အေနအထိုင္ ဆက္လက္ဆင္ျခင္ၾကဖို႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဆြးေႏြးသူေတြ တိုက္တြန္း

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္ခံရသူရဲ႕ လကၡဏာေတြက မၾကာခဏ ေျပာင္းလဲေနတာမို႔ အထူးသတိထားဖို႔ က်န္းမာေရးပညာရွင္ေတြက ေျပာၾကပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကို႐ိုနာဗိုင္းရပ္ စမ္းသပ္၊ ကာကြယ္ကုသေရးေတြ လုပ္ေနတဲ့ ဆရာဝန္ေတြ ဒီေန႔မနက္ပိုင္းက အြန္လိုင္းကေန တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးၾကရာမွာလည္း ေရာဂါကူးစက္ခံရမွန္း မသိတဲ့သူေတြ ရွိႏိုင္တဲ့အတြက္ အထူးဂ႐ုစိုက္ဖို႔ ထည့္သြင္းေျပာၾကားခဲ့ၾကပါတယ္။

အခုျဖစ္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုးဟာ ေရာဂါလကၡဏာေတြ မၾကာခဏ ေျပာင္းလဲႏိုင္တဲ့အျပင္ ကူးစက္ ခံရသူ ဖ်ားနာတဲ့အဆင့္ မေရာက္ခင္ သတိမထားမိဘဲ ေရာဂါျဖန႔္ေဝသူေတြ ျဖစ္လာႏိုင္တယ္ဆိုတဲ့အခ်က္ကို ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ က်န္းမာေရးပညာရွင္ေတြ ဒီေန႔ ဧၿပီလ ၃၀ ရက္ေန႔ အြန္လိုင္း ကေန ေတြ႕ဆုံေဆြးေႏြးၾကရာမွာ ထည့္သြင္းေျပာဆိုသြားပါတယ္။

ကူးစက္ခံေနရတယ္ဆိုတာကို သတိမထားမိတဲ့အတြက္ သာမန္ က်န္းမာေရးေကာင္းမြန္သူေတြလို ေနထိုင္ရာ ကေန  တျခားလူေတြကို ကူးစက္ေစႏိုင္တယ္လို႔ ကုသျခင္းဆိုင္ရာ တာဝန္ခံ ပါေမာကၡ ေဒါက္တာမိုးမိုးစမ္း က ေျပာပါတယ္။

“အခုက ေဆး႐ုံေတြမွာ လူနာေတြက တျဖည္းျဖည္းခ်င္းလာတျဖစ္တဲ့အတြက္ ကုသႏိုင္ပါတယ္။ အဲဒီလိုမွ မဟုတ္ဘဲ အုံလိုက္က်င္းလိုက္ျဖစ္မယ္ဆိုရင္ ေပါ့စတစ္ေတြကို လက္ခံကုသရတဲ့သူေတြ၊ သံသယလူနာေတြကို ကုသရမယ့္ေဆး႐ုံေတြမွာ လူနာအင္အား တအားမ်ားလာမယ္ဆိုရင္ လူမလုံေလာက္တာေတြ၊ ပီပီအီးလို႔ေခၚတဲ့ ကာကြယ္ေရးဝတ္စုံ မလုံေလာက္တာေတြ၊ ေဆးေတြ၊ ICU မလုံေလာက္တာေတြ ျဖစ္လာႏိုင္ပါတယ္။ အဲဒီလိုေတြ မျဖစ္လာဖို႔ လူထုရဲ႕အင္အားပါဝင္မႈက အရမ္းအေရးႀကီးပါတယ္။”

အဲဒါေၾကာင့္လည္း အနံ႔ခံႏိုင္မႈအာ႐ုံ မရွိေတာ့တာ၊ ဝမ္းသြားတာေတြ စတဲ့ အေျပာင္းလဲလာတဲ့ ေရာဂါ လကၡဏာေတြ ျဖစ္လာရင္ က်န္းမာေရးဌာနကို ဆက္သြယ္ဖို႔ ထုတ္ျပန္ထားတယ္လို႔လည္း ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာရွိတဲ့ ေဆး႐ုံေပါင္း ၁၁၆၈ ႐ုံလုံးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါကုသႏိုင္ဖို႔အတြက္ မျပင္ဆင္ႏိုင္ဘဲ အဓိကကုသမႈေပးႏိုင္တဲ့ေဆး႐ုံေတြကို သီးသန႔္အေနနဲ႔ ျပင္ဆင္သတ္မွတ္ထားပါတယ္။

