ရန္ကုန္အလုပ္သမားဆႏၵျပမႈအတြက္ အေရးယူခံထားရသူ ၇၀ ေက်ာ္ရွိ

ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားေနတဲ့ ကာလမွာ အလုပ္သမားအခြင့္အေရး ရရွိဖို႔ ေတာင္းဆိုတဲ့ စက္႐ုံေတြက ဆႏၵျပ အလုပ္သမားေတြနဲ႔ ကူညီေဆာင္႐ြက္ေပးသူေတြ စုစုေပါင္း ၇၀ ေက်ာ္ေလာက္ အမႈဖြင့္ခံထားရပါတယ္။

အလုပ္သမားအခြင့္အေရးေတြ အျပည့္အဝရရွိေရး ေတာင္းဆိုဆႏၵျပခဲ့ၾကတဲ့ ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္း၊ ဒဂုံဆိပ္ကမ္း၊ ေမွာ္ဘီနဲ႔ ေ႐ႊျပည္သာၿမိဳ႕နယ္ေတြမွာရွိတဲ့ စက္႐ုံေတြက အလုပ္သမားေတြနဲ႔ ကူညီေဆာင္႐ြက္ေပး သူ ၇၀ ေက်ာ္ကို အမႈဖြင့္ အေရးယူထားပါတယ္။

အစိုးရၫႊန္ၾကားခ်က္နဲ႔ဆိုၿပီး သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ဥပေဒပုဒ္မ ၃၀ နဲ႔ တရားစြဲထားတာလို႔ သိရေၾကာင္း အလုပ္သမားအေရး ေဆာင္႐ြက္ေပးေနတဲ့ ကိုျမတ္ေက်ာ္က ေျပာပါတယ္။

အစိုးရရဲ႕ၫႊန္ၾကားခ်က္ေတြကို အာခံၿပီး လုပ္ငန္းလည္ပတ္ေနတဲ့ စက္႐ုံေတြကို တရားစြဲဆိုမႈမရွိဘဲ အလုပ္သမားနဲ႔ အလုပ္သမားအေရး ေဆာင္႐ြက္သူေတြကို အေရးယူတာဟာ မွ်တမႈမရွိဘူးလို႔ အလုပ္သမားေတြက ေျပာၾက ပါတယ္။

အစိုးရအေနနဲ႔ လုပ္ငန္းရွင္ေတြ ဘက္ကို လိုက္ၿပီးေဆာင္႐ြက္တာျဖစ္တယ္လို႔ တရားစြဲဆိုခံထားရတဲ့ ေတာင္ဒဂုံ ၿမိဳ႕နယ္ ETEC လွ်ပ္စစ္ပစၥည္း စက္႐ုံ အလုပ္သမား  ကိုေဝၿဖိဳးက ေျပာပါတယ္။

အလုပ္သမားေတြအတြက္ သတ္မွတ္ထားတဲ့ ႏွစ္စဥ္အပိုဆုေၾကးကို စက္႐ုံဘက္ကေပးမယ္ေျပာၿပီး မေပးတဲ့ အတြက္ ဆႏၵျပခဲ့တာလို႔ ေျပာပါတယ္။ ကို႐ိုနာ မျဖစ္ပြားခင္က ႏွစ္စဥ္ေၾကးေပးမယ္ေျပာၿပီး အလုပ္ပိတ္ရက္ ေတြမွာ အလုပ္ဆင္းခိုင္းခဲ့တယ္လို႔ ေျပာပါတယ္။

ရန္ကုန္တိုင္းအစိုးရအဖြဲ႕ အလုပ္သမားဝန္ႀကီး ေဒၚမိုးမိုးစုၾကည္ကေတာ့  အၾကပ္အတည္းကာလမွာ ဆႏၵျပ အလုပ္သမားေတြနဲ႔ ကူညီေပးေနသူေတြဟာ အစိုးရ ၫႊန္ၾကားခ်က္ကို အတိအလင္း ေဖာက္ဖ်က္ၾကသူေတြ ျဖစ္တာေၾကာင့္ ဥပေဒအတိုင္း ဆက္လက္ ေဆာင္႐ြက္သြားရမယ္လို႔ ေျပာပါတယ္။

