လယ္ယာေျမလုပ္ငန္းခြင္ မီးရႈိ႕မႈေၾကာင့္ ရန္ကုန္ေလထု ညစ္ညမ္းေန

(Zawgyi)⤵⤵⤵
ကမာၻ႔ေလထုညစ္ညမ္းမႈ ၁၀ ႏိုင္ငံထဲမွာ  ျမန္မာႏိုင္ငံက အဆင့္ ၉ မွာရွိေနတယ္လို႔ ဆြစ္ဇာလန္ အေျခစိုက္ IQ Air ဝက္ဘ္ဆိုက္ရဲ႕ ဧၿပီ ၂၆ မနက္ပိုင္း တိုင္းတာခ်က္အရ သိရပါတယ္။

ဒီလအတြင္း ရန္ကုန္ၿမိဳ႕မွာ ျမဴခိုးေတြနဲ႔ ျပာစေတြ လႊင့္ေနတာဟာ ၿမိဳ႕ျပင္လယ္ယာေျမလုပ္ငန္းခြင္ မီးရႈိ႕မႈေၾကာင့္ ျဖစ္တယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီကေန သိရပါတယ္။

ၿပီးခဲ့တဲ့ တစ္ပတ္ေလာက္ကစၿပီး ေလထုထဲမွာ ျပာစေတြ လြင့္လာတာ၊ ျမဴခိုးေတြ ဆိုင္းေနတာေတြဟာ ဒလၿမိဳ႕၊ ဆိပ္ႀကီးခေနာင္တို၊ ၾကည့္ျမင္တိုင္ တဖက္ကမ္းက လယ္ကြက္ေတြကို မီးရႈိ႕တာေတြကေန ရန္ကုန္ရဲ႕ တျခား ၿမိဳ႕နယ္ေတြကို  ျပာစေတြလြင့္လာတာလို႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးနဲ႔ သန႔္ရွင္းေရးဌာန၊ ဌာနမႉး ေဒါက္တာ ေအာင္ျမင့္ေမာ္က ေျပာပါတယ္။                         

"႐ိုးျပတ္ေတြ၊ ကိုင္းေတြ မီးရႈိ႕တယ္ဗ်ာ။ လယ္ေတြမွာ ေအာက္ေျခေတြ ရွင္းရင္းနဲ႔ မီးရႈိ႕တယ္ဗ်ာ။ အဲဒါေၾကာင့္ျဖစ္တာ၊ ဒလတို႔ ၊ ဆိပ္ႀကီးခေနာင္တို႔ဘက္မွာ ရွိပါတယ္။ ေနာက္ၿပီး လႈိင္သာယာ၊ ေ႐ႊျပည္သာ၊ လႈိင္သာယာတစ္ဘက္ကမ္းက ထန္းတပင္ေတြဘက္မွာ ရႈိ႕တာရွိတယ္။ ေနာက္ၿပီး အျမန္လမ္းဘက္ေတြမွာ မီးရႈိ႕တာရွိတယ္။"

ျပာမႈန္ျပာစေတြ လႊင့္ေနရတဲ့ အေၾကာင္းရင္းကို ရန္ကုန္ၿမိဳ႕မွာ ေနထိုင္သူေတြ ေတာ္ေတာ္မ်ားမ်ား မသိၾကပါဘူး။ သာေကတၿမိဳ႕နယ္မွာ ဆီအုန္း စက္႐ုံတစ္ခုကေန ထြက္လာတာလို႔လည္း သံသယရွိေနၾကပါတယ္။ ဒါေပမဲ့ စက္႐ုံကလည္း လည္ပတ္မႈ မရွိဘူးလို႔ သာေကတၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚသက္ထားႏြယ္ဝင္းက ေျပာပါတယ္။