အထူးသျဖင့္ ႏိုင္ငံတကာေလဆိပ္ေတြရွိတဲ့ၿမိဳ႕ေတြမွာတည္ရွိတဲ့  ရန္ကုန္တိုင္းက ေဝဘာဂီေဆး႐ုံ၊ ေနျပည္ေတာ္ ျပည္သူ႔ေဆး႐ုံ၊ မႏၲေလးျပည္သူ႔ေဆး႐ုံေတြပါဝင္ၿပီး တျခားတိုင္းနဲ႔ ျပည္နယ္အဆင့္ ေဆး႐ုံေတြကိုလည္း ကုသမႈေပးႏိုင္တဲ့ ေဆး႐ုံေတြအျဖစ္ သတ္မွတ္ထားပါတယ္။ ရန္ကုန္၊ မႏၲေလးအပါဝင္ တိုင္းနဲ႔ျပည္နယ္ေတြက ေဆး႐ုံေတြမွာ အရင္က ကူးစက္ခံ သံသယလူနာေတြကိုသာ ေစာင့္ၾကည့္ကုသေပးေပမဲ့ အခုဆိုရင္ ဖ်ားတာ၊ ေခ်ာင္းဆိုးတာ စတဲ့လကၡဏာေတြ ေတြ႕ရတာနဲ႔ ေဆး႐ုံမွာ ေစာင့္ၾကည့္ေပးေနတယ္လို႔ ႀကိဳတင္ျပင္ဆင္ျခင္းနဲ႔ စီမံခန႔္ခြဲျခင္းဆိုင္ရာ တာဝန္ခံ ေဒါက္တာ သီတာလွက ဝင္ေရာက္ ေဆြးေႏြးခဲ့ပါတယ္။

“ႏိုင္ငံမွာရွိတဲ့ ရန္ကုန္၊ မႏၲေလးေဆး႐ုံေတြမွာ PUI (သံသယလူနာ)ကိုပဲ လက္ခံတာကေန ဖ်ားတယ္၊ ေခ်ာင္းဆိုး တယ္၊ အသက္ရႉၾကပ္တဲ့လူနာေတြကို လက္ခံၿပီးေတာ့ ကုသေနရပါတယ္။ တစ္ေယာက္ဆိုရင္ ေဝဘာဂီ မေရာက္ဘဲ ရန္ကုန္ေဆး႐ုံႀကီးမွာတင္ ေသဆုံးသြားတာရွိပါတယ္။ ဒီလိုနဲ႔ပဲ က်မတို႔ေဆာင္႐ြက္ေနတာကို တင္ျပလိုပါတယ္။”

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က အေမရိကန္လိုႏိုင္ငံမ်ိဳးမွာ ေရာဂါကူးစက္ခံရၿပီး မျပင္းထန္တဲ့လူနာေတြကို အိမ္မွာေနၿပီးကုခိုင္းေပမဲ့ ျမန္မာႏိုင္ငံမွာေတာ့ ႏိုင္ငံေတာ္က တာဝန္ယူ ကုသေပးေန တာျဖစ္တယ္လို႔ ေျပာပါတယ္။

“ကိုယ့္အိမ္မွာကိုယ္ေနၿပီးကုဖို႔ မေျပာရတဲ့အေၾကာင္းရင္းက  ျပည္သူျပည္သားေတြက ဒီေလာက္ခ်မ္းသာ တာလည္း မဟုတ္ဘူး။ တခ်ိဳ႕ေတြက ကိုယ္အိမ္မွာကိုယ္ကုဖို႔ဆိုတာ အေျခအေနမေပးပါဘူး။ အခန္းေလးတစ္ခန္း ထဲမွာ မိသားစုကလည္းမ်ားတယ္ဆိုရင္ ဘယ္ေလာက္ပဲ မျပင္းထန္ဘူးေျပာေျပာ ကိုယ့္အိမ္မွာကုဖို႔က လုံးဝ လက္ေတြ႕မက်ဘူး။ မိသားစုကေန တျခားလူကို ကူးႏိုင္တယ္။ ဒါေၾကာင့္ရွိသမွ်အရင္းျမစ္ေတြနဲ႔ လုပ္ေပးေန တာပါ။ ဒါေၾကာင့္ ျပည္သူျပည္သားေတြက ဝိုင္းကူဖို႔ ထပ္တလဲလဲေျပာေနရတာပါ။”