ေတာင္ဒဂုံၿမိဳ႕နယ္ အလုပ္သမားဆက္ဆံေရး ဦးစီးဌာနက ဦးေဇာ္သန္းတင့္က အလုပ္သမားဝန္ႀကီးဌာနက လူစုလူေဝးလုပ္သူေတြကို အေရးယူဖို႔ ၫႊန္ၾကားလာတဲ့ အတြက္ တရားစြဲလိုက္တာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဧၿပီလ ၂၃ ရက္ေန႔က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ အလုပ္သမားဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္၊ ျမန္မာ ႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္နဲ႔ UMFCCI တို႔ အင္တာနက္ကေန ေတြ႕ဆုံ ေဆြးေႏြးရာမွာ စည္းကမ္းေဖာက္ဖ်က္တဲ့ အလုပ္သမားေတြအျပင္ စက္႐ုံေတြ ဘက္က ဥပေဒခ်ိဳးေဖာက္မႈေတြကို စစ္ေဆး အေရးယူသြားမယ္လို႔ ေျပာခဲ့ပါတယ္။

စစ္ေဆးအေရးယူတာေတြ အျပင္ ေရာဂါကာကြယ္ေရး စစ္ေဆးၿပီးတဲ့ စက္႐ုံေတြကိုလည္း ျပန္လည္ ဖြင့္လွစ္ႏိုင္ေအာင္ ေဆာင္႐ြက္ေနပါတယ္။

ဧၿပီလ ၂၁ ကေန ၂၄ ရက္ေန႔ အထိ စစ္ေဆးခ်က္အရ စက္႐ုံ ၅၀၀ နီးပါးကို ဖြင့္လွစ္ခြင့္ ေပးထားၿပီး ျဖစ္တယ္လို႔ ေဒၚမိုးမိုးစုၾကည္က ေျပာပါတယ္။ ဒါ့အျပင္  စက္႐ုံေတြကို အဖြဲ႕ ၇၀ ေက်ာ္နဲ႔ လိုက္လံစစ္ေဆးေနဆဲျဖစ္တဲ့ အတြက္ အဆင့္ဆင့္ စိစစ္ၿပီး ဖြင့္လွစ္ခြင့္ျပဳေပးေနတယ္လို႔ ေျပာပါတယ္။

အလုပ္သမားေတြ ျပည္သူေတြ အေနနဲ႔ အေရးႀကီးကာလမွာ ကပ္ေရာဂါကို ေက်ာ္လႊားႏိုင္ဖို႔ အစိုးရရဲ႕ ၫႊန္ၾကား ခ်က္ေတြကို တိတိက်က်လိုက္နာဖို႔ လိုအပ္တယ္လို႔ ေဒၚမိုးမိုးစုၾကည္က ေျပာပါတယ္။

ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္ CTUM က မၿဖိဳးစႏၵာစိုးက အစိုးရက ထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္ေတြကို မလိုက္နာတဲ့ လုပ္ငန္းရွင္ေတြကိုလည္း ထိထိေရာက္ေရာက္ အေရးယူေပးဖို႔ ေျပာပါတယ္။

အလုပ္သမားအင္အားဟာ မ်ားျပားတဲ့အတြက္ စက္႐ုံေတြဘက္က အစိုးရရဲ႕ ၫႊန္ၾကားခ်က္ေတြကို မလိုက္နာဘဲ စက္႐ုံေတြ ဖြင့္ေနအုံးမယ္ဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါဟာ အစုလိုက္အၿပဳံလိုက္ ေရာဂါကူးစက္မႈေတြ ျဖစ္လာ ႏိုင္တယ္လို႔ ေျပာပါတယ္။

ကူးစက္မႈေၾကာင့္ စက္႐ုံတိုင္း လုပ္ငန္း လည္ပတ္ခြင့္ မရွိေသးပဲ ဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္ေတြနဲ႔ ညီတဲ့ စက္႐ုံေတြကိုသာ ျပန္လည္ဖြင့္လွစ္ခြင့္ ေပးထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္း ေတြ႕ရွိထားတဲ့ လူနာနံပါတ္ ၁၄၄ ဟာ လႈိင္သာယာစက္မႈဇုန္ ခ်န္းရိ ဖိနပ္စက္႐ုံမွာ စကားျပန္အျဖစ္ လုပ္ကိုင္ခဲ့သူျဖစ္ၿပီး အဲဒီစက္႐ုံမွာ အလုပ္သမား တစ္ေသာင္းေလာက္ ရွိပါတယ္။ ဧၿပီ ၂၅ ေန႔မွာ တိုင္းအစိုးရအဖြဲ႕ရဲ႕ ခြင့္ျပဳခ်က္ယူၿပီး အလုပ္သမား ႏွစ္ေထာင္နဲ႔ လုပ္ငန္း ဆက္လက္လုပ္ကိုင္ ခဲ့ပါတယ္။

ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္က အဲဒီစက္႐ုံက အလုပ္သမား ကိုးေထာင္ေလာက္ကို ကို႐ိုနာဗိုင္းရပ္စ္ ရွိ၊ မရွိ ေစာင့္ၾကည့္ေပးဖို႔ ေတာင္းဆိုထားပါတယ္။

သဘာဝ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၃၀ (က) ကို ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း တရား႐ုံးက ဆုံးျဖတ္ရင္ ဒဏ္ေငြျဖစ္ေစ၊ အမ်ားဆုံး ေထာင္ဒဏ္ တစ္ႏွစ္ျဖစ္ေစ ျပစ္ဒဏ္ ႏွစ္ခုလုံးကိုျဖစ္ေစ ခ်မွတ္ႏိုင္တယ္လို႔ ျပ႒ာန္းထားပါတယ္။

ေနမ်ိဳးထြန္း / RFA Burmese
--------------------------------------------
ရန်ကုန်အလုပ်သမားဆန္ဒပြမှုအတွက် အရေးယူခံထားရသူ ၇၀ ကျော်ရှိ

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ ကာလမှာ အလုပ်သမားအခွင့်အရေး ရရှိဖို့ တောင်းဆိုတဲ့ စက်ရုံတွေက ဆန္ဒပြ အလုပ်သမားတွေနဲ့ ကူညီဆောင်ရွက်ပေးသူတွေ စုစုပေါင်း ၇၀ ကျော်လောက် အမှုဖွင့်ခံထားရပါတယ်။

အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရရှိရေး တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်း၊ မှော်ဘီနဲ့ ရွှေပြည်သာမြို့နယ်တွေမှာရှိတဲ့ စက်ရုံတွေက အလုပ်သမားတွေနဲ့ ကူညီဆောင်ရွက်ပေး သူ ၇၀ ကျော်ကို အမှုဖွင့် အရေးယူထားပါတယ်။

အစိုးရညွှန်ကြားချက်နဲ့ဆိုပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၃၀ နဲ့ တရားစွဲထားတာလို့ သိရကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ကိုမြတ်ကျော်က ပြောပါတယ်။

အစိုးရရဲ့ညွှန်ကြားချက်တွေကို အာခံပြီး လုပ်ငန်းလည်ပတ်နေတဲ့ စက်ရုံတွေကို တရားစွဲဆိုမှုမရှိဘဲ အလုပ်သမားနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေကို အရေးယူတာဟာ မျှတမှုမရှိဘူးလို့ အလုပ်သမားတွေက ပြောကြ ပါတယ်။

အစိုးရအနေနဲ့ လုပ်ငန်းရှင်တွေ ဘက်ကို လိုက်ပြီးဆောင်ရွက်တာဖြစ်တယ်လို့ တရားစွဲဆိုခံထားရတဲ့ တောင်ဒဂုံ မြို့နယ် ETEC လျှပ်စစ်ပစ္စည်း စက်ရုံ အလုပ်သမား  ကိုဝေဖြိုးက ပြောပါတယ်။

အလုပ်သမားတွေအတွက် သတ်မှတ်ထားတဲ့ နှစ်စဉ်အပိုဆုကြေးကို စက်ရုံဘက်ကပေးမယ်ပြောပြီး မပေးတဲ့ အတွက် ဆန္ဒပြခဲ့တာလို့ ပြောပါတယ်။ ကိုရိုနာ မဖြစ်ပွားခင်က နှစ်စဉ်ကြေးပေးမယ်ပြောပြီး အလုပ်ပိတ်ရက် တွေမှာ အလုပ်ဆင်းခိုင်းခဲ့တယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ အလုပ်သမားဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကတော့  အကြပ်အတည်းကာလမှာ ဆန္ဒပြ အလုပ်သမားတွေနဲ့ ကူညီပေးနေသူတွေဟာ အစိုးရ ညွှန်ကြားချက်ကို အတိအလင်း ဖောက်ဖျက်ကြသူတွေ ဖြစ်တာကြောင့် ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားရမယ်လို့ ပြောပါတယ်။

