သီေပါၿမိဳ႕နယ္တြင္ မိသားစုဝင္ ၅ ဦး ပစ္သတ္ခံရ

Photo by ကိုမ်ိဳး/ နယ္စည္းမျခား ပရဟိတ (သီေပါ)
(Zawgyi)⤵⤵⤵

သွ်မ္းျပည္ေျမာက္ပိုင္း သီေပါ ၿမိဳ႕နယ္ ကုံးမုံ ေက်း႐ြာ အနီးတြင္ မိသားစုဝင္ ၅ ဦး ေသနတ္ပစ္သတ္ခံရေၾကာင္း သတင္းရရွိသည္။
Photo by ကိုမ်ိဳး/ နယ္စည္းမျခား ပရဟိတ (သီေပါ)

ဧၿပီလ ၉ ရက္ယေန႔မနက္ပိုင္းက အဆိုပါ မိသားစု ၅ ဦး ပစ္သတ္ခံရျခင္းျဖစ္ၿပီး မည္သည့္အဖြဲ႕ မွ လာေရာက္ ပစ္ခတ္သြားသည္ကို မသိရွိေၾကာင္း၊ ပစ္သတ္ခံရသူမ်ားမွာ အမ်ိဳးသား ၂ ဦး၊ အမ်ိဳးသမီး ၂ ဦး ႏွင့္ အသက္ ၁၂ ႏွစ္ အ႐ြယ္ ေယာက်ၤားေလး တဦး ပါဝင္ေၾကာင္း အေလာင္းသြားသယ္သည့္ နယ္စည္းမျခား ပရဟိတ (သီေပါ) မွ ကိုမ်ိဳး က သွ်မ္းသံေတာ္ဆင္ သို႔ေျပာသည္။

“ မနက္ ၉ နာရီက ရဲ က က်ေနာ္တို႔ကို အေလာင္းလာသယ္ဖို႔ ဖုန္းဆက္လာတယ္။ မိသားစုဝင္ေတြ လို႔ယူဆရတယ္။ ေသနတ္ပစ္သတ္ခံရတဲ့ဒဏ္ရာေတြပါ” ဟု ကိုမ်ိဳး က ဆိုသည္။

Photo by ကိုမ်ိဳး/ နယ္စည္းမျခား ပရဟိတ (သီေပါ)

ေသနတ္ပစ္ခံရသည့္ မိသားစု ဝင္ ၅ ဦးသည္ မည္သည့္အခ်ိန္တြင္ ပစ္ခံထားရ မွန္းမသိ ရွိေၾကာင္း၊ ေသ နတ္ပစ္ခံရသည့္ေနရာသည္ သီေပါၿမိဳ႕ ကုံးမုံေက်း႐ြာ အတြင္း ေတာထဲ တြင္ ျဖစ္ေၾကာင္း ကိုမ်ိဳးက ထပ္ေလာင္းေျပာသည္။

“ ကုံးမုံေက်း႐ြာ မွာ က်ေနာ္တို႔ အေလာင္းသယ္တာ ဒါနဲ႔ဆို ၁၈ေလာင္းရွိၿပီ” ဟု ကိုမ်ိဳးက ဆိုသည္။

သီေပါၿမိဳ႕နယ္ ကုံမုံေက်းြရာ ပတ္ဝန္းက်င္ေဒသတြင္ မူးယစ္ေဆးဝါး ေရာင္းဝယ္သူမ်ား၊ သုံးစြဲသူမ်ား က်င္လည္လႈပ္ရွားသည့္ ေနရာ ျဖစ္ေၾကာင္း သီေပါၿမိဳ႕ခံ အမ်ိဳးသား စိုင္းစိုင္း က ေျပာသည္။
Photo by ကိုမ်ိဳး/ နယ္စည္းမျခား ပရဟိတ (သီေပါ)

“ အဲ့ေနရာက မူးယစ္ေဆးေတြ လုပ္တဲ့သူမ်ားတယ္။သာမာန္ ဘယ္သူမွ မသြားၾကဘူး။ အဲ့ေနရာကို သက္ဆိုင္ရာ ရွင္းလင္းေပးဖို႔ေဒသခံေတြ မၾကာခဏ ေျပာပါတယ္” ဟု စိုင္းစိုင္း ကဆိုသည္

ထိုေနရာသည္ မၾကာခဏ ေသနတ္ပစ္သတ္ခံရေသာ္လည္း တရားခံ တႀကိမ္ တခါမွ် ဖမ္းဆီးခံရျခင္းမရွိေၾကာင္း သီေပါၿမိဳ႕ေဒသခံမ်ားက ေျပာသည္။

အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး သီေပါၿမိဳ႕နယ္ ရဲစခန္းကို သွ်မ္းသံေတာ္ဆင့္က ႀကိဳးစားၿပီး ဆက္သြယ္ ေမးျမန္းရာ ျပန္လည္ ေျဖၾကားျခင္းမရွိေပ။

ကုံးမုံ ေက်း႐ြာ အနီးတြင္ ယခုႏွစ္ ဇန္နဝါရီ ၁၁ ရက္က အမ်ိဳးသား ၂ဦးေသနတ္ပစ္သတ္ခံၿပီး၊ ဇန္နဝါရီ ၂၄ ရက္ကလည္း အမ်ိဳးသား ၂ ဦး ႏွင့္ အမ်ိဳးသမီး ၁ ဦး ေသနတ္ပစ္သတ္ခံရသည္။

