သမၼတလြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လြတ္လာသူ ရုိဟင္ဂ်ာ ၈၀၀ ကုိ ရခုိင္ျပည္နယ္ ျပန္ပုိ႔


(Zawgyi/Unicode)

အက်ဥ္းေထာင္ေတြက ျပန္လြတ္လာၾကတဲ႔ ရိုဟင္ဂ်ာ ၈၀၀ ကို တနလာၤေန႔က ရခုိင္ျပည္နယ္ကို ပို႔ေဆာင္ေၾကာင္း AFP သတင္းေအဂ်င္စီက ေဖာ္ျပပါတယ္။ ျမန္မာႏွစ္ကူး ႏွစ္ဆန္း ၁ရက္ေန႔က သမၼတရဲ႕ ျပစ္ဒဏ္လြတ္ၿငိမ္းခြင့္ရတဲ႔ အက်ဥ္းသား ၂၅,၀၀၀ နီးပါး ထဲမွာ ပါ၀င္ လြတ္ေျမာက္ လာသူေတြ ျဖစ္ပါတယ္။

သူတို႔ကိုေတာ့ ေရတပ္ သေဘာၤနဲ႔ ရန္ကုန္ကေန ရခုိင္ျပည္နယ္ကို ေခၚေဆာင္လာတာ ျဖစ္ပါတယ္။ ေထာင္က လြတ္လာသူ ၈၀၀ ထဲက လူေပါင္း ၆၀၀ ေက်ာ္ကိုေတာ့ ရခုိင္ျပည္နယ္ ၿမိဳ႕ေတာ္ စစ္ေတြ အနီး ပို႔ေဆာင္ခဲ႔ၿပီး က်န္တဲ႔ လူ ၂၀၀ ကိုေတာ့ ဘဂၤလားေဒရွ္႕နဲ႔ နယ္စပ္က ေျမာက္ပိုင္း ၿမိဳ႕နယ္ေတြကို ေခၚေဆာင္သြားေၾကာင္း ၊ သူတို႔ကိုေတာ့ သီးျခား ခြဲထားရွိမွာ ျဖစ္တယ္လို႔လည္း လူ၀င္မႈႀကီးၾကပ္ေရး ဌာန အႀကီးအကဲ ဦးစိုးလြင္က AFP ကို ေျပာဆိုခဲ႔ပါတယ္။ ေနာက္ထပ္ အေသးစိတ္ကိုေတာ့ မေျပာပါဘူး။ျမန္မာ အစိုးရဘက္ကေတာ့ ရိုဟင္ဂ်ာဆိုတဲ႔ အသံုးအႏႈန္းကို လက္မခံပါဘူး။

ျမန္မာႏုိင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ႔ႏွံ႔ ကူးစက္မႈ ျဖစ္ေနခ်ိန္မွာဘဲ သမၼတရဲ႕ ျပစ္ဒဏ္ လြတ္ၿငိမ္းခြင့္နဲ႔ အက်ဥ္းသား ေသာင္းခ်ီ လြတ္ေျမာက္လာတာ ျဖစ္ပါတယ္။ က်န္းမာေရးနဲ႔ အားကစား ၀န္ႀကီးဌာနရဲ႕ တနလာၤေန႔ ညပိုင္း အတည္ျပဳခ်က္ အရ ျမန္မာႏုိင္ငံမွာ COVID-19 ကူးစက္ခံ အတည္ျပဳ လူနာ ၁၁၉ ဦးရွိပါတယ္။ ဒီထဲက ေသဆံုးသူ ၅ ဦး ရွိၿပီး ေရာဂါပိုးကင္းစင္လာသူ ၉ ဦးရွိေၾကာင္း အဲဒီထဲက ၆ ဦးက ေဆးရံုဆင္းသြားၿပီျဖစ္ေၾကာင္း အစိုးရက ေျပာဆိုထားပါတယ္။ ရန္ကုန္တိုင္း ေ၀ဘာဂီ ေဆးရံုမွာ အထူးၾကပ္မတ္ ကုသေပးေနရသူ ၂ ဦး ရွိေနၿပီး က်န္တဲ႔သူေတြကေတာ့ အေျခအေန တည္တည္ၿငိမ္ၿငိမ္ ရွိတယ္လို႔လည္း အစိုးရက ေျပာဆိုထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူ ရိုဟင်ဂျာ ၈၀၀ ကို ရခိုင်ပြည်နယ် ပြန်ပို့

