ကိုဗစ္-၁၉-အဆိုေတာ္မ်ိဳးႀကီးနဲ႔ မိသားစု သီးသန႔္ခြဲျခားေနထိုင္ၿပီ

မ်ိဳးႀကီးဟာ အိုင္းရင္းခေရာ့ခ္ တီးဝိုင္းရဲ႕ ပင္တိုင္အဆိုေတာ္တစ္ဦးပါ။
(Zawgyi)⤵⤵⤵
အိုင္းရင္းခေရာ့စ္ ေရာ့ခ္တီးဝိုင္းရဲ႕ ပင္တိုင္အဆိုေတာ္တစ္ဦးျဖစ္တဲ့ အဆိုေတာ္မ်ိဳးႀကီးဟာ မိသားစုနဲ႔အတူ အစိုးရစီစဥ္ထားတဲ့ သီးသန႔္ေစာင့္ၾကည့္တဲ့ေနရာမွာ ကြာရန္တင္း ဝင္သြားၿပီျဖစ္တယ္လို႔ ဗဟန္းၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းျမင့္က ဘီဘီစီကို အတည္ျပဳပါတယ္။

မေန႔က ညပိုင္းက ကြာရန္တင္းျပဳလုပ္မယ့္ ေနရာကို ေခၚေဆာင္ေပးခဲ့တယ္လို႔လည္း ဆိုပါတယ္။

အဆိုေတာ္မ်ိဳးႀကီးဟာ ဘာသာေရး ပြဲတစ္ခုကို တက္ေရာက္ခဲ့ၿပီး အဲဒီမွာ ကိုဗစ္၁၉ အတည္ျပဳလူနာတခ်ိဳ႕လည္း တက္ေရာက္ခဲ့တာေၾကာင့္ ထိေတြ႕မႈရွိခဲ့ တယ္ဆိုၿပီး အခုလို ကြာရန္တင္း ၂၁ ရက္ ဝင္ဖို႔ ဆုံးျဖတ္ခဲ့တာလို႔ သိရပါတယ္။

အခုအခါ ေရာဂါပိုးရွိသူနဲ႔ အနီးကပ္ထိေတြ႕ခဲ့တဲ့သူအားလုံးကို ေနအိမ္ေတြမွာ မထားေတာ့ဘဲ သီးသန႔္ေစာင့္ၾကည့္တဲ့ေနရာေတြကို ပို႔ေဆာင္ေနၿပီျဖစ္ ပါတယ္။

အရင္က ထိေတြ႕မႈရွိခဲ့သူေတြကို ေရာဂါလကၡဏာျပမျပ ၁၄ ရက္ေစာင့္ၾကည့္တာျဖစ္ၿပီး လူတိုင္းကို ေရာဂါပိုးရွိမရွိေဆးစစ္ေပးတာမ်ိဳး ျပဳလုပ္ခဲ့ျခင္းမရွိပါ ဘူး။

ဒါေပမဲ့ အခုေတာ့ ၁၄ အတြင္း ေရာဂါလကၡဏာမျပေပမယ့္လည္း ကူးစက္ခံရတာတခ်ိဳ႕ရွိလာလို႔ သီးသန႔္ေစာင့္ၾကည့္သူေတြကို ေဆးစစ္ေပးမွာ ျဖစ္ပါ တယ္။

အခု အဆိုေတာ္မ်ိဳးႀကီးမိသားစုကလည္း ေဆးစစ္ဖို႔ နီးစပ္ေနတယ္လို႔ သတင္းရင္းျမစ္တခ်ိဳ႕က ေျပာပါတယ္။

ကိုဗစ္၁၉ အတည္ျပဳလူနာ ငါးဦးဟာ အင္းစိန္ အေရွ႕ႀကိဳ႕ကုန္းရပ္ကြက္ထဲက က်မ္းစာသင္ေက်ာင္းကျဖစ္ၿပီး တစ္အိမ္တည္း အတူေနထိုင္သူ ေတြျဖစ္တယ္လို႔ အင္းစိန္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေအာင္က ေျပာပါတယ္။

အဲဒီ လူနာ နံပါတ္ ၃၄၊ ၃၅၊ ၃၆ ၊ ၃၇၊ ၄၁ တို႔ဟာ ႏိုင္ငံျခားသားေတြတက္ေရာက္တဲ့ဘာသာေရးအခမ္းအနားတစ္ခုကို တက္ေရာက္ခဲ့ၿပီးဧၿပီ ၁၀ ရက္က ပိုးေတြ႕ရွိေၾကာင္း အစိုးရထုတ္ျပန္ခဲ့တဲ့ လူနာ နံပါတ္ ၂၄ ဟာလည္း ဒီအခမ္းအနားကို တက္ေရာက္ခဲ့တဲ့ရာဇဝင္ရွိတယ္လို႔ လို႔ အစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