ထိုနည္းတူ ယမန္ႏွစ္ ဒီဇင္ဘာ ၂၈ ရက္တြင္လည္း အမ်ိဳးသား ၃ဦး ေသနတ္ပစ္သတ္ခံရသည္။

သီေပါၿမိဳ႕နယ္ အတြင္း တိုင္းရင္းသား လက္နက္ကိုင္ ေပါင္းစုံ၊ အစိုးရ တပ္မေတာ္ႏွင့္ ျပည္သူ႔စစ္မ်ား လႈပ္ရွားသည့္ေနရာတခုျဖစ္သည္။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese/
-----------------
(Unicode)⤵⤵⤵
သီပေါမြို့နယ်တွင် မိသားစုဝင် ၅ ဦး ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါ မြို့နယ် ကုံးမုံ ကျေးရွာ အနီးတွင် မိသားစုဝင် ၅ ဦး သေနတ်ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

Photo by ကိုမျိုး/ နယ်စည်းမခြား ပရဟိတ (သီပေါ)

ဧပြီလ ၉ ရက်ယနေ့မနက်ပိုင်းက အဆိုပါ မိသားစု ၅ ဦး ပစ်သတ်ခံရခြင်းဖြစ်ပြီး မည်သည့်အဖွဲ့ မှ လာရောက် ပစ်ခတ်သွားသည်ကို မသိရှိကြောင်း၊ ပစ်သတ်ခံရသူများမှာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး နှင့် အသက် ၁၂ နှစ် အရွယ် ယောင်္ကျားလေး တဦး ပါဝင်ကြောင်း အလောင်းသွားသယ်သည့် နယ်စည်းမခြား ပရဟိတ (သီပေါ) မှ ကိုမျိုး က သျှမ်းသံတော်ဆင် သို့ပြောသည်။

“ မနက် ၉ နာရီက ရဲ က ကျနော်တို့ကို အလောင်းလာသယ်ဖို့ ဖုန်းဆက်လာတယ်။ မိသားစုဝင်တွေ လို့ယူဆရတယ်။ သေနတ်ပစ်သတ်ခံရတဲ့ဒဏ်ရာတွေပါ” ဟု ကိုမျိုး က ဆိုသည်။

Photo by ကိုမျိုး/ နယ်စည်းမခြား ပရဟိတ (သီပေါ)

သေနတ်ပစ်ခံရသည့် မိသားစု ဝင် ၅ ဦးသည် မည်သည့်အချိန်တွင် ပစ်ခံထားရ မှန်းမသိ ရှိကြောင်း၊ သေ နတ်ပစ်ခံရသည့်နေရာသည် သီပေါမြို့ ကုံးမုံကျေးရွာ အတွင်း တောထဲ တွင် ဖြစ်ကြောင်း ကိုမျိုးက ထပ်လောင်းပြောသည်။

“ ကုံးမုံကျေးရွာ မှာ ကျနော်တို့ အလောင်းသယ်တာ ဒါနဲ့ဆို ၁၈လောင်းရှိပြီ” ဟု ကိုမျိုးက ဆိုသည်။

သီပေါမြို့နယ် ကုံမုံကျေးွရာ ပတ်ဝန်းကျင်ဒေသတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူများ၊ သုံးစွဲသူများ ကျင်လည်လှုပ်ရှားသည့် နေရာ ဖြစ်ကြောင်း သီပေါမြို့ခံ အမျိုးသား စိုင်းစိုင်း က ပြောသည်။

Photo by ကိုမျိုး/ နယ်စည်းမခြား ပရဟိတ (သီပေါ)

“ အဲ့နေရာက မူးယစ်ဆေးတွေ လုပ်တဲ့သူများတယ်။သာမာန် ဘယ်သူမှ မသွားကြဘူး။ အဲ့နေရာကို သက်ဆိုင်ရာ ရှင်းလင်းပေးဖို့ဒေသခံတွေ မကြာခဏ ပြောပါတယ်” ဟု စိုင်းစိုင်း ကဆိုသည်

ထိုနေရာသည် မကြာခဏ သေနတ်ပစ်သတ်ခံရသော်လည်း တရားခံ တကြိမ် တခါမျှ ဖမ်းဆီးခံရခြင်းမရှိကြောင်း သီပေါမြို့ဒေသခံများက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သီပေါမြို့နယ် ရဲစခန်းကို သျှမ်းသံတော်ဆင့်က ကြိုးစားပြီး ဆက်သွယ် မေးမြန်းရာ ပြန်လည် ဖြေကြားခြင်းမရှိပေ။

ကုံးမုံ ကျေးရွာ အနီးတွင် ယခုနှစ် ဇန်နဝါရီ ၁၁ ရက်က အမျိုးသား ၂ဦးသေနတ်ပစ်သတ်ခံပြီး၊ ဇန်နဝါရီ ၂၄ ရက်ကလည်း အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၁ ဦး သေနတ်ပစ်သတ်ခံရသည်။

ထိုနည်းတူ ယမန်နှစ် ဒီဇင်ဘာ ၂၈ ရက်တွင်လည်း အမျိုးသား ၃ဦး သေနတ်ပစ်သတ်ခံရသည်။

သီပေါမြို့နယ် အတွင်း တိုင်းရင်းသား လက်နက်ကိုင် ပေါင်းစုံ၊ အစိုးရ တပ်မတော်နှင့် ပြည်သူ့စစ်များ လှုပ်ရှားသည့်နေရာတခုဖြစ်သည်။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese/
သီေပါၿမိဳ႕နယ္တြင္ မိသားစုဝင္ ၅ ဦး ပစ္သတ္ခံရ သီေပါၿမိဳ႕နယ္တြင္ မိသားစုဝင္ ၅ ဦး ပစ္သတ္ခံရ Reviewed by THITHTOOLWIN on 18:33 Rating: 5
Powered by Blogger.