တ႐ုတ္ျပည္ တရားဝင္အလုပ္လုပ္သည့္ ျမန္မာလုပ္သားကို တ႐ုတ္ရဲ ႐ိုက္ႏွက္


တ႐ုတ္ျပည္ ထဲတြင္ ေနထိုင္သည့္ တရားဝင္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကို တ႐ုတ္အာဏာပိုင္းမ်ားက ဖမ္းဆီးကာ ႐ိုက္ႏွိက္မႈ ျပဳလုပ္ခဲ့သည္ ဟု သတင္း ရရွိသည္။

တ႐ုတ္ျပည္ထဲအလုပ္လုပ္သည့္ တရားဝင္ ျမန္မာအလုပ္သမား ၂၆ဦးကို တ႐ုတ္ရဲမ်ားက ဖမ္းဆီးျခင္း၊ စာအုပ္မ်ားသိမ္းယူျခင္းတို႔ျပဳလုပ္ၿပီး အခ်ဳပ္ခန္းထဲတြင္ ယာယီထားကာ အစာမေကြၽးခဲ့ေၾကာင္း ျပန္လာသည့္ အလုပ္သမားမ်ားေျပာျပခ်က္ အရသိရသည္။

ထို ျမန္မာ အလုပ္သမား ၂၆ဦးကို တ႐ုတ္အာဏာပိုင္းမ်ားက တရားဝင္ လႊဲေျပာင္းမႈ မရွိဘဲ ျမန္မာျပည္ မူဆယ္ၿမိဳ႕ ကူးတို႔ဆိပ္ သို႔လာေရာက္ ခ်ထားေပးေၾကာင္း အလုပ္သမားမ်ားကို သြားေရာက္ေခၚသည့္ ဂ႐ုဏာလူမႈကူညီေရးအသင္းမွဦးေသာင္းထြန္း က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ ၂၆ဦး က ေ႐ႊလီ၊ က်ယ္ေဂါင္မွာ စာအုပ္အနီကိုင္ၿပီး အလုပ္လုပ္တဲ့သူေတြပါ။ အဲ့ထဲမွာ ကိုယ္ဝန္သည္အမ်ိဳးသမီးေတြပါတယ္။ တ႐ုတ္ရဲေတြက သူတို႔ကို ႐ိုက္တယ္။ ေျခေထာက္နဲ႔ကန္တယ္လို႔ေျပာပါတယ္” ဦးေသာင္းထြန္းက ဆိုသည္။

ထို ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား ၂၆ဦးသည္ ျမန္မာျပည္သို႔ မလႊဲေပးခင္ တ႐ုတ္ျပည္ က်ယ္ေဂါင္ ၏ ရဲစခန္းအခ်ဳပ္တြင္ တခ်ိဳ႕ တပတ္၊တ ခ်ိဳ႕ မွာ ၃ရက္ ႏွင့္ တခ်ိဳ႕ မွာ ၁ရက္ ေနခဲ့ရေသးေၾကာင္း ဦးေသာင္းထြန္းက ျပန္ေျပာျပသည္။

“ သူတို႔တ႐ုတ္ အခ်ဳပ္ထဲမွာ ေနရတုန္းက အစာေတြမေကြၽးဘူး။ တ႐ုတ္ မေ႐ြးပဲ ေကြၽးတယ္။ ေနာက္ ႐ိုက္တာေတာ့ လြန္တယ္။ကိုယ္ဝန္သည္လည္း႐ိုက္ခံရတယ္။ ႐ိုက္တာေတာ့မေကာင္းဘူး” ဟု ဦးေသာင္းထြန္း က ထပ္ေလာင္းေျပာသည္။

ထို႔အျပင္တရားဝင္ ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္ၿပီး တ႐ုတ္ျပည္ အတြင္းသို႔ေနထိုင္ကာ ယခုကဲ့သို႔ျပဳလုပ္ျခင္းသည္ မေကာင္းေၾကာင္း ႏွင့္ တရားဝင္ ဂိတ္မွ မပို႔ေဆာင္ပဲ ကူးတို႔ဆိပ္မွ ပို႔ေဆာင္ေပးျခင္းသည္လည္း မသင့္ေလ်ာ္ေၾကာင္း ဦးေသာင္းထြန္းက ေျပာသည္။

