ဆရာဝန္မ်ားကူးစက္ခံရမႈမ်ားလာပါက ကုသေရးပိုင္းတြင္ အားေလ်ာ့သြားႏိုင္ဟုဆို


(Zawgyi)⤵⤵⤵
ဆရာဝန္ေတြကို COVID-19ေရာဂါပိုးကူးစက္လာမႈ အခုထပ္ပိုမ်ားလာရင္ ကုသေရးပိုင္းကို ထိခိုက္လာႏိုင္တယ္လို႔ ဆရာဝန္အခ်ိဳ႕က ေျပာပါတယ္။

အခုဆိုရင္ ေပါက္ေခါင္းက ကြယ္လြန္သြားတဲ့ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကို ကုသေပးခဲ့တဲ့ ေဒါက္တာျမင့္ျမင့္စိန္ (Case-30)နဲ႔ ေတာင္ဥကၠလာက Case-47ကို ၾကည့္ရႈေပးခဲ့တဲ့ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးက ဆရာဝန္ ေဒါက္တာစိုင္းဘြန္းဆြန္(Case-96)တို႔မွာ COVID-19ေရာဂါပိုး ကူးစက္ခံလိုက္ရၿပီျဖစ္ပါတယ္။

ျပည္ေဆး႐ုံမွာတက္ေရာက္ခဲ့တဲ့ ေပါက္ေခါင္းလူနာကို ကုသရင္း ေဒါက္တာျမင့္ျမင့္စိန္ ကူးစက္ခံလိုက္ရတဲ့အတြက္ ျပည္ေဆး႐ုံရဲ႕ ကုသေရးစနစ္ရပ္သြားခဲ့ရတယ္လို႔ ပိုးေတြ႕လူနာေတြရွိတဲ့ တီးတိန္ေဆး႐ုံက အထူးကုဆရာဝန္တစ္ဦးက သူ႔ရဲ႕ အျမင္ကိုေျပာပါတယ္။

“ဥပမာတစ္ခုအေနနဲ႔ ေျပာျပရရင္ ျပည္ေဆး႐ုံမွာ အတည္ျပဳလူနာကို ကုသေပးေနရတယ္။အဲဒီအခ်ိန္မွာ လူနာကဆုံးသြားတယ္။ လူနာဆုံးသြားေပမယ့္လည္း သူတို႔ရဲ႕ ေဆးကုသတဲ့ System ႀကီးက ရွိေနတုန္းပဲ။အဲဒီမွာ ေမ့ေဆးဆရာဝန္ႀကီးက ထိသြားေတာ့ သူတို႔ရဲ႕ Systemႀကီး ပ်က္သြားတာေပါ့ ။ ဆိုလိုတာက က်န္းမာေရး ေစာင့္ေရွာက္မႈေပးေနတဲ့ လူတစ္ေယာက္ထိသြားၿပီး ဆိုရင္ ၿမိဳ႕နယ္ေဒသ အလိုက္ သူတို႔ရဲ႕ ကုသေပးေနတဲ့ System ပ်က္သြားတာေပါ့ ’’ တီးတိန္ေဆး႐ုံမွာ တာဝန္ထမ္းေဆာင္ေနတဲ့ အထူးကုဆရာဝန္တစ္ဦးက ေျပာပါတယ္။

အဲဒါေၾကာင့္ တာဝန္ရွိသူေတြအေနနဲ႔လည္း တိက်တဲ့ ၫႊန္ၾကားခ်က္ေတြ ေပးထားသင့္တယ္လို႔ သူကေျပာပါတယ္။ အဲ့ဒီလိုဆရာဝန္တစ္ဦး ကူးစက္ခံလိုက္ရၿပီဆိုရင္ အဲ့ဒီဆရာဝန္ေနရာကိုျဖည့္ေပးဖို႔ ဝန္ႀကီးဌာနက ေဆာင္႐ြက္ေပးရမယ္လို႔လည္း သူကဆိုပါတယ္။