(Unicode)

အကျဉ်းထောင်တွေက ပြန်လွတ်လာကြတဲ့ ရိုဟင်ဂျာ ၈၀၀ ကို တနလာၤနေ့က ရခိုင်ပြည်နယ်ကို ပို့ဆောင်ကြောင်း AFP သတင်းအေဂျင်စီက ဖော်ပြပါတယ်။ မြန်မာနှစ်ကူး နှစ်ဆန်း ၁ရက်နေ့က သမ္မတရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရတဲ့ အကျဉ်းသား ၂၅,၀၀၀ နီးပါး ထဲမှာ ပါဝင် လွတ်မြောက် လာသူတွေ ဖြစ်ပါတယ်။

သူတို့ကိုတော့ ရေတပ် သဘောၤနဲ့ ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကို ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။ ထောင်က လွတ်လာသူ ၈၀၀ ထဲက လူပေါင်း ၆၀၀ ကျော်ကိုတော့ ရခိုင်ပြည်နယ် မြို့တော် စစ်တွေ အနီး ပို့ဆောင်ခဲ့ပြီး ကျန်တဲ့ လူ ၂၀၀ ကိုတော့ ဘင်္ဂလားဒေရှ့်နဲ့ နယ်စပ်က မြောက်ပိုင်း မြို့နယ်တွေကို ခေါ်ဆောင်သွားကြောင်း ၊ သူတို့ကိုတော့ သီးခြား ခွဲထားရှိမှာ ဖြစ်တယ်လို့လည်း လူဝင်မှုကြီးကြပ်ရေး ဌာန အကြီးအကဲ ဦးစိုးလွင်က AFP ကို ပြောဆိုခဲ့ပါတယ်။ နောက်ထပ် အသေးစိတ်ကိုတော့ မပြောပါဘူး။မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ ကူးစက်မှု ဖြစ်နေချိန်မှာဘဲ သမ္မတရဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နဲ့ အကျဉ်းသား သောင်းချီ လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ တနလာၤနေ့ ညပိုင်း အတည်ပြုချက် အရ မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံ အတည်ပြု လူနာ ၁၁၉ ဦးရှိပါတယ်။ ဒီထဲက သေဆုံးသူ ၅ ဦး ရှိပြီး ရောဂါပိုးကင်းစင်လာသူ ၉ ဦးရှိကြောင်း အဲဒီထဲက ၆ ဦးက ဆေးရုံဆင်းသွားပြီဖြစ်ကြောင်း အစိုးရက ပြောဆိုထားပါတယ်။ ရန်ကုန်တိုင်း ဝေဘာဂီ ဆေးရုံမှာ အထူးကြပ်မတ် ကုသပေးနေရသူ ၂ ဦး ရှိနေပြီး ကျန်တဲ့သူတွေကတော့ အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိတယ်လို့လည်း အစိုးရက ပြောဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-800-rohingya-prisoners-release-and-to-rakhine-/5382696.html
သမၼတလြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လြတ္လာသူ ရုိဟင္ဂ်ာ ၈၀၀ ကုိ ရခုိင္ျပည္နယ္ ျပန္ပုိ႔ သမၼတလြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လြတ္လာသူ ရုိဟင္ဂ်ာ ၈၀၀ ကုိ ရခုိင္ျပည္နယ္ ျပန္ပုိ႔ Reviewed by THITHTOOLWIN on 10:09 Rating: 5
Powered by Blogger.