က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြအရဆိုရင္ အခု ေရာဂါကူးစက္ခံရ ၁၅၀ ထဲမွာ တခ်ိဳ႕က အတည္ ျပဳလူနာေတြနဲ႔ ထိေတြ႕မႈမရွိခဲ့ပါဘူး။ ကူးစက္ခံရသူက ကိုယ္တိုင္ေတာင္မသိလိုက္ဘဲ အမ်ားကို ထပ္ဆင့္ကူးစက္ ေစႏိုင္တာေၾကာင့္ ခပ္ခြာခြာေနဖို႔ သတိေပးေနရတာျဖစ္တယ္လို႔ က်န္းမာေရးအသိပညာေတြကို မွ်ေဝေပးေနတဲ့ ေဒါက္တာထက္ဝင္း က RFA ကို မွတ္ခ်က္ေပးပါတယ္။

“ကိုယ့္ဆီမွာ ကို႐ိုနာဗိုင္းရပ္ရွိေနတာက လကၡဏာမျပဘူး၊ ကိုယ္နဲ႔ထိေတြ႕လိုက္သူမွာ လကၡဏာျပတယ္။ ေပါ့စတစ္ျဖစ္တယ္။ ေရာဂါလကၡဏာမျပဘူး။ အေကာင္းတိုင္းပဲရွိေနေပမဲ့ ေရာဂါကူးစက္သူျဖစ္ေနႏိုင္ပါတယ္။ အဲဒီလိုကူးစက္မႈႏုန္းက နည္းနည္းမ်ားလာႏိုင္ပါတယ္။”

အခုခ်ိန္အထိ ျမန္မာႏိုင္ငံမွာရွိတဲ့ လူဦးေရ ၅၄ သန္းထဲက  သံသယလူနာ ၇၅၀၀ ေက်ာ္ရဲ႕ နမူနာေတြကို ဓာတ္ခြဲစစ္ေဆးႏိုင္ခဲ့ပါတယ္။

ဓာတ္ခြဲစစ္ေဆးေနရင္း မီးပ်က္တာေတြေၾကာင့္ မီးစက္ႀကီးတစ္လုံး လိုအပ္တာကိုလည္း အမ်ိဳးသားဓာတ္ခြဲမႈ ဆိုင္ရာဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ပါေမာကၡ ေဒါက္တာေဌးေဌးတင္က တင္ျပပါတယ္။

“အဓိကလိုတာက မီးစက္အႀကီးပါ။ ဘာလို႔လဲဆိုေတာ့ အခုတေလာ ရန္ကုန္မွာ မိုး႐ြာပါတယ္။ မီးျပတ္ပါတယ္။ အခုလည္း ႐ုံးက ေျပာပါတယ္။ မီးစက္ႏွစ္လုံး မီးမဝင္ပါဘူး။ ဒါေၾကာင့္ ၅၀၀ ေကဗြီေအ မီးစက္ႀကီးသာရခဲ့ရင္ တတိယလိုင္းအေနနဲ႔ Backup ရွိပါတယ္။ လုပ္ေနရင္းနဲ႔မွ မီးျပတ္သြားရင္ ပစၥည္းေတြ ႏွေျမာဖို႔ေကာင္းပါတယ္။ ညေနပိုင္းမွာ အေျဖထုတ္ေပးရမယ့္ ေႂကြးက်န္ေတြ မ်ားလာပါတယ္။ အဲဒါေၾကာင့္ မီးစက္ရရင္ အဆင္ေျပ ပါတယ္။”

