ရန္ကုန္ပိုးေတြ႕လူနာသစ္ေတြကို ေတာင္ဥကၠလာပအထူးကုေဆး႐ုံ စပို႔

(Zawgyi)⤵⤵⤵
ရန္ကုန္က ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူလူနာေတြကို ေဝဘာဂီအထူးကုေဆး႐ုံႀကီးမွာ ကုသမႈေပးေနရာကေန အခုေတာ့ ေတာင္ဥကၠလာအထူးကု ေဆး႐ုံကို စတင္ ပို႔ေဆာင္ကုသေနၿပီျဖစ္ပါတယ္။
 ေဝဘာဂီေဆး႐ုံမွာ နာမည္ႀကီးေရာ့ခ္အဆိုေတာ္အပါအဝင္ လူနာ ခုနစ္ဆယ္ေက်ာ္တက္ေရာက္ကုသေနပါတယ္။
ဒီမနက္ထပ္ေတြ႕တဲ့ လူနာသစ္ေတြထဲက ေျမာက္ဒဂုံက ပိုးေတြ႕လူနာႏွစ္ဦး ေတာင္ဥကၠလာပေဆး႐ုံက အေဆာင္သစ္ကို ဒီေန႔ ပို႔ေဆာင္ဖို႔လုပ္ေနၿပီလို႔ ေျမာက္ဒဂုံအမတ္ ေဒါက္တာခင္ေမာင္ေမာင္က ဘီဘီစီကို ဧၿပီ ၁၉ ရက္မနက္ ၇ နာရီခြဲမွာ ေျပာၾကားပါတယ္။

ေဝဘာဂီေဆး႐ုံမွာ လူနာ ၉၀ ထိပဲလက္ခံႏိုင္ၿပီး လက္ရွိေဝဘာဂီက အေဆာင္ ၃ ေဆာင္လုံးမွာ လူနာေတြ ျပည့္သြားၿပီလို႔ အဲဒီေဆး႐ုံက ပါေမာကၡ ေဒါက္တာ စပယ္ျဖဴက ဧၿပီ ၁၇ ရက္မွာ ျပဳလုပ္ခဲ့တဲ့ အတိုင္ပင္ခံနဲ႔ အြန္လိုင္းကေန တိုက္႐ိုက္ေဆြးေႏြးခန္းက တင္ျပခဲ့ပါတယ္။

လက္ရွိေဝဘာဂီေဆး႐ုံမွာ လူနာ ၇၂ ဦးရွိၿပီး ၃ ဦးကို အထူးၾကပ္မတ္ကုသေဆာင္မွာ ကုသေပးေနတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဧၿပီ ၁၈ ရက္ ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
 ေဝဘာဂီမွာ ကိုဗစ္-၁၉ အတည္ျပဳလူနာေတြအတြက္ ခုတင္ျပည့္သြားၿပီလို႔ ေဆး႐ုံတာဝန္ရွိသူက ေျပာထားပါတယ္။
ဒီမနက္ထုတ္ျပန္တဲ့ ပိုးေတြ႕လူနာ ၁၃ ဦးအနက္ တစ္ႏွစ္နဲ႔ေျခာက္လအ႐ြယ္ ကေလးငယ္ကို ေဝဘာဂီေဆး႐ုံကို ပို႔ေဆာင္မွာျဖစ္ၿပီး တာခ်ီလိတ္က လူနာနံပါတ္ ၉၆ ကို က်ိဳင္းတုံျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္မွာျဖစ္ပါတယ္။ က်န္တဲ့လူနာ ၁၁ ဦးလုံးကိုေတာ့ ေတာင္ဥကၠလာပအထူးကုေဆး႐ုံကို ပို႔ေဆာင္မွာျဖစ္တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ရဲ႕ ဧၿပီ ၁၉ ရက္ မနက္ ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

ဒါ့အျပင္ က်န္ေဒသေတြက လူနာေတြထဲမွာ တီးတိန္ျပည္သူ႔ေဆး႐ုံမွာ ၄ ဦး၊ ကေလးၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးနဲ႔ က်ိဳင္းတုံျပည္သူ႔ေဆး႐ုံႀကီးတို႔မွာ ႏွစ္ဦးစီ၊ လားရႈိး၊ ေမာ္လၿမိဳင္၊ ေတာင္ႀကီး၊ မေကြးျပည္သူ႔ေဆး႐ုံႀကီးေတြနဲ႔ မႏၲေလးကန္ေတာ္နဒီေဆး႐ုံတို႔မွာ တစ္ဦးစီ ကုသမႈခံယူေနပါတယ္။

