မင္းျပားတိုက္ပြဲအတြင္း ရန္ကုန္-စစ္ေတြလမ္းမပိတ္၊ ကုန္ကားအမ်ားစု ပိတ္မိေန


(Zawgyi)⤵⤵⤵
ရခိုင္ ေျမာက္ပိုင္း မင္းျပားၿမိဳ႕နယ္ ငစ႐ိုင္းေခ်ာင္းကြၽန္းအနီးမွာ ဧၿပီလ ၂၀ က စတင္ၿပီး တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔အၾကား တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားခဲ့လို႔ ရန္ကုန္-စစ္ေတြအေဝးေျပးကားလမ္း သြားလာမႈေတြ ရပ္စဲလိုက္ရၿပီး တစ္ပတ္နီးပါး ကားအသြားအလာ ရပ္သြားတယ္လို႔ ေဒသခံေတြနဲ႔ ေမာ္ေတာ္ယာဥ္လိုင္း တာဝန္ရွိသူေတြက ေျပာပါတယ္။

အဲ့ဒီတိုက္ပြဲဟာ မင္းျပားၿမိဳ႕နဲ႔ ေျမာက္ဘက္ ၄ မိုင္ခန႔္အကြာ ရာေမာင္ျမစ္ကူးတံတားအေရွ႕ဘက္ျခမ္း ငစ႐ိုင္းေခ်ာင္းကြၽန္း အနီးေတာင္တန္းေတြမွာ ျဖစ္ပြားခဲ့တာပါ။

ဧၿပီ ၂၀ ရက္ေန႔ကေန ၂၃ ရက္ေန႔အထိ ႏွစ္ဖက္ တိုက္ပြဲ ျပင္းျပင္းထန္ထန္ ျဖစ္ပြားခဲ့ၿပီး၂၄ ရက္ေန႔အထိ လက္နက္ႀကီးလက္နက္ငယ္ ပစ္ခတ္သံေတြကို ၾကားေနရတဲ့အတြက္ ကားအသြားအလာ ဆက္လက္ရပ္ဆိုင္းေနရတာျဖစ္တယ္လို႔ မင္းထက္သာ ခရီးသည္နဲ႔ကုန္စည္ပို႔ေဆာင္ေရးယာဥ္လိုင္း တာဝန္ရွိသူတစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

ရန္ကုန္-စစ္ေတြ ခရီးသည္ယာဥ္လိုင္းေတြက သၾကၤန္ကာလအတြင္းကေန ရပ္နားထားခဲ့တာ ျဖစ္ၿပီး လက္ရွိျဖစ္ပြားေနတဲ့ ကိုဗစ္ ၁၉ ေရာဂါနဲ႔ပတ္သက္လို႔ ေရလမ္း၊ ကုန္းလမ္း ခရီးသည္ပို႔ေဆာင္ေရးလုပ္ငန္းေတြကို ယာယီရပ္နားထားတဲ့အတြက္ ပိတ္မိေနတဲ့ကားေတြထဲမွာ ခရီးပို႔ေဆာင္ေရး အျမန္ယာဥ္ေတြ မပါဝင္ဘူးလို႔ မင္းထက္သာ ယာဥ္လိုင္းက ေျပာဆိုပါတယ္။

ပိတ္မိေနတဲ့ကားေတြထဲမွာ ကုန္ကားေတြ အမ်ားအျပားပါဝင္ၿပီး ဆီေဘာက္ဆာေတြနဲ႔ ေဒသတြင္းေျပးဆြဲေနတဲ့ကားေတြ ျဖစ္တယ္လို႔ မင္းျပားေဒသခံ ကိုအမ္းသားႀကီးက ေျပာပါတယ္။
ယာဥ္ေမာင္းအေလာင္းကို စစ္ေတြေဆး႐ုံကို ပို႔ေဆာင္
"ဒီဘက္မွာလည္း အစီး ၁၀၀ ေက်ာ္ေလာက္ရွိတယ္။ ငစ႐ိုင္းေခ်ာင္းဘက္မွာလည္း အစီး ၃၀၀ ေလာက္ရွိတယ္လို႔ေျပာတယ္။ ဟိုဘက္ဒီဘက္ကူးခြင့္ မရဘူး။ အဲ့ဒါေၾကာင့္ ကားေတြက ၅-၆ ရက္တိုင္တိုင္ ပိတ္မိေနတာေပါ့။ ပထမေန႔က ခရီးသည္ကားေတြပါတယ္။ အဲ့ဒီကားေတြက ျပန္သြားတယ္နဲ႔တူတယ္"လို႔ ကိုအမ္းသားႀကီးက ေျပာပါတယ္။

