အေမရိကန္မွာ ႏွာေခါင္းစည္းတပ္ဖို႔ အစိုးရ အႀကံျပဳ


(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ပ်ံ႕ႏွံ႔မႈ တားဆီးေရး ဝိုင္းဝန္းႀကိဳးပမ္းတဲ့အေနနဲ႔ အဝတ္ႏွာေခါင္းစည္းေတြ တပ္ၾကဖို႔ အေမရိကန္အစိုးရက အႀကံျပဳေၾကာင္း သမၼတ Donald Trump က ေသာၾကာေန႔ကပဲ ေျပာသြားပါတယ္။

ကို႐ိုနာပိုး ကူးစက္မႈဟာ အေမရိကန္ျပည္ေထာင္စုမွာ အမ်ားဆုံးျဖစ္ၿပီး ကူးစက္သူေပါင္း ၂ သိန္း ၇ ေသာင္းေက်ာ္နဲ႔ ေသဆုံးသူ ၇၀၀၀ နား ေရာက္လာၿပီျဖစ္ပါတယ္။

အခုလို အစိုးရရဲ႕ အႀကံျပဳခ်က္ဟာ မျဖစ္မေန လိုက္နာရမယ္လို႔ေတာ့ မဟုတ္ပါဘူး၊ သူကေတာ့ ႏွာေခါင္းစည္းတပ္မွာ မဟုတ္ဘူးလို႔လည္း သမၼတ Trump က ေသာၾကာေန႔ ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္ေတြကို ေျပာသြားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈထိန္းခ်ဳပ္ေရးမွာ လိုအပ္တဲ့ N-95 ႏွာေခါင္းစည္းနဲ႔ တျခား အကာအကြယ္ ဝတ္ဆင္ရတဲ့ ဝတ္စုံပစၥည္းေတြကို တျခားႏိုင္ငံေတြကို ပို႔ေနတာေတြ ရပ္ဖို႔ အမိန႔္ကိုလည္း သမၼတ Trump ေသာၾကာေန႔ကပဲ လက္မွတ္ေရးထိုးခဲ့တာပါ။

ဒီလို ႏွာေခါင္းစည္းနဲ႔ လိုအပ္တဲ့ပစၥည္းေတြကို ေလွာင္ထားၿပီး ေဈးကစား၊ ႏိုင္ငံျခားကို တင္ပို႔တဲ့ ေမွာင္ခိုေဈးကြက္ကို တားဆီးဖို႔ အခုလိုလုပ္တာျဖစ္တယ္လို႔ ကုန္သြယ္ေရးဆိုင္ရာ အိမ္ျဖဴေတာ္အႀကံေပး Peter Navarro က Fox သတင္းဌာနကို ေျပာပါတယ္။

အေမရိကန္ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဌာန (CDC) ရဲ႕ အႀကံျပဳခ်က္အရဆိုရင္ ဒီလို က်န္းမာေရးဝန္ထမ္းေတြသုံးတဲ့ N-95 ႏွာေခါင္းအကာေတြဟာ သာမန္လူထုအတြက္ မလိုအပ္ပါဘူး၊ ႐ိုး႐ိုး အိမ္လုပ္ ပိတ္စႏွာေခါင္းစည္းေတြနဲ႔ဆို ရပါၿပီလို႔ CDC ကို ကိုးကားၿပီး သမၼတ Trump က ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပိုင္း)
---------------------------------------------------

အမေရိကန်မှာ နှာခေါင်းစည်းတပ်ဖို့ အစိုးရ အကြံပြု

(Unicode)

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှု တားဆီးရေး ဝိုင်းဝန်းကြိုးပမ်းတဲ့အနေနဲ့ အဝတ်နှာခေါင်းစည်းတွေ တပ်ကြဖို့ အမေရိကန်အစိုးရက အကြံပြုကြောင်း သမ္မတ Donald Trump က သောကြာနေ့ကပဲ ပြောသွားပါတယ်။

ကိုရိုနာပိုး ကူးစက်မှုဟာ အမေရိကန်ပြည်ထောင်စုမှာ အများဆုံးဖြစ်ပြီး ကူးစက်သူပေါင်း ၂ သိန်း ၇ သောင်းကျော်နဲ့ သေဆုံးသူ ၇၀၀၀ နား ရောက်လာပြီဖြစ်ပါတယ်။

အခုလို အစိုးရရဲ့ အကြံပြုချက်ဟာ မဖြစ်မနေ လိုက်နာရမယ်လို့တော့ မဟုတ်ပါဘူး၊ သူကတော့ နှာခေါင်းစည်းတပ်မှာ မဟုတ်ဘူးလို့လည်း သမ္မတ Trump က သောကြာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောသွားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုထိန်းချုပ်ရေးမှာ လိုအပ်တဲ့ N-95 နှာခေါင်းစည်းနဲ့ တခြား အကာအကွယ် ဝတ်ဆင်ရတဲ့ ဝတ်စုံပစ္စည်းတွေကို တခြားနိုင်ငံတွေကို ပို့နေတာတွေ ရပ်ဖို့ အမိန့်ကိုလည်း သမ္မတ Trump သောကြာနေ့ကပဲ လက်မှတ်ရေးထိုးခဲ့တာပါ။

ဒီလို နှာခေါင်းစည်းနဲ့ လိုအပ်တဲ့ပစ္စည်းတွေကို လှောင်ထားပြီး ဈေးကစား၊ နိုင်ငံခြားကို တင်ပို့တဲ့ မှောင်ခိုဈေးကွက်ကို တားဆီးဖို့ အခုလိုလုပ်တာဖြစ်တယ်လို့ ကုန်သွယ်ရေးဆိုင်ရာ အိမ်ဖြူတော်အကြံပေး Peter Navarro က Fox သတင်းဌာနကို ပြောပါတယ်။

အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန (CDC) ရဲ့ အကြံပြုချက်အရဆိုရင် ဒီလို ကျန်းမာရေးဝန်ထမ်းတွေသုံးတဲ့ N-95 နှာခေါင်းအကာတွေဟာ သာမန်လူထုအတွက် မလိုအပ်ပါဘူး၊ ရိုးရိုး အိမ်လုပ် ပိတ်စနှာခေါင်းစည်းတွေနဲ့ဆို ရပါပြီလို့ CDC ကို ကိုးကားပြီး သမ္မတ Trump က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/trump-suggest-to-wear-mask/5360191.html
အေမရိကန္မွာ ႏွာေခါင္းစည္းတပ္ဖို႔ အစိုးရ အႀကံျပဳ အေမရိကန္မွာ ႏွာေခါင္းစည္းတပ္ဖို႔ အစိုးရ အႀကံျပဳ Reviewed by THITHTOOLWIN on 22:22 Rating: 5
Powered by Blogger.