"ဘယ္ကက်လဲေတာ့မသိဘူး။ အမ်ားစုက အဲဒီက က်တယ္လို႔ ေျပာၾကတယ္ေပါ့ေနာ္။ စက္႐ုံက မန္ေနဂ်ာ တစ္ေယာက္ကလည္း သူတို႔စက္႐ုံ ရပ္ထားပါတယ္လို႔ ေျပာတယ္။ ေဒသခံျပည္သူေတြ၊ စက္႐ုံအနားတဝိုက္က လူေတြၾကေတာ့လည္း စက္႐ုံက ရႈိ႕တယ္ေျပာတယ္။ က်မလည္္း စုံေထာက္လိုပဲ ဘယ္ကလိုက္ရမလဲမသိဘူး။ လိုက္ေမးေနတယ္။ သာေကတ ဘယ္နားမွာမီးရႈိ႕လည္းဆိုတာ။ ဒါေပမဲ့ သာေကတတင္မဟုတ္ဘူး။ တျခားၿမိဳ႕နယ္ေတြပါ ျဖစ္ေနတယ္ဆိုေတာ့ ဦးေႏွာက္စားစရာ ျဖစ္ေနတယ္။"

IQ Air ရဲ႕ ၂၀၁၉ ထုတ္ျပန္ခ်က္အရ ရန္ကုန္ရဲ႕ ေလထုညစ္ညမ္းမႈဟာ တစ္ႏွစ္တာအတြင္း တကမာၻလုံးရဲ႕ အဆင့္ ၂၀ မွာရွိခဲ့ၿပီး စိုးရိမ္စရာ အဆင့္မွာရွိေနခဲ့တာပါ။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၂၉ မွာဆိုရင္ ရန္ကုန္ၿမိဳ႕ရဲ႕ ေလထုညစ္ညမ္းမႈက အနီေရာင္အဆင့္ထိ ေရာက္ခဲ့တာပါ။

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ထုတ္ျပန္ခ်က္အရ ကမာၻေပၚမွာ လူ ၁၀ ေယာက္ မွာ ကိုးေယာက္က မသန႔္ရွင္းတဲ့ေလကို ရႉရႈိက္ေနရတယ္လို႔ သိရပါတယ္။

ေလထုညစ္ညမ္းတဲ့ အေၾကာင္းေတြထဲမွာ ဇီဝေလာင္စာေတြ ေလာင္ကြၽမ္းတာ၊ စိုက္ပ်ိဳးေရးလုပ္ငန္းေတြ၊ စက္႐ုံေတြ၊ မိုင္းလုပ္ငန္းေတြ၊ အိမ္တြင္း ေလထုညစ္ညမ္းတာေတြ ပါဝင္ပါတယ္။

အခုလို ကူးစက္ေရာဂါ ျဖစ္ေနတဲ့ကာလမွာ မီးခိုးထြက္တဲ့ စက္႐ုံေတြ ရပ္နားထားတာ၊ ေမာ္ေတာ္ယာဥ္အသုံးျပဳမႈ ေလ်ာ့နည္းသြားတာေတြေၾကာင့္ ရန္ကုန္ေလထုက ႏွစ္ေပါင္းမ်ားစြာအတြင္း ပထမအႀကိမ္ ျပန္လည္ သန႔္ရွင္းလာတာပါ။  ဒီလိုအေျခအေနမွာမွ ရန္ကုန္ၿမိဳ႕ေလထုအတြင္း ျပာမႈန္ျပာစေတြ ပါဝင္လာတာ ျဖစ္ပါတယ္။

ရန္ကုန္မွာ ေနထိုင္သူေတြက သူတို႔ေနအိမ္ေတြမွာ ျပာမႈန္ျပာစေတြက်လို႔ သန႔္ရွင္းေရး မၾကာခဏလုပ္ေနရတဲ့ အေၾကာင္းေတြ၊ ျပာေတြဘယ္ကေန လြင့္လာသလဲဆိုတာကို သိခ်င္တဲ့အေၾကာင္း အြန္လိုင္း လူမႈကြန္ရက္ စာမ်က္ႏွာေတြမွာ ေရးသားထားၾကတာကိုလည္း ေတြ႕ရပါတယ္။

သာေကတၿမိဳ႕နယ္ ၇ အေရွ႕ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္မ်ိဳးသူက ရပ္ကြက္ေတြထဲကို ျပာေတြက်တာ ၁ ပတ္ေလာက္ရွိေနၿပီး မီးခိုးနံ႔ေတြကိုေတာ့ မေန႔ကစၿပီး ရေနတယ္လို႔ ေျပာပါတယ္။