တာခ်ီလိတ္ေဆး႐ုံမွာေတာ့ အတည္ျပဳလူနာ ဆရာဝန္ႀကီးနဲ႔ ထိေတြ႕ခဲ့တဲ့ ေဆးဝန္ထမ္းေတြ အပါအဝင္ လူေပါင္း (၄၄)ဦးကို အသြားအလာ ကန႔္သတ္ ထိန္းခ်ဳပ္ခံ ထားရတာေၾကာင့္ မႏၲေလးနဲ႔က်ိဳင္းတုံက ဆရာဝန္ နဲ႔ သူနာျပဳေတြ လာေရာက္ ကူညီေပးေနတယ္လို႔ ရွမ္းျပည္နယ္ အေရွ႕ပိုင္း ျပည္သူ႔က်န္းမာေရး ဦးစီးဌာန၊ လက္ေထာက္ ၫႊန္ၾကားေရးမႉး ေဒါက္တာဘစိုးသက္က ေျပာပါတယ္။

ဒါေပမယ့္ ေရရွည္တာဝန္ခ်ထားမူကိုေတာ့ ျပည္နယ္အစိုးရနဲ႔ တိုင္းက်န္းမာေရးတို႔ ညႇိႏႈိင္းေဆာင္႐ြက္ရမယ္လို႔ ေျပာပါတယ္။

အေထြေထြေရာဂါကုဆရာဝန္တစ္ဦးျဖစ္တဲ့ေဒါက္တာေက်ာ္စြာဦးက ေတာ့ ဒုတိယေျမာက္ကူးစက္ခံရတဲ့ ဆရာဝန္နဲ႔ထိေတြခဲ့တဲ့ အျခားဆရာဝန္ေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြလည္း Quarantineခံယူရမွာျဖစ္တဲ့အတြက္ ေဆးကုသေရးပိုင္းမွာ အားနည္းသြားႏိုင္တယ္လို႔ ေျပာပါတယ္။

ဆရာဝန္နဲ႔ က်န္းမာေရးဝန္ထမ္းလိုအပ္ခ်က္ရွိလာရင္ အစိုးရလက္ေအာက္မွာ မလုပ္တဲ့ အျပင္ဆရာဝန္ေတြ၊ ဝန္ထမ္းေတြဆီကလည္း အကူအညီရႏိုင္မယ္လို႔ ေဒါက္တာေက်ာ္စြာဦိးက သူ႔အျမင္ကို ေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး၊ ျပည္သူ႔က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာနမႉး ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာထြန္းျမင့္ကေတာ့ အခုလို ဆရာဝန္ေတြကိုပါ ကူးစက္လာတဲ့အတြက္ ကုသေရးပိုင္းမွာ အားေလ်ာ့သြားႏိုင္တယ္လို႔ သုံးသပ္ထားပါတယ္။

လက္ရွိမွာေတာ့ COVID-19ေရာဂါပိုးကူးစက္ခံရသူ (၁၀၇)ဦးရွိၿပီး ေသဆုံးသူ (၅)ဦးရွိပါတယ္။

One News Myanmar
------------------------------------------------------
(Unicode)⤵⤵⤵
ဆရာဝန်များကူးစက်ခံရမှုများလာပါက ကုသရေးပိုင်းတွင် အားလျော့သွားနိုင်ဟုဆို

ဆရာဝန်တွေကို COVID-19ရောဂါပိုးကူးစက်လာမှု အခုထပ်ပိုများလာရင် ကုသရေးပိုင်းကို ထိခိုက်လာနိုင်တယ်လို့ ဆရာဝန်အချို့က ပြောပါတယ်။

အခုဆိုရင် ပေါက်ခေါင်းက ကွယ်လွန်သွားတဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးကို ကုသပေးခဲ့တဲ့ ဒေါက်တာမြင့်မြင့်စိန် (Case-30)နဲ့ တောင်ဥက္ကလာက Case-47ကို ကြည့်ရှုပေးခဲ့တဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဆရာဝန် ဒေါက်တာစိုင်းဘွန်းဆွန်(Case-96)တို့မှာ COVID-19ရောဂါပိုး ကူးစက်ခံလိုက်ရပြီဖြစ်ပါတယ်။

ပြည်ဆေးရုံမှာတက်ရောက်ခဲ့တဲ့ ပေါက်ခေါင်းလူနာကို ကုသရင်း ဒေါက်တာမြင့်မြင့်စိန် ကူးစက်ခံလိုက်ရတဲ့အတွက် ပြည်ဆေးရုံရဲ့ ကုသရေးစနစ်ရပ်သွားခဲ့ရတယ်လို့ ပိုးတွေ့လူနာတွေရှိတဲ့ တီးတိန်ဆေးရုံက အထူးကုဆရာဝန်တစ်ဦးက သူ့ရဲ့ အမြင်ကိုပြောပါတယ်။