တိုက္ပြဲစျဖစ္တဲ့ ဧၿပီ ၂၀ ရက္ေန႔မွာ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က စစ္ေတြကေန ရန္ကုန္ကိုသြားတဲ့ ကားတစ္စီး ပစ္ခတ္ခံလိုက္ရၿပီး ယာဥ္ေမာင္းေသဆုံးသြားခဲ့တယ္။ ၂၁ ရက္ေန႔မွာေတာ့ အမ္းဘက္ကေန မင္းျပားကိုလာတဲ့ ေဆးကုမၸဏီတစ္ခုက ကားတစ္စီးပစ္ခတ္ခံရၿပီး တစ္ဦးေသဆုံးသြားခဲ့ပါတယ္။

လက္ရွိမွာ ေဒသအေျခအေနေတြ တည္ၿငိမ္မႈရွိလာေနၿပီ ျဖစ္ေပမယ့္ ခိုင္ခံ့မႈအားနည္းေနတဲ့ ရာေမာင္တံတား ေပၚကေန ကားေတြျဖတ္သန္းသြားလာလို႔မရေတာ့တဲ့အတြက္ ေလးၿမိဳ႕ျမစ္ကို ဇက္ေရယဥ္ေတြနဲ႔ ပို႔ေဆာင္ၿပီးမွ ကားေတြက သြားလာေနၾကရတာျဖစ္ၿပီး လက္ရွိမွာ တိုက္ပြဲအတြင္း လက္နက္ႀကီးေတြ က်ေရာက္ေပါက္ကြဲတာ၊ ပစ္ခတ္ခံရတာ တာေတြေၾကာင့္ ဇက္ေရယာဥ္ေတြကို ရပ္နားထားတဲ့အတြက္ ကားေတြဆက္ပိတ္မိေနတာ ျဖစ္တယ္လို႔ မင္းထက္သာ ယာဥ္လိုင္းက တာဝန္ရွိသူက ေျပာပါတယ္။

"ဇက္ေရယာဥ္ေတြ ျပန္မဖြင့္ေသးေတာ့ ကားေတြက ဒီတိုင္းပိတ္မိေနၾကတာေပါ့။ ေလာေလာဆယ္ေတာ့ အဲ့ဒီရာေမာင္ဘက္မွာက လူအသြားအလာေတြမရွိေသးေတာ့ တိတိက်က်မသိရေသးဘူး။ ပိတ္မိေနတဲ့ကားေတြမွာေတာ့ ခရီးသည္ကားေတြမပါဘူး။ ခရီးပို႔ေဆာင္ေရးလိုင္းေတြကိုေတာ့ ေမလ ၁ ရက္ေန႔ထိေျပးဆြဲခြင့္ ရပ္နားထားတယ္။ ကိုဗစ္နဲ႔ပတ္သက္လို႔ ရပ္နားထားေတာ့ အသြားအလာသိပ္မရွိဘူး"လို႔ မင္းထက္သာ ကားဂိတ္က ေျပာပါတယ္။

ဧၿပီ ၂၀ ရက္ေန႔ကေန ၂၃ ရက္ေန႔အထိျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြအတြင္းမွာ တပ္မေတာ္ဘက္က လက္နက္ႀကီးလက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တာေတြရွိခဲ့သလို ရဟတ္ယာဥ္ေတြ၊ ဂ်က္တိုက္ေလယာဥ္ေတြနဲ႔လည္း လာေရာက္ပစ္ခတ္တာေတြရွိခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

အဲ့ဒီပစ္ခတ္တိုက္ခိုက္မႈေတြအတြင္းမွာ တိုက္ပြဲျဖစ္ပြားခဲ့တဲ့ ငစ႐ိုင္းေခ်ာင္းကြၽန္းအပါအဝင္ မင္းျပားၿမိဳ႕နယ္အတြင္းက အရပ္သားေသဆုံးသူ ၈ ဦးနဲ႔ ဒဏ္ရာရရွိသူ ၈ ဦးအထိရွိခဲ့တယ္လို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္က ေျပာဆိုပါတယ္။