"ည ၇ နာရီေလာက္မွာ မီးခိုးအနံ႔ေတြ နံလာတယ္။ ျပာက်တာက တစ္ပတ္ေလာက္ ရွိၿပီ။ ျပာက အေတာင့္ရွည္ရွည္။ အုန္းလက္တို႔ဘာတို႔ မီးရႈိ႕ၿပီးက်န္တဲ့ ျပာလိုမ်ိဳးေပါ့။ စပါးခြံေတာ့ မဟုတ္ဘူး။ အရင္တုန္းကေတာ့ မျဖစ္ဖူးဘူး။ တခ်ိန္လုံးက်ေနတာပဲ။ ေရထဲေတြလည္း က်တာပဲ။ က်ေနာ္တို႔ ယုဇနဆီအုန္းကလို႔ ထင္တာပဲ။ ေအာက္က Comment ( မွတ္ခ်က္)ေတြမွာေတာ့ စက္ပိတ္ထားတယ္လို႔‌ ေျပာတယ္။"

သာေကတ၊ ရန္ကင္း၊ ေျမာက္ဥကၠလာ၊ ေတာင္ဥကၠလာ၊ ပုဇြန္ေတာင္၊ လႈိင္၊ အင္းစိန္ စတဲ့ၿမိဳ႕နယ္ေတြဟာ ျပာမႈန္က်တဲ့ေဒသေတြထဲ ပါဝင္ပါတယ္။

ဒီရက္ပိုင္း ျမဴေတြဆိုင္းေနတာကေတာ့ ရန္ကုန္ၿမိဳ႕တစ္ခုလုံးလိုလို ျဖစ္ေနတာပါ။

ေတာင္ဥကၠလာပၿမိဳ႕နယ္မွာေနတဲ့ ဦးလြင္ကိုကိုဦးက အခုခ်ိန္မွာ ကို႐ိုနာဗိုင္းရပ္စ္ၿပီးရင္ ေလထုညစ္ ညမ္းတာက ထပ္စိုးရိမ္စရာ ျဖစ္လာတယ္လို႔ ေျပာပါတယ္။

"အခုက ကို႐ိုနာ ကိုဗစ္ကာလဆိုေတာ့ အဲဒါကို ပထမဆုံး စိတ္ပူတယ္။ ဒီလိုႀကီးျဖစ္လာေတာ့ စိတ္ပူစရာေတာ့ ေကာင္းတယ္။ ၿပီးေတာ့ နည္းနည္းေနာေနာ ေသးေသးေကြးေကြးမဟုတ္ဘူး။ ျပာစေတြက။ က်ေနာ္တို႔ဆို ေျခာက္ထပ္ပဲရွိေသးတယ္။ တခ်ိဳ႕အထပ္ေတြဆို အထပ္ ၂၀ ေလာက္ရွိတယ္။ ေျခာက္ထပ္ေတာင္မွ ဒီလိုေတြဝင္လာၿပီဆိုရင္ နည္းနည္းေတာ့ စိုးရိမ္စရာရွိလာၿပီ။"

ေလထုညစ္ညမ္းတာေတြကို တြက္ခ်က္ၿပီး တင္ေပးေနတဲ့ အိုင္က်ဴအဲ အဖြဲ႕ရဲ႕ ဝက္ဆိုက္က ရန္ကုန္တိုင္းရဲ႕ ေလထုညစ္ညမ္းမႈဟာ ကိုယ္ခံအားနည္းသူေတြ ထိခိုက္ႏိုင္တာ၊ က်န္းမာေရး ထိခိုက္ႏိုင္တာေတြကိုလည္း တခါတည္း အသိေပးထုတ္ျပန္ထားပါတယ္။

ေလထုညစ္ညမ္းတာေၾကာင့္ အဆုတ္ကင္ဆာ၊ ပန္းနာရင္ၾကပ္၊ နာတာရွည္ေလႁပြန္ေရာင္တာ၊ နမိုးနီးယား အဆုတ္ေရာင္ေရာဂါ၊ ႏွလုံးေရာဂါ၊ စိတ္က်န္းမာေရး၊ ကိုယ္ဝန္ပ်က္က်တာ၊ လမေစ့ဘဲ ကေလးေမြးတာ၊ မ်က္စိနဲ႔ ႏွာေခါင္း ထိခိုက္တာေတြ ျဖစ္ေစႏိုင္တယ္လို႔လည္း WHO က ထုတ္ျပန္ထားပါ တယ္။