“ဥပမာတစ်ခုအနေနဲ့ ပြောပြရရင် ပြည်ဆေးရုံမှာ အတည်ပြုလူနာကို ကုသပေးနေရတယ်။အဲဒီအချိန်မှာ လူနာကဆုံးသွားတယ်။ လူနာဆုံးသွားပေမယ့်လည်း သူတို့ရဲ့ ဆေးကုသတဲ့ System ကြီးက ရှိနေတုန်းပဲ။အဲဒီမှာ မေ့ဆေးဆရာဝန်ကြီးက ထိသွားတော့ သူတို့ရဲ့ Systemကြီး ပျက်သွားတာပေါ့ ။ ဆိုလိုတာက ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ လူတစ်ယောက်ထိသွားပြီး ဆိုရင် မြို့နယ်ဒေသ အလိုက် သူတို့ရဲ့ ကုသပေးနေတဲ့ System ပျက်သွားတာပေါ့ ’’ တီးတိန်ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ အထူးကုဆရာဝန်တစ်ဦးက ပြောပါတယ်။

အဲဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့လည်း တိကျတဲ့ ညွှန်ကြားချက်တွေ ပေးထားသင့်တယ်လို့ သူကပြောပါတယ်။ အဲ့ဒီလိုဆရာဝန်တစ်ဦး ကူးစက်ခံလိုက်ရပြီဆိုရင် အဲ့ဒီဆရာဝန်နေရာကိုဖြည့်ပေးဖို့ ဝန်ကြီးဌာနက ဆောင်ရွက်ပေးရမယ်လို့လည်း သူကဆိုပါတယ်။

တာချီလိတ်ဆေးရုံမှာတော့ အတည်ပြုလူနာ ဆရာဝန်ကြီးနဲ့ ထိတွေ့ခဲ့တဲ့ ဆေးဝန်ထမ်းတွေ အပါအဝင် လူပေါင်း (၄၄)ဦးကို အသွားအလာ ကန့်သတ် ထိန်းချုပ်ခံ ထားရတာကြောင့် မန္တလေးနဲ့ကျိုင်းတုံက ဆရာဝန် နဲ့ သူနာပြုတွေ လာရောက် ကူညီပေးနေတယ်လို့ ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က ပြောပါတယ်။
ဒါပေမယ့် ရေရှည်တာဝန်ချထားမူကိုတော့ ပြည်နယ်အစိုးရနဲ့ တိုင်းကျန်းမာရေးတို့ ညှိနှိုင်းဆောင်ရွက်ရမယ်လို့ ပြောပါတယ်။

အထွေထွေရောဂါကုဆရာဝန်တစ်ဦးဖြစ်တဲ့ဒေါက်တာကျော်စွာဦးက တော့ ဒုတိယမြောက်ကူးစက်ခံရတဲ့ ဆရာဝန်နဲ့ထိတွေခဲ့တဲ့ အခြားဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း Quarantineခံယူရမှာဖြစ်တဲ့အတွက် ဆေးကုသရေးပိုင်းမှာ အားနည်းသွားနိုင်တယ်လို့ ပြောပါတယ်။

ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်ရှိလာရင် အစိုးရလက်အောက်မှာ မလုပ်တဲ့ အပြင်ဆရာဝန်တွေ၊ ဝန်ထမ်းတွေဆီကလည်း အကူအညီရနိုင်မယ်လို့ ဒေါက်တာကျော်စွာဦိးက သူ့အမြင်ကို ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်ကတော့ အခုလို ဆရာဝန်တွေကိုပါ ကူးစက်လာတဲ့အတွက် ကုသရေးပိုင်းမှာ အားလျော့သွားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

လက်ရှိမှာတော့ COVID-19ရောဂါပိုးကူးစက်ခံရသူ (၁၀၇)ဦးရှိပြီး သေဆုံးသူ (၅)ဦးရှိပါတယ်။

One News Myanmar
https://www.facebook.com/onenewsmyan/
ဆရာဝန္မ်ားကူးစက္ခံရမႈမ်ားလာပါက ကုသေရးပိုင္းတြင္ အားေလ်ာ့သြားႏိုင္ဟုဆို ဆရာဝန္မ်ားကူးစက္ခံရမႈမ်ားလာပါက ကုသေရးပိုင္းတြင္ အားေလ်ာ့သြားႏိုင္ဟုဆို Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.