ေတာမီးေၾကာင့္ မိုင္းေယာင္း သမိုင္းဝင္ ထတ္လုံေစတီ မီးေလာင္

(Zawgyi)⤵⤵⤵
သွ်မ္းျပည္အေရွ႕ပိုင္း မိုင္းေယာင္းၿမိဳ႕နယ္တြင္ ေတာမီးေလာင္ျခင္းမွ တဆင့္ မိုင္းေယာင္း သမိုင္းဝင္ ထတ္လုံေစတီ မီးေလာင္ကြၽမ္းမႈ ျဖစ္ပြားေၾကာင္း သတင္းရရွိသည္။
မိုင္းေယာင္းရွိသက္တမ္းၾကာရွည္ ထတ္လုံ စြမ္ေယာင္းေစတီ ဆြမ္းစားေက်ာင္းေဆာင္ မီးေလာင္ ပ်က္စီး
ယမန္ ေန႔ (ဧၿပီ ၅ ) ရက္ ညေန ၅ နာရီခန႔္တြင္ မိုင္းေယာင္းၿမိဳ႕နယ္ ဝမ္ေကာင္းေက်း႐ြာ အုပ္စု ဝမ္ေတာင္းေက်း႐ြာ အနီး ေတာမီးေလာင္ရာ မွ တဆင့္ စြမ္ေယာင္း(ခ) ထတ္လုံ ေစတီ အတြင္းရွိ ဆြမ္းစားေဆာင္ ၊ ဇရပ္ေဆာင္ ႏွင့္ ေလ်ာင္းေတာ္မူ ဘုရားတို႔ မီးေလာင္ကြၽမ္းခဲ့ေၾကာင္း စြမ္ေယာင္း ဆရာေတာ္ က သွ်မ္းသံေတာ္ဆင့္ သို႔ မိန႔္ၾကားသည္။

“ေတာမီးေလာင္ေနတာက ၂ ရက္ ၃ ရက္ေလာက္ရွိၿပီ။ ေလျပင္းေတြ တအားတိုက္ေတာ့ မီးစေတြက စြမ္ေယာင္းေစတီ ရဲ႕ အေရွ႕ဘက္ျခမ္းကေန ကူးလာတာ” ဟု စြမ္ေယာင္းဆရာေတာ္က မိန႔္ေတာ္မူသည္။
မိုင္းေယာင္းရွိသက္တမ္းၾကာရွည္ ထတ္လုံ စြမ္ေယာင္းေစတီ ဆြမ္းစားေက်ာင္းေဆာင္ မီးေလာင္ ပ်က္စီ
ထို႔ စြမ္ေယာင္း (ခ) ထတ္လုံ ေစတီေတ္ာတြင္ ရဟန္းတစ္ပါး ႏွင့္ ဒကာ တစ္ဦး ေနထိုင္ ေၾကာင္း သိရသည္။

ထိုမီးေလာင္မႈကို ယမန္ေန႔ ညေန ၈ နာရီက လူထုႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ား ဝိုင္းဝန္း မီး ၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း ဆုံးရႈံးမႈ တန္ဖိုး သိန္းဆယ္ခ်ီ ရွိေၾကာင္း လည္း ဆရာေတာ္က မိန႔္ၾကားေတာ္မူသည္။

“ေတာမီးကို ဘယ္သူလာ ရႈိ႕လဲဆိုတာ ခုထိ မသိရေသးဘူး၊ ထိခိုက္ဒဏ္ရာ ရတဲ့သူေတြေတာ့ တစ္ေယာက္မွ မရွိဘူး”ဟု စြမ္ေယာင္း ဆရာေတာ္ က ထပ္ေလာင္း မိန႔္ေတာ္မူသည္။
မိုင္းေယာင္းရွိသက္တမ္းၾကာရွည္ ထတ္လုံ စြမ္ေယာင္းေစတီ ဆြမ္းစားေက်ာင္းေဆာင္ မီးေလာင္ ပ်က္စီး
သွ်မ္းျပည္အေရွ႕ပိုင္း မိုင္းဆတ္ၿမိဳ႕နယ္ရွိ ပုံတပ္ ၁ ေက်း႐ြာ ႏွင့္ ခတ္ၾကားေဒေက်း႐ြာ တြင္ ဧၿပီ ၃ ရက္ေန႔ ညေန ၃ နာရီအခ်ိန္တြင္ ေတာမီးေလာင္ျခင္းေၾကာင့္ ေနအိမ္ ၃၆ အိမ္ မီးထဲ ပါသြားၿပီး ေက်း႐ြာသား ၁၃၀ ေယာက္ စားဝတ္ေနေရး ခက္ခဲေၾကာင္း သိရသည္။

သ်ွမ္းသံေတာ္ဆင့္/ဆိုင္ဖူး
-----------------------------------------------------------
(Unicode)⤵⤵⤵
တောမီးကြောင့် မိုင်းယောင်း သမိုင်းဝင် ထတ်လုံစေတီ မီးလောင်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် တောမီးလောင်ခြင်းမှ တဆင့် မိုင်းယောင်း သမိုင်းဝင် ထတ်လုံစေတီ မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ယမန် နေ့ (ဧပြီ ၅ ) ရက် ညနေ ၅ နာရီခန့်တွင် မိုင်းယောင်းမြို့နယ် ဝမ်ကောင်းကျေးရွာ အုပ်စု ဝမ်တောင်းကျေးရွာ အနီး တောမီးလောင်ရာ မှ တဆင့် စွမ်ယောင်း(ခ) ထတ်လုံ စေတီ အတွင်းရှိ ဆွမ်းစားဆောင် ၊ ဇရပ်ဆောင် နှင့် လျောင်းတော်မူ ဘုရားတို့ မီးလောင်ကျွမ်းခဲ့ကြောင်း စွမ်ယောင်း ဆရာတော် က သျှမ်းသံတော်ဆင့် သို့ မိန့်ကြားသည်။

“တောမီးလောင်နေတာက ၂ ရက် ၃ ရက်လောက်ရှိပြီ။ လေပြင်းတွေ တအားတိုက်တော့ မီးစတွေက စွမ်ယောင်းစေတီ ရဲ့ အရှေ့ဘက်ခြမ်းကနေ ကူးလာတာ” ဟု စွမ်ယောင်းဆရာတော်က မိန့်တော်မူသည်။

ထို့ စွမ်ယောင်း (ခ) ထတ်လုံ စေတီတေ်ာတွင် ရဟန်းတစ်ပါး နှင့် ဒကာ တစ်ဦး နေထိုင် ကြောင်း သိရသည်။

ထိုမီးလောင်မှုကို ယမန်နေ့ ညနေ ၈ နာရီက လူထုနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်း မီး ငြိမ်းသတ်နိုင်ခဲ့ကြောင်း ဆုံးရှုံးမှု တန်ဖိုး သိန်းဆယ်ချီ ရှိကြောင်း လည်း ဆရာတော်က မိန့်ကြားတော်မူသည်။

“တောမီးကို ဘယ်သူလာ ရှို့လဲဆိုတာ ခုထိ မသိရသေးဘူး၊ ထိခိုက်ဒဏ်ရာ ရတဲ့သူတွေတော့ တစ်ယောက်မှ မရှိဘူး”ဟု စွမ်ယောင်း ဆရာတော် က ထပ်လောင်း မိန့်တော်မူသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်ရှိ ပုံတပ် ၁ ကျေးရွာ နှင့် ခတ်ကြားဒေကျေးရွာ တွင် ဧပြီ ၃ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် တောမီးလောင်ခြင်းကြောင့် နေအိမ် ၃၆ အိမ် မီးထဲ ပါသွားပြီး ကျေးရွာသား ၁၃၀ ယောက် စားဝတ်နေရေး ခက်ခဲကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်/ဆိုင်ဖူး
https://burmese.shannews.org/archives/16002
ေတာမီးေၾကာင့္ မိုင္းေယာင္း သမိုင္းဝင္ ထတ္လုံေစတီ မီးေလာင္ ေတာမီးေၾကာင့္ မိုင္းေယာင္း သမိုင္းဝင္ ထတ္လုံေစတီ မီးေလာင္ Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.