ရခုိင္ျပည္နယ္မွာ လက္နက္ႀကီးက်ည္ေၾကာင့္ အရပ္သား ၉ ဦးေသဆုံး

လက္နက္ႀကီးက်ည္ က်ေရာက္မႈေၾကာင့္ ေသဆံုးခဲ့ရတဲ့ လူတခ်ိဳ႕ (သတင္းဓာတ္ပံု - Moe Thway)
(Zawgyi/Unicode)

ရခိုင္ျပည္နယ္ ပုဏၰားကြ်န္းၿမိဳ႕နယ္နဲ႔ အမ္းၿမိဳ႕နယ္ေတြမွာ ဒီေန႔က မနက္ပိုင္းက လက္နက္ႀကီးက်ည္ က်ေရာက္ ေပါက္ကြဲခဲ့တာေၾကာင့္ စုစုေပါင္း အရပ္သား ကိုးဦးေသဆံုးၿပီး လူ ၂၀ ေက်ာ္ ထိခိုက္ဒဏ္ရာရတဲ့ သတင္းကို ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က တင္ဆက္ေပးပါမယ္။

ရခိုင္ေျမာက္ပိုင္းက ပုဏၰားကြ်န္းၿမိဳ႕နယ္ ေက်ာက္ဆိပ္ေက်းရြာအတြင္းကို ဧၿပီလ ၁၃ရက္ ဒီကေန႔ မနက္ပိုင္းက လက္နက္ႀကီးက်ည္ က်ေရာက္ ေပါက္ကြဲခဲ့တာေၾကာင့္ ေက်ာက္ဆိပ္ေက်းရြာသား ရွစ္ဦးေသဆံုးၿပီး ဒဏ္ရာ အမ်ားအျပား ရရွိခဲ့တယ္လို႔ ပုဏၰားကြ်န္းၿမိဳ႕နယ္အမ်ိဳးသားလြတ္ေတာ္အမတ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

"ဒီေန႔မနက္ပိုင္း ၈ နာရီေလာက္မွာ ရြာထဲကို လက္နက္ႀကီးက်ည္ ၃ လံုးက်တယ္လို႔ ေျပာတယ္။ ရြာထဲမွာ ၄ ဦးေသ ဆံုးတယ္လို႔ ေျပာတယ္။ ေနာက္ဒဏ္ရာရတဲ့ သူေတြကို ပုဏၰားကြ်န္းၿမိဳ႕နယ္ ေဆးရံုကို ယူသြားေတာ့ ေနာက္ထပ္ ႏွစ္ဦးေသတယ္။ ေနာက္ ပုဏၰားကြ်န္းကေန စစ္ေတြ ယူတဲ့အခါ လမ္းမွာ စစ္ေဆးေနတာေတြ ၾကာေတာ့ အဲဒီမွာ ႏွစ္ဦး အကုန္လံုး ၈ ဦးေလာက္ ေသဆံုးသြားၿပီလို႔ေျပာတယ္။ အကုန္လံုးေပါင္းရင္ ၂၀ ေလာက္ရွိတယ္ ဒဏ္ရာရ တာေရာ ထိခိုက္ေသဆံုးတာေရာ။"

အဲဒီေက်ာက္ဆိပ္ေက်းရြာဟာ ပုဏၰားကြ်န္းၿမိဳ႕နယ္နဲ႔ ႏွစ္မိုင္အကြာ စစ္ေတြ-ရန္ကုန္ကား လမ္းမေပၚ မွာတည္ရွိ ၿပီး ဒီကေန႔မနက္ပိုင္းက တိုက္ပြဲျဖစ္ပြားတာ မရွိဘဲ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲခဲ့တာျဖစ္တယ္လို႔ သူက ဆက္ေျပာပါတယ္။

ပုဏၰားကြ်န္းၿမိဳ႕နယ္ အတြင္းက စညင္းေက်းရြာရဲ႕ အေနာက္ဘက္ ေတာင္တန္းေတြေပၚမွာ မေန႔ကအထိ တိုက္ပြဲ ျပင္းထန္ေနတာ ရွိၿပီး ဒီကေန႔က မနက္ပိုင္းက ျဖစ္စဥ္နဲ႔ ပတ္သတ္ၿပီး မသိရေသးဘူးလို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႔ ေျပာခြင့္ရ ဗုိလ္ခ်ဳပ္ ထြန္းထြန္းညီက ေျပာပါတယ္။

"ေအာ္ ရြာမွာျဖစ္တာေတာ့ က်ေနာ္တို႔ မသိဘူးဗ်ာ။ ပုဏၰားကြ်န္းရဲ႕ ေျမာက္ဘက္က စညင္းရဲ႕ အေနာက္ဘက္ ေတာင္ေၾကာေတြေပၚမွာေတာ့ လြန္ခဲ့တဲ့ ႏွစ္ရက္က ေလာက္ကတည္းက တိုက္ပြဲျဖစ္ေနတာ။ မေန႔ကလည္း ျဖစ္တယ္ အဲတာေတြေတာ့ သိတယ္။ ဒီေန႔ျဖစ္တာေတာ့ မသိေသးဘူး။ ရြာေတြထဲမွာေတာ့ မျဖစ္ေလာက္ဘူး။ က်ေနာ္ေျပာၿပီးၿပီ က်ေနာ္တုိ႔ကေတာ့ သိသင့္သိထိုက္တာေတြကိုေတာ့ ေျပာေနတာေပါ့ေနာ္။ တိုက္ပြဲျဖစ္တာ ေတြ ပစ္ခတ္မႈျဖစ္တာေတြေတာ့ က်ေနာ္တို႔ကေတာ့ တိတိက်က်မသိဘူးေပါ့ ေျမျပင္မွာျဖစ္ေနတဲ့ ဟာေတြကို။"

ဒါအျပင့္ အမ္းၿမိဳ႕နယ္ ဒလက္ေခ်ာင္းအုပ္စု အလယ္ကြ်န္းေက်းရြာမွာလည္း လက္နက္ႀကီးက်ည္က်ေရာက္ ေပါက္ကြဲခဲ့တာေၾကာင့္ အရပ္သား တစ္ဦးေသဆံုးၿပီး ၃ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ အမ္းၿမိဳ႕နယ္ စစ္ေရွာင္ေတြကို ကူညီေပးေနတဲ့ ကိုမ်ိဳးလြင္က ေျပာပါတယ္။

"ရြာထဲကို လက္နက္ႀကီးက်ေတာ့ တစ္ေယာက္က ပြဲခ်င္းၿပီးေသသြားတယ္။ ေနာက္တစ္ေယာက္က လည္ပင္းကို က်ည္ဆံမွန္သြားတယ္။ အမ်ိဳးသမီးတစ္ေယာက္ကေတာ့ ေပါင္ကိုထိတယ္။ ၇ ႏွစ္ကေလးတစ္ေယာက္ေတာ့ လက္ေမာင္းကို ထိတယ္ေပါ့ေနာ္။ သူတို႔ေတြကေတာ့ ႀကီးႀကီးမားမားေတာ့ ဒဏ္ရာေတြေတာ့ မျပင္းထန္ၾကဘူးေပါ့။"

ကမၻာမွာ COVID ကပ္ေရာဂါအၾကပ္အတည္းေၾကာင့္ စစ္ပဲြေတြ ရပ္ဆိုင္းထားဖို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္က တိုက္တြန္းထားသလို ျမန္မာအရပ္ဘက္ လူမႈအဖဲြ႔ေတြကလည္း ရခိုင္စစ္ပဲြေတြ ရပ္စဲဖို႔ ေတာင္းဆိုေနၾကပါတယ္။ ဒါေပမဲ့လည္း AA ကို အၾကမ္းဖက္အဖဲြ႔အစည္းအျဖစ္ အစိုးရက သတ္မွတ္ေၾကညာလိုက္တဲ့ေနာက္ ရခုိင္ေျမာက္ပိုင္းနဲ႔ ခ်င္း ပလက္၀ၿမိဳ႕နယ္ေတြမွာ အျပန္အလွန္တိုက္ပဲြေတြ ပိုျပင္းထန္လာပါတယ္။ အရပ္သားထိခိုက္ေသဆံုးမႈေတြလည္း မ်ားလာသလို ေနရပ္စြန္႔ခြာထြက္ေျပးရတဲ့ ဒုကၡသည္ေတြလည္း တိုးလာေနပါတယ္။

သက္ႏိုင္  / ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------------------------------
[Unicode Version]

ရခိုင်ပြည်နယ်မှာ လက်နက်ကြီးကျည်ကြောင့် အရပ်သား ၉ ဦးသေဆုံး

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ အမ်းမြို့နယ်တွေမှာ ဒီနေ့က မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် စုစုပေါင်း အရပ်သား ကိုးဦးသေဆုံးပြီး လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရတဲ့ သတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က တင်ဆက်ပေးပါမယ်။

ရခိုင်မြောက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအတွင်းကို ဧပြီလ ၁၃ရက် ဒီကနေ့ မနက်ပိုင်းက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ကျောက်ဆိပ်ကျေးရွာသား ရှစ်ဦးသေဆုံးပြီး ဒဏ်ရာ အများအပြား ရရှိခဲ့တယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်အမျိုးသားလွတ်တော်အမတ် ဦးခင်မောင်လတ်က ပြောပါတယ်။