ကို႐ိုနာဗိုင္းရပ္ ကာကြယ္တားဆီးေရးေတြ အဓိက လုပ္ေဆာင္ေနတာျဖစ္တဲ့အတြက္ အခုျဖစ္ေနတဲ့ ျပာမႈန္ေတြက်တာနဲ႔ မီးခိုျမဴေတြေၾကာင့္ ရန္ကုန္ၿမိဳ႕ရဲ႕ ေလထုညစ္ညမ္းမႈ အေျခေနေတြကို မတိုင္းတာ ႏိုင္ေသးဘူးလို႔လည္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးအဖြဲ႕ကေန သိရပါတယ္။

ဇာဏီထြဏ္း / RFA Burmese
-------------------------------------
(Unicode)⤵⤵⤵
လယ်ယာမြေလုပ်ငန်းခွင် မီးရှို့မှုကြောင့် ရန်ကုန်လေထု ညစ်ညမ်းနေ

ကမ္ဘာ့လေထုညစ်ညမ်းမှု ၁၀ နိုင်ငံထဲမှာ  မြန်မာနိုင်ငံက အဆင့် ၉ မှာရှိနေတယ်လို့ ဆွစ်ဇာလန် အခြေစိုက် IQ Air ဝက်ဘ်ဆိုက်ရဲ့ ဧပြီ ၂၆ မနက်ပိုင်း တိုင်းတာချက်အရ သိရပါတယ်။

ဒီလအတွင်း ရန်ကုန်မြို့မှာ မြူခိုးတွေနဲ့ ပြာစတွေ လွှင့်နေတာဟာ မြို့ပြင်လယ်ယာမြေလုပ်ငန်းခွင် မီးရှို့မှုကြောင့် ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး လေထုထဲမှာ ပြာစတွေ လွင့်လာတာ၊ မြူခိုးတွေ ဆိုင်းနေတာတွေဟာ ဒလမြို့၊ ဆိပ်ကြီးခနောင်တို၊ ကြည့်မြင်တိုင် တဖက်ကမ်းက လယ်ကွက်တွေကို မီးရှို့တာတွေကနေ ရန်ကုန်ရဲ့ တခြား မြို့နယ်တွေကို  ပြာစတွေလွင့်လာတာလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာန၊ ဌာနမှူး ဒေါက်တာ အောင်မြင့်မော်က ပြောပါတယ်။                         

"ရိုးပြတ်တွေ၊ ကိုင်းတွေ မီးရှို့တယ်ဗျာ။ လယ်တွေမှာ အောက်ခြေတွေ ရှင်းရင်းနဲ့ မီးရှို့တယ်ဗျာ။ အဲဒါကြောင့်ဖြစ်တာ၊ ဒလတို့ ၊ ဆိပ်ကြီးခနောင်တို့ဘက်မှာ ရှိပါတယ်။ နောက်ပြီး လှိုင်သာယာ၊ ရွှေပြည်သာ၊ လှိုင်သာယာတစ်ဘက်ကမ်းက ထန်းတပင်တွေဘက်မှာ ရှို့တာရှိတယ်။ နောက်ပြီး အမြန်လမ်းဘက်တွေမှာ မီးရှို့တာရှိတယ်။"

ပြာမှုန်ပြာစတွေ လွှင့်နေရတဲ့ အကြောင်းရင်းကို ရန်ကုန်မြို့မှာ နေထိုင်သူတွေ တော်တော်များများ မသိကြပါဘူး။ သာကေတမြို့နယ်မှာ ဆီအုန်း စက်ရုံတစ်ခုကနေ ထွက်လာတာလို့လည်း သံသယရှိနေကြပါတယ်။ ဒါပေမဲ့ စက်ရုံကလည်း လည်ပတ်မှု မရှိဘူးလို့ သာကေတမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက ပြောပါတယ်။

