ကမာၻတဝန္း ေသာၾကာေန႔ အစုရွယ္ယာေစ်းမ်ား အတက္ျပ


(Zawgyi/Unicode)

အေမရိကန္ရဲ႕ ႀကိဳေရာင္း၊ ႀကိဳ၀ယ္ အစုရွယ္ေစ်းကြက္ေတြမွာ Dow Jones အစုရွယ္ယာေတြက အတက္ျပေနတာေၾကာင့္ ဒီကေန႔ ေစ်းကြက္ဖြင့္ခ်ိန္မွာ အတက္ေစ်းနဲ႔ ဖြင့္မယ့္သေဘာျပေနပါတယ္။ ဒါ့အျပင္ S&P 500 အစုရွယ္ယာေတြဟာလည္း ၀.၅ ရာခိုင္ႏႈန္း တက္လာခဲ့ၿပီး NASDAQ ကေတာ့ ၁.၆၆ ရာခိုင္ႏႈန္း ေလာက္ တက္လာခဲ့ပါတယ္။

အေမရိကန္ႏုိင္ငံသမၼတက ႏုိင္ငံရဲ႕စီးပြားေရးလုပ္ငန္းေတြကို ျဖည္းျဖည္းခ်င္းျပန္ဖြင့္သြားမယ္လို႔ ၾကာသပေတးေန႔က ေၾကျငာလိုက္ၿပီးတဲ့ေနာက္ ဥေရာပနဲ႔ အာရွက အစုရွယ္ေစ်းကြက္ေတြလည္း တက္ခဲ့ပါတယ္။

အေမရိကန္က Gilead Sciences Inc. ေဆးထုတ္လုပ္တဲ့ ကုမၸဏီက COVID-19 ေရာဂါကုသဖို႔အတြက္ ေဆးထုတ္လုပ္လာႏုိင္ဖြယ္ရွိတယ္လို႔ သတင္းေတြထြက္ေပၚလာတဲ့အတြက္ အစုရွယ္ယာေစ်းကြက္ေတြ မွာလည္း အတက္ဘက္ကို ဦးတည္လာေနတာျဖစ္ပါတယ္။

ဒါ့အျပင္ Chicago တကၠသိုလ္က သုေတသီေတြကလည္း Gilead Sciences Inc. က စမ္းသပ္ထုတ္လုပ္လိုက္တဲ့ Remdesvir စမ္းသပ္ေဆးကို အသုံးျပဳခဲ့တဲ့ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံလိုက္ရတဲ့ လူနာ ၁၂၅ ေယာက္ အလ်င္အျမန္ ျပန္ေကာင္းလာေနတာကို ေတြ႔လာရတယ္လို႔ ၾကာသပေတးေန႔ ညေနပိုင္းက ေျပာလိုက္ပါတယ္။

အာရွဘက္မွာေတာ့ တရုတ္ႏုိင္ငံရဲ႕ စီးပြားေရးက်ဆင္းေနေပမဲ့ အာရွရဲ႕ အစုရွယ္ယာ ေစ်းေတြကေတာ့ တက္ခဲ့ပါတယ္။ တရုတ္ႏုိင္ငံရဲ႕ စီးပြားေရးဟာ ဒီႏွစ္ရဲ႕ ပထမ ၃ လ မွာ က်ဆင္းသြားခဲ့ၿပီး ဒါဟာ ဆယ္စုႏွစ္ေတြအတြင္း ပထမဆုံးအႀကိမ္ က်ဆင္းတာျဖစ္ပါတယ္။

ၾသစေၾတးလ်က S&P နဲ႔ ASX200 က ၁.၄၁ ရာခိုင္ႏႈန္း တက္ၿပီး ဂ်ပန္ႏုိင္ငံရဲ႕ Nikkei က ၃.၁၅ ရာခုိင္ႏႈန္း ထုိင္၀မ္ရဲ႕ TSEC50 အညႊန္းကိန္းက ၂.၁၄ ရာခိုင္ႏႈန္း၊ ေဟာင္ေကာင္ရဲ႕ Hang Seng နဲ႔ အိႏၵိယက Mumbai Sensex က ၁.၅ ရာခုိင္ႏႈန္း တက္ခဲ့ၿပီး ရွန္ဟိုင္းအစုရွယ္အညႊန္းကိန္းကေတာ့ ၁ ရာခိုင္ႏႈန္း နီးနီးေလာက္ တက္ခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------------------------------
[Unicode Version]

