တ႐ုတ္ႏိုင္ငံက ႏိုင္ငံတကာ ကူးစက္ေရာဂါ တိုက္ဖ်က္ေရးလုပ္ငန္းအတြက္ စင္းလုံးငွားေလယာဥ္ ၃၀၂ စင္း ေစလႊတ္

တ႐ုတ္ႏိုင္ငံမွ ေပးပို႔ေသာ ေဆးဘက္ဆိုင္ရာ အေထာက္အကူပစၥည္းမ်ား ဂါနာႏိုင္ငံသို႔ ဧၿပီ ၆ ရက္က ေရာက္ရွိလာစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ေပက်င္း၊ ဧၿပီ ၇ ရက္ (ဆင္ဟြာ)

    တ႐ုတ္ႏိုင္ငံက ကမာၻလုံးဆိုင္ရာ ကူးစက္ေရာဂါ တိုက္ဖ်က္ေရး အားထုတ္မႈမ်ားအတြက္ ကူညီပံ့ပိုးရန္ ေဆးဘက္ဆိုင္ရာ ပညာရွင္မ်ားႏွင့္ အေရးေပၚေထာက္ပံ့ေရးပစၥည္းမ်ား သယ္ေဆာင္ေရး စင္းလုံးငွားေလယာဥ္ ၃၀၂ စင္း ေစလႊတ္ခဲ့ေၾကာင္း ၿမိဳ႕ျပေလေၾကာင္း အာဏာပိုင္မ်ားအဆိုအရ သိရသည္။

ဧၿပီ ၅ ရက္အထိ တ႐ုတ္ႏိုင္ငံ ၿမိဳ႕ျပေလေၾကာင္းဦးစီးဌာန (CAAC) က ႏိုင္ငံ ၄၈ ႏိုင္ငံသို႔ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္ ၁၁၀ ဦးႏွင့္ အေရးေပၚေထာက္ပံ့ေရးပစၥည္း ၄,၇၁၅ တန္ ေပးပို႔ရန္ စင္းလုံးငွားေလယာဥ္မ်ား ႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ေပးခဲ့ေၾကာင္း ဆိုသည္။

ထို႔ျပင္ ဧၿပီ ၅ ရက္တြင္ အာဖရိ ၁၈ ႏိုင္ငံ၌ ကူးစက္ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ေရး လုပ္ငန္း ကူညီရန္ ၃၇ ဒသမ ၆ တန္ရွိေသာ အေထာက္အကူျပဳပစၥည္း ေပးပို႔သည့္ လုပ္ငန္းေဆာင္႐ြက္ေရးအတြက္ Air China ေလေၾကာင္းလိုင္းမွ စင္းလုံးငွားေလယာဥ္တစ္စင္း ေစလႊတ္ခဲ့ေၾကာင္း၊ အဆိုပါ ေလယာဥ္သည္ ဂါနာႏိုင္ငံ ေလဆိပ္သို႔ ဧၿပီ ၆ ရက္က ေရာက္ရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ အေထာက္အကူျပဳပစၥည္းမ်ားတြင္ အသက္ရႉစက္မ်ား၊ N95 ႏွာေခါင္းစည္းမ်ား၊ အကာအကြယ္ဝတ္စုံ၊ လက္အိတ္မ်ားႏွင့္ အျခားက်န္းမာေရးကိရိယာမ်ားႏွင့္ ကာကြယ္ေရးကိရိယာမ်ား ပါဝင္ေၾကာင္း သိရသည္။၎ပစၥည္းမ်ားအား ဂါနာႏိုင္ငံမွတစ္ဆင့္ အျခားအာဖရိက ၁၇ ႏိုင္ငံသို႔ ဆက္လက္ပို႔ေဆာင္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/covid-19-mm/27037-2020-04-07-10-48-51
------------
(Unicode)⤵⤵⤵
တရုတ်နိုင်ငံက နိုင်ငံတကာ ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းအတွက် စင်းလုံးငှားလေယာဉ် ၃၀၂ စင်း စေလွှတ်

တရုတ်နိုင်ငံမှ ပေးပို့သော ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများ ဂါနာနိုင်ငံသို့ ဧပြီ ၆ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

    ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

    တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါ တိုက်ဖျက်ရေး အားထုတ်မှုများအတွက် ကူညီပံ့ပိုးရန် ဆေးဘက်ဆိုင်ရာ ပညာရှင်များနှင့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်ရေး စင်းလုံးငှားလေယာဉ် ၃၀၂ စင်း စေလွှတ်ခဲ့ကြောင်း မြို့ပြလေကြောင်း အာဏာပိုင်များအဆိုအရ သိရသည်။

ဧပြီ ၅ ရက်အထိ တရုတ်နိုင်ငံ မြို့ပြလေကြောင်းဦးစီးဌာန (CAAC) က နိုင်ငံ ၄၈ နိုင်ငံသို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၁၁၀ ဦးနှင့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်း ၄,၇၁၅ တန် ပေးပို့ရန် စင်းလုံးငှားလေယာဉ်များ နှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း ဆိုသည်။

ထို့ပြင် ဧပြီ ၅ ရက်တွင် အာဖရိ ၁၈ နိုင်ငံ၌ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း ကူညီရန် ၃၇ ဒသမ ၆ တန်ရှိသော အထောက်အကူပြုပစ္စည်း ပေးပို့သည့် လုပ်ငန်းဆောင်ရွက်ရေးအတွက် Air China လေကြောင်းလိုင်းမှ စင်းလုံးငှားလေယာဉ်တစ်စင်း စေလွှတ်ခဲ့ကြောင်း၊ အဆိုပါ လေယာဉ်သည် ဂါနာနိုင်ငံ လေဆိပ်သို့ ဧပြီ ၆ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အထောက်အကူပြုပစ္စည်းများတွင် အသက်ရှူစက်များ၊ N95 နှာခေါင်းစည်းများ၊ အကာအကွယ်ဝတ်စုံ၊ လက်အိတ်များနှင့် အခြားကျန်းမာရေးကိရိယာများနှင့် ကာကွယ်ရေးကိရိယာများ ပါဝင်ကြောင်း သိရသည်။၎င်းပစ္စည်းများအား ဂါနာနိုင်ငံမှတစ်ဆင့် အခြားအာဖရိက ၁၇ နိုင်ငံသို့ ဆက်လက်ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com/statistics/covid-19/covid-19-mm/27037-2020-04-07-10-48-51
တ႐ုတ္ႏိုင္ငံက ႏိုင္ငံတကာ ကူးစက္ေရာဂါ တိုက္ဖ်က္ေရးလုပ္ငန္းအတြက္ စင္းလုံးငွားေလယာဥ္ ၃၀၂ စင္း ေစလႊတ္ တ႐ုတ္ႏိုင္ငံက ႏိုင္ငံတကာ ကူးစက္ေရာဂါ တိုက္ဖ်က္ေရးလုပ္ငန္းအတြက္ စင္းလုံးငွားေလယာဥ္ ၃၀၂ စင္း ေစလႊတ္ Reviewed by THITHTOOLWIN on 19:40 Rating: 5
Powered by Blogger.