ရန္ကုန္မွာ ကိုဗစ္-၁၉ လူနာေတြကို ကုသဖို႔ ေဝဘာဂီေဆး႐ုံ၊ ေတာင္ဥကၠလာပေဆး႐ုံအျပင္ ေဖာင္ႀကီးဝန္ထမ္းေလ့က်င့္ေရးသင္တန္းေက်ာင္းကိုလည္း ေဆး႐ုံအသြင္ ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။

BBC Burmese
--------------------------------------------------
(Unicode)⤵⤵⤵
ရန်ကုန်ပိုးတွေ့လူနာသစ်တွေကို တောင်ဥက္ကလာပအထူးကုဆေးရုံ စပို့

ရန်ကုန်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူလူနာတွေကို ဝေဘာဂီအထူးကုဆေးရုံကြီးမှာ ကုသမှုပေးနေရာကနေ အခုတော့ တောင်ဥက္ကလာအထူးကု ဆေးရုံကို စတင် ပို့ဆောင်ကုသနေပြီဖြစ်ပါတယ်။

ဒီမနက်ထပ်တွေ့တဲ့ လူနာသစ်တွေထဲက မြောက်ဒဂုံက ပိုးတွေ့လူနာနှစ်ဦး တောင်ဥက္ကလာပဆေးရုံက အဆောင်သစ်ကို ဒီနေ့ ပို့ဆောင်ဖို့လုပ်နေပြီလို့ မြောက်ဒဂုံအမတ် ဒေါက်တာခင်မောင်မောင်က ဘီဘီစီကို ဧပြီ ၁၉ ရက်မနက် ၇ နာရီခွဲမှာ ပြောကြားပါတယ်။

ဝေဘာဂီဆေးရုံမှာ လူနာ ၉၀ ထိပဲလက်ခံနိုင်ပြီး လက်ရှိဝေဘာဂီက အဆောင် ၃ ဆောင်လုံးမှာ လူနာတွေ ပြည့်သွားပြီလို့ အဲဒီဆေးရုံက ပါမောက္ခ ဒေါက်တာ စပယ်ဖြူက ဧပြီ ၁၇ ရက်မှာ ပြုလုပ်ခဲ့တဲ့ အတိုင်ပင်ခံနဲ့ အွန်လိုင်းကနေ တိုက်ရိုက်ဆွေးနွေးခန်းက တင်ပြခဲ့ပါတယ်။

လက်ရှိဝေဘာဂီဆေးရုံမှာ လူနာ ၇၂ ဦးရှိပြီး ၃ ဦးကို အထူးကြပ်မတ်ကုသဆောင်မှာ ကုသပေးနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီ ၁၈ ရက် ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီမနက်ထုတ်ပြန်တဲ့ ပိုးတွေ့လူနာ ၁၃ ဦးအနက် တစ်နှစ်နဲ့ခြောက်လအရွယ် ကလေးငယ်ကို ဝေဘာဂီဆေးရုံကို ပို့ဆောင်မှာဖြစ်ပြီး တာချီလိတ်က လူနာနံပါတ် ၉၆ ကို ကျိုင်းတုံပြည်သူ့ဆေးရုံကို ပို့ဆောင်မှာဖြစ်ပါတယ်။ ကျန်တဲ့လူနာ ၁၁ ဦးလုံးကိုတော့ တောင်ဥက္ကလာပအထူးကုဆေးရုံကို ပို့ဆောင်မှာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ရဲ့ ဧပြီ ၁၉ ရက် မနက် ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ကျန်ဒေသတွေက လူနာတွေထဲမှာ တီးတိန်ပြည်သူ့ဆေးရုံမှာ ၄ ဦး၊ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးနဲ့ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတို့မှာ နှစ်ဦးစီ၊ လားရှိုး၊ မော်လမြိုင်၊ တောင်ကြီး၊ မကွေးပြည်သူ့ဆေးရုံကြီးတွေနဲ့ မန္တလေးကန်တော်နဒီဆေးရုံတို့မှာ တစ်ဦးစီ ကုသမှုခံယူနေပါတယ်။

ရန်ကုန်မှာ ကိုဗစ်-၁၉ လူနာတွေကို ကုသဖို့ ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာပဆေးရုံအပြင် ဖောင်ကြီးဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းကိုလည်း ဆေးရုံအသွင် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52322234
ရန္ကုန္ပိုးေတြ႕လူနာသစ္ေတြကို ေတာင္ဥကၠလာပအထူးကုေဆး႐ုံ စပို႔ ရန္ကုန္ပိုးေတြ႕လူနာသစ္ေတြကို ေတာင္ဥကၠလာပအထူးကုေဆး႐ုံ စပို႔ Reviewed by THITHTOOLWIN on 20:39 Rating: 5
Powered by Blogger.