အဆိုပါ ေ႐ႊ႕ေျပာင္းအလုပ္သမား ၂၆ ဦးသည္ COVID-19 ကင္းစင္သည့္ တ႐ုတ္ျပည္ ေ႐ႊလီ ႏွင့္ က်ယ္ေဂါင္မွ လာသည့္အတြက္ Home Quarantine မထားဘဲ ေနရပ္လိပ္စာမ်ားေကာက္ခံကာ ျပန္လႊတ္လိုက္ေၾကာင္း သိရသည္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ COVID-19 ကူးစက္ခံေနရမႈေၾကာင့္ ျမန္မာ-တ႐ုတ္နယ္စပ္ဂိတ္မ်ား ကို တ႐ုတ္ျပည္မွ တဖက္သတ္ ပိတ္ခ်လိုက္ၿပီး ျမန္မာျပည္သူမ်ားကို ဝင္ေရာက္ခြင့္ ကို ဧၿပီ ၁ရက္ မွစတင္ပိတ္လိုက္သည္။

“ ျမန္မာျပည္မွာ COVID-19လူနာေတြရွိၿပီးေနာက္မွာ တ႐ုတ္က ပိတ္လိုက္တာ။ တ႐ုတ္ျပည္မွာ ေနတဲ့သူေတြကိုလည္း ျမန္မာျပည္ျပန္ခိုင္းတဲ့သေဘာပဲ။ တ႐ုတ္ေတြ တကယ္လုပ္ရက္တယ္” ဟု မူဆယ္ ေဒသခံ စိုင္းစိုင္း က ေျပာသည္။

COVID-19သည္ တ႐ုတ္ႏိုင္ငံ ဝူဟန္ျပည္နယ္ မွ စတင္ကာ ျဖစ္ပြားခဲ့ေသာ္လည္း ထိုအခ်ိန္တြင္ ျမန္မာ-တ႐ုတ္ နယ္စပ္ ဂိတ္ ပိတ္ဆိုင္းျခင္းမျပဳလုပ္ဘဲ ျမန္မာဘက္မွ COVID-19 ရွိလာၿပီးေနာက္ ယခုကဲ့သို႔ ျပဳလုပ္ျခင္းသည္အလြန္႐ုပ္ဆိုးေၾကာင္း လည္း စိုင္းစိုင္း ကေျပာသည္။

“ အခု သူတို႔ ကူတို႔ဆိပ္ကေန ပို႔လိုက္တာ က က်ေနာ္တို႔ ျမန္မာလူမ်ိဳးကို လုပ္ခ်င္တာ လုပ္တဲ့ပုံစံပဲ။ အေရးမလုပ္တဲ့သေဘာ။ သူတို႔ လူမ်ိဳုးကို လုပ္ရင္ေရာ လက္ခံႏိုင္လား” ဟု စိုင္းစိုင္း က ထပ္ေလာင္း ေျပာသည္။

ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမားမ်ားကို ပို႔ေဆာင္မည္ဆိုပါက လုပ္ထုံးလုပ္နည္း အရ ႏွစ္ဖက္ သက္ဆိုင္ရာ ကို လႊဲေျပာင္းရမည္ျဖစ္သည္။

ထို႔ျပင္လက္ရွိ ႏွစ္ႏိုင္ငံ ကုန္သြယ္မႈ မရပ္ဆိုင္းရန္ အတြက္ ကုန္တင္ကားမ်ားကို ဝင္ခြင့္ျပဳေသာ္လည္း ျမန္မာျပည္မွ လာသည့္ ကားသမား၊ ယာဥ္ေနာက္လိုက္မ်ားကိုေပးမဝင္ေၾကာင္း သိရသည္။

“ အခု ကုန္ကားေတြဆိုရင္ ကားပဲေပးဝင္တာ။ ယာဥ္ေမာင္းနဲ႔ယာဥ္ေနာက္လိုက္ကို ေပးမဝင္ဘူး။ တ႐ုတ္ဘက္က ကားလာေမာင္းသြားေပးတယ္” ဟုလည္း မူဆယ္ ေဒသခံ ကားသမား တဦးက ေျပာသည္။