ျပည္ပကေန ေနာက္ထပ္ျပန္လာမယ့္ ျမန္မာနိင္ငံသား သိန္းခ်ီရွိေနတဲ့အေၾကာင္း၊ ဒီေရာဂါမကူးစက္ေအာင္ အစိုးရတင္သာမက ျပည္ပကျပန္လာမယ့္သူေတြ၊ ႏိုင္ငံသားေတြအားလုံးကလည္း ပူးေပါင္းကာကြယ္ဖို႔ လိုအပ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဇာဏီထြဏ္း / RFA Burmese
---------------------------------------------
(Unicode)⤵⤵⤵
အနေအထိုင် ဆက်လက်ဆင်ခြင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးသူတွေ တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူရဲ့ လက္ခဏာတွေက မကြာခဏ ပြောင်းလဲနေတာမို့ အထူးသတိထားဖို့ ကျန်းမာရေးပညာရှင်တွေက ပြောကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုရိုနာဗိုင်းရပ် စမ်းသပ်၊ ကာကွယ်ကုသရေးတွေ လုပ်နေတဲ့ ဆရာဝန်တွေ ဒီနေ့မနက်ပိုင်းက အွန်လိုင်းကနေ တိုက်ရိုက်တွေ့ဆုံဆွေးနွေးကြရာမှာလည်း ရောဂါကူးစက်ခံရမှန်း မသိတဲ့သူတွေ ရှိနိုင်တဲ့အတွက် အထူးဂရုစိုက်ဖို့ ထည့်သွင်းပြောကြားခဲ့ကြပါတယ်။

အခုဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ ရောဂါလက္ခဏာတွေ မကြာခဏ ပြောင်းလဲနိုင်တဲ့အပြင် ကူးစက် ခံရသူ ဖျားနာတဲ့အဆင့် မရောက်ခင် သတိမထားမိဘဲ ရောဂါဖြန့်ဝေသူတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့အချက်ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျန်းမာရေးပညာရှင်တွေ ဒီနေ့ ဧပြီလ ၃၀ ရက်နေ့ အွန်လိုင်း ကနေ တွေ့ဆုံဆွေးနွေးကြရာမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

ကူးစက်ခံနေရတယ်ဆိုတာကို သတိမထားမိတဲ့အတွက် သာမန် ကျန်းမာရေးကောင်းမွန်သူတွေလို နေထိုင်ရာ ကနေ  တခြားလူတွေကို ကူးစက်စေနိုင်တယ်လို့ ကုသခြင်းဆိုင်ရာ တာဝန်ခံ ပါမောက္ခ ဒေါက်တာမိုးမိုးစမ်း က ပြောပါတယ်။

“အခုက ဆေးရုံတွေမှာ လူနာတွေက တဖြည်းဖြည်းချင်းလာတဖြစ်တဲ့အတွက် ကုသနိုင်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ အုံလိုက်ကျင်းလိုက်ဖြစ်မယ်ဆိုရင် ပေါ့စတစ်တွေကို လက်ခံကုသရတဲ့သူတွေ၊ သံသယလူနာတွေကို ကုသရမယ့်ဆေးရုံတွေမှာ လူနာအင်အား တအားများလာမယ်ဆိုရင် လူမလုံလောက်တာတွေ၊ ပီပီအီးလို့ခေါ်တဲ့ ကာကွယ်ရေးဝတ်စုံ မလုံလောက်တာတွေ၊ ဆေးတွေ၊ ICU မလုံလောက်တာတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုတွေ မဖြစ်လာဖို့ လူထုရဲ့အင်အားပါဝင်မှုက အရမ်းအရေးကြီးပါတယ်။”

အဲဒါကြောင့်လည်း အနံ့ခံနိုင်မှုအာရုံ မရှိတော့တာ၊ ဝမ်းသွားတာတွေ စတဲ့ အပြောင်းလဲလာတဲ့ ရောဂါ လက္ခဏာတွေ ဖြစ်လာရင် ကျန်းမာရေးဌာနကို ဆက်သွယ်ဖို့ ထုတ်ပြန်ထားတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ဆေးရုံပေါင်း ၁၁၆၈ ရုံလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကုသနိုင်ဖို့အတွက် မပြင်ဆင်နိုင်ဘဲ အဓိကကုသမှုပေးနိုင်တဲ့ဆေးရုံတွေကို သီးသန့်အနေနဲ့ ပြင်ဆင်သတ်မှတ်ထားပါတယ်။

