယ်။ အထူးကုဆရာဝန်တွေက ဆေး(၁) နဲ့ ဆေး(၂) က ကျွန်မတို့ကို ပံ့ပိုးထားတာ ၆ ယောက်ရှိပါတယ်။ ဒီအထူးကုတွေက ၇ ယောက်ကနေ ၉ ယောက်လောက်ဆို အဆင်ပြေနိုင်ပါတယ်။ နောက်ပြီး ဆရာဝန်က ၂၀ ကျော် ရထားပါတယ်။ ဒါပေမဲ့ ၃၀ ကျော်ဆို လက်ထောက်ဆရာဝန်လေးတွေအနေနဲ့ မနားတမ်း အဖွဲ့လိုက်အလှည့်ကျ ဆောင်ရွက်နိုင်ပါတယ်။ ဆရာမ အဆင့်လိုက် ၃၃ ယောက်ရှိထားတော့ အနည်းဆုံး ဆရာမ(သူနာပြု) တွေက ၁၇ ယောက်လောက် ထပ်လိုပါမယ်။ ဝန်ကြီးဌာနကတော့ ဗော်လန်တီယာ ဆရာဝန်တွေနဲ့ ဖြည့်ဆည်းပေးထားပါတယ်။ သူတို့ကို အရမ်းချီးကျူးပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ တကယ့် သန္ဓေအဖွဲ့ထဲ မပါဖူးတဲ့အတွက် လူနာတွေ ကို ကုသမှုပေးရာမှာ သူတို့လုံခြုံရေးအတွက် ပြန်ပြီး စိတ်ပူပါတယ်။ ဒီနေ့အထိတော့ ဘယ်သူမှ ကွာရန်တင်း မထိသေးပါဘူး" လို့ ဒေါက်တာစပယ်ဖြူက ပြောပါတယ်။

ဒီကိစ္စတွေကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ကုသမှုပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အလှည့်ကျနားနိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးနဲ့ ညှိနှိုင်းမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရောဂါကာကွယ်ရေးပစ္စည်းတွေအခြေအနေ

ကျန်းမာရေးဝန်ထမ်းတွေအတွက် စိတ်ပူပန်မှုကိုလျော့ပါးစေရေးအတွက် ရောဂါကာကွယ်နိုင်ဖို့အတွက် ပစ္စည်းတွေ ပြည့်စုံဖို့လိုအပ်နေတယ်လို့ ဒေါက်တာစပယ်ဖြူက တင်ပြပါတယ်။

လက်ရှိမှာ ရောဂါကာကွယ်ရေးတစ်ကိုယ်ရည်သုံးဝတ်စုံ PPE တွေဟာ နောက်တစ်လစာလောက် လုံလောက်နေပြီး ကျန်းမာရေးဝန်ကြီးဌာနကလည်း ထပ်မံ ပံ့ပိုးမယ်လို့ သိရကြောင်း ဒေါက်တာစပယ်ဖြူကပြောပါတယ်။

"နည်းနေသေးတာက N95 ပါ။ တကယ့်အရည်အသွေးမီတဲ့ N95 နှာခေါင်းစည်းတွေဟာ တကယ့်ကိုကမ္ဘာမှာကို ရှားပါးနေတာပါ။ ဒီ Mask တွေဟာ တကယ် ပိုးတွေ့လူနာကို ကုသဖို့တော့ မလုံလောက်ပါဘူးအမေ။ တကယ့် N95 အစစ်ကျမှ လုံလောက်မှာ ဖြစ်ပါတယ်။ ရောဂါကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ N95 တွေဟာ နောက်သုံးပတ်စာဆို ကုန်နိုင်ပါတယ်။ PPE ဝတ်စုံက တစ်ရက်ကို အစုံ ၇၀ လောက်ကုန်ပါတယ်။ အဆောင် ၃ ဆောင်ဖြစ်လို့ပါ။ မေ့ဆေးပေးရတဲ့လူနာရှိလာရင် အဆိုင်း ၃ ဆိုင်း ဝင်ရတဲ့အတွက် နောက်ထပ် ဝတ်စုံ ၉ စုံထပ်ကုန်တဲ့အတွက် တွက်ချက်ထားပြီးတော့ မှာယူထားပါတယ်။ ဒီနေ့ဒီရက်အထိကတော့ ဒီတစ်လစာအတွက် PPE ဝတ်စုံတွေရှိပါတယ်။ N95 က နောက်နှစ်ပတ်သုံးပတ်စာရှိပါတယ်" လို့ ဒေါက်တာစပယ်ဖြူကပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း PPE ဝတ်စုံ အစုံ ၅၀၀ ၊ N95 နှာခေါင်းစည်း ၅၀၀ ကျော် ပံ့ပိုးပေးမယ်လို့လည်း သိရကြောင်း သူက ဆက်ပြောပါတယ်။