အဲဒီေနာက္ သူတို႔နဲ႔ ထိေတြ႕ခဲ့သူေတြကို စုံစမ္းရာမွာ အဆိုေတာ္မ်ိဳးႀကီး ပါတယ္လို႔ သတင္းထြက္ေပၚခဲ့ပါတယ္။

ဒါ့အျပင္ အတည္ျပဳလူနာနံပါတ္ ၃၇ ဟာ အဆိုေတာ္မ်ိဳးႀကီးျဖစ္တယ္လို႔ သတင္းေတြထြက္လာတဲ့အတြက္ မဟုတ္မွန္ေၾကာင္း မ်ိဳးႀကီးရဲ႕ ဇနီးျဖစ္သူက လူမႈကြန္ရက္ကေန ျပန္လည္ရွင္းလင္းခဲ့ရပါတယ္။

ဒါေပမဲ့ အဲဒီလူနာ ၃၇ ဟာ သူတို႔ရဲ႕ မိတ္ေဆြျဖစ္လို႔ စိတ္မေကာင္းေၾကာင္းလည္း ေရးသားခဲ့ပါတယ္။

အဲဒီေနာက္ ဧၿပီ ၁၂ ရက္ ညေနပိုင္းမွာေတာ့ မ်ိဳးႀကီးရဲ႕ဇနီးျဖစ္သူက ႏိုင္ငံေတာ္က ခ်မွတ္ထားတဲ့စည္းကမ္းအတိုင္း လိုက္နာေဆာင္႐ြက္သြားမွာပါလို႔ ေရးသားခဲ့ပါတယ္။

ဒီသတင္းနဲ႔ပတ္သက္လို႔ ကာယကံရွင္ျဖစ္တဲ့ အဆိုေတာ္မ်ိဳးႀကီးကို ဘီဘီစီက ဆက္သြယ္ေမးျမန္းဖို႔ ႀကိဳးစားေနပါတယ္။

အဲဒီဘာသာေရးအခမ္းအနားဟာ အင္းစိန္ဘက္မွာျပဳလုပ္ခဲ့တာမဟုတ္ဘဲ ၈ မိုင္ဘက္မွာလို႔ ၾကားသိရေၾကာင္း အင္းစိန္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေအာင္က ေျပာပါတယ္။

ေလာေလာဆယ္မွာ ဒီဘာသာေရးအခမ္းအနားကိုတက္ခဲ့တဲ့ အင္းစိန္ၿမိဳ႕နယ္ထဲက ကိုဗစ္၁၉ အတည္ျပဳလူနာ ငါးဦးကို ေဝဘာဂီေဆး႐ုံကိုပို႔ေဆာင္ ထားသလို ဒီလူနာေတြနဲ႔ ထိေတြ႕ခဲ့တဲ့သူ စုစုေပါင္း ၁၆ ဦးကို သီးသန႔္ထားၿပီးကန႔္သတ္ေစာင့္ၾကည့္ေနတယ္လို႔ ဆိုပါတယ္။

BBC Burmese
------------------------------------------------
(Unicode)⤵⤵⤵
ကိုဗစ်-၁၉-အဆိုတော်မျိုးကြီးနဲ့ မိသားစု သီးသန့်ခွဲခြားနေထိုင်ပြီ

အိုင်းရင်းခရော့စ် ရော့ခ်တီးဝိုင်းရဲ့ ပင်တိုင်အဆိုတော်တစ်ဦးဖြစ်တဲ့ အဆိုတော်မျိုးကြီးဟာ မိသားစုနဲ့အတူ အစိုးရစီစဉ်ထားတဲ့ သီးသန့်စောင့်ကြည့်တဲ့နေရာမှာ ကွာရန်တင်း ဝင်သွားပြီဖြစ်တယ်လို့ ဗဟန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ဘီဘီစီကို အတည်ပြုပါတယ်။

မနေ့က ညပိုင်းက ကွာရန်တင်းပြုလုပ်မယ့် နေရာကို ခေါ်ဆောင်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

အဆိုတော်မျိုးကြီးဟာ ဘာသာရေး ပွဲတစ်ခုကို တက်ရောက်ခဲ့ပြီး အဲဒီမှာ ကိုဗစ်၁၉ အတည်ပြုလူနာတချို့လည်း တက်ရောက်ခဲ့တာကြောင့် ထိတွေ့မှုရှိခဲ့ တယ်ဆိုပြီး အခုလို ကွာရန်တင်း ၂၁ ရက် ဝင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