ေသဆုံးသူေတြကေတာ့ စမၻေလမြတ္ဆလင္ေက်း႐ြာက အမ်ိဳးသားတစ္ဦး၊ နရမ္းေက်း႐ြာက ရခိုင္လူမ်ိဳးတစ္ဦး၊ ငစ႐ိုင္းေခ်ာင္းကြၽန္းက အမ်ိဳးသမီးတစ္ဦး၊ ေမလြမ္းေက်း႐ြာက အမ်ိဳးသားတစ္ဦးနဲ႔ မင္းျပားၿမိဳ႕ေပၚက အမ်ိဳးသားႏွစ္ဦးတို႔အပါအဝင္ WHO ဝန္ထမ္းတစ္ဦးနဲ႔ CPS ေဆးကုမၸဏီဝန္ထမ္းတစ္ဦးတို႔ ျဖစ္ပါတယ္။

BBC Burmese
--------------------------------------
(Unicode)⤵⤵⤵
မင်းပြားတိုက်ပွဲအတွင်း ရန်ကုန်-စစ်တွေလမ်းမပိတ်၊ ကုန်ကားအများစု ပိတ်မိနေ

ရခိုင် မြောက်ပိုင်း မင်းပြားမြို့နယ် ငစရိုင်းချောင်းကျွန်းအနီးမှာ ဧပြီလ ၂၀ က စတင်ပြီး တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့လို့ ရန်ကုန်-စစ်တွေအဝေးပြေးကားလမ်း သွားလာမှုတွေ ရပ်စဲလိုက်ရပြီး တစ်ပတ်နီးပါး ကားအသွားအလာ ရပ်သွားတယ်လို့ ဒေသခံတွေနဲ့ မော်တော်ယာဉ်လိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲဟာ မင်းပြားမြို့နဲ့ မြောက်ဘက် ၄ မိုင်ခန့်အကွာ ရာမောင်မြစ်ကူးတံတားအရှေ့ဘက်ခြမ်း ငစရိုင်းချောင်းကျွန်း အနီးတောင်တန်းတွေမှာ ဖြစ်ပွားခဲ့တာပါ။

ဧပြီ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ နှစ်ဖက် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး၂၄ ရက်နေ့အထိ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံတွေကို ကြားနေရတဲ့အတွက် ကားအသွားအလာ ဆက်လက်ရပ်ဆိုင်းနေရတာဖြစ်တယ်လို့ မင်းထက်သာ ခရီးသည်နဲ့ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်-စစ်တွေ ခရီးသည်ယာဉ်လိုင်းတွေက သင်္ကြန်ကာလအတွင်းကနေ ရပ်နားထားခဲ့တာ ဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ ရောဂါနဲ့ပတ်သက်လို့ ရေလမ်း၊ ကုန်းလမ်း ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွေကို ယာယီရပ်နားထားတဲ့အတွက် ပိတ်မိနေတဲ့ကားတွေထဲမှာ ခရီးပို့ဆောင်ရေး အမြန်ယာဉ်တွေ မပါဝင်ဘူးလို့ မင်းထက်သာ ယာဉ်လိုင်းက ပြောဆိုပါတယ်။

ပိတ်မိနေတဲ့ကားတွေထဲမှာ ကုန်ကားတွေ အများအပြားပါဝင်ပြီး ဆီဘောက်ဆာတွေနဲ့ ဒေသတွင်းပြေးဆွဲနေတဲ့ကားတွေ ဖြစ်တယ်လို့ မင်းပြားဒေသခံ ကိုအမ်းသားကြီးက ပြောပါတယ်။

"ဒီဘက်မှာလည်း အစီး ၁၀၀ ကျော်လောက်ရှိတယ်။ ငစရိုင်းချောင်းဘက်မှာလည်း အစီး ၃၀၀ လောက်ရှိတယ်လို့ပြောတယ်။ ဟိုဘက်ဒီဘက်ကူးခွင့် မရဘူး။ အဲ့ဒါကြောင့် ကားတွေက ၅-၆ ရက်တိုင်တိုင် ပိတ်မိနေတာပေါ့။ ပထမနေ့က ခရီးသည်ကားတွေပါတယ်။ အဲ့ဒီကားတွေက ပြန်သွားတယ်နဲ့တူတယ်"လို့ ကိုအမ်းသားကြီးက ပြောပါတယ်။