အထူးသဖြင့် နိုင်ငံတကာလေဆိပ်တွေရှိတဲ့မြို့တွေမှာတည်ရှိတဲ့  ရန်ကုန်တိုင်းက ဝေဘာဂီဆေးရုံ၊ နေပြည်တော် ပြည်သူ့ဆေးရုံ၊ မန္တလေးပြည်သူ့ဆေးရုံတွေပါဝင်ပြီး တခြားတိုင်းနဲ့ ပြည်နယ်အဆင့် ဆေးရုံတွေကိုလည်း ကုသမှုပေးနိုင်တဲ့ ဆေးရုံတွေအဖြစ် သတ်မှတ်ထားပါတယ်။ ရန်ကုန်၊ မန္တလေးအပါဝင် တိုင်းနဲ့ပြည်နယ်တွေက ဆေးရုံတွေမှာ အရင်က ကူးစက်ခံ သံသယလူနာတွေကိုသာ စောင့်ကြည့်ကုသပေးပေမဲ့ အခုဆိုရင် ဖျားတာ၊ ချောင်းဆိုးတာ စတဲ့လက္ခဏာတွေ တွေ့ရတာနဲ့ ဆေးရုံမှာ စောင့်ကြည့်ပေးနေတယ်လို့ ကြိုတင်ပြင်ဆင်ခြင်းနဲ့ စီမံခန့်ခွဲခြင်းဆိုင်ရာ တာဝန်ခံ ဒေါက်တာ သီတာလှက ဝင်ရောက် ဆွေးနွေးခဲ့ပါတယ်။

“နိုင်ငံမှာရှိတဲ့ ရန်ကုန်၊ မန္တလေးဆေးရုံတွေမှာ PUI (သံသယလူနာ)ကိုပဲ လက်ခံတာကနေ ဖျားတယ်၊ ချောင်းဆိုး တယ်၊ အသက်ရှူကြပ်တဲ့လူနာတွေကို လက်ခံပြီးတော့ ကုသနေရပါတယ်။ တစ်ယောက်ဆိုရင် ဝေဘာဂီ မရောက်ဘဲ ရန်ကုန်ဆေးရုံကြီးမှာတင် သေဆုံးသွားတာရှိပါတယ်။ ဒီလိုနဲ့ပဲ ကျမတို့ဆောင်ရွက်နေတာကို တင်ပြလိုပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်လိုနိုင်ငံမျိုးမှာ ရောဂါကူးစက်ခံရပြီး မပြင်းထန်တဲ့လူနာတွေကို အိမ်မှာနေပြီးကုခိုင်းပေမဲ့ မြန်မာနိုင်ငံမှာတော့ နိုင်ငံတော်က တာဝန်ယူ ကုသပေးနေ တာဖြစ်တယ်လို့ ပြောပါတယ်။

“ကိုယ့်အိမ်မှာကိုယ်နေပြီးကုဖို့ မပြောရတဲ့အကြောင်းရင်းက  ပြည်သူပြည်သားတွေက ဒီလောက်ချမ်းသာ တာလည်း မဟုတ်ဘူး။ တချို့တွေက ကိုယ်အိမ်မှာကိုယ်ကုဖို့ဆိုတာ အခြေအနေမပေးပါဘူး။ အခန်းလေးတစ်ခန်း ထဲမှာ မိသားစုကလည်းများတယ်ဆိုရင် ဘယ်လောက်ပဲ မပြင်းထန်ဘူးပြောပြော ကိုယ့်အိမ်မှာကုဖို့က လုံးဝ လက်တွေ့မကျဘူး။ မိသားစုကနေ တခြားလူကို ကူးနိုင်တယ်။ ဒါကြောင့်ရှိသမျှအရင်းမြစ်တွေနဲ့ လုပ်ပေးနေ တာပါ။ ဒါကြောင့် ပြည်သူပြည်သားတွေက ဝိုင်းကူဖို့ ထပ်တလဲလဲပြောနေရတာပါ။”