သန့်ရှင်းရေးဝန်ထမ်းက ၃၀ ကျော်ရှိပြီး လူအစား စက်တွေနဲ့ ပံ့ပိုးကူညီပေးဖို့လည်း ဒေါက်တာစပယ်ဖြူက တင်ပြခဲ့ပါတယ်။

"လေယာဉ်ကွင်းတွေမှာ သန့်ရှင်းရေးလုပ်သလို စက်တွေနဲ ရေတွေ၊ ပေါင်ဒါမှုန့်တွေ တစ်ခါဆေးပြီးရင် အခြောက်စက်တွေနဲ့လိုက်သုတ်၊ ဒီလိုမျိုးဆိုရင် ကျွန်မတို့လူတွေလည်း လူနာနဲ့ ထိတွေ့မှုလည်း နည်းသွားမယ်။ ထိထိရောက်ရောက်စောင့်ရှောက်မှုလည်းပေးနိုင်မယ်လို့ ထင်ပါတယ်။ စက်တွေကလုံးဝမရှိပါဘူး" လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင်လူနာတွေကို တစ်နေ့ ထမင်းသုံးခေါက်ကျွေးတဲ့အခါမှာ လူအစား စက်ရုပ်ထရော်လီလေးတွေနဲ့ ကျွေးပေးနိုင်ရင် ဝန်ထမ်းက တစ်နေ့ သုံးခေါက်သွားကျွေးရတဲ့အခြေအနေကိုလည်း လျှော့ချနိုင်မယ်လို့ သူက ပြောပါတယ်။

လူနာတွေနဲ့ အင်တာကွန်း၊ စီစီတီဗီတွေကတစ်ဆင့် ဆက်သွယ်ပြီး အသိပေးနိုင်ရင် ထမင်းလာပို့တဲ့အခါ အခန်းထဲကနေ လူနာထွက်ယူနိုင်ရင် အဆင်ပြေနိုင်မယ်လို့လည်း ဒေါက်တာစပယ်ဖြူကပြောပါတယ်။

လူနာတွေထဲမှာ ကိုယ်ဝန်ဆောင်တချို့ရှိ

လူနာတွေမှာ ကျောက်ကပ်၊နှလုံးလို ပင်ကိုယ်ရောဂါတွေလည်း ပါလာတဲ့လူနာတွေ ရှိတဲ့အတွက် ကုသမှုပေးနေရတယ်လို့ ဒေါက်တာ ကပြောပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တချို့လည်း ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

"သူတို့မှာ ကျောက်ကပ်ဆေးဖို့ပါလာတယ်ဆို ကျောက်ကပ်ဆေးတဲ့စက်တွေကို ဝန်ကြီးဌာနကို တောင်းရပါတယ်။ ဒီရောဂါကြောင့် သူတို့ရဲ့အခံရောဂါကို ပြန်ပြီးတော့ စိတ်ပူကြပါတယ်။ ဒါကြောင့် ကျောက်ကပ်ဆေးစက်တစ်စက်လည်း ထားထားပြီးတော့ ကျွန်မတို့ဆီမှာ ကျောက်ကပ်ဆေးနေတဲ့သူလည်း ရှိပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ကလည်း နှစ်ယောက်သုံးယောက်လောက် ရှိတဲ့အခါကျတော့ သူတို့လည်း သူတို့ကိုယ်ဝန်ကို သူတို့ စိတ်ပူပါတယ်။ ကျွန်မတို့ကလည်း အိုဂျီ(သားဖွားမီးယပ်အထူးကုဆရာဝန်) တွေနဲ့ ပြပေးပါတယ်။ ကလေးလေးသုံးယောက်ကတော့ ရောဂါပိုးဝေဒနာ ခံစားနေရပါတယ်။ ကလေးသုံးယောက်ကတော့ မအေကပူ၊ ကလေးက ပြန်ပူ၊ အဲဒီတော့ ကလေးဆရာဝန်တွေလည်း ကျွန်မတို့ ပြပေးပါတယ်" လို့ ဒေါက်တာစပယ်ဖြူက ပြောပါတယ်။