"ဘယ်ကကျလဲတော့မသိဘူး။ အများစုက အဲဒီက ကျတယ်လို့ ပြောကြတယ်ပေါ့နော်။ စက်ရုံက မန်နေဂျာ တစ်ယောက်ကလည်း သူတို့စက်ရုံ ရပ်ထားပါတယ်လို့ ပြောတယ်။ ဒေသခံပြည်သူတွေ၊ စက်ရုံအနားတဝိုက်က လူတွေကြတော့လည်း စက်ရုံက ရှို့တယ်ပြောတယ်။ ကျမလည်း စုံထောက်လိုပဲ ဘယ်ကလိုက်ရမလဲမသိဘူး။ လိုက်မေးနေတယ်။ သာကေတ ဘယ်နားမှာမီးရှို့လည်းဆိုတာ။ ဒါပေမဲ့ သာကေတတင်မဟုတ်ဘူး။ တခြားမြို့နယ်တွေပါ ဖြစ်နေတယ်ဆိုတော့ ဦးနှောက်စားစရာ ဖြစ်နေတယ်။"

IQ Air ရဲ့ ၂၀၁၉ ထုတ်ပြန်ချက်အရ ရန်ကုန်ရဲ့ လေထုညစ်ညမ်းမှုဟာ တစ်နှစ်တာအတွင်း တကမ္ဘာလုံးရဲ့ အဆင့် ၂၀ မှာရှိခဲ့ပြီး စိုးရိမ်စရာ အဆင့်မှာရှိနေခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ မှာဆိုရင် ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုက အနီရောင်အဆင့်ထိ ရောက်ခဲ့တာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ လူ ၁၀ ယောက် မှာ ကိုးယောက်က မသန့်ရှင်းတဲ့လေကို ရှူရှိုက်နေရတယ်လို့ သိရပါတယ်။

လေထုညစ်ညမ်းတဲ့ အကြောင်းတွေထဲမှာ ဇီဝလောင်စာတွေ လောင်ကျွမ်းတာ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ စက်ရုံတွေ၊ မိုင်းလုပ်ငန်းတွေ၊ အိမ်တွင်း လေထုညစ်ညမ်းတာတွေ ပါဝင်ပါတယ်။

အခုလို ကူးစက်ရောဂါ ဖြစ်နေတဲ့ကာလမှာ မီးခိုးထွက်တဲ့ စက်ရုံတွေ ရပ်နားထားတာ၊ မော်တော်ယာဉ်အသုံးပြုမှု လျော့နည်းသွားတာတွေကြောင့် ရန်ကုန်လေထုက နှစ်ပေါင်းများစွာအတွင်း ပထမအကြိမ် ပြန်လည် သန့်ရှင်းလာတာပါ။  ဒီလိုအခြေအနေမှာမှ ရန်ကုန်မြို့လေထုအတွင်း ပြာမှုန်ပြာစတွေ ပါဝင်လာတာ ဖြစ်ပါတယ်။

ရန်ကုန်မှာ နေထိုင်သူတွေက သူတို့နေအိမ်တွေမှာ ပြာမှုန်ပြာစတွေကျလို့ သန့်ရှင်းရေး မကြာခဏလုပ်နေရတဲ့ အကြောင်းတွေ၊ ပြာတွေဘယ်ကနေ လွင့်လာသလဲဆိုတာကို သိချင်တဲ့အကြောင်း အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသားထားကြတာကိုလည်း တွေ့ရပါတယ်။

သာကေတမြို့နယ် ၇ အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသူက ရပ်ကွက်တွေထဲကို ပြာတွေကျတာ ၁ ပတ်လောက်ရှိနေပြီး မီးခိုးနံ့တွေကိုတော့ မနေ့ကစပြီး ရနေတယ်လို့ ပြောပါတယ်။

"ည ၇ နာရီလောက်မှာ မီးခိုးအနံ့တွေ နံလာတယ်။ ပြာကျတာက တစ်ပတ်လောက် ရှိပြီ။ ပြာက အတောင့်ရှည်ရှည်။ အုန်းလက်တို့ဘာတို့ မီးရှို့ပြီးကျန်တဲ့ ပြာလိုမျိုးပေါ့။ စပါးခွံတော့ မဟုတ်ဘူး။ အရင်တုန်းကတော့ မဖြစ်ဖူးဘူး။ တချိန်လုံးကျနေတာပဲ။ ရေထဲတွေလည်း ကျတာပဲ။ ကျနော်တို့ ယုဇနဆီအုန်းကလို့ ထင်တာပဲ။ အောက်က Comment ( မှတ်ချက်)တွေမှာတော့ စက်ပိတ်ထားတယ်လို့‌ ပြောတယ်။"