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရဆိုရင် အခု ရောဂါကူးစက်ခံရ ၁၅၀ ထဲမှာ တချို့က အတည် ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိခဲ့ပါဘူး။ ကူးစက်ခံရသူက ကိုယ်တိုင်တောင်မသိလိုက်ဘဲ အများကို ထပ်ဆင့်ကူးစက် စေနိုင်တာကြောင့် ခပ်ခွာခွာနေဖို့ သတိပေးနေရတာဖြစ်တယ်လို့ ကျန်းမာရေးအသိပညာတွေကို မျှဝေပေးနေတဲ့ ဒေါက်တာထက်ဝင်း က RFA ကို မှတ်ချက်ပေးပါတယ်။

“ကိုယ့်ဆီမှာ ကိုရိုနာဗိုင်းရပ်ရှိနေတာက လက္ခဏာမပြဘူး၊ ကိုယ်နဲ့ထိတွေ့လိုက်သူမှာ လက္ခဏာပြတယ်။ ပေါ့စတစ်ဖြစ်တယ်။ ရောဂါလက္ခဏာမပြဘူး။ အကောင်းတိုင်းပဲရှိနေပေမဲ့ ရောဂါကူးစက်သူဖြစ်နေနိုင်ပါတယ်။ အဲဒီလိုကူးစက်မှုနုန်းက နည်းနည်းများလာနိုင်ပါတယ်။”

အခုချိန်အထိ မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ ၅၄ သန်းထဲက  သံသယလူနာ ၇၅၀၀ ကျော်ရဲ့ နမူနာတွေကို ဓာတ်ခွဲစစ်ဆေးနိုင်ခဲ့ပါတယ်။

ဓာတ်ခွဲစစ်ဆေးနေရင်း မီးပျက်တာတွေကြောင့် မီးစက်ကြီးတစ်လုံး လိုအပ်တာကိုလည်း အမျိုးသားဓာတ်ခွဲမှု ဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဌေးဌေးတင်က တင်ပြပါတယ်။

“အဓိကလိုတာက မီးစက်အကြီးပါ။ ဘာလို့လဲဆိုတော့ အခုတလော ရန်ကုန်မှာ မိုးရွာပါတယ်။ မီးပြတ်ပါတယ်။ အခုလည်း ရုံးက ပြောပါတယ်။ မီးစက်နှစ်လုံး မီးမဝင်ပါဘူး။ ဒါကြောင့် ၅၀၀ ကေဗွီအေ မီးစက်ကြီးသာရခဲ့ရင် တတိယလိုင်းအနေနဲ့ Backup ရှိပါတယ်။ လုပ်နေရင်းနဲ့မှ မီးပြတ်သွားရင် ပစ္စည်းတွေ နှမြောဖို့ကောင်းပါတယ်။ ညနေပိုင်းမှာ အဖြေထုတ်ပေးရမယ့် ကြွေးကျန်တွေ များလာပါတယ်။ အဲဒါကြောင့် မီးစက်ရရင် အဆင်ပြေ ပါတယ်။”

ပြည်ပကနေ နောက်ထပ်ပြန်လာမယ့် မြန်မာနိင်ငံသား သိန်းချီရှိနေတဲ့အကြောင်း၊ ဒီရောဂါမကူးစက်အောင် အစိုးရတင်သာမက ပြည်ပကပြန်လာမယ့်သူတွေ၊ နိုင်ငံသားတွေအားလုံးကလည်း ပူးပေါင်းကာကွယ်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဇာဏီထွဏ်း / RFA Burmese
https://www.rfa.org/burmese/news/dassk-discuss-with-doctors-about-corona-04302020070851.html
အေနအထိုင္ ဆက္လက္ဆင္ျခင္ၾကဖို႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဆြးေႏြးသူေတြ တိုက္တြန္း အေနအထိုင္ ဆက္လက္ဆင္ျခင္ၾကဖို႔ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဆြးေႏြးသူေတြ တိုက္တြန္း Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.