"ဒီနေ့မနက်ပိုင်း ၈ နာရီလောက်မှာ ရွာထဲကို လက်နက်ကြီးကျည် ၃ လုံးကျတယ်လို့ ပြောတယ်။ ရွာထဲမှာ ၄ ဦးသေ ဆုံးတယ်လို့ ပြောတယ်။ နောက်ဒဏ်ရာရတဲ့ သူတွေကို ပုဏ္ဏားကျွန်းမြို့နယ် ဆေးရုံကို ယူသွားတော့ နောက်ထပ် နှစ်ဦးသေတယ်။ နောက် ပုဏ္ဏားကျွန်းကနေ စစ်တွေ ယူတဲ့အခါ လမ်းမှာ စစ်ဆေးနေတာတွေ ကြာတော့ အဲဒီမှာ နှစ်ဦး အကုန်လုံး ၈ ဦးလောက် သေဆုံးသွားပြီလို့ပြောတယ်။ အကုန်လုံးပေါင်းရင် ၂၀ လောက်ရှိတယ် ဒဏ်ရာရ တာရော ထိခိုက်သေဆုံးတာရော။"

အဲဒီကျောက်ဆိပ်ကျေးရွာဟာ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ နှစ်မိုင်အကွာ စစ်တွေ-ရန်ကုန်ကား လမ်းမပေါ် မှာတည်ရှိ ပြီး ဒီကနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် အတွင်းက စညင်းကျေးရွာရဲ့ အနောက်ဘက် တောင်တန်းတွေပေါ်မှာ မနေ့ကအထိ တိုက်ပွဲ ပြင်းထန်နေတာ ရှိပြီး ဒီကနေ့က မနက်ပိုင်းက ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး မသိရသေးဘူးလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

"အော် ရွာမှာဖြစ်တာတော့ ကျနော်တို့ မသိဘူးဗျာ။ ပုဏ္ဏားကျွန်းရဲ့ မြောက်ဘက်က စညင်းရဲ့ အနောက်ဘက် တောင်ကြောတွေပေါ်မှာတော့ လွန်ခဲ့တဲ့ နှစ်ရက်က လောက်ကတည်းက တိုက်ပွဲဖြစ်နေတာ။ မနေ့ကလည်း ဖြစ်တယ် အဲတာတွေတော့ သိတယ်။ ဒီနေ့ဖြစ်တာတော့ မသိသေးဘူး။ ရွာတွေထဲမှာတော့ မဖြစ်လောက်ဘူး။ ကျနော်ပြောပြီးပြီ ကျနော်တို့ကတော့ သိသင့်သိထိုက်တာတွေကိုတော့ ပြောနေတာပေါ့နော်။ တိုက်ပွဲဖြစ်တာ တွေ ပစ်ခတ်မှုဖြစ်တာတွေတော့ ကျနော်တို့ကတော့ တိတိကျကျမသိဘူးပေါ့ မြေပြင်မှာဖြစ်နေတဲ့ ဟာတွေကို။"

ဒါအပြင့် အမ်းမြို့နယ် ဒလက်ချောင်းအုပ်စု အလယ်ကျွန်းကျေးရွာမှာလည်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမ်းမြို့နယ် စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကိုမျိုးလွင်က ပြောပါတယ်။

"ရွာထဲကို လက်နက်ကြီးကျတော့ တစ်ယောက်က ပွဲချင်းပြီးသေသွားတယ်။ နောက်တစ်ယောက်က လည်ပင်းကို ကျည်ဆံမှန်သွားတယ်။ အမျိုးသမီးတစ်ယောက်ကတော့ ပေါင်ကိုထိတယ်။ ၇ နှစ်ကလေးတစ်ယောက်တော့ လက်မောင်းကို ထိတယ်ပေါ့နော်။ သူတို့တွေကတော့ ကြီးကြီးမားမားတော့ ဒဏ်ရာတွေတော့ မပြင်းထန်ကြဘူးပေါ့။"

ကမ္ဘာမှာ COVID ကပ်ရောဂါအကြပ်အတည်းကြောင့် စစ်ပွဲတွေ ရပ်ဆိုင်းထားဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်တွန်းထားသလို မြန်မာအရပ်ဘက် လူမှုအဖွဲ့တွေကလည်း ရခိုင်စစ်ပွဲတွေ ရပ်စဲဖို့ တောင်းဆိုနေကြပါတယ်။ ဒါပေမဲ့လည်း AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အစိုးရက သတ်မှတ်ကြေညာလိုက်တဲ့နောက် ရခိုင်မြောက်ပိုင်းနဲ့ ချင်း ပလက်ဝမြို့နယ်တွေမှာ အပြန်အလှန်တိုက်ပွဲတွေ ပိုပြင်းထန်လာပါတယ်။ အရပ်သားထိခိုက်သေဆုံးမှုတွေလည်း များလာသလို နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်တွေလည်း တိုးလာနေပါတယ်။

သက်နိုင်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/rakhin-conflicts/5369529.html
ရခုိင္ျပည္နယ္မွာ လက္နက္ႀကီးက်ည္ေၾကာင့္ အရပ္သား ၉ ဦးေသဆုံး ရခုိင္ျပည္နယ္မွာ လက္နက္ႀကီးက်ည္ေၾကာင့္ အရပ္သား ၉ ဦးေသဆုံး Reviewed by THITHTOOLWIN on 17:39 Rating: 5
Powered by Blogger.