တောင်ဒဂုံမြို့နယ် အလုပ်သမားဆက်ဆံရေး ဦးစီးဌာနက ဦးဇော်သန်းတင့်က အလုပ်သမားဝန်ကြီးဌာနက လူစုလူဝေးလုပ်သူတွေကို အရေးယူဖို့ ညွှန်ကြားလာတဲ့ အတွက် တရားစွဲလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဧပြီလ ၂၃ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်နဲ့ UMFCCI တို့ အင်တာနက်ကနေ တွေ့ဆုံ ဆွေးနွေးရာမှာ စည်းကမ်းဖောက်ဖျက်တဲ့ အလုပ်သမားတွေအပြင် စက်ရုံတွေ ဘက်က ဥပဒေချိုးဖောက်မှုတွေကို စစ်ဆေး အရေးယူသွားမယ်လို့ ပြောခဲ့ပါတယ်။

စစ်ဆေးအရေးယူတာတွေ အပြင် ရောဂါကာကွယ်ရေး စစ်ဆေးပြီးတဲ့ စက်ရုံတွေကိုလည်း ပြန်လည် ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်နေပါတယ်။

ဧပြီလ ၂၁ ကနေ ၂၄ ရက်နေ့ အထိ စစ်ဆေးချက်အရ စက်ရုံ ၅၀၀ နီးပါးကို ဖွင့်လှစ်ခွင့် ပေးထားပြီး ဖြစ်တယ်လို့ ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။ ဒါ့အပြင်  စက်ရုံတွေကို အဖွဲ့ ၇၀ ကျော်နဲ့ လိုက်လံစစ်ဆေးနေဆဲဖြစ်တဲ့ အတွက် အဆင့်ဆင့် စိစစ်ပြီး ဖွင့်လှစ်ခွင့်ပြုပေးနေတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေ ပြည်သူတွေ အနေနဲ့ အရေးကြီးကာလမှာ ကပ်ရောဂါကို ကျော်လွှားနိုင်ဖို့ အစိုးရရဲ့ ညွှန်ကြား ချက်တွေကို တိတိကျကျလိုက်နာဖို့ လိုအပ်တယ်လို့ ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM က မဖြိုးစန္ဒာစိုးက အစိုးရက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို မလိုက်နာတဲ့ လုပ်ငန်းရှင်တွေကိုလည်း ထိထိရောက်ရောက် အရေးယူပေးဖို့ ပြောပါတယ်။

အလုပ်သမားအင်အားဟာ များပြားတဲ့အတွက် စက်ရုံတွေဘက်က အစိုးရရဲ့ ညွှန်ကြားချက်တွေကို မလိုက်နာဘဲ စက်ရုံတွေ ဖွင့်နေအုံးမယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ အစုလိုက်အပြုံလိုက် ရောဂါကူးစက်မှုတွေ ဖြစ်လာ နိုင်တယ်လို့ ပြောပါတယ်။

ကူးစက်မှုကြောင့် စက်ရုံတိုင်း လုပ်ငန်း လည်ပတ်ခွင့် မရှိသေးပဲ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့ ညီတဲ့ စက်ရုံတွေကိုသာ ပြန်လည်ဖွင့်လှစ်ခွင့် ပေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိထားတဲ့ လူနာနံပါတ် ၁၄၄ ဟာ လှိုင်သာယာစက်မှုဇုန် ချန်းရိ ဖိနပ်စက်ရုံမှာ စကားပြန်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး အဲဒီစက်ရုံမှာ အလုပ်သမား တစ်သောင်းလောက် ရှိပါတယ်။ ဧပြီ ၂၅ နေ့မှာ တိုင်းအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ယူပြီး အလုပ်သမား နှစ်ထောင်နဲ့ လုပ်ငန်း ဆက်လက်လုပ်ကိုင် ခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က အဲဒီစက်ရုံက အလုပ်သမား ကိုးထောင်လောက်ကို ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စောင့်ကြည့်ပေးဖို့ တောင်းဆိုထားပါတယ်။

သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က) ကို ဖောက်ဖျက်ကျူးလွန်ကြောင်း တရားရုံးက ဆုံးဖြတ်ရင် ဒဏ်ငွေဖြစ်စေ၊ အများဆုံး ထောင်ဒဏ် တစ်နှစ်ဖြစ်စေ ပြစ်ဒဏ် နှစ်ခုလုံးကိုဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

နေမျိုးထွန်း / RFA Burmese
https://www.rfa.org/burmese/news/70cases-for-labour-protest-04272020023703.html
ရန္ကုန္အလုပ္သမားဆႏၵျပမႈအတြက္ အေရးယူခံထားရသူ ၇၀ ေက်ာ္ရွိ ရန္ကုန္အလုပ္သမားဆႏၵျပမႈအတြက္ အေရးယူခံထားရသူ ၇၀ ေက်ာ္ရွိ Reviewed by THITHTOOLWIN on 22:24 Rating: 5
Powered by Blogger.