တိုက်ပွဲစဖြစ်တဲ့ ဧပြီ ၂၀ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က စစ်တွေကနေ ရန်ကုန်ကိုသွားတဲ့ ကားတစ်စီး ပစ်ခတ်ခံလိုက်ရပြီး ယာဉ်မောင်းသေဆုံးသွားခဲ့တယ်။ ၂၁ ရက်နေ့မှာတော့ အမ်းဘက်ကနေ မင်းပြားကိုလာတဲ့ ဆေးကုမ္ပဏီတစ်ခုက ကားတစ်စီးပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးသွားခဲ့ပါတယ်။

လက်ရှိမှာ ဒေသအခြေအနေတွေ တည်ငြိမ်မှုရှိလာနေပြီ ဖြစ်ပေမယ့် ခိုင်ခံ့မှုအားနည်းနေတဲ့ ရာမောင်တံတား ပေါ်ကနေ ကားတွေဖြတ်သန်းသွားလာလို့မရတော့တဲ့အတွက် လေးမြို့မြစ်ကို ဇက်ရေယဉ်တွေနဲ့ ပို့ဆောင်ပြီးမှ ကားတွေက သွားလာနေကြရတာဖြစ်ပြီး လက်ရှိမှာ တိုက်ပွဲအတွင်း လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာ၊ ပစ်ခတ်ခံရတာ တာတွေကြောင့် ဇက်ရေယာဉ်တွေကို ရပ်နားထားတဲ့အတွက် ကားတွေဆက်ပိတ်မိနေတာ ဖြစ်တယ်လို့ မင်းထက်သာ ယာဉ်လိုင်းက တာဝန်ရှိသူက ပြောပါတယ်။

"ဇက်ရေယာဉ်တွေ ပြန်မဖွင့်သေးတော့ ကားတွေက ဒီတိုင်းပိတ်မိနေကြတာပေါ့။ လောလောဆယ်တော့ အဲ့ဒီရာမောင်ဘက်မှာက လူအသွားအလာတွေမရှိသေးတော့ တိတိကျကျမသိရသေးဘူး။ ပိတ်မိနေတဲ့ကားတွေမှာတော့ ခရီးသည်ကားတွေမပါဘူး။ ခရီးပို့ဆောင်ရေးလိုင်းတွေကိုတော့ မေလ ၁ ရက်နေ့ထိပြေးဆွဲခွင့် ရပ်နားထားတယ်။ ကိုဗစ်နဲ့ပတ်သက်လို့ ရပ်နားထားတော့ အသွားအလာသိပ်မရှိဘူး"လို့ မင်းထက်သာ ကားဂိတ်က ပြောပါတယ်။

ဧပြီ ၂၀ ရက်နေ့ကနေ ၂၃ ရက်နေ့အထိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ တပ်မတော်ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေရှိခဲ့သလို ရဟတ်ယာဉ်တွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့လည်း လာရောက်ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုတွေအတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ငစရိုင်းချောင်းကျွန်းအပါအဝင် မင်းပြားမြို့နယ်အတွင်းက အရပ်သားသေဆုံးသူ ၈ ဦးနဲ့ ဒဏ်ရာရရှိသူ ၈ ဦးအထိရှိခဲ့တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောဆိုပါတယ်။

သေဆုံးသူတွေကတော့ စမ္ဘလေမွတ်ဆလင်ကျေးရွာက အမျိုးသားတစ်ဦး၊ နရမ်းကျေးရွာက ရခိုင်လူမျိုးတစ်ဦး၊ ငစရိုင်းချောင်းကျွန်းက အမျိုးသမီးတစ်ဦး၊ မေလွမ်းကျေးရွာက အမျိုးသားတစ်ဦးနဲ့ မင်းပြားမြို့ပေါ်က အမျိုးသားနှစ်ဦးတို့အပါအဝင် WHO ဝန်ထမ်းတစ်ဦးနဲ့ CPS ဆေးကုမ္ပဏီဝန်ထမ်းတစ်ဦးတို့ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52425652
မင္းျပားတိုက္ပြဲအတြင္း ရန္ကုန္-စစ္ေတြလမ္းမပိတ္၊ ကုန္ကားအမ်ားစု ပိတ္မိေန မင္းျပားတိုက္ပြဲအတြင္း ရန္ကုန္-စစ္ေတြလမ္းမပိတ္၊ ကုန္ကားအမ်ားစု ပိတ္မိေန Reviewed by THITHTOOLWIN on 07:40 Rating: 5
Powered by Blogger.