အခုအခါ ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့သူအားလုံးကို နေအိမ်တွေမှာ မထားတော့ဘဲ သီးသန့်စောင့်ကြည့်တဲ့နေရာတွေကို ပို့ဆောင်နေပြီဖြစ် ပါတယ်။

အရင်က ထိတွေ့မှုရှိခဲ့သူတွေကို ရောဂါလက္ခဏာပြမပြ ၁၄ ရက်စောင့်ကြည့်တာဖြစ်ပြီး လူတိုင်းကို ရောဂါပိုးရှိမရှိဆေးစစ်ပေးတာမျိုး ပြုလုပ်ခဲ့ခြင်းမရှိပါ ဘူး။

ဒါပေမဲ့ အခုတော့ ၁၄ အတွင်း ရောဂါလက္ခဏာမပြပေမယ့်လည်း ကူးစက်ခံရတာတချို့ရှိလာလို့ သီးသန့်စောင့်ကြည့်သူတွေကို ဆေးစစ်ပေးမှာ ဖြစ်ပါ တယ်။

အခု အဆိုတော်မျိုးကြီးမိသားစုကလည်း ဆေးစစ်ဖို့ နီးစပ်နေတယ်လို့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

ကိုဗစ်၁၉ အတည်ပြုလူနာ ငါးဦးဟာ အင်းစိန် အရှေ့ကြို့ကုန်းရပ်ကွက်ထဲက ကျမ်းစာသင်ကျောင်းကဖြစ်ပြီး တစ်အိမ်တည်း အတူနေထိုင်သူ တွေဖြစ်တယ်လို့ အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောပါတယ်။

အဲဒီ လူနာ နံပါတ် ၃၄၊ ၃၅၊ ၃၆ ၊ ၃၇၊ ၄၁ တို့ဟာ နိုင်ငံခြားသားတွေတက်ရောက်တဲ့ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပြီးဧပြီ ၁၀ ရက်က ပိုးတွေ့ရှိကြောင်း အစိုးရထုတ်ပြန်ခဲ့တဲ့ လူနာ နံပါတ် ၂၄ ဟာလည်း ဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ရာဇဝင်ရှိတယ်လို့ လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီနောက် သူတို့နဲ့ ထိတွေ့ခဲ့သူတွေကို စုံစမ်းရာမှာ အဆိုတော်မျိုးကြီး ပါတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် အတည်ပြုလူနာနံပါတ် ၃၇ ဟာ အဆိုတော်မျိုးကြီးဖြစ်တယ်လို့ သတင်းတွေထွက်လာတဲ့အတွက် မဟုတ်မှန်ကြောင်း မျိုးကြီးရဲ့ ဇနီးဖြစ်သူက လူမှုကွန်ရက်ကနေ ပြန်လည်ရှင်းလင်းခဲ့ရပါတယ်။

ဒါပေမဲ့ အဲဒီလူနာ ၃၇ ဟာ သူတို့ရဲ့ မိတ်ဆွေဖြစ်လို့ စိတ်မကောင်းကြောင်းလည်း ရေးသားခဲ့ပါတယ်။

အဲဒီနောက် ဧပြီ ၁၂ ရက် ညနေပိုင်းမှာတော့ မျိုးကြီးရဲ့ဇနီးဖြစ်သူက နိုင်ငံတော်က ချမှတ်ထားတဲ့စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်သွားမှာပါလို့ ရေးသားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ ကာယကံရှင်ဖြစ်တဲ့ အဆိုတော်မျိုးကြီးကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

အဲဒီဘာသာရေးအခမ်းအနားဟာ အင်းစိန်ဘက်မှာပြုလုပ်ခဲ့တာမဟုတ်ဘဲ ၈ မိုင်ဘက်မှာလို့ ကြားသိရကြောင်း အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ပြောပါတယ်။

လောလောဆယ်မှာ ဒီဘာသာရေးအခမ်းအနားကိုတက်ခဲ့တဲ့ အင်းစိန်မြို့နယ်ထဲက ကိုဗစ်၁၉ အတည်ပြုလူနာ ငါးဦးကို ဝေဘာဂီဆေးရုံကိုပို့ဆောင် ထားသလို ဒီလူနာတွေနဲ့ ထိတွေ့ခဲ့တဲ့သူ စုစုပေါင်း ၁၆ ဦးကို သီးသန့်ထားပြီးကန့်သတ်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52260142
ကိုဗစ္-၁၉-အဆိုေတာ္မ်ိဳးႀကီးနဲ႔ မိသားစု သီးသန႔္ခြဲျခားေနထိုင္ၿပီ ကိုဗစ္-၁၉-အဆိုေတာ္မ်ိဳးႀကီးနဲ႔ မိသားစု သီးသန႔္ခြဲျခားေနထိုင္ၿပီ Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.