ကမ္ဘာတဝန်း သောကြာနေ့ အစုရှယ်ယာဈေးများ အတက်ပြ

အမေရိကန်ရဲ့ ကြိုရောင်း၊ ကြိုဝယ် အစုရှယ်ဈေးကွက်တွေမှာ Dow Jones အစုရှယ်ယာတွေက အတက်ပြနေတာကြောင့် ဒီကနေ့ ဈေးကွက်ဖွင့်ချိန်မှာ အတက်ဈေးနဲ့ ဖွင့်မယ့်သဘောပြနေပါတယ်။ ဒါ့အပြင် S&P 500 အစုရှယ်ယာတွေဟာလည်း ဝ.၅ ရာခိုင်နှုန်း တက်လာခဲ့ပြီး NASDAQ ကတော့ ၁.၆၆ ရာခိုင်နှုန်း လောက် တက်လာခဲ့ပါတယ်။

အမေရိကန်နိုင်ငံသမ္မတက နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေကို ဖြည်းဖြည်းချင်းပြန်ဖွင့်သွားမယ်လို့ ကြာသပတေးနေ့က ကြေငြာလိုက်ပြီးတဲ့နောက် ဥရောပနဲ့ အာရှက အစုရှယ်ဈေးကွက်တွေလည်း တက်ခဲ့ပါတယ်။

အမေရိကန်က Gilead Sciences Inc. ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီက COVID-19 ရောဂါကုသဖို့အတွက် ဆေးထုတ်လုပ်လာနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့အတွက် အစုရှယ်ယာဈေးကွက်တွေ မှာလည်း အတက်ဘက်ကို ဦးတည်လာနေတာဖြစ်ပါတယ်။

ဒါ့အပြင် Chicago တက္ကသိုလ်က သုတေသီတွေကလည်း Gilead Sciences Inc. က စမ်းသပ်ထုတ်လုပ်လိုက်တဲ့ Remdesvir စမ်းသပ်ဆေးကို အသုံးပြုခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလိုက်ရတဲ့ လူနာ ၁၂၅ ယောက် အလျင်အမြန် ပြန်ကောင်းလာနေတာကို တွေ့လာရတယ်လို့ ကြာသပတေးနေ့ ညနေပိုင်းက ပြောလိုက်ပါတယ်။

အာရှဘက်မှာတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးကျဆင်းနေပေမဲ့ အာရှရဲ့ အစုရှယ်ယာ ဈေးတွေကတော့ တက်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ဒီနှစ်ရဲ့ ပထမ ၃ လ မှာ ကျဆင်းသွားခဲ့ပြီး ဒါဟာ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ် ကျဆင်းတာဖြစ်ပါတယ်။

သြစတြေးလျက S&P နဲ့ ASX200 က ၁.၄၁ ရာခိုင်နှုန်း တက်ပြီး ဂျပန်နိုင်ငံရဲ့ Nikkei က ၃.၁၅ ရာခိုင်နှုန်း ထိုင်ဝမ်ရဲ့ TSEC50 အညွှန်းကိန်းက ၂.၁၄ ရာခိုင်နှုန်း၊ ဟောင်ကောင်ရဲ့ Hang Seng နဲ့ အိန္ဒိယက Mumbai Sensex က ၁.၅ရာခိုင်နှုန်း တက်ခဲ့ပြီး ရှန်ဟိုင်းအစုရှယ်အညွှန်းကိန်းကတော့ ၁ ရာခိုင်နှုန်း နီးနီးလောက် တက်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/global-markets/5376347.html
ကမာၻတဝန္း ေသာၾကာေန႔ အစုရွယ္ယာေစ်းမ်ား အတက္ျပ ကမာၻတဝန္း ေသာၾကာေန႔ အစုရွယ္ယာေစ်းမ်ား အတက္ျပ Reviewed by THITHTOOLWIN on 22:34 Rating: 5
Powered by Blogger.