တ႐ုတ္ျပည္က ျပန္လာသူေတြကို က်န္းမာေရး တင္းက်ပ္စြာ စစ္ေဆးေန


(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံကေနျပန္လာတဲ့ ျမန္မာႏိုင္ငံသား ငါးရာခန႔္ဟာ ကိုးကန႔္ေဒသ ခ်င္းေ႐ႊေဟာ္ကေနတဆင့္ လားရႈိးကို ဒီကေန႔ ဧၿပီ ၃၀ ရက္ေန႔ ညေနပိုင္းက ေရာက္လာပါတယ္။

တခ်ိန္တည္းမွာ မူဆယ္ၿမိဳ႕ကိုလည္း တ႐ုတ္ႏိုင္ငံ က်ယ္ေဂါင္ကေနဝင္လာသူ ေလးရာေလာက္ရွိတယ္လို႔လည္း မူဆယ္ၿမိဳ႕ ဂ႐ုဏာလူမႈကူညီေရးအသင္း ဥကၠ႒ ဦးေသာင္းထြန္းက ေျပာပါတယ္။

သူတို႔ကို မနက္ျဖန္ ေနရပ္ျပန္ပို႔မွာျဖစ္ၿပီး သူတို႔ေဒသေရာက္ရင္ က်န္းမာေရးေစာင့္ေရွာက္မႈ ခံယူရမယ္လို႔ အစိုးရဌာနတာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ကိုးကန႔္ေဒသကေန ေနရပ္ျပန္မယ့္ ျမန္မာႏိုင္ငံသား ေသာင္းနဲ႔ခ်ီရွိတယ္လို႔ အစိုးရက ေျပာထားပါတယ္။

ၿပီးခဲ့တဲ့ ၄ ရက္အတြင္း ျပန္လာသူ တစ္ေထာင္ဝန္းက်င္ရွိပါၿပီ။

ဧၿပီလ ၂၉ ရက္ေန႔ကစၿပီး တျခားၿမိဳ႕ေတြကလာတဲ့သူေတြ လားရႈိးၿမိဳ႕ကိုအဝင္မခံေတာ့ဘဲ ၿမိဳ႕ေရွာင္လမ္းစစ္ေဆးေရးဂိတ္မွာ က်န္းမာေရး တင္းတင္းက်ပ္က်ပ္နဲ႔ စစ္ေဆးေနပါတယ္။ က်န္းမာေရးေထာက္ခံခ်က္ မပါရင္ လမ္းဂိတ္ေတြကေန ျဖတ္သန္းခြင့္ ပိတ္ထားပါတယ္။

RFA Burmese
------------------------------
(Unicode)⤵⤵⤵
 တရုတ်ပြည်က ပြန်လာသူတွေကို ကျန်းမာရေး တင်းကျပ်စွာ စစ်ဆေးနေ

တရုတ်နိုင်ငံကနေပြန်လာတဲ့ မြန်မာနိုင်ငံသား ငါးရာခန့်ဟာ ကိုးကန့်ဒေသ ချင်းရွှေဟော်ကနေတဆင့် လားရှိုးကို ဒီကနေ့ ဧပြီ ၃၀ ရက်နေ့ ညနေပိုင်းက ရောက်လာပါတယ်။

တချိန်တည်းမှာ မူဆယ်မြို့ကိုလည်း တရုတ်နိုင်ငံ ကျယ်ဂေါင်ကနေဝင်လာသူ လေးရာလောက်ရှိတယ်လို့လည်း မူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောပါတယ်။

သူတို့ကို မနက်ဖြန် နေရပ်ပြန်ပို့မှာဖြစ်ပြီး သူတို့ဒေသရောက်ရင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရမယ်လို့ အစိုးရဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကိုးကန့်ဒေသကနေ နေရပ်ပြန်မယ့် မြန်မာနိုင်ငံသား သောင်းနဲ့ချီရှိတယ်လို့ အစိုးရက ပြောထားပါတယ်။

ပြီးခဲ့တဲ့ ၄ ရက်အတွင်း ပြန်လာသူ တစ်ထောင်ဝန်းကျင်ရှိပါပြီ။

ဧပြီလ ၂၉ ရက်နေ့ကစပြီး တခြားမြို့တွေကလာတဲ့သူတွေ လားရှိုးမြို့ကိုအဝင်မခံတော့ဘဲ မြို့ရှောင်လမ်းစစ်ဆေးရေးဂိတ်မှာ ကျန်းမာရေး တင်းတင်းကျပ်ကျပ်နဲ့ စစ်ဆေးနေပါတယ်။ ကျန်းမာရေးထောက်ခံချက် မပါရင် လမ်းဂိတ်တွေကနေ ဖြတ်သန်းခွင့် ပိတ်ထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား