ကို႐ိုနာကူးသူ အမ်ားဆုံးေတြ႕ခဲ့ရတဲ့ ေမာ္စကို

ကူးစက္သူ အမ်ားဆုံးဟာ ေမာ္စကိုမွာျဖစ္
(Zawgyi)⤵⤵⤵
႐ုရွားႏိုင္ငံမွာ ကို႐ိုနာ ဗိုင္းရပ္စ္ကူးစက္ခံရသူ ဒီကေန႔ အမ်ားဆုံး ေတြ႕ခဲ့ရပါတယ္။ လူနာသစ္ ၂၅ဝဝ ရွိၿပီး တဝက္ေက်ာ္က ေမာ္စကိုမွာ ေတြ႕တယ္လို႔ အေရးေပၚ ထိန္းခ်ဳပ္ေရး ဌာနက ေျပာပါတယ္။

လူေတြရဲ႕ သြားလာမႈကို ထိန္းခ်ဳပ္ဖို႔ ဒစ္ဂ်စ္တယ္ စနစ္ကိုလည္း ၿမိဳ႕ အာဏာပိုင္ေတြက စတင္ေနပါၿပီ။ ဒီကပ္ေဘးေၾကာင့္ ေဆး႐ုံေတြမွာ လူနာေတြ ၿပဳံလာႏိုင္တယ္လို႔လည္း သတိေပးေနၾကပါတယ္။

အီစတာ သီတင္းပတ္ကုန္ရက္ေတြက ဒါဇင္နဲ႔ခ်ီတဲ့ လူနာတင္ကားေတြကို ေဆး႐ုံတခုအျပင္ဘက္မွာ လူနာပို႔ဖို႔ တန္းစီေနတာ ေတြ႕ခဲ့ရပါတယ္။

ေမာ္စကိုၿမိဳ႕ခံေတြကိုလည္း အိမ္နားက ေစ်းဆိုင္နဲ႔ ေဆးဆိုင္သြားတာ၊ ေခြးေက်ာင္းထြက္တာနဲ႔ အမႈိက္ပစ္တာေလာက္ပဲ အိမ္က ထြက္ခြင့္ျပဳထားပါတယ္။ ဒါေပမဲ့ ၿမိဳ႕ထဲ ထြက္ခ်င္ရင္ေတာ့ ခြင့္ျပဳခ်က္ လိုတယ္လို႔ သိရပါတယ္။

BBC Burmese
--------------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာကူးသူ အများဆုံးတွေ့ခဲ့ရတဲ့ မော်စကို

ရုရှားနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ဒီကနေ့ အများဆုံး တွေ့ခဲ့ရပါတယ်။ လူနာသစ် ၂၅ဝဝ ရှိပြီး တဝက်ကျော်က မော်စကိုမှာ တွေ့တယ်လို့ အရေးပေါ် ထိန်းချုပ်ရေး ဌာနက ပြောပါတယ်။

လူတွေရဲ့ သွားလာမှုကို ထိန်းချုပ်ဖို့ ဒစ်ဂျစ်တယ် စနစ်ကိုလည်း မြို့ အာဏာပိုင်တွေက စတင်နေပါပြီ။ ဒီကပ်ဘေးကြောင့် ဆေးရုံတွေမှာ လူနာတွေ ပြုံလာနိုင်တယ်လို့လည်း သတိပေးနေကြပါတယ်။

အီစတာ သီတင်းပတ်ကုန်ရက်တွေက ဒါဇင်နဲ့ချီတဲ့ လူနာတင်ကားတွေကို ဆေးရုံတခုအပြင်ဘက်မှာ လူနာပို့ဖို့ တန်းစီနေတာ တွေ့ခဲ့ရပါတယ်။

မော်စကိုမြို့ခံတွေကိုလည်း အိမ်နားက ဈေးဆိုင်နဲ့ ဆေးဆိုင်သွားတာ၊ ခွေးကျောင်းထွက်တာနဲ့ အမှိုက်ပစ်တာလောက်ပဲ အိမ်က ထွက်ခွင့်ပြုထားပါတယ်။ ဒါပေမဲ့ မြို့ထဲ ထွက်ချင်ရင်တော့ ခွင့်ပြုချက် လိုတယ်လို့ သိရပါတယ်။

BBC Burmese
https://www.bbc.com/burmese/52273176
ကို႐ိုနာကူးသူ အမ်ားဆုံးေတြ႕ခဲ့ရတဲ့ ေမာ္စကို ကို႐ိုနာကူးသူ အမ်ားဆုံးေတြ႕ခဲ့ရတဲ့ ေမာ္စကို Reviewed by THITHTOOLWIN on 22:31 Rating: 5
Powered by Blogger.