လက္ရွိမွာ ျမန္မာ-တ႐ုတ္နယ္စပ္ ဂိတ္မ်ား ရက္အကန႔္အသတ္မရွိ ပိတ္လိုက္ျခင္းေၾကာင့္ စီးပြားေရး ၿမိဳ႕ျဖစ္သည့္ မူဆယ္ၿမိဳ႕သည္ တိတ္ဆိတ္ေနေၾကာင္း သိရသည္။

Nang Seng Nom - သွ်မ္းသံေတာ္ဆင့္
---------------------------------------------
တရုတ်ပြည် တရားဝင်အလုပ်လုပ်သည့် မြန်မာလုပ်သားကို တရုတ်ရဲ ရိုက်နှက်

တရုတ်ပြည် ထဲတွင် နေထိုင်သည့် တရားဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တရုတ်အာဏာပိုင်းများက ဖမ်းဆီးကာ ရိုက်နှိက်မှု ပြုလုပ်ခဲ့သည် ဟု သတင်း ရရှိသည်။

တရုတ်ပြည်ထဲအလုပ်လုပ်သည့် တရားဝင် မြန်မာအလုပ်သမား ၂၆ဦးကို တရုတ်ရဲများက ဖမ်းဆီးခြင်း၊ စာအုပ်များသိမ်းယူခြင်းတို့ပြုလုပ်ပြီး အချုပ်ခန်းထဲတွင် ယာယီထားကာ အစာမကျွေးခဲ့ကြောင်း ပြန်လာသည့် အလုပ်သမားများပြောပြချက် အရသိရသည်။

ထို မြန်မာ အလုပ်သမား ၂၆ဦးကို တရုတ်အာဏာပိုင်းများက တရားဝင် လွှဲပြောင်းမှု မရှိဘဲ မြန်မာပြည် မူဆယ်မြို့ ကူးတို့ဆိပ် သို့လာရောက် ချထားပေးကြောင်း အလုပ်သမားများကို သွားရောက်ခေါ်သည့် ဂရုဏာလူမှုကူညီရေးအသင်းမှဦးသောင်းထွန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ၂၆ဦး က ရွှေလီ၊ ကျယ်ဂေါင်မှာ စာအုပ်အနီကိုင်ပြီး အလုပ်လုပ်တဲ့သူတွေပါ။ အဲ့ထဲမှာ ကိုယ်ဝန်သည်အမျိုးသမီးတွေပါတယ်။ တရုတ်ရဲတွေက သူတို့ကို ရိုက်တယ်။ ခြေထောက်နဲ့ကန်တယ်လို့ပြောပါတယ်” ဦးသောင်းထွန်းက ဆိုသည်။

ထို မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၆ဦးသည် မြန်မာပြည်သို့ မလွှဲပေးခင် တရုတ်ပြည် ကျယ်ဂေါင် ၏ ရဲစခန်းအချုပ်တွင် တချို့ တပတ်၊တ ချို့ မှာ ၃ရက် နှင့် တချို့ မှာ ၁ရက် နေခဲ့ရသေးကြောင်း ဦးသောင်းထွန်းက ပြန်ပြောပြသည်။

“ သူတို့တရုတ် အချုပ်ထဲမှာ နေရတုန်းက အစာတွေမကျွေးဘူး။ တရုတ် မရွေးပဲ ကျွေးတယ်။ နောက် ရိုက်တာတော့ လွန်တယ်။ကိုယ်ဝန်သည်လည်းရိုက်ခံရတယ်။ ရိုက်တာတော့မကောင်းဘူး” ဟု ဦးသောင်းထွန်း က ထပ်လောင်းပြောသည်။

ထို့အပြင်တရားဝင် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး တရုတ်ပြည် အတွင်းသို့နေထိုင်ကာ ယခုကဲ့သို့ပြုလုပ်ခြင်းသည် မကောင်းကြောင်း နှင့် တရားဝင် ဂိတ်မှ မပို့ဆောင်ပဲ ကူးတို့ဆိပ်မှ ပို့ဆောင်ပေးခြင်းသည်လည်း မသင့်လျော်ကြောင်း ဦးသောင်းထွန်းက ပြောသည်။