သာကေတ၊ ရန်ကင်း၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ပုဇွန်တောင်၊ လှိုင်၊ အင်းစိန် စတဲ့မြို့နယ်တွေဟာ ပြာမှုန်ကျတဲ့ဒေသတွေထဲ ပါဝင်ပါတယ်။

ဒီရက်ပိုင်း မြူတွေဆိုင်းနေတာကတော့ ရန်ကုန်မြို့တစ်ခုလုံးလိုလို ဖြစ်နေတာပါ။

တောင်ဥက္ကလာပမြို့နယ်မှာနေတဲ့ ဦးလွင်ကိုကိုဦးက အခုချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ပြီးရင် လေထုညစ် ညမ်းတာက ထပ်စိုးရိမ်စရာ ဖြစ်လာတယ်လို့ ပြောပါတယ်။

"အခုက ကိုရိုနာ ကိုဗစ်ကာလဆိုတော့ အဲဒါကို ပထမဆုံး စိတ်ပူတယ်။ ဒီလိုကြီးဖြစ်လာတော့ စိတ်ပူစရာတော့ ကောင်းတယ်။ ပြီးတော့ နည်းနည်းနောနော သေးသေးကွေးကွေးမဟုတ်ဘူး။ ပြာစတွေက။ ကျနော်တို့ဆို ခြောက်ထပ်ပဲရှိသေးတယ်။ တချို့အထပ်တွေဆို အထပ် ၂၀ လောက်ရှိတယ်။ ခြောက်ထပ်တောင်မှ ဒီလိုတွေဝင်လာပြီဆိုရင် နည်းနည်းတော့ စိုးရိမ်စရာရှိလာပြီ။"

လေထုညစ်ညမ်းတာတွေကို တွက်ချက်ပြီး တင်ပေးနေတဲ့ အိုင်ကျူအဲ အဖွဲ့ရဲ့ ဝက်ဆိုက်က ရန်ကုန်တိုင်းရဲ့ လေထုညစ်ညမ်းမှုဟာ ကိုယ်ခံအားနည်းသူတွေ ထိခိုက်နိုင်တာ၊ ကျန်းမာရေး ထိခိုက်နိုင်တာတွေကိုလည်း တခါတည်း အသိပေးထုတ်ပြန်ထားပါတယ်။

လေထုညစ်ညမ်းတာကြောင့် အဆုတ်ကင်ဆာ၊ ပန်းနာရင်ကြပ်၊ နာတာရှည်လေပြွန်ရောင်တာ၊ နမိုးနီးယား အဆုတ်ရောင်ရောဂါ၊ နှလုံးရောဂါ၊ စိတ်ကျန်းမာရေး၊ ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲ ကလေးမွေးတာ၊ မျက်စိနဲ့ နှာခေါင်း ထိခိုက်တာတွေ ဖြစ်စေနိုင်တယ်လို့လည်း WHO က ထုတ်ပြန်ထားပါ တယ်။

ကိုရိုနာဗိုင်းရပ် ကာကွယ်တားဆီးရေးတွေ အဓိက လုပ်ဆောင်နေတာဖြစ်တဲ့အတွက် အခုဖြစ်နေတဲ့ ပြာမှုန်တွေကျတာနဲ့ မီးခိုမြူတွေကြောင့် ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှု အခြေနေတွေကို မတိုင်းတာ နိုင်သေးဘူးလို့လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့ကနေ သိရပါတယ်။

ဇာဏီထွဏ်း / RFA Burmese
https://www.rfa.org/burmese/news/yagon-air-pollution-04262020085636.html
လယ္ယာေျမလုပ္ငန္းခြင္ မီးရႈိ႕မႈေၾကာင့္ ရန္ကုန္ေလထု ညစ္ညမ္းေန လယ္ယာေျမလုပ္ငန္းခြင္ မီးရႈိ႕မႈေၾကာင့္ ရန္ကုန္ေလထု ညစ္ညမ္းေန Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.