နောက်ပိုင်း ရောက်ရှိလာတဲ့ လူနာတွေအားလုံးကို CT San (ဓာတ်မှန်) ရိုက်ဖို့အတွက် စက်လည်း ဧပြီ ၁ ရက်ကနေ စတင် ရရှိထားပြီးဖြစ်ပြီး နောက်တစ်ပတ်နှစ်ပတ်နေရင် စတင်ရိုက်ပေးနိုင်ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိမှာ ကိုဗစ်-၁၉ လူနာတွေအတွက် ရွေ့လျားဓာတ်မှန်စက် လေးလုံးရှိပြီး လူနာတိုင်းကို ရိုက်ကူးပေးနေသလို အဖြေထွက်တိုင်းလည်း လူနာတွေကို ရှင်းလင်းအသိပေး ပြောပြတယ်လို့ ဆိုပါတယ်။

လူနာတွေကိုအတက်နိုင်ဆုံး ကုသစောင့်ရှောက်ပေးနေပေမယ့် လူနာတွေမှာလည်း ကိုယ့်အချင်းချင်း ပြန်စိတ်ပူပြီး တခြားလူနာတွေရဲ့ အခြေအနေတွေကို အမြဲမေးမြန်းနေသလို ကိုယ်တိုင်အတွက်လည်း စိတ်ပူစိုးရိမ်မှုတွေရှိနေတယ်လို့ ဒေါက်တာစပယ်ဖြူက ပြောပါတယ်။ ဒါ့အပြင် လူနာတွေကိုယ်တိုင်က သူတို့ကိုကုသပေးနေတဲ့ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံရမှာကို စိုးရိမ်ပူပန်နေကြတယ်လို့လည်း ဆိုပါတယ်။

"အဲဒီလို သူတို့ စိတ်ပူပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဘာမှမဟုတ်တဲ့ ပိုးလေးတစ်ခုကနေ လူတွေအများကြီးကို ပျက်စီးသွားနိုင်တဲ့ အခြေအနေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့ Team(အဖွဲ့)ကနေ motivation (စိတ်အားတက်ကြွမှု)အပြည့်နဲ့ အလုပ်လုပ်နေပေမယ့်လို့ လူနာတွေကလည်း ကျွန်မတို့ကို အားကိုးမှုအပြည့်ရှိပါတယ်။ တချို့လူနာတွေကျတော့လည်း ဂျီကျတာတွေ ရှိပါတယ်။ ခုချိန်မှာတော့ လူနာနဲ့ အထိအတွေ့ အနည်းဆုံး ဖြစ်အောင် လုပ်နေပါတယ်" လို့ ဒေါက်တာစပယ်ဖြူက တင်ပြခဲ့ပါတယ်။

ရေရှည်အတွက်ဆိုရင်တော့ နိုင်ငံမှာ ကူးစက်ရောဂါကုသမှုဌာနကြီးတစ်ခု ကောင်းကောင်းမွန်မွန်နဲ့ ပေါ်ပေါက်လာဖို့ လိုအပ်နေတယ်လို့ ဒေါက်တာစပယ်ဖြူက အတိုင်ပင်ခံပုဂ္ဂိုလ်ကို အကြံပြုခဲ့ပါတယ်။

ရောဂါပိုးမွှားကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးတာကစလို့ သမားတော်ကြီးတွေက ကုသပေးဖို့ အဆင်သင့်ဖြစ်တဲ့အထိ ဒီဌာနတစ်ခုဖြစ်မြောက်လာဖို့ လိုအပ်နေတဲ့အတွက် ဝန်ကြီးဌာနကိုလည်း ဖွဲ့စည်းပုံရေးဆွဲပြီးတင်ထားတယ်လို့ ဆိုပါတယ်။

ဝေဘာဂီဆေးရုံက ကိုဗစ်-၁၉ လူနာ သုံးပုံတစ်ပုံမှာ ဆီးချိုရောဂါရှိနေပြီး လူနာ တစ်ဝက်မှာ သွေးတိုးရောဂါရှိနေတယ်လို့ ဆိုပါတယ်။ အသက် ၇၀ ကျော် ၃ ဦး၊ အသက် ၆၀ ကျော်က ၁၂ ဦးနဲ့ အသက် ၅၀ ကျော်က ၃၀ ဦး နဲ့ လူလတ်ပိုင်းက သုံးဆယ်ကျော် လေးဆယ်လောက် ရှိကြောင်း ဒေါက်တာစပယ်ဖြူက တင်ပြခဲ့ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကို အထူးထောက်ပံ့မှုတွေပေးမယ်

ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးမှာ ရှေ့တန်းကဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အထူး allowance (ထောက်ပံ့စရိတ်) တွေပေးဖို့ စီစဉ်နေတယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

"ဒါကကျေးဇူးကို တကယ်ပဲအသိအမှတ်ပြုတာလည်းဖြစ်တယ်။ တကယ်လည်း အချို့နေရာတွေမှာ လိုအပ်ပါတယ်။ အသွားအလာအတွက်ပေါ့နော်။ အနေအထိုင်အတွက်။ ကျွန်မတို့ဝန်ထမ်းတွေကို တချို့က၊ ကိုယ့်မိသားစုတွေကတောင်မှ အိမ်ကိုပြန်မလာစေချင်တာတွေရှိတယ်ဆိုတော့ အဲဒီဟာတွေ အတွက်လည်း အဆင်ပြေအောင်လို့ အစီအစဉ်တွေလုပ်ပေးပါမယ်။ အဲဒီမှာ နှစ်သစ်ကူးမှာ အထူးအလေးထားပြီးတော့ ပံ့ပိုးရမှာကတော့ ကျွန်မတို့ကျန်းမာရေးဝန်ထမ်းတွေနဲ့ Volunteer တွေပေါ့။ စေတနာ့ဝန်ထမ်းတွေရယ်။ တကယ်ရှေ့တန်းကနေ လုပ်နေတဲ့အခါမှာ မညည်းမညူဘဲ လုပ်နေတာတွေ တွေ့ရတယ်။ ကျွန်မ သတိထားမိတယ်။ တကယ်လုပ်နေရသူတွေက ဘယ်တော့မှ မငြီးဘူး။ တကယ်လုပ်နေရတဲ့သူတွေက ညည်းညူတာလည်းမရှိဘူး။ ဒေါသထွက်တာလည်းမရှိဘူး။ ဘေးကကြည့်တဲ့သူတွေကသာ ညည်းညူတာတို့ ဒေါသထွက်တာတို့ ရှိနေတာဆိုတာကို သတိပြုမိတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

ဧပြီ ၁၇ ရက်မနက်ပိုင်းက ဝေဘာဂီဆေးရုံကြီးမှာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးဆောင်ရွက်နေသူတွေနဲ့ အွန်လိုင်းကနေ တိုက်ရိုက်ဆွေးနွေးရာမှာ ခုလိုပြောကြားသွားတာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52320275
ကိုဗစ္-၁၉- ေဝဘာဂီေဆး႐ုံႀကီးက စိန္ေခၚမႈမ်ား ကိုဗစ္-၁၉- ေဝဘာဂီေဆး႐ုံႀကီးက စိန္ေခၚမႈမ်ား Reviewed by THITHTOOLWIN on 22:27 Rating: 5
Powered by Blogger.