အဆိုပါ ရွှေ့ပြောင်းအလုပ်သမား ၂၆ ဦးသည် COVID-19 ကင်းစင်သည့် တရုတ်ပြည် ရွှေလီ နှင့် ကျယ်ဂေါင်မှ လာသည့်အတွက် Home Quarantine မထားဘဲ နေရပ်လိပ်စာများကောက်ခံကာ ပြန်လွှတ်လိုက်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံနေရမှုကြောင့် မြန်မာ-တရုတ်နယ်စပ်ဂိတ်များ ကို တရုတ်ပြည်မှ တဖက်သတ် ပိတ်ချလိုက်ပြီး မြန်မာပြည်သူများကို ဝင်ရောက်ခွင့် ကို ဧပြီ ၁ရက် မှစတင်ပိတ်လိုက်သည်။

“ မြန်မာပြည်မှာ COVID-19လူနာတွေရှိပြီးနောက်မှာ တရုတ်က ပိတ်လိုက်တာ။ တရုတ်ပြည်မှာ နေတဲ့သူတွေကိုလည်း မြန်မာပြည်ပြန်ခိုင်းတဲ့သဘောပဲ။ တရုတ်တွေ တကယ်လုပ်ရက်တယ်” ဟု မူဆယ် ဒေသခံ စိုင်းစိုင်း က ပြောသည်။

COVID-19သည် တရုတ်နိုင်ငံ ဝူဟန်ပြည်နယ် မှ စတင်ကာ ဖြစ်ပွားခဲ့သော်လည်း ထိုအချိန်တွင် မြန်မာ-တရုတ် နယ်စပ် ဂိတ် ပိတ်ဆိုင်းခြင်းမပြုလုပ်ဘဲ မြန်မာဘက်မှ COVID-19 ရှိလာပြီးနောက် ယခုကဲ့သို့ ပြုလုပ်ခြင်းသည်အလွန်ရုပ်ဆိုးကြောင်း လည်း စိုင်းစိုင်း ကပြောသည်။

“ အခု သူတို့ ကူတို့ဆိပ်ကနေ ပို့လိုက်တာ က ကျနော်တို့ မြန်မာလူမျိုးကို လုပ်ချင်တာ လုပ်တဲ့ပုံစံပဲ။ အရေးမလုပ်တဲ့သဘော။ သူတို့ လူမျိုုးကို လုပ်ရင်ရော လက်ခံနိုင်လား” ဟု စိုင်းစိုင်း က ထပ်လောင်း ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ပို့ဆောင်မည်ဆိုပါက လုပ်ထုံးလုပ်နည်း အရ နှစ်ဖက် သက်ဆိုင်ရာ ကို လွှဲပြောင်းရမည်ဖြစ်သည်။

ထို့ပြင်လက်ရှိ နှစ်နိုင်ငံ ကုန်သွယ်မှု မရပ်ဆိုင်းရန် အတွက် ကုန်တင်ကားများကို ဝင်ခွင့်ပြုသော်လည်း မြန်မာပြည်မှ လာသည့် ကားသမား၊ ယာဉ်နောက်လိုက်များကိုပေးမဝင်ကြောင်း သိရသည်။

“ အခု ကုန်ကားတွေဆိုရင် ကားပဲပေးဝင်တာ။ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်ကို ပေးမဝင်ဘူး။ တရုတ်ဘက်က ကားလာမောင်းသွားပေးတယ်” ဟုလည်း မူဆယ် ဒေသခံ ကားသမား တဦးက ပြောသည်။

လက်ရှိမှာ မြန်မာ-တရုတ်နယ်စပ် ဂိတ်များ ရက်အကန့်အသတ်မရှိ ပိတ်လိုက်ခြင်းကြောင့် စီးပွားရေး မြို့ဖြစ်သည့် မူဆယ်မြို့သည် တိတ်ဆိတ်နေကြောင်း သိရသည်။

Nang Seng Nom - သျှမ်းသံတော်ဆင့်
https://burmese.shannews.org/archives/16142
တ႐ုတ္ျပည္ တရားဝင္အလုပ္လုပ္သည့္ ျမန္မာလုပ္သားကို တ႐ုတ္ရဲ ႐ိုက္ႏွက္ တ႐ုတ္ျပည္ တရားဝင္အလုပ္လုပ္သည့္ ျမန္မာလုပ္သားကို တ႐ုတ္ရဲ ႐ိုက္ႏွက္ Reviewed by THITHTOOLWIN on 06:01 Rating: